backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Horner's syndrome (ဟော်နားစ် ဆင်ဒရုန်း)


Thin Myat Sandi Cho မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

ဟော်နားစ် ဆင်ဒရုန်း ဆိုတာဘာလဲ။

ဦးနှောက်ကနေ မျက်နှာနဲ့မျက်လုံးကို သွားတဲ့ခန္ဓါကိုယ်တစ်ခြမ်းမှာရှီတဲ့အာရုံကြောလမ်းကြောင်း ပျက်စီးသွားခြင်းကြောင့် ဖြစ်တဲ့ လက္ခဏာပေါင်းစုဖြစ်ပါတယ်။ မျက်လုံးအာရုံကြောဆိုင်ရာလေဖြတ်ခြင်းလို့လည်း ခေါ်ပါတယ်။

ဟော်နားစ် ဆင်ဒရုန်း ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

ဒီရောဂါဟာ ရှားပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရောဂါလက္ခဏာများ

ဟော်နားစ် ဆင်ဒရုန်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ

မျက်နှာတစ်ဘက်ခြမ်းကိုပဲ ထိခိုက်လေ့ရှိပါတယ်။

ဟော်နားစ် ဆင်ဒရုန်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့-

  • မျက်လုံးသူငယ်အိမ်ကျဉ်းခြင်း
  • မျက်လုံးနှစ်ခုသူငယ်အိမ်အရွယ်အစား သိသိသာသာကွာခြားနြေခ်င်း
  • မှုန်မှုန်မွားမွှားအလင်းရောင်မှာ သူငယ်အိမ်ကျယ်ဖို့နှောင့်နှေးခြင်း အနည်းငယ်သာကျယ်ခြင်း
  • အပေါ်မျက်ခွံကျခြင်း
  • အောက်မျက်ခွံအနည်းငယ်တက်နေခြင်း
  • မျက်နှာတစ်ခြမ်းလုံးချွေးမထွက်ြခ်ငး အကွက်များပေါ်ခြင်း

လက္ခဏာများ အထူးသဖြင့်မျက်ခွံကျခြင်းနဲ့ ချွေးမထွက်ခြင်းက သိပ်မသိသာပြီး ရောဂါအတည်ပြုဖို့ခက်ပါတယ်။

ကလေးတွေမှာ ထပ်တွေ့ရလေ့ရှိတဲ့လက္ခဏာတွေကတော့-

တစ်နှစ်အောက်ကလေးတွေမှာ ဖြစ်တဲ့အခြမ်းမျက်လုံးမျက်ဆန် အရောင်ဖျော့ခြင်း

ပူခြင်း၊ မောပန်းခြင်းနဲ့ စိတ်ခံစားချက်အပြောင်းအလဲမှာ သာမန်အတိုင်းဖြစ်ပေါ်လေ့ရှိတဲ့ မျက်နှာနီခြင်းကင်းမဲ့ခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

အကြောင်းအများကြီးကြောင့် ဖြစ်နိုငပြီး အချို့တွေက အခြားအကြောင်းတွေထက် ပိုဆိုးရွားတတ်ပါတယ်။ လျင်မြန်တိကျတဲ့ရောဂါအတည်ပြုမှုရဖို့ အရေးကြီးပါတယ်။ ရုတ်တရက်ရောဂါလက္ခဏာတွေပေါ်လာခဲ့မယ်ဆိုရင် ထိခိုက်မှုကြောင့်ပေါ်လာခဲ့မယ်ဆိုရင် ဒါမှမဟုတ် အောက်ပါလက္ခဏာတွေနဲပတွဲနေခဲ့မယ်ဆိုရင် အရေးပေါ်ကုသမှုချက်ချင်းခံယူသင့်ပါတယ်။

  • အမြင်အာရုံမကောင်ခြင်း
  • မူးနောက်နောက်ဖြစ်ခြင်း
  • ကြွက်သားအားနည်းခြင်း ထိန်းချုပ်မှုအားနည်းခြင်း
  • အပြင်းအထန်ရုတ်ချည်းခေါင်းကိုက်ခြင်း လည်ပင်နာခြင်း

ဖြစ်ပွားမှုအကြောင်းရင်းများ

ဘာတွေက ဟော်နားစ် ဆင်ဒရုန်း ဖြစ်ပွားစေသလဲ။

အာရုံကြောစနစ်ထဲက sympathetic nervous systemလမ်းကြောင်းကို ထိခိုက်စေတာကြောင့်ြဖ်စပါတယ်။ ဒီအာရုံကြောအဖွဲ့အစည်းက နှလုံးခုန်နှုန်း၊ သူငယ်အိမ်အရွယ်အစား၊ ချွေးထွက်ခြင်း၊ သွေးပေါင်ချိန်နဲ့ အခြားပတ်ဝန်းကျင်အပြောင်းအလဲကို လျင်မြန်စွာတုန့်ပြန်မှုပတေဲ့လုပ်ဆောင်ချက်တွေကို ထိန်းညှိပေးပါတယ်။

အာရုံကြောအမျိုးအစားသုံးမျိုး သက်ရောက်မှုခံရပါတယ်။

First-order neurons

ဦးနှောက်အောက်ခြေဟိုက်ပိုသယ်လမတ်စ်ကနေ ထွက်လာပြီး ဦးနှောက်အသိမ်ပိုင်းနောက်ဆုံးပိုင်းတစ်လျှောက် အာရုံကြောမကြီးအပေါ်ပိုင်းထိဆင်းသွားပါတယ်။ ဒီလမ်းကြောင်းတစ်လျှော က်မှာ အာရုံကြောလုပ်ဆောင်ချက်ကိုပျက်စီးစေနိုင်တဲ့ပြဿနာတွေကတော့

  • လေဖြတ်ခြင်း
  • အကျိတ်
  • အာရုံကြောအကာအမြှေးပျက်စီးစေသည့်ရောဂါများ
  • လည်ပင်းထိခိုက်မိခြင်း
  • ကျောရိုးတစ်လျှောက် အရည်အိတ်ရှိခြင်း

Second-order neurons

ကျောရိုးတိုင်တစ်လျှောက်ဆင်းလာပြီး ရင်ဘတ်အပေါ်ပိုင်းကိုဖြတ်ကာ လည်ပင်းဘေးဘကိကိုဝင်သွားပါတယ်။ ဒီလမ်းောကင်းတစ်လျှောက်အာရုံကြောကိုထိခိုက်စေနိုင်တာတွေကတော့-

  • အဆုတ်ကင်ဆာ
  • အာရုံကြောအကာအကျိတ်တည်ခြင်း
  • နှလုံးထွက်ပင်မသွေးကြောပျက်စီးထိခိုက်မိခြင်း
  • ရင်ခေါင်းခွဲစိတ်ကုသခြင်း
  • ထိခိုက်မိခြင်း

Third-order neurons

လည်ပင်းဘေးဘက်တစ်လျှောက်ကနေ မျက်နှာအရေပြား၊ မျက်ဆန်ကြွက်သားနဲ့ မျက်ခွံကြွက်သားတေါဆီကို သွားပါတယ်။ ဒီလမ်းကြောင်းတစ်လျောက် အာရုံကြောပျက်စီးသွားခြင်းက

  • လည်ပင်းဘေးဘက်တစ်လျှောက် ဦးနှောက်ကိုထောက်ပံ့ပေးတဲ့သွေးလွှတ်ကြော ပျက်စီးသွားခြင်း
  • လည်ပင်းဘေးဘက်တောက်လျှောက်မှာရှိတဲ့ ဦးနှော်ကသွေးပြန်ကြောထိခိုက်မိခြင်း
  • ဦးခေါင်းခွံအခြေမှာ အကျိတ်တည်ခြင်း၊ ကူးစက်ပိုးဝင်ခြင်း
  • ခေါင်းတစ်ခြမ်းကိုက်ခြင်း
  • အပြင်းအထန်ခေါင်းကိုက်ခြင်း

ကလေးငယ်များတွင် ဖြစ်ပွားမှုအကြောင်းရင်းများ

တွေ့ရများဆုံးအကြောင်းရင်းတွေကတော့-

  • မွေးဖွားနေစဉ်အတွင်း လည်ပင်း၊ ပုခုံးကို ထိခိုက်မိခြင်း
  • မွေးရာပါ နှလုံးထွက်ပင်မသွေးလွှတ်ကြော မကောင်းခြင်း
  • ဟော်မုန်းအာရုံကြောဆိုင်ရာ အကျိတ်တည်ခြင်း
  • အကြောင်းရင်းမသိခြင်း

အချို့ကိစ္စတွေမှာ ဘာကြောင့်ဖြစ်မှန်းမသိနိုင်ပါဘူး။ idiopathic Horner syndromeလို့ခေါ်ပါတယ်။

ဘယ်အရာတွေက ဟော်နားစ် ဆင်ဒရုန်းဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။

ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

ဟော်နားစ် ဆင်ဒရုန်းဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

အထွေထွေကျန်းမာရေးစစ်ဆေးမှုတွေအပြင် သင့်ဆရာဝန်က လက္ခဏာတွေရဲ့သဘောသဘာဝကို ဆုံးဖြတ်ဖို့နဲ့ ဖြစ်နိုင်ချေရှိတဲ့အကြေင်းရင်းကို သတ်မှတ်ဖို့ စစ်ဆေးမှုတွေလုပ်ဆောင်ပါလိမ့်မယ်။

ရောဂါအဖြေရှာအတည်ပြုဖို့နည်းလမ်းများ

သင့်ရဲ့ကျန်းမာရေးရာဇဝင်နဲ့ သင့်လက္ခဏာတွေပေါ်မူတည်ပြီး ရောဂါရှာနိုင်ပါလိမ့်မယ်။

မျက်စိဆရာဝန်က သင့်မျက်လုံးနှစ်လုံးစလုံးထဲကို မျက်လုံးသူငယ်အိမ်ကျယ်စေတဲ့သို့ ကျဉ်းစေတဲ့ အရည်တစ်စက်ကိုထည့်ပြီး ရောဂါအတည်ပြုချက်ကိုခိုင်မာပါစေလိမ့်မယ်။ သံသယရှိတဲ့မျက်လုံးနဲ့ နဂိုကောင်းတဲ့မျက်လုံးတုန့်ပြန်မှုတွေကို နှိုင်းယှဉ်ခြင်းဖြင့် ဆရာဝန်က အာရုံကြောပျက်စိးမှုက အကြောင်းရင်းဟုတ်မဟုတ်ကို ဆုံးဖြတ်နိုင်ပါလိမ့်မယ်။

အာရုံကြောပျက်စီးမှုနေရာကို အတည်ပြုနိုင်သည့်နည်းလမ်းများ

အချို့လက္ခဏာတွေရဲ့သဘာဝက ဆရာဝန်ကိုအကြောင်းရင်းကိုရှာရာမှာ ရှာဖွေရနည်းအောင်ကူညီပေးနိုင်ပါတယ်။ ဆရာဝန်က အာရုံကြောလမ်ကြေင်းပျက်စီးတဲ့နေရာကို ရှာဖွေဖို့ ခန့်မှန်းပုံရိပ်ဖော်တဲ့နည်းတွေ နောက်ထပ်နည်းလမ်းတွေ ပြုလုပ်ပါလိမ့်မယ်။

လည်ပင်းဒါမှမဟုတ်လည်ပင်းအထက်တစ်နေရာမှာ အာရုံကြောပျက်စီးမှုဖြစ်ခဲ့တယ်ဆိုရင် ပျက်စီးသွားတဲ့ဘက်ခြမ်းမျက်လုံးမှာ သူငယ်အိမ်အနည်းငယ်ကျယ်သွာေးစမယ့် မျက်လုံးအကောင်းမှာ သူငယ်အိမ်သိသိသာကျယ်သွားစေမယ့် မျက်စဉ်းအမျိုးအစားတစ်မျိုးကို ပေးပါလိမ့်မယ်။ ရောဂါိကိုဖြစ်စေတဲ့မူမမှန်မှုနေရာကိကုရှာဖွေဖို့ အောက်ပါပုံရိပ်ဖော်နည်းလမ်းများကို အသုံးပြုပါလိမ့်မယ်။

  • အမ်အာအိုင်
  • ရေဒီယိုလှိုင်းများနဲ့သံလိုက်စက်ကွင်းကိုအသုံးပြုပြီး အသေးစိတ်ပုံရိပ်ဖော်ခြင်းဖြစ်ပါတယ်။
  • စီတီ
  • အထူးအိက်စ်ရေးရောင်ခြည်ကုထုံး
  • အိက်စ်ရေးပုံဖေြာ်ခင်း

ရောဂါသည်ကလေးတွေအတွက် ဟော်မုန်းနဲ့အာရုံကြောဆိုင်ရာအလုံးအကျိတ်တွေါကို ရောဂါရှာအတည်ပြုဖို့အတွက် သွေးစစ်ခြင်း၊ ဆီးစစ်ခြင်းကိုအသုံးပြုပါလိမိမယ်။

ဟော်နားစ် ဆင်ဒရုန်း ကို ဘယ်လိုကုသလဲ။

ဒီရောဂါအတွက် ကုသမှုမရှိပါဘူး။ လက္ခဏာတွေကိုသက်သာစေဖို့အကောင်းဆုံးနည်းလမ်းက ဖြစ်ရတဲ့အကြောင်းရင်းပြဿနာကိုကုသဖြင်းဖြစ်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ဟော်နားစ် ဆင်ဒရုန်းကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ဟော်နားစ် ဆင်ဒရုန်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Thin Myat Sandi Cho မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement