Sciatic Nerve ပျက်စီးတာ (သို့) ဆွတာဟာ လက္ခဏာ အတော်များများကို ဖြစ်ပေါ်စေပြီး ၎င်းတို့ထဲက အချို့ကတော့ ပြင်းထန်နိုင်ပါတယ်။ Sciatic Nerve ရောင်ရမ်းခြင်းကို Sciatica လို့ ခေါ်ပြီးတော့ ဒါဟာ ကျောရိုး အာရုံကြော L4 ကနေ S4 အထိကို တစ်ခု (သို့) တစ်ခုထက်ပိုပြီး ကြာရှည်စွာ ဆွခံရခြင်းကြောင့် ဖြစ်တာဖြစ်ပါတယ်။
များသောအားဖြင့်ကတော့ ကျောရိုးအာရုံကြော L4 ကနေ S4 ရဲ့ အရင်းတွေနဲ့ ဆက်စပ်နေတဲ့ intervertebral discs တွေ ထိခိုက်မိခြင်းကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် အခြားအကြောင်းအရာတွေလည်း ရှိပါသေးတယ်။ ဆေးထိုးတဲ့ အခါ Gluteal muscle ထဲထိုးရမယ့်အစား မှားထိုးမိခြင်းကတော့ သိသာတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် Sciatica ဟာ Sciatic Nerve တစ်လျှောက်လုံးဖြစ်တဲ့ တင်ပဆုံကနေ ခြေထောက်အနောက်ဘက်အထိ နာကျင်မှုနဲ့ လာတတ်ပါတယ်။
Sciatic Nerve ကို ဖိအားသက်ရောက်ခြင်းဟာ နာကျင်မှုအပြင် အခြားအရာတွေကိုလည်း ဖြစ်စေပါသေးတယ်။ motor neurons တွေ ကောင်းကောင်း အလုပ်မလုပ်တော့တာကြောင့် ခြေထောက်အောက်ပိုင်းမှာ အားနည်းခြင်းတွေ ဖြစ်တတ်ပါတယ်။ ပြင်းထန်တဲ့သူတွေမှာ Foot drop လို့ ခေါ်တဲ့ ခြေချင်းဝတ်နဲ့ ခြေဖဝါးတို့ကို မထိန်းချုပ်နိုင်တော့တဲ့ အခြေအနေမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုပဲ afferent fibres တွေကို ထိခိုက်မိခြင်းကြောင့်ထုံ၊ကျဉ်ခြင်း၊ အာရုံခံစားမှု များပြားခြင်းတွေ ဖြစ်တတ်ပါတယ်။ ပြင်းထန်တဲ့ Sciatica ဟာ ခြေထောက်အောက်ပိုင်း သုံးမရနိုင်အောင်တောင် ဖြစ်နိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။