backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Cerebral Palsy (ဦးနှောက်အကြောသေရောဂါ)


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Cerebral Palsy (ဦးနှောက်အကြောသေရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Cerebral Palsy (ဦးနှောက်အကြောသေရောဂါ) ကဘာလဲ။

ဦးနှောက်အကြောသေရောဂါဆိုသည်မှာ ကြွက်သားများနှင့် အာရုံကြောများကိုထိခိုက်စေသောအခြေအနေအုပ်စု ဖြစ်ပါသည်။ မျိုးမျိုးဆက်ခံခြင်းကြောင့် မဟုတ်သော်လည်းငယ်ရွယ်သောအချိန်တွင် စတင်ဖြစ်ပွားပါသည်။ ဦးနှောက်အကြောသေရောဂါ (CP) ၃ မျိုးမှာ spastic (အဖြစ်အများဆုံး ). Atetoid နှင့် ataxic တို့ဖြစ်ပါသည်။

Cerebral Palsy (ဦးနှောက်အကြောသေရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

ဦးနှောက်အကြောသေရောဂါ သည် ပိုးဆိုးမလာသောတစ်သက်တာဖြစ်သောရောဂါ ဖြစ်ပါသည်။ ဦးနှောက်အကြောသေရောဂါ ဖြစ်သောကလေးအများစုသည် ပုံမှန်သက်တမ်း ဖြင့် နေနိုင်ပါသည်။

အချို့လူများသည် ထိခိုက်မှုသိပ်မပြင်းထန်ခြင်းကြောင့်ပုံမှန်ဘဝနီးပါးဖြင့် နေထိုင်နိုင်ပါသည်။ အချို့မှာဆိုးရွှားစွာမသန်မစွမ်း ဖြစ်ပါသည်။ လူအများစုသည် ရုပ်ပိုင်းဆိုင်ရာဆိုးရွှားစွာမသန်မစွမ်း ဖြစ်သွားသော်လည်းပုံမှန် ဉာဏ်ရည်ရှိကြပါသည်။

လက္ခဏာများ

Cerebral Palsy (ဦးနှောက်အကြောသေရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဦးနှောက်အကြောသေရောဂါ၏ အဖြစ်များသောရောဂါလက္ခဏာများမှာလက်နှင့် ခြေထောက် များပုံမမှန် လှုပ်ရှားခြင်း၊ ကလေးငယ်များ နို့တိုက်ရန် အဆင်မပြေခြင်း၊ ငယ်ရွယ်စဉ်တွင် ကြွက်သားများပျောခြင်း၊ လမ်းလျှောက်တတ်ရန်နှင့် စကားပြောတက်ရန် ကြာခြင်း၊ ကိုယ်နေဟန်ထားပုံမမှန်ုခြင်း၊ ကြွက်သားများအကြောဆွဲခြင်း၊ ခန္ဓါကိုယ်တောင့်တင်းခြင်း ၊ အာရုံနှင့် ရုပ်ပိုင်ဆိုင်ရာလှုပ်ရှားမှုကိုညီညွတ်အောင် ဆောင်ရွက်မှု ညံ့ဖျင်းခြင်း နှင့် မျက်စိစွေခြင်းတို့ဖြစ်ပါသည်။

ဦးနှောက်အကြောသေရောဂါ သည် မပြင်းထန်သောအခြေအနေမှ ပြင်းထန်သောအခြေအနေအထိ ဖြစ်တတ်ပါသည်။

Spastic CP ဖြစ်သောကလေးများတွင် ကြွက်သားတောင့်တင်းမှု များရှိပြီးအထူးသဖြင့် ခြေထောက်၊ လက်မောင်း နှင့် ကျောတို့တွင် တောင့်တင်းသောလှုပ်ရှားမှုများ ဖြစ်စေပါသည်။

Athetoid CP သည်ခန္ဓါကိုယ် တစ်ခုလုံးကိုထိခိုက်ပါသည်။ ထို့ကြောင့် ကလေးများသည် ကိုယ်ဟန်ချက်ထိန်းခြင်း နှင့် စိတ်အာရုံနှင့်လှုပ်ရှားမှု ညီညွှတ်အောင်လုပ်ခြင်းတို့တွင် ပြဿနာများရှိပါသည်။ သူတို့တွင် နှေးကွေးသောမထိန်းချုပ်နိုင်သောလှုပ်ရှားမှု များရှိပါသည်။ ကြွက်သားတောင့်တင်းမှုလည်းအားနည်းသောကြောင့် မတ်မတ်ထိုင်ရန်နှင့် လမ်းလျှောက်ရန် အခက်အခဲများရှိပါသည်။

ရောနှောနေသောဦးနှောက်အကြောသေရောဂါ ၏ ရောဂါလက္ခဏာများမှ ထိုအမျိုးအစား နှစ်ခုကိုပေါင်းစပ်ထားခြင်း ဖြစ်သည်။

တစ်ခါတစ်ရံဦးနှောက်အကြောသေရောဂါ ရှိသောကလေးများတွင် စာသင်ခြင်း၊ ကြားခြင်း မြင်ခြင်းတွင် အခက်အခဲများရှိပါသည်။ ညဏ်ရည် မမှီခြင်းလည်းရှိတက်ပါသည်။

အထက်တွင်ဖော်ပြမထားသောအခြားလက္ခဏာများလည်းရှိနိုင်ပါသည်။ အကယ်၍သင့်ဆီတွင်ရောဂါလက္ခဏာတစ်ခုခုများရှိနေသည်ဟုစိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စောစီးစွာရောဂါအဖြေရှာခြင်းသည် ရောဂါ လက္ခဏာများအားကာကွယ်နိုင်ပြီးရောဂါကိုပို၍ ထိန်းချုပ်နိုင်ပါသည်။ သင်၏ ကလေးတွင် အထက်မှာဖော်ပြမထားသောရောဂါလက္ခဏာများရှိပါကသို့မဟုတ် ကြွက်သားလုပ်ဆောင်မှု နှင့် အာရုံနှင့်လှုပ်ရှားမှု ညီညွတ်အောင် လုပ်ဆောင်မှု တွင် ပြဿနာများရှိပါကဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

အကြောင်းရင်းများ

Cerebral Palsy (ဦးနှောက်အကြောသေရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

ဖြစ်စေသောအကြောင်းရင်းမှာဦးနှောက်၏ ကြွက်သားများကိုထိန်းချုပ်နိုင်သောအစိတ်အပိုင်းတွင် ဒဏ်ရာရသောကြောင့် ဖြစ်သည်။ cerebral ဆိုသည်မှာဦးနှောက် နှင့် သက်ဆိုင်သည်ကိုဆိုလိုပါသည်။

palsy ဆိုသည်မှာ ကြွက်သားများအသုံးပြုရာတွင် အားနည်းမှု ဖြစ်သည်။ cerebral palsy (ဦးနှောက်အကြောသေရောဂါ) ၏ ဖြစ်စေသောအကြောင်းရင်းများမှာ-

  • ကိုယ်ဝန်ဆောင်ချိန်၊ မွေးဖွားချိန် သို့မဟုတ် ကလေးဘဝအစောပိုင်းတွင် ဒဏ်ရာရမှု
  • မွေးဖွားနေစဉ်နှင့် မွေးဖွားပြီးနောက်တွင် အောက်စီဂျင် လုံလောက်စွာမရမှု
  • အမေမှ ရင်သွေးဆီသို့ ရောဂါပိုးကူးစက်မှု (ဥပမာ-ဂျာမန် ဝက်သက်ရောဂါ)
  • ငယ်ရွယ်စဉ်တွင် ပြင်းထန်စွာရောဂါပိုးကူးစက်ခံရမှု

Risk factors

Cerebral Palsy (ဦးနှောက်အကြောသေရောဂါ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ဦးနှောက်အကြောသေရောဂါကိုဖြစ်ပွားနိုင်ချေ ကိုမြင့်စေသောအကြောင်းရင်းများများစွာရှိပါသည်။ ဥပမာအားဖြင့်-

  • ကိုယ်ဝန်ဆောင်စဉ်အတွင်းဒဏ်ရာရခြင်းသို့မဟုတ် ရောဂါပိုးကူးစက်ခံရခြင်း
  • ကလေးငယ်သည် သားအိမ်ထဲတွင် အောက်စီဂျင် လုံလောက်စွာမရခြင်း
  • ကလေးဘဝအစောပိုင်းတွင် ဒဏ်ရာရခြင်းသို့မဟုတ် ရောဂါပိုးကူးစက်ခံရခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Cerebral Palsy (ဦးနှောက်အကြောသေရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

ရောဂါအဖြေရှာခြင်း

ယခုဖော်ပြထားသည့်အချက်အလက်များမှာဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက် များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက် သိရှိလိုသောအချက်အလက် များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

ဦးနှောက်အကြောသေရောဂါဟုတ်မဟုတ် ဘယ်လိုအဖြေရှာအတည်ပြုမလဲ။

ဆရာဝန်သည် ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုကို ပြုလုပ်ပြီးသင့်ကလေး၏ လှုပ်ရှားမှုများကိုသေချာစစ်ဆေးပါလိမ့်မည်။ ဆရာဝန်သည် ရောဂါကိုအတည်ပြုရန် ဦးနှောက်အား CT,MRIရိုက်ခြင်း၊ ultrasound နှင့် အာရုံကြောလျှပ်ကူးခြင်းစသောစစ်ဆေးမှုများလုပ်ခိုင်းပါလိမ့်မည်။

Cerebral Palsy (ဦးနှောက်အကြောသေရောဂါ) ကို ဘယ်လိုကုသပါသလဲ

ဦးနှောက်အကြောသေရောဂါသည် ကုသ၍ မပျောက်ပါ။ သို့သော် ရောဂါလက္ခဏာများနှင့် မသန်မစွမ်းဖြစ်ခြင်းများကိုရုပ်ပိုင်းဆိုင်ရာကုထုံး (PT) ၊ လုပ်ငန်းဆိုင်ရာကုထုံး (OT) ၊ စိတ်ပိုင်းဆိုင်ရာအကြံညဏ်ပေးခြင်း နှင့် ခွဲစိတ်ကုသခြင်းတို့ဖြင့် ကူညီနိုင်ပါသည်။

PT သည်ကလေးငယ်များအား ကြွက်သားများပိုပိုသန်မာလာစေရန် နှင့် လမ်းလျှောက်ခြင်း၊ ထိုင်ခြင်း၊ ဟန်ချက်ထိန်းခြင်းစသည်တို့ လုပ်ကိုင်နိုင်ရန် ကူညီပေးပါသည်။

သိုင်းကြိုးများဂျာပ်စည်းရာတွင် သုံးသောဂျာပ် စသောအသုံးအဆောင်များသည်လည်းအကူအညီပေးနိုင်ပါသည်။ OT လုပ်ခြင်းဖြင့် ကလေးငယ်များသည် အဝတ်ဝတ်ခြင်း၊ အစာစားခြင်း၊ စာရေးခြင်းစသည်တို့ အတွက် လိုအပ်သောသေသပ်သော ကျွမ်းကျင်မှုများတိုးတက်ပါသည်။ စကားပြောခြင်း နှင့် ဘာသာစကားကုထုံးသည် ကလေးများကိုစကားပြောကျွမ်းကျင်မှု တွင် ကူညီပေးပါသည်။ ကလေးငယ်များကိုအထူးသင်ကြားခြင်းများ နှင့် ဆက်စပ်သောဝန်ဆောင်မှုများ ဖြင့် အကူအညီပေးပါသည်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေ အတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement