backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Poliomyelitis (ပိုလီယိုရောဂါ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Kaung Thar မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Poliomyelitis (ပိုလီယိုရောဂါ) ကဘာလဲ။

ပိုလီယို ရောဂါ (poliomyelitis ) ဟာ ပိုလီယို ဗိုင်းရပ်စ် ကြောင့် စြဖ်တဲ့ ကူးစက်ရောဂါဖြစ်ပါတယ်။ ဗိုင်းရပ်စ်ဟာ အာရုံကြောစနစ်ကို တိုက်ခိုက်ပြီး နာကျင်ခြင်း နှင့် Motor neurons တွေကို ပျက်စီးစေကာ ကြွက်သားသေခြင်း( ခြေထောက် သို့ တခြား အစိတ်အပိုင်းတွေ လှုပ်မရခြင်း) ကိုဖြစ်စေပါတယ်။

အခြေအနေဆိုးရွားလျှင် ရောဂါက ခြေထောက်တွေကို အများဆုံးထိခိုက်စေပြီး ဒိထက်ပိုဆိုးလျှင် အသက်ရှူခြင်းနှင့် မျိုချခြင်းတို့ကိုပါထိခိုက်လာနိုင်ပါတယ်။ ယနေ့အချိန်အခါမှာတော့ အစွမ်းထက်တဲ့ ကာကွယ်ဆေးတွေရဲ့ ကျေးဇူးကြောင့် ဒီရောဂါဟာ အလွန်ရှားပါးသော်လည်း ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ဖြစ်နေတုန်းပဲ ဖြစ်ပါတယ်။

ရောဂါလက္ခဏာအများစုကတော့ ရက်ပိုင်း သို့ ရက်သတ္တပတ်လောက်သာ ကြာတတ်ပါတယ်။ သို့သော် ပိုလီယိုက ဆိုးရွားတဲ့ လက္ခဏာတွေ ပြတတ်ပြီး ၂ လကနေ ၆ လထိတောင် ကြာတတ်နိုင်ပါတယ်။ ၎င်းကာလအပြီးမှာတော့ လူနာက အကောင်းအတိုင်းပြန်ဖြစ်သွားတတ်ပါတယ်။

Poliomyelitis (ပိုလီယိုရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါ က အဖြစ်များတဲ့ ရောဂါဖြစ်ပါတယ်။

၎င်းဟာ ကိုယ်ဝန်ဆောင် မိခင်တွေ ကလေးငယ်လေးတွေ နှင့် ကိုယ်ခံအားစနစ်အားနည်းသူတွေမှာ အဖြစ်များပါတယ်။

လက္ခဏာများ

Poliomyelitis (ပိုလီယိုရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ရောဂါပိုး ကူးစက်ခြင်း ၃ မျိုးရှိပါတယ်။ atypical, paralysis and not paralyzed ဆိုပြီး ရှိပါတယ်။ ပိုလီယိုက အာရုံကြောစနစ်ကို ထိခိုက်ခြင်း မရှိပဲ ရောဂါ အပျော့စားလည်း ဖြစ်နိုင်သလို ကိုယ်တစ်ပိုင်းသေသွားသည် ထိ ဆိုးရွားပြင်းထန်တဲ့ ရောဂါလည်းဖြစ်လာနိုင်ပါတယ်။ ရောဂါရှိတဲ့ လူနာအများစုမှာ ရောဂါလက္ခဏာတွေ ပြတတ်ပါတယ်။

ပိုလီယိုရောဂါ အပျော့စား၏ အဖြစ်များဆုံး ရောဂါလက္ခဏာတွေကတော့ တုပ်ကွေးကဲ့သို့လက္ခဏာကဲသို့ သို့မဟုတ် ဗိုင်းရပ်စ်ရောဂါ လက္ခဏာကဲ့သို့ ခေါင်းကိုက်ခြင်း၊ ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ နှင့် ဝမ်းချုပ်ခြင်း သို့ ဝမ်းလျှောခြင်း တို့ဖြစ်ကြပါတယ်။

ခေါင်းကိုက်ခြင်း၊ လည်ပင်းတောင့်ခြင်း၊ နှင့် စိတ်မူမမှန်ခြင်းတို့ကိုတော့ အဖြစ်များတဲ့ လက္ခဏာလို့ မသတ်မှတ်ထားကြပါ။

အဖြစ်များဆုံး လက္ခဏာတွေကတော့ ဖျားခြင်းနှင့် ခေါင်းကိုက်ခြင်း၊ လည်ပင်းတောင့်ခြင်း နှင့် ကျောတောင့်ခြင်း၊ ဝမ်းချုပ်ခြင်းနှင့် ဓါတ်မတည့်ခြင်းမျးဖြစ်ကြပါတယ်။ လူနာတွေက ကိုယ်ခန္ဓါအောက်ပိုင်းမှာ အထိအတွေ့နှင့် လှုပ်ရှားမှုတွေ ပျောက်ဆုံးသွယးတတ်ကြပါတယ်။ နောက်ပိုင်းမှာ ၂လကနေ ၆ လအတွင်း လူနာတွေက တဖြည်းဖြည်းပြန်ကောင်းလာတတ်ကြပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခု ရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲ ဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Poliomyelitis (ပိုလီယိုရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

ဖြစ်ပွားနိုင်ခြေမြင့်မာစေသော အကြောင်းအရာများ

Poliomyelitis (ပိုလီယိုရောဂါ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ပိုလီယိုရောဂါ ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • ပိုလီယိုရောဂါပိုးရှိတဲ့ ဒေသ သို့မဟုတ် ပိုလီယို ပျံ့ပွားနေတဲ့ ဒေသသို့ ခရီးသွားခြင်း
  • ပိုလီယို ရောဂါပိုးသယ်ဆောင်ထားသူနဲ့ အတူနေထိုင်ခြင်း
  • ကိုယ်ခံအားကျဆင်းရောဂါရှိခြင်း ဥပမာ HIV/AIDS
  • လက်တလော အာသီးခွဲစိပ်မှု ပြုလုပ်ထားခြင်း
  • စိတ်ဖိစီးမှုများနေပြီး သို့မဟုတ် ပြင်းပြတဲ့ လုပ်ငန်းဆောင်တာတခုခုလုပ်ထားချိန်တွင် ပိုလီယိုရောဂါပိုးနှင့် ထိတွေ့မိခြင်းကြောင့်လဲ ဖြစ်လာနိုင်ပါတယ် အဘယ်ကြောင့်ဆိုသော် ထိုအရာနှစ်ခုလုံးက သင့်ရဲ့ ခံစစ်အားကို ကျဆင်းစေပါတယ်။
  • ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Poliomyelitis (ပိုလီယိုရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

    ဆရာဝန်က သင် လှုပ်ရှားမရဖြစ်နေလား သို့ လည်ပင်းတောင့်နေလားနှင့် ကျောဘက်ရောဂါလက္ခဏာများ၊ မျိုချရခက်နေခြင်း၊ နှင့် အသက်ရှူခက်နေခြင်းများ ဝမ်းဗိုက်ရောဂါလက္ခဏာများကို ကြည့်ရှုစမ်းသပ်ပြီး ရောဂါကို အတည်ပြု အဖြေထုတ်ပါလိမ့်မယ်။ ဆရာဝန်က ကျောရိုးမမှ အရည်ကို အပ်နှင့်စုပ်ထုတ်ပြီး ထိုအရည်မှာ ရောဂါပိုးရှိမရှိလဲ စစ်ဆေးပါလိမ့်မယ်။ ဆရာဝန်က သင့်ဆီက ဝမ်းနမူနာ၊လည်ချောင်းမှ အရည်နှင့် သွေးတို့ကို ဗိုင်းရပ်သ်ပိုးစစ်ရန် ယူပါလိမ့်မယ်။

    Poliomyelitis (ပိုလီယိုရောဂါ) ကို ဘယ်လိုကုသပါသလဲ

    ပိုလီယိုရောဂါ ကို ပျောက်အောင် ကုသနိုင်တဲ့ ဆေးမရှိပါဘူး။ ibuprofen နှင့် ၎င်းကဲ့သို့ဆေးများက အနာသက်သာအောင် ကုသနိုင်ပါလိမ့်မယ်။ ကျန်းမာရေးနှင့် ကိုယ်ခံအားကောင်းဖို့ရာ ကိုယ်ကာယ ကုထုံးတွေနဲ့ အာဟာရ ကုထုံးတေလည်းရှိပါတယ်။ သင့်ဆရာဝန်က သင်ရောဂါပိုးကူးတဲ့ အဆင့်ရောက်နေတဲ့ အချိန်မှာ နေလို့ သက်သာအောင် တခြားကုထုံးတွေလဲ ပေးနိုင်ပါတယ်။

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ပိုလီယို ရောဂါ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ပိုလီယို ရောဂါ ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင် နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

    • ကြွက်သားတွေ ကျုံ့မသွားနိုင်အောင် ကာယလေ့ကျင်ခန်းကုထုံးများကို မှန်မှန်လုပ်ပါ။

    • သင့်မှာ ရောဂါပိုးကူးစက်မိပြီ သို့ Polio ကူးစက်မိပြီ ဟုထင်လျှင် ဆရာဝန်နဲ့ ပြပါ။

    • သင့်မှာ ပိုလီယိုရောဂါဖြစ်နေပြီလို့ အတည်ပြုထားလျှင် သို့ ရောဂါလက္ခဏာတွေ ပိုဆိုးလာလျှင် ဆရာဝန်နဲ့ ပြပါ။

    • ရောဂါပိုးရှိတဲ့ ဒေသသို့ ခရီးမသွားခင် ကိုယ်တစ်ပိုင်းသေခြင်းအား ကာကွယ်ရန် ပိုလီယို ကာကွယ်ဆေးထိုးထားပါ။

    အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Kaung Thar မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement