ဦးနှောက်အာရုံကြောကျန်းမာရေး

ဦးနှောက်နဲ့ အာရုံကြောစနစ်မှာ ဦးနှောက်၊ အာရုံကြောမကြီးနဲ့ အာရုံကြောပေါင်း မြောက်မြားစွာပါဝင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ထားပါတယ်။ အာရုံကြောရောဂါတွေ ဖြစ်တဲ့ အတက်ရောဂါ၊ ဦးနှောက်သွေးကြောဖောင်းတာ၊ ဦးနှောက်အကျိတ်တွေကြောင့် ဒီစနစ်ကြီးထိခိုက်သွားနိုင်ပါတယ်။ ဒီစာမျက်နှာမှာ ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေ၊ ကုသနည်းတွေနဲ့ ကာကွယ်နည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဦးနှောက်အာရုံကြောကျန်းမာရေး

မနက်ခင်းတိုင်း ခေါင်းကိုက်ပြီး နိုးထနေရပြီလား!

မနက်ခင်းတိုင်း ခေါင်းကိုက်ပြီး နိုးထနေရပြီလား ။ မနက်ခင်းတိုင်းကို ခေါင်းကိုက်ရင်း နိုးထနေရပြီဆိုရင်တော့ တစ်ခုခုတော့ မှားယွင်းနေပြီလို့ ပြောချင်ပါတယ်။ မနက်ခင်းတိုင်းမှာ ဘာကြောင့် ခေါင်းကိုက်ရင်း နိုးထနေရတာလလဲဆိုတာကို ဆောင်းပါးလေးထဲမှာ အတူတူ အဖြေရှာကြည့်လိုက်ရအောင်နော်။ မနက်ခင်းတိုင်း ခေါင်းကိုက်ပြီး နိုးထနေရပြီလား ဘာကြောင့်များ ဖြစ်မလဲ။ မနက်ခင်းတိုင်းမှာ ခေါင်းကိုက်တာကို ခံစားရသူကတော်တော်များများတော့ ရှိပါတယ်။ တကယ်ကတော့ မနက်ခင်းတိုင်းမှာ ခေါင်းကိုက်ရတာဟာ နေ့စဉ်ဘဝမှာ နေထိုင်မှုပုံစံတွေကြောင့်အပြင် အိပ်စက်မှုပုံစံ မမှန်တာကြောင့် အဖြစ်များပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာတော့ မနက်ခင်းတိုင်းမှာ ခေါင်းကိုက်ရတာဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ https://youtu.be/UCIuNfTM1ZA ကဲ ..... ဒီတော့ ကိုယ်တိုင်ရော မနက်ခင်းတိုင်းမှာ ခေါင်းကိုက်ကိုက်နေရတာဟာ ဘာကြောင့်လဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ အိပ်ရေးမဝတာ အိပ်ရာနိုးလာချိန်မှာ ခေါင်းကိုက်တယ်လို့ ခံစားရတာက အိပ်ရေးပျက်တာကြောင့်ဖြစ်နိုင်ပါတယ်။ ညဘက်မှာ အိပ်ရာဝင်နောက်ကျတာ၊ ကောင်းကောင်း […]

ဦးနှောက်အာရုံကြောကျန်းမာရေး ကို ရှာဖွေမည်။

အစွန်အဖျား အာရုံကြောစနစ် ရောဂါများ

အာရုံကြောငယ်လေးတွေမှာ ဖြစ်တတ်တဲ့ ရောဂါများ (Peripheral nerve disorders)

အာရုံကြောစနစ်မှာ ပင်မအာရုံကြောမကြီးလို့ခေါ်တဲ့ ဦးနှောက်နဲ့ ကျောရိုးအာရုံကြောမကြီးရယ်၊ သူတို့ကနေ ဖြာပြီးထွက်လာတဲ့ အာရုံကြောငယ်လေးတွေရယ်ဆိုပြီး ရှိပါတယ်။ ဒီအာရုံကြောလေးတွေမှာ ပြင်ပကလာတဲ့ အပူ၊ အအေး၊ တုန်ခါတာ၊ ထိသိတာကို ခံစားနိုင်တဲ့ အာရုံကြောတွေ ရှိသလို ဦးနှောက်က ပို့လွှတ်လိုက်တဲ့ လျှပ်စီးလှိုင်းတွေကို ကြွက်သားတွေကို ပို့ဆောင်ပေးနိုင်တဲ့ အာရုံကြောတွေရယ်ဆိုပြီး ရှိပါတယ်။ အာရုံကြောငယ်လေးတွေမှာ ဖြစ်တတ်တဲ့ ရောဂါဆိုတာ အာရုံကြောတွေမှာ ရောဂါတစ်ခုခုရှိနေရင် ဒါမှမဟုတ် တစ်ခုခုထိခိုက်သွားပြီဆိုရင် ပုံမှန်လုပ်နေကြအတိုင်း မလုပ်နိုင်တော့ပါဘူး။ ဥပမာ အာရုံကြောငယ်တစ်ချောင်း လုံးဝပျက်စီးသွားမယ်ဆိုရင် (ဒါမျိုး ဖြစ်တာ ရှားတော့ ရှားပေမယ့်) သူထောက်ပံ့ပေးနေတဲ့ ကြွက်သားက လှုပ်ရှားနိုင်မှာ မဟုတ်ပါဘူး။ သူက ဦးနှောက်နဲ့ ကြွက်သားကြားကို လျှပ်စီးကြောင်းကို အသယ်အပို့ လုပ်နေတာကိုး။ အများစုကတော့ လုံးလုံး ပျက်စီးတာမျိုး မဟုတ်ဘဲ အာရုံကြောအားနည်းတာ၊ ထိခိုက်တာကြောင့် ကြွက်သားတွေ အားပျော့တာလောက်ပဲ […]


မှတ်ဉာဏ်ထိခိုက်ခြင်းနှင့် အယ်ဇိုင်းမားရောဂါ

မှတ်ဉာဏ်ချို့ယွင်း တာလား၊ အယ်ဇိုင်းမားလား။

အယ်ဇိုင်းမားက မှတ်ဉာဏ်ချို့ယွင်းတတ်ပေမယ့် မှတ်ဉာဏ်ချို့ယွင်း တိုင်း အယ်ဇိုင်းမားတော့ မဟုတ်ပါဘူး။ နားရှုပ်သွားလားမသိ။ မှတ်ဉာဏ်ချို့ယွင်းတယ်ဆိုတာ လက္ခဏာတစ်ခုပါ။ အယ်ဇိုင်းမားဆိုတာကတော့ ရောဂါပေါ့။ ဒါပေမယ့် မှတ်ဉာဏ်ချို့ယွင်းတဲ့လူတွေရဲ့ ၆၀-၈၀ ရာခိုင်နှုန်းက အယ်ဇိုင်းမားကြောင့် ဖြစ်တာဆိုတော့ မှတ်ဉာဏ်ချို့ယွင်းတိုင်း အယ်ဇိုင်းမားလို့ တန်းပြီးသတ်မှတ်တတ်ကြပါတယ်။ ဒါပေမယ့် တချို့သော မှတ်ဉာဏ်ချို့ယွင်းတဲ့ အကြောင်းရင်းတွေက ကုသလို့ရပါတယ်။ အယ်ဇိုင်းမားလို့ ယူဆပြီး လူနာကို အိမ်မှာပဲ ထားလိုက်မယ်ဆိုရင်တော့ ကုလို့ရရဲ့သားနဲ့ မကုလိုက်ရတာမျိုး ဖြစ်တတ်တာကြောင့် ဒီနှစ်မျိုး ဘာကွာလည်းဆိုတာ သိဖို့ လိုပါတယ်။ မှတ်ဉာဏ်ချို့ယွင်း တယ်ဆိုတာ မှတ်ဉာဏ်ချို့ယွင်းတယ်ဆိုတာ လက္ခဏာသက်သက်ပါ။ မှတ်ဉာဏ်ချို့ယွင်းစေတဲ့ အကြောင်းရင်းတွေက တစ်ခုမကရှိပါတယ်။ ဒီထဲမှာ အယ်ဇိုင်းမားလည်းပါပြီး သူက အဖြစ်အများဆုံးပါပဲ။ လူတစ်ယောက်ထဲမှာ မှတ်ဉာဏ်ချို့ယွင်းတဲ့ပြဿနာ တစ်ခုမက ရှိနိုင်ပါတယ်။ ဒါကိုတော့ mixed dementiaလို့ ခေါ်ပါတယ်။ မှတ်ဉာဏ်ချို့ယွင်းတာကို အသက်ကြီးလာတာကြောင့် ဖြစ်တာလို့ […]


အတက်ရောဂါ

အတက်ရောဂါ ဆိုတာ

လမ်းမှာ လူတစ်ယောက် တက်သွားရင်ဖြစ်ဖြစ်၊ အမျိုးထဲမှာ အတက်ရောဂါ ရှိတဲ့သူ ရှိနေရင်ဖြစ်ဖြစ် တက်သွားတဲ့အချိန်မှာ ခံရတဲ့သူရော၊ ဘေးကကြည့်တဲ့သူပါ ဘယ်လောက် သက်သောင့်သက်သာ မဖြစ်လိုက်သလဲဆိုတာ ခံစားမိမှာပါ။ တက်တာဟာ ဦးနှောက်ရောဂါတစ်မျိုး ဖြစ်ပြီး အမျိုးအစား အများကြီး ရှိပါတယ်။ တစ်ခုနဲ့ တစ်ခုကလည်း လက္ခဏာလေးတွေ ကွဲပါတယ်။ အင်မတန်မှ နက်နဲတဲ့ ရောဂါဖြစ်ပါတယ်။ အတက်ရောဂါ ဆိုတာ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ အတက်ရောဂါ ဆိုတာ ဦးနှောက်ဆဲလ်လေးတွေက တစ်ခုနဲ့ တစ်ခု ဆက်သွယ်ဖို့ လျှပ်စီးကြောင်းလေးတွေ သုံးရပါတယ်။ ဒီလျှပ်စီးကြောင်းလေးတွေမှာ တစ်ခုခုချို့ယွင်းလာပြီဆိုရင် တက်တယ်ဆိုတာ ဖြစ်လာပါတယ်။ တက်စေတဲ့ အဓိက အကြောင်းရင်းကတော့ အတက်ရောဂါ လို့ ခေါ်တဲ့ Epilepsyပါပဲ။ ဒါပေမယ့် တက်တိုင်း အတက်ရောဂါရှိနေတယ်လို့ ပြောလို့မရပါဘူး။ အကြောင်းရင်း မယ်မယ်ရရ မရှိဘဲ ခဏခဏ […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

အာရုံကြောမှာ အဖြစ်များတဲ့ ရောဂါများ

ဦးနှောက်နဲ့ အာရုံကြောဟာ ရှုပ်ထွေးတဲ့ အစိတ်အပိုင်း ဖြစ်သလို ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ထားတဲ့ အရေးကြီးတဲ့ အင်္ဂါရပ်လည်း ဖြစ်ပါတယ်။ ဒါ့ပြင် ဦးနှောက်နဲ့ အာရုံဟာ တခြား ကိုယ်တွင်းအင်္ဂါတွေလိုပဲ ရောဂါပေါင်းစုံဖြစ်နိုင်ပါတယ်။ ဒါကြောင့် အာရုံကြောမှာ အဖြစ်များတဲ့ ပြဿနာများနဲ့ လက္ခဏာများကို လေ့လာထားသင့်ပါတယ်။ အာရုံကြောမှာ အဖြစ်များတဲ့ ပြဿနာများ အာရုံကြောပြဿနာများကို ဖြစ်ရတဲ့ အကြောင်းရင်းပေါ် မူတည်ပြီး ခွဲခြားကြည့်မယ်ဆိုရင် သွေးကြောရောဂါ (ဥပမာ လေဖြတ်) ထိခိုက်ဒဏ်ရာ မွေးရာပါ ဦးနှောက်နဲ့ အာရုံကြောရောဂါ အဆိပ်သင့်တာ (ဥပမာ ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်) အသက်ကြီးလာတာနဲ့အမျှ ဦးနှောက်နဲ့ အာရုံကြောထိခိုက်လာတာ (ဥပမာ ပါကင်ဆန်၊ အယ်ဇိုင်းမား၊ အစွန်အဖျား အာရုံကြောရောဂါ၊ multiple sclerosis) ပိုးဝင်ကူးစက်တာ (ဥပမာ ဦးနှောက်ပြည်တည်နာ၊ ဦးနှောက်အမြှေးရောင်၊ ဦးနှောက်ရောင်) ဦးနှောက်အကျိတ် […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

ဦးနှောက် မှာပါတဲ့ အစိတ်အပိုင်းတွေရဲ့ အလုပ်လုပ်ပုံနဲ့ အဖြစ်များတဲ့ ရောဂါများအကြောင်း

ဦးနှောက် ဆိုတာ ကြီးမားပြီး ရှုပ်ထွေးတဲ့ အင်္ဂါရပ်ပါ။ အထဲမှာ ဆဲလ်ပေါင်း ၁၀၀ ဘီလီယံလောက် ရှိပြီး တစ်ခုနဲ့ တစ်ခုကို synapsesနဲ့ ဆက်သွယ်ပေးထားပါတယ်။ ဦးနှောက်ဟာ အရေးကြီး အစိတ်အပိုင်း ဖြစ်တဲ့အတွက် မထိခိုက်အောင် အပြင်ကနေ ဦးခေါင်းခွံနဲ့ ကာရံထားပါတယ်။ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်တွေ အားလုံးကို ထိန်းချုပ်ထားတဲ့အတွက် နေ့စဉ် အသက်ရှင်သန်ရေးအတွက် ဦးနှောက် ကျန်းမာနေဖို့ လိုပါတယ်။ ရှုပ်ထွေးလှတဲ့ ဦးနှောက်မှာ ဘာတွေပါပြီး ခန္ဓာကိုယ်ကို ဘယ်လိုများ ထိန်းချုပ်ထားပါလိမ့်။ ဦးနှောက်အစိတ်အပိုင်းနဲ့ လုပ်ငန်းတာဝန်များ ဦးနှောက်ကြီး (Cerebrum) နာမည်အတိုင်းပဲ ဦးနောက်အစိတ်အပိုင်းတွေထဲမှာ အကြီးဆုံးပါပဲ။ သူ့ကို ဘယ်ခြမ်းနဲ့ ညာခြမ်းဆိုပြီး ခွဲထားပါတယ်။ အလယ်မှာ မြောင်းလေးရှိပါတယ်။ တစ်ခြမ်းစီမှာ နောက်ထပ် အစိတ်အပိုင်း သေးသေးလေးတွေ ထပ်ခွဲထားပါသေးတယ်။ ဒါကို lobesလို့ ခေါ်ပါတယ်။ Frontal […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

ဘားဟိုးဖောက်ခြင်း (သို့မဟုတ်) ဦးခွံရိုးကို အပေါက်ဖောက်ပြီး ကုသခြင်း

ဘားဟိုး (Burr Hole) ဆိုတာ ဦးခေါင်းခွံမှာ အပေါက်ကလေးများ ဖောက်ခြင်းဖြစ်ပါတယ်။ ဦးနှောက်ကို ခွဲစိတ်ကုသရာမှာ အသုံးပြုပါတယ်။ ကုသမှု ပြုလုပ်ချင်တဲ့ ဦးနှောက်ရဲ့နေရာပေါ်မူတည်ပြီး ဘားဟိုးအပေါက်ဖောက်တဲ့နေရာ မျိုးစုံဖြစ်နိုင်ပါတယ်။ ဘားဟိုးဖောက်ပြီး ကုသဖို့လိုအပ်တဲ့ အခြေအနေတွေကတော့ - ဦးနှောက်အမြှေးပါးပြင်ပ သွေးသွန်ခြင်း၊ သွေးလုံးဖြစ်ခြင်း - ဦးနှောက်အမြှေးပါးအောက် သွေးသွန်ခြင်း၊ သွေးလုံးဖြစ်ခြင်း - ဦးနှောက်အကျိတ်ဖြစ်ခြင်း - ဦးခေါင်းအတွင်း အရည်များစုခြင်း စတာတွေ ဖြစ်ပါတယ်။ များသောအားဖြင့် ဘားဟိုးဖောက်ခြင်းဟာ အရေးပေါ်ကုသမှုတွေ ဖြစနေတတ်ပါတယ်။ ဦးခေါင်းနဲ့ ဦးနှောက်ပိုင်းကို ထိခိုက်ဒဏ်ရာရပြီးချိန်မှာ ဦးနှောက်အတွင်း သွေးခဲခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ဖိအားကို သက်သာစေလိုတဲ့အခါ၊ ဦးနှောက်ပိုင်းထိခိုက်မှုကြောင့် ထွက်လာတဲ့သွေးတွေကို စီးထွက်စေချင်တဲ့အခါ၊ ဦးခွံရိုးအတွင်း ပြင်ပက ပစ္စည်းကိရိယာတခုခု စိုက်ဝင်နေတဲ့အခါ ဘားဟိုးဖောက်ကုသပါတယ်။ တကယ်တော့ ဘားဟိုးဆိုတာ အဆင့်မြင့်ရှုပ်ထွေးလှတဲ့ ဦးနှောက်ခွဲစိတ်မှုအဆင့်တွေရဲ့ ပထမအဆင့်ပဲ ဖြစ်ပါတယ်။ ဦးခေါင်းခွံအောက် ဦးနှောက်ပိုင်းကို ကုသမုပြုနိုင်ဖို့အတွက် […]


မှတ်ဉာဏ်ထိခိုက်ခြင်းနှင့် အယ်ဇိုင်းမားရောဂါ

ဦးနှောက်ထိုင်းမှိုင်းသွားခြင်း (Brain Fog) ဖြစ်ပွားစေသော အကြောင်းများ

စာမေးပွဲဖြေနေတုန်း သိပ်မခက်ခဲလှတဲ့ သင်သိပြီးသား အကြောင်းအရာကို ချမရေးနိုင်ဖြစ်နေပါသလား၊ သင့်တနေ့တာမှာ ပိုက်ဆံကို ဘာတွေအတွက် သုံးခဲ့သလဲဆိုတာ မမှတ်မိဖြစ်နေပါသလား၊ သိကျွမ်းပြီးသား လူတယောက်ရဲ့ နာမည်ကို စဉ်းစားမရဘဲ မေ့နေတာမျိုး ဖြစ်ဖူးပါသလား။ ဒီအခြေအနေတွေကို ဦးနှောက်ထိုင်းသွားခြင်းလို့ ခေါ်ဝေါ်ပါတယ်။ အင်္ဂလိပ်လို brain fog သို့မဟုတ် mental fog လို့ သုံးနှုန်းပါတယ်။ ဒီပြဿနာဟာ ရောဂါတခုတော့ မဟုတ်ပါဘူး။ လူတိုင်းလိုလို ခဏတဖြုတ်ကြုံတွေ့ဖူးပါလိမ့်မယ်။ တခြားရောဂါအခံတခုခုရဲ့ လက္ခဏာလည်း ဖြစ်နေနိုင်ပါတယ်။ ဦးနှောက်ရဲ့ သိမှတ်တွေးခေါ်မှုအပိုင်းမှာ ပုံမှန်အနေအထားပျက်သွားပြီး - မှတ်ဉာဏ်ချို့ယွင်းခြင်း - စိတ်ရှုပ်ထွေးခြင်း - အာရုံမစူးစိုက်နိုင်ခြင်း - တွေးတောကြံဆမှု မလုပ်နိုင်တော့ခြင်း စတဲ့အခြေအနေတွေ ကြုံတွေ့ရပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မုှကြောင့် ဖြစ်တတ်ပြီး ဖြစ်ပေါ်တဲ့ အတိုင်းအတာအလျောက် စာသင်ခန်းမှာ၊ လုပ်ငန်းခွင်မှာ ထိခိုက်မုှတွေ ကြုံလာနိုင်ပါတယ်။ အမြဲတမ်းတော့ ကြုံရတာ မဟုတ်ပါဘူး။ ဦးနှောက်ထိုင်းသွားခြင်း […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

အာရုံကြောချို့ယွင်းတဲ့ဝေဒနာ ကို အကောင်းဆုံး ကာကွယ်ပေး မယ့် အစားအစာ ၁၀ ခု

Multiple Sclerosis ဆိုတာက အာရုံကြောချို့ယွင်းတဲ့ဝေဒနာ တစ်မျိုးပါ။ မိုင်လင်အလွှာပျက်သည့်ရောဂါ ဒါမှမဟုတ် အာရုံကြောစနစ် ယိုယွင်းမှုကြောင့် ကိုယ်လက်လှုပ်ရှားခြင်းနဲ့ စကားပြောဆိုမှုထိန်းမနိုင်တဲ့ရောဂါ တစ်မျိုးပါ။ ဒီတစ်ခါ ဖော်ပြချင်တာကတော့ ဒီရောဂါကို ကာကွယ်ပေး နိုင်တဲ့ အစားအစာ တွေ အကြောင်းပါ။ Multiple Sclerosis ဖြစ်ရစေတဲ့အကြောင်းအရင်းကတော့ အာရုံကြောစနစ်ထဲက နယူရုန်းဆိုတဲ့ မြင်၊ သိ၊ ကြား၊ ခံစားချက်တွေကို သိနားလည်စေတဲ့ အစိတ်အပိုင်း ပျက်ယွင်းလာတဲ့ အခြေအနေကိုဆိုလိုတာပါ။ ဒီရောဂါဟာအလွန်အဖြစ်များပြီး အမျိုးသားတွေထက် အမျိုးသမီးတွေမှာပိုအဖြစ်များပါတယ်။ အေးသောရာသီတွင် ပိုဖြစ်တတ်ပြီး အသက် ၁၅ နှစ်နှင့် ၆၀ ကြား အသက်ငယ်သူတွင်ပိုဖြစ်တတ်တယ်လို့ ဆိုပါတယ်။ Multiple Sclerosis ဝေဒနာခံစားရပြီဆိုရင် အောက်ပါရောဂါလက္ခဏာတွေကို ခံစားရမှာဖြစ်ပြီးတော့ တစ်ခုထက်ပိုပြီး ကြုံရနိုင်ပါတယ်။ မျက်စိဝါးခြင်း သို့မဟုတ် နှစ်ထက်မြင်ခြင်း၊ စဉ်းစားမှုဆိုင်ရာပြဿနာများ၊ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းမရှိခြင်း၊ ညီမျှမှုမထိန်းနိုင်ခြင်း၊ […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

ခေါင်းကိုက်တာကြောင့် ပျော်ရွှင်စရာ အချိန်တွေကို မထိခိုက်ပါစေနဲ့။

ခေါင်းကိုက်လိုက်တာ...... ပြောတော့သာ ဘာမှမဟုတ်သလိုနော်။ ခေါင်းကိုက်ရင် အတော်ခံရခက်ပါတယ်။ အာရုံစိုက်ဖို့ ခက်သလို အလုပ်တွေကိုလည်း သေချာ မလုပ်နိုင်တော့ပါဘူး။ ခေါင်းကိုက်တာက ဆေးခန်းပြလောက်အောင် မပြင်းထန်ပေမယ့် နေ့စဉ်ဘဝကို အတော်လေး ထိခိုက်စေတယ်ဆိုတာ ခေါင်းကိုက်ဖူးသူတိုင်း သိမှာပါ။ ခေါင်းကိုက်တာကို မခံစားဘူးသူရယ်ဆိုတာလည်း ခပ်ရှားရှားနေမှာပါ။ ကဲ ...... ခေါင်းကိုက်လို့ စိတ်ညစ်နေသူတွေ ရှိလား........ ဒါဆိုရင်တော့ စိတ်မညစ်ပါနဲ့တော့။ ခေါင်းကိုက်တာကြောင့် တန်ဖိုးရှိတဲ့ အချိန်တွေ မဆုံးရှုံးစေဖို့ ခေါင်းကိုက်တာကို အမြန်ဆုံး သက်သာစေမယ့် လွယ်ကူရိုးစင်းတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးသွားပါမယ်။ ခေါင်းကိုက်တာ အမြန်ဆုံး သက်သာစေဖို့ ခေါင်းကိုက်တာကို အမြန်ဆုံး သက်သာစေဖို့ ဒီနည်းလမ်းလေးတွေက အကောင်းဆုံး ကူညီပေးပါလိမ့်မယ်။ (၁) ရေသောက်ပါ ခေါင်းကိုက်လာတဲ့အခါ ရေတစ်ခွက်ကို ကုန်အောင် သောက်လိုက်ပါ။ တစ်ခါတလေမှာ ခေါင်းကိုက်ရတဲ့ အကြောင်းအရင်းက ရေဓာတ် မလုံလောက်တာကြောင့်ပါ။ ဒါကြောင့် ခေါင်းကိုက်လာပြီဆိုရင် အရင်ဆုံး […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

အာရုံကြော အားကောင်းစေမယ့် အဓိကသော့ချက် (၅) ရပ်

အာရုံကြော အားနည်းတယ်တဲ့။ ကိုယ်တိုင်ကိုယ်ကျ ဘယ်လိုမျိုး ခံစားဖူးကြလဲ။ အများအားဖြင့် ခြေထောက်နဲ့ လက်မှာ ထုံကျဉ်တာ၊ ပုံမှန်လှုပ်ရှားမှုတွေမှာ အားမရှိသလို မသန်မာသလို ဖြစ်နေတာ၊ ချွေးစေးတွေပြန်ပြီး ခေါင်းမူးတာ၊ မောပန်းအားကုန်တာတွေ အဖြစ်များတာပေါ့။ ဒါကြောင့် လူတွေက အာရုံကြော အားကောင်းစေမယ့် နည်းလမ်းတွေ၊ အာရုံကြောက ကျန်းမာစေမယ့် နည်းလမ်းတွေကို စိတ်ဝင်စားကြတာပါ။ ခန္ဓာကိုယ်လှုပ်ရှားမှုတွေ အပြင် အသက်ရှူခြင်းက အစ အစာချေဖျက်မှု၊ စိတ်ခံစားချက်တုံ့ပြန်မှုတွေအထိ ထိန်းချုပ်ပေးနိုင်တာ အာရုံကြောစနစ်ကြီးပါပဲ။ ဒါ့ကြောင့် ကျန်းမာပျော်ရွှင်တဲ့ ဘဝအတွက် အာရုံကြောစနစ် အားကောင်းနေဖို့ အရေးကြီးပါတယ်။ အာရုံကြော အားကောင်းစေမယ့် အဓိကသော့ချက် (၅) ရပ် (၁) အာဟာရတွေ ရွေးချယ်စားပါ။ အာရုံကြောစနစ်ကို အကျိုးပြုပေးနိုင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်တဲ့ အစာအာဟာရတွေကို ရွေးချယ်စားသုံးဖို့ လိုအပ်ပါတယ်။ စုံလင်အောင် စားချင်တယ်ဆိုရင် - […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်