backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Post - Concussion Syndrome (ဦးနှောက်အသေးစားထိခိုက်မှုပြီးနောက်ဖြစ်သော ရောဂါစု)


Thin Myat Sandi Cho မှ ရေးသားသည်။ · 04/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Post – Concussion Syndrome (ဦးနှောက်အသေးစားထိခိုက်မှုပြီးနောက်ဖြစ်သော ရောဂါစု) ကဘာလဲ။

ထိခိုက်မှုပြီးနောက် သီတင်းပတ်ပေါင်းများစွာ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်းလိုမျိုး အမျိုးမျိုးသောလက္ခဏာတွေခံစားရတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။

ခေါင်းကိုထိခိုက်မိပြီးနောက်ဖြစ်လေ့ရှိတဲ့ဦးနှောက်အသေးစားမဆိုသလောက်ထိခုက်သွားခြင်း ဖြစ်ပါတယ်။

ဦးနှောက်ကိုထိခိုက်မိခြင်းရှိမရှိ ဥိးနှောက်ကိုထိခိုက်မိခြင်းကြောင့်ဖြစ်တဲ့ ဖြစ်တဲ့ရောဂါစုရမရ ရောဂါအဖြေရှာအတည်ပြုဖို့အတွက် သတိလစ်သွားဖို့မလိုပါဘူး။ ဦးနှေက်အသေးစားထိခိုက်မှုပြီးနောက်ဖြစ်သော ရောဂါစု ဖြစ်နိုင်ချေက ထိခိုက်မှုအပြင်းအထန်နဲ့မဆက်နွှယ်ပါဘူး။ ကုသမှုက လက္ခဏာတွေသက်သာဖို့အတွက်သာ ဦးတည်ပါတယ်။

Post – Concussion Syndrome (ဦးနှောက်အသေးစားထိခိုက်မှုပြီးနောက်ဖြစ်သော ရောဂါစု) က ဘယ်လောက်အဖြစ်များသလဲ

လူအများစုမျာ ပထမ၇ရက်ကနေ ၁၀ရက်အတွင်း လက္ခဏာစပြလေ့ရှိပြီး သုံးလအတွင်းသက်သာပျောက်ကင်းသွားပါတယ်။ နှစ်နဲ့ချီပြီးတော့လည်း ကြာနိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Post – Concussion Syndrome (ဦးနှောက်အသေးစားထိခိုက်မှုပြီးနောက်ဖြစ်သော ရောဂါစု) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဦးနှေက်အသေးစားထိခိုက်မှုပြီးနောက်ဖြစ်သော ရောဂါစု ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

ခေါင်းကိုက်ခြင်း

မူးဝေခြင်း

မောပန်းနွမ်းနယ်ခြင်း

ဆတ်ဆတ်ထိမခံဖြစခြင်း

စိုးရိမ်ပူပန်ခြင်း

အိပ်မပျေြာ်ခင်း

အာရု့စူးစိုက်လို့မရခြင်း မှတ်ဉာဏ်ဆုံးရှူးံသွားခြင်း

အလင်းနဲ့ဆူညံသံမကြားနိုင်ခြင်း အထိမခံနိုင်ဖြစ်ခြင်း

ထိခိုက်မှုပြီး ခေါင်းကိုက်ခြင်းက အမျိုးမျိုးဖြ်စနိုင်ပြီး ဖိအားများခေါင်းကိုက်ခြင်းလိုမျိုး ခေါင်းတစ်ခြမ်းကိုက်ခြင်းလိုမျိုး ခံစားရနိုင်ပါတယ်။ ဦးခေါင်းထိခိုက်မပြိးတစ်ချိန်တည်းမှာပင် လည်ပင်းကိုထိခိုက်မိခြင်းနဲ့ဆက်နွှယ်တဲ့ ဖိအားများခေါင်းကိုက်ခြင်းကို အများစုခံစားရလေ့ရျိပါတယ်။

အချို့အခြေအနေတွေမှာဦးနှောကိုအသေးစားထိခိုက်မိပြီူးနောက် အမူအကျင့်ဆိုင်ရာခံစားချက်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေလည်း ခံစားရနုငိပါတယ်။ မိသားစုဝင်တွေက လူနာမှာပိုပြီးဆတ်ဆတ်ထိမခံနုင်တာတွေ ၊ သံသယများလာတာတွေ၊ အငြင်းသန်လာတာ ခေါင်းမာလာတာမျိုးကို သတိထားမိနိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စောစောသိစောစောကုသခြင်းက အခြေအနေကိုပိုမဆိုးအောင်နဲ့ အရေးပေါ်အခြေအနေကနေကာကွယ်ပေးနိုင်တာမို့ ဆရာဝန်နဲ့တတ်နိုင်သမျှမြန်မြန် ပြသဆွေးနွေးသင့်ပါတယ်။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Post – Concussion Syndrome (ဦးနှောက်အသေးစားထိခိုက်မှုပြီးနောက်ဖြစ်သော ရောဂါစု) ကိုဘာတွေကဖြစ်စေသလဲ

ဦးနှောက်ကိုထိခိုက်မိပြီး ဦးနှေက်ရဲ့ဖွဲ့စည်းပုံပျက်စီးသွားခြင်းသို့ ဦးနှောက်ကနေထွက်တဲ့ပစ္စည်တွေပြောင်းလဲသွားရာကနေ ဦးနှေက်အသေးစားထိခိုက်မှုပြီးနောက်ဖြစ်သော ရောဂါစုလက္ခဏာတွေ ဖြစ်ပေါ်လာရပါတယ်။ ဦးနှေက်အသေးစားထိခိုက်မှုပြီးနောက်ဖြစ်သော ရောဂါစုလက္ခဏာတွေက ရူးသွပ်ခြင်စိတ်ဝေဒနားလက္ခဏာတွေနဲ့ အလားတူပါတယ်။ အထူးသဖြင့် အတွေရအများဆုံးဖြစ်တဲ့ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊နဲ့ အအိပ်ပျက်ခြင်းလက္ခဏာတွေက စိတ်ဓါတ်ကျခြင်း၊ စိုးရိမ်ပုူပန်ခြင်းသို့ ထိခိုက်မိပြီးနောက်ရောဂါစုလက္ခဏာတွေနဲ့ အလားတူပါတယ်။

ဦးနှေက်ထိခိုက်မှုကြောင့် ဇီဝရုပ်ဖြစ်စဉ်ပြောင်းလဲမှုနဲ့ ဒီပြောငးလဲမှုတွေအပေါ်စိတ်ပိုင်းဆိုင်ရာတုံ့ပြန်မှုတွေက လက္ခဏာတွေဖြစ်ပေါ်လာစေပါတယ်။

တချို့တွေမှာ နာတာရှည် ဦးနှေက်အသေးစားထိခိုက်မှုပြီးနောက်ဖြစ်သော ရောဂါစုလက္ခဏာပေါ်ပြီ အချို့တွေမှာ ဘာကြောင့်မပေါ်သလဲဆိုတာကို သုတေသီတွေရှာဖွေမတွေ့ရှိသေးပါဘူး။ ထိခိုက်မှုအပြင်းအထန်နဲ့ ဦးနှေက်အသေးစားထိခိုက်မှုပြီးနောက်ဖြစ်သော ရောဂါစုလက္ခဏာတွေဖြစ်ပေါ်ခြင်း

ဆက်နွှယ်နေတယ်လို့တော့ သက်သေမပြနိုင်ပသေးပါဘူး။

ဖြစ်နိုင်ခြေများ

Post – Concussion Syndrome (ဦးနှောက်အသေးစားထိခိုက်မှုပြီးနောက်ဖြစ်သော ရောဂါစု) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ဦးနှေက်အသေးစားထိခိုက်မှုပြီးနောက်ဖြစ်သော ရောဂါစု ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • အသက်အရွယ်

အသက်ကြီးလေ ဖြစ်နိုင်ချေများလေဖြစ်ပါတယ်။

  • အမျိုးသားအမျိုးသမီး
  • အမျိုးသမီးတွေမှာ ရောဂါအတည်ပြုတွေ့ရှိတာပိုများပါတယ်။ အမျိုးသမီေးတွမှာ ကျန်းမာရေးစောင့်ရှောက်မှု ကျန်းမာရေးစစ်ဆေးမှုပိုမိုပြုလုပ်တာကြောင့် ဖြစ်ပါတယ်။

    • ထိခိုက်မိခြင်း

    ကားတိုက်ခြင်း၊ လဲကျခြင်း၊ ကိုယ်ထိလကေရောက်ကျူးလွန်မှုနဲ့ အားကစားလုပ်စဉ်ထိခိုကမှုတွေနဲ့ ဆက်နွှယ်နေပါတယ်။

    ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Post – Concussion Syndrome (ဦးနှောက်အသေးစားထိခိုက်မှုပြီးနောက်ဖြစ်သော ရောဂါစု) ကို ဘယ်လိုအတည်ပြုပါသလဲ

    ဆရာဝန်က သံသယရှိတဲ့အခါမှာ ကိုယ်ခန္ဓျါပုငိးဆိုင်ရာစမ်းသပ်စစ်ဆေးမှုတွေနဲ့ အချို့သောစစ်ဆေးမှုတွေ ညွှန်းပါလိမ့်မယ်။ စီတီရိုက်ခြင်း အမ်အာအိုင်ရိုက်ခြင်းကနေ ဦးနှေက်ပုံမမှန်ဖြစ်မှုတွေကို သနိုင်ပါတယ်။ အလွန်အမင်းမူးဝေနေမယ်ဆိုရင် နားနှာခေါင်းလည်ချေင်းအထူးကုဆီ လွှဲပေးပါလိမ့်မယ်။ စိတ်ဓါတ်ကျခြင်းတွေ စိုးရိမ်ကြီးခြင်းတွေခံစားရမယ် ဒါမှမဟုတ် မှတ်ဉာဏ်ပိုင်းဆိုင်ရာပြဿနာတွေရှိခဲ့မယ်ဆိုရင် စိတ်ပညာဆိုင်ရာအထူးကုနဲ့ပြသင့်ပါတယ်။

    Post – Concussion Syndrome (ဦးနှောက်အသေးစားထိခိုက်မှုပြီးနောက်ဖြစ်သော ရောဂါစု) ကို ဘယ်လိုကုသပါသလဲ

    ကုသမှုတိတိကျကျသတ်မှတ်ထားတာမရှိပါဘူး။ ဆရာဝန်က သင်ခံစားနေရတဲ့လက္ခဏာတွေကိုသာ ကုသပေးပါလိမ့်မယ်။

    လက္ခဏာအမျိုးအစားနဲ့ဖြစ်တဲ့အကြေိမ်ရေက တစ်ယောက်နဲ့တစ်ယေက်မတူနိုင်ပါဘူး။

    ခေါင်းကိုက်ခြင်း

    စိတ်ဓါတ်ကျခြင်းအတွက်ဆေးတွေအပါအဝင် ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ ဖိအားများခေါင်းကိုက်ခြင်းအတွက် အသုံးပြုလေ့ရှိတဲ့ဆေးတွေက ဦးနှေက်အသေးစားထိခိုက်မှုပြီးနောက်ဖြစ်သော ရောဂါစုဆက်နွှယ်ခေါငးကိုက်ခြင်းအမျိုးအစားတွေကို သက်သာစေပါတယ်။

    ဥပမာ အမ်မီထရစ်တိုင်လင်း။ ဒီဆေးတွေက ထိခိုက်မှုအပြီးဦးနှေက်အသေးစားထိခိုက်မှုပြီးနောက်ဖြစ်သော

    ရောဂါစုနဲ့ ဆက်နွှယ်လေ့ရှိတဲ့လက္ခဏာတွေဖြစ်တဲ့ ဆတ်ဆတ်ထိမခံနိုင်ဖြစ်ခြင်း၊ မူးဝေခြင်းနဲ့ စိတ်ဓါတ်ကျခြင်းတွေဖြစ်နုငိပါတယ်။ ဆေးဆိုင်စပ်ဆေးတွေနဲ့ ဆရာဝန်ညွှန်ကြားထားတဲ့အကိုက်အခဲပျေက်ဆေးတွေ အလွန်အကျူးအသုံးပြုခြင်းကလည်း နာတာရှည် ဦးနှေက်အသေးစားထိခိုက်မှုပြီးနောက်ဖြစ်သော ခေါင်းကိုက်ခြင်းကိုဖြစ်စေပါတယ်။

    ဥိးနှောက်မှတ်ဉာဏ်နဲ့တွေးခေါ်ခြင်းဆိုင်ရာပြဿနာများ

    ဦးနှေက်အသေးစားထိခိုက်မှုပြီးနောက်ဖြစ်သော မှတ်ဉာဏ်ပိုင်းဆိုငရာပြဿနာတွေကိုကုသဖို့အတွက် အထူးရည်ရွယ်ထားတဲံဆေးတွေမရှိသေးပါဘူး။ မှတ်ဉာဏ်ပိုင်းဆ်ုငရာပြဿနာတွေအတွက် သိတင်းပတ်တွေလတွေကြာသွားတဲ့အခါ သူ့အလိုလိုပျောက်ကင်းသွားတာကြောင့် အချိန်က အကောင်းဆုံးကုထုံးဖြစ်ပါတယ်။

    မှတ်ဉာဏ်ချို့ယွင်းမှုနဲ့ အာရုံစူးစိုက်မှုပြဿနာတွေအတွက် အချို့သောမှတ်ဉာဏ်ပိုင်းဆိုင်ရာကုထုံးတွေဖြစတဲ့ အိတ်ဆောင်ပြက္ခဒိန်၊ အလက်ထရောနစ်ပစ္စည်းတွေနဲ့ အခြားနည်းပညာတွေအသုံးပြုနည်းတွေကို သင်ယူခြင်းဖြစ်တဲ့ ပြန်လည်ကျန်းမာလာအောင်ကူညီပေးနိုင်ပါတယ်။

    စိတ်ဓါတ်ကျခြင်းနဲ့ စိုးရိမ်ကြိးခြင်း

    လူနာတွေမှာ လက္ခဏာတွေပြရခြင်းအကြောင်းရင်း ရှိတယ်လို့သိပြိးတဲ့နောက်မှာ လက္ခဏာတွေကသက်သာလာပါတယ်။ ရောဂါနဲ့ပတ်သက်ပြီးပညာပေးခြင်းက လူနာကိုကြောက်လန့်ခြင်းကနေသက်သောစေပြီး စိတ်အေးစေပါတယ်။

    လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ဦးနှေက်အသေးစားထိခိုက်မှုပြီးနောက်ဖြစ်သော ရောဂါစု ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ဦးနှေက်အသေးစားထိခိုက်မှုပြီးနောက်ဖြစ်သော

    ရောဂါစုကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

    ကားမောင်းတဲ့အခါတိုင်း ခါးပတ်ပတ်ဖို့နဲ့ ကလေးတွေအတွက်လည်း သင့်တော်တဲ့လုံခြုံစိတ်ချရတဲ့ထိုင်ခုံမျိုး ဖြစ်နေရပါတယ်။ အသက်၁၃နှစ်အောက်ကလေးတွမျာ နောက်ခုံတွေမှာစီးခြင်းက စိတ်ချရဆုံးစြဖ်ပြီး အထူးသဖြင့်ကားကလေအိတ်ပါတဲ့အခါမှာ စြဖ်ပါတယ်။

    ုသင်သို့သင့်ကလေး စက်ဘီးစီးတဲ့အခါတိုင်း၊ စကိတ်စီးတဲ့အခါတိုင်း၊ ရိုလာစကိတ်၊ အင်လိုင်းစကိတ်၊ ရေခဲပြင်စကိတ်၊ နှင်းလျှောစီးခြ်ငး၊ ဘောလုံးကစားခြင်း၊ ဘေ့စ်ဘောရိုက်ခြင်း၊ စကိတ်လျှောပြားစီးခြင်း ၊ မြင်းစီးခြင်း စတာတွေပြုတဲ့အခါတိုင်း ဟဲလ်မက်ဆော်ငးခြင်း

    လဲကျခြင်းချော်လဲခြင်းကိုကာကွယ်ဖို့ ခြေသုတ်ခုံနေရာနည်းနည်းကိုဖယ်၇ှားပစ်ခြင်း၊ မီးလုံးများတပ်ဆင်ခြင်း၊ လက်ကိုင်တန်းလက်ရန်းများတပ်ဆင်ခြင်း

    အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Thin Myat Sandi Cho မှ ရေးသားသည်။ · 04/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement