backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ဦးနှောက် ထိခိုက်ခံထားရသူတွေကို ဘယ်လိုကူညီမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Phyo Wai Yan မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဦးနှောက် ထိခိုက်ခံထားရသူတွေကို ဘယ်လိုကူညီမလဲ

လက္ခဏာများနှင့် ကူညီနိုင်မှု

တစ်ခါတစ်ရံ အမြင့်မှ ပြုတ်ကျတာတို့ မတော်တဆမှုတို့ကြောင့် ခေါင်းကိုထိခိုက်မိတဲ့ အခါမှာ ဦးနှောက်ဒဏ်ရာ ရတတ်ပါတယ်။ ဦးခေါင်းနဲ့ မျက်နှာတို့မှာ ထိခိုက်ဒဏ်ရာတွေ ရှိသော်လည်း ဦးနှောက်ထိခိုက်မိတဲ့ လက္ခဏာတွေ ကိုတော့ မတွေ့ ရပါဘူး။

ဦးနှောက်ကို ထိခိုက်လားကြည့်ပါ။

ဦးနှောက်ထိခိုက်ပြီဆိုရင်တော့ အောက်ပါ နေရာတွေမှာ အပြောင်းအလဲတွေ တွေ့ နိုင်ပါတယ်။

တွေးတောကြံဆခြင်းနှင့် မှတ်မိနိုင်ခြင်း

• ရှင်းရှင်းလင်းလင်းမတွေးနိုင်ခြင်း

• နှေးကွေးခြင်း

• အာရုံမစိုက်နိုင်ခြင်း

• အသစ်အသစ်တွေကို မမှတ်သားနိုင်တော့ခြင်း

ရုပ်ပိုင်းဆိုင်ရာများ

• မူးဝေပျို့အန်ခြင်း

• ခေါင်းကိုက်ခြင်း

• အမြင်များေဝဝါးနေခြင်း

• ခေါင်းမူးခြင်း

• ကျယ်လောင်တာနှင့် အမြင်စူးခြင်းများ မခံနိုင်ခြင်း

• ကိုယ်ဟန်ချက်ကို မထိန်းနိုင်ခြင်း

• အင်းအားကုန်ခန်းနေသည်ဟု ခံစားနေရခြင်း

စိတ်ခံစားမှုအခြေအနေများ

• အလွယ်တကူ စိတ်ဆိုး စိတ်ပျက်လွယ်ခြင်း

• ဝမ်းနည်းတတ်ခြင်း

• စိတ်လှုပ်ရှားတတ်ခြင်း

• ပိုပြီးခံစားလွယ်နေခြင်း

အိပ်စက်မှု

• နဂိုထက် ပိုမို အိပ်စက်ခြင်း

• နဂိုထက် အအိပ်အနေ နည်းခြင်း

• အိပ်ပျော်ရ ခက်ခဲခြင်း

သူတို့ ပြန်လည်ကောင်းမွန်အောင် ဘယ်လိုကူညီ နိုင်မလဲ။

လူနာကို ကျောင်းတက်ဖို့၊ အလုပ်သွားဖို့ ဆရာဝန်က ခွင့်ပြုမှာ မဟုတ်ပါဘူး။ အဲဒီအချိန်မှာ တတ်နိုင်သလောက် အနားပေးဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဦးနှောက်က ပြန်လည်ကောင်းမွန်ဖို့ အနားယူခြင်းကို လိုအပ်ပါတယ်။ ရောဂါကို လျစ်လျူပြုပြီး နဂိုအတိုင်းနေခိုင်းတာဟာ ပိုဆိုးလာစေပါလိမ့်မယ်။ ပြန်ကောင်းဖို့ အချိန်ကြာတာကြောင့် စိတ်ရှည်ဖို့တော့ လိုပါတယ်။

လူနာက အိမ်အလုပ်တွေလည်း လုပ်နိုင်အုန်းမှာ မဟုတ်ပါဘူး။ သင်က အိမ်ကို တတ်နိုင်သလောက် အစီအစဉ်တကျ ထားဖို့ လိုအပ်ပါတယ်။ ကလေးထိန်းပေးပါ၊ ထမင်းဟင်းချက်ပေးပါ ဒါမှမဟုတ် သူတို့ကို အားပေးဖို့ ပန်းကလေးများယူသွားပေးပါ၊ ရုပ်ရှင်များပြပေးပါ။ သူတို့ဟာ ဘာမှ သိပ်များများ စားစားမလုပ်ရတာကြောင့် ဖျော်ဖြေရေးတွေက တော်တော်အရေးပါပါတယ်။

အရွယ်ရောက်ရောက်ပြီးသူတွေ အတွက် အကြံပေးချက်များ

• နေ့ဘက်မှာ နားနားနေနေ နေပြီး ညဘက်မှာ များများစားစား အိပ်ပါ။

• ပင်းပန်းတဲ့ အလုပ်တွေ မလုပ်ပါနှင့် ( ဥမမာအားဖြင့် အိမ်သန့်ရှင်းရေးများ )။ အာရုံစိုက်ရတဲ့ အလုပ်တွေ မလုပ်ပါနဲ့ ( ဥပမာအားဖြင့် စာရင်းအင်းများ )။ ယင်းအလုပ်တွေက ရောဂါအခြေအနေတွေကို ပိုဆိုးစေပြီး၊ ပြန်ကောင်းစေဖို့ ကြာစေပါတယ်။

• အတိုက်အခိုက်နဲ့ ကိုယ်လက်အားကစားတွေ ရှောင်ရှားပါ။ နောက်ထပ် ဦးနှောက်ထိခိုက်မှုကို ဖြစ်စေနိုင်ပါတယ်။ (သင့်ရဲ့ အခြေအနေကို ပိုဆိုးသွားစေရုံသာမက နောက်ထပ် ထိခိုက်မှုဖြစ်ပွားနိုင်တဲ့ ရိုလာကိုစတာနဲ့ အခြား အရှိန်ပြင်းပြင်းနဲ့ သွားနေသော အရာများ စီးခြင်းကို ရှောင်ကျဉ်တာ အကောင်းဆုံးပါပဲ )။

• သင့်ရဲ့ ကျန်းမာရေး ကျွမ်းကျင်သူက ပြန်လည်ကောင်းမွန်ပါပြီဟု ပြောလျှင်လည်း အလုပ်များအားလုံးကို တစ်ခါတည်း စမလုပ်ပါနှင့်။ ဖြည်းဖြည်းစီ စလုပ်ပါ။

• ဦးနှောက် ထိခိုက်မှု အပြီးမှာ သင့်ရဲ့ တုံ့ပြန်နိုင်စွမ်းတွေ နှေးသွားနိုင်တာကြောင့် ဘယ်အချိန်မှာ ကား၊ စက်ဘီး၊ ဆိုင်ကယ် ပြန်မောင်းနိုင်မလဲ၊ အခြားသော စက်ကိရိယာတွေကို ပြန်လည်ကိုင်တွယ်နိုင်မလဲ ဆိုတာ သင့်ရဲ့ ကျန်းမာရေးကျွမ်းကျင်သူကို မေးပါ။

• ဘယ်အချိန်တွေ အလုပ်ပြန်လုပ်နိုင်မလဲ ကိုယ့်ရဲ့ ကျန်းမာရေး ကျွမ်းကျင်သူနဲ့ ဆွေးနွေးပါ။ သင့်ရဲ့ အလုပ်ရှင်တွေကို သင်မှာဖြစ်ပျက်ခဲ့တာတွေအား နားလည်ပေးနိုင်ရန် တောင်းဆိုပါ။

• အလုပ်ရှင်တွေနဲ့ အလုပ်ကို ဖြည်းဖြည်းချင်း ပြန်ဝင်မယ့်အကြောင်းနဲ့ အလုပ်လုပ်ရတဲ့ ပုံစံ ပြောင်းပေးဖို့ကို ဆွေးနွေးပါ ( ဥပမာအားဖြင့် နေ့တစ်ဝက်ပဲ လုပ်ခြင်း )

• သင့် ကျန်းမာရေး ကျွမ်းကျင်သူက ညွှန်ကြားထားတဲ့ ဆေးတစ်မျိုးထဲသာသောက်သုံးပါ။

• သင့်ကျန်းမာရေးကျွမ်းကျင်သူက မပြောမချင်း အရက်ပြန်မသောက်ပါနှင့်။ အရက်သောက်ခြင်းနှင့် ဆေးသုံးခြင်းတွေက ပြန်ကောင်းတဲအချိန်ကို ကြာစေရုံသာမက သင့်ကိုလည်း နောက်ထပ်ထိခိုက်ဒဏ်ရာတွေ ထပ်ရစေပါလိမ့်မယ်။

• အရင်ကထက် မှတ်ရခက်လာတဲ့ အရာတွေကို ချရေးထားပါ။

• စိတ်ပျံ့တတ်တယ်ဆိုရင် တစ်ချိန်မှာ တစ်ခုပဲ လုပ်ဖို့ ကြိုးစားပါ။ ဥပမာ တီဗီကြည့်ရင်း ထမင်းမစားပါနှင့်။

• တစ်ခုခုကို ဆုံးဖြတ်ချက်ချတော့မယ်ဆိုရင် မိသားစု ဒါမှမဟုတ် ရင်နှီးတဲ့ မိတ်ဆွေတွေနဲ့ တိုင်ပင်ပါ။

• ကိုယ့်အတွက် အစာ ကောင်းကောင်း စားဖို့နဲ့ ကောင်းကောင်းအနုားယူဖို့လို အဓိက လိုအပ်တာတွေကို မမေ့ပါနှင့်။

• ကွန်ပျူတာ/ဗီဒီယို ဂိမ်းကစားတာလို မျက်လုံးအားစိုက်တာတွေ နာလန်ထစမှာ မလုပ်ပါနှင့်

• ဦးနှောက်ထိခိုက်ဒဏ်ရာ ရပြီးကာစလူအချို့ဟာ လေယာဉ် စီးတဲ့အခါမှာ အခြေအနေပိုးဆိုးသွားကြောင်း သိရှိရပါတယ်။

ကလေးတွေအတွက် အကြံပေးချက်များ

ဦးနှောက် ထိခိုက်ခံထားရတဲ့ ကလေးတွေရဲ့ မိဘတွေနဲ့ ထိန်းသိမ်းစောက်ရှောက်သူတွေဟာ စိတ်ပါလက်ပါ ပါဝင်ဆောင်ရွက်ခြင်းအားဖြင့် ကူညီနိုင်ပါတယ်။

• ကလေးကို အနားယူချိန် များများရှိပါစေ။ အအိပ်နောက်ကျတာမျိုးနဲ့ အခြားအိမ်မှာ သွားအိပ်တာမျိုးကို ရှောင်ကျဉ်စေခြင်းအားဖြင့် ပုံမှန်အိပ်ချိန်ကို ထိန်းသိမ်းနိုင်မှာပါ။

• ဘေးမကင်းတဲ့ စက်ဘီးစီးခြင်း၊ အားကစားလုပ်ခြင်း၊ အမြင့်တွေတက်ခြင်းနှင့် ရိုလာကိုစတာ စီခြင်းကို ရှောင်ရှားပါ။ ယင်းအရာတွေက နောက်ထပ်ခေါင်းကို ထိခိုက်လာစေနိုင်လို့ပါ။ ကလေးတွေအား ထိုအရာတွေကို ဆရာဝန်က မပြောမချင်း မလုပ်ခိုင်းသင့်ပါဘူး။

• မိသားစု သမားတော် ဒါမှမဟုတ် ကလေးအထူးကုဆရာဝန်တွေက ညွှန်ကြားထားသော ဆေးများသာတိုက်ပါ။

• ဘယ်အချိန်မှာ ကျောင်းပြန်တက်သင့်သလဲ၊ အခြားလုပ်လုပ်ငန်းဆောင်တာတွေကို ပြန်လုပ်သင့်သလဲနဲ့ ကလေးကြုံတွေ့ရမယ် စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့ အုပ်ထိန်းသူတွေက ဘယ်လိုကူညီပေးနိုင်မလဲ ဆိုတာ ကျွမ်းကျင်ပညာရှင်များနှင့်ဆွေးနွေးပါ။ ဥပမာ ကလေးက ကျောင်းမှာ နားဖို့ အချိန်လိုတာတို့၊ မကြာခဏနားဖို့တို့နဲ့ စာမေးပွဲ ဖြေရင် အချိန်ပိုလိုတာမျိုးတို့ပါ။

• မိဘ၊ ညီအကိုမောင်နှမ၊ ဆရာ၊ ဆရာမ၊ ဆွေးနွေးပေးသူ၊ ကလေးထိန်းများ၊ နည်းပြများနဲ့ ကလေးနဲ့ ပတ်သတ်နေတဲ့ အခြားသောသူတွေကို ကလေးဘာဖြစ်ခဲ့တယ်ဆိုတာနားလည်သဘောပေါက်ပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကလေးနဲ့ ပတ်သတ်တဲ့ အကြောင်းတွေ ဖလှယ်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Phyo Wai Yan မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement