backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Normal-tension glaucoma (မျက်စိရေတိမ်)


Dr. Pyae Phyo Maung မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Normal-tension glaucoma (မျက်စိရေတိမ်) ကဘာလဲ။

မျက်စိရေတိမ်ဆိုတာ သင့်ရဲ့မျက်စိကတဆင့် အမြင်အာရုံကို ဦးနှောက်နဲ့ဆက်သွယ်ပေးထားတဲ့ အမြင်အာရုံကြောကို ထိခိုက်ပျက်ယွင်းစေတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ဒီလိုအခြေအနေဟာ များသောအားဖြင့် မျက်လုံးအိမ်အတွင်း အရည်တင်းအားမြင့်တက်လာတဲ့အခါ ဖြစ်ပွားပါတယ်။ ဒါပေမယ့် မျက်လုံးအိမ်တွင်း ပုံမှန်အရည်တင်းအားသာရှိတဲ့ မျက်စိရေတိမ်အမျိုးအစား(Normal Tension Glaucoma) နဲ့ ကွဲပြားပါတယ်။

မျက်လုံးအိမ်တဝိုက်မှာ ပုံမှန်လှည့်ပတ်နေတဲ့ အရည်တစ်မျိုးရှိပါတယ်။ မျက်စိရေတိမ်ရောဂါအမျိုးအစားများစွာမှာ ထိုအရည်စီးဆင်းရာလမ်းကြောင်းများ ပျက်ယွင်းပိတ်ဆို့နေတတ်ပါတယ်။ အဲဒီ ပိတ်ဆို့နေတဲ့ အရည်တွေဟာ သင့်ရဲ့မျက်လုံးအိမ်ထဲမှာ တင်းအားကို ဖြစ်ပေါ်စေပါတယ်။ ဒါဟာ အချိန်နဲ့အမျှ အမြင်အာရုံကြောကို စတင်ထိခိုက်စေပါတယ်။

မျက်စိရေတိမ်(Normal -tension glaucoma)ဟာ မျက်လုံးအိမ်အရည်တင်းအား ပုံမှန်အတွင်းရှိသော်လည်း အမြင်အာရုံကြောထိခိုက်မှု ရှိနေတာဖြစ်ပါတယ်။ သင့်ဆရာဝန်ကတော့ ဒါကို ပုံမှန်အရည်တင်းအားအောက်လျော့သော (သို့) ပုံမှန်အရည်တင်းအားသာရှိသော (low tension or normal pressure glaucoma) မျက်စိရေတိမ်လို့ ခေါ်ပါလိမ့်မယ်။

Normal-tension glaucoma (မျက်စိရေတိမ်) က ဘယ်လောက်အဖြစ်များသလဲ

မျက်စိရေတိမ်ဟာ အလွန်တွေ့ရများပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Normal-tension glaucoma (မျက်စိရေတိမ်) ရဲ့လက္ခဏာတွေကဘာတွေလဲ

အစောပိုင်းအဆင့်တွေမှာတော့ ရောဂါက္ခဏာတွေကို သင်သတိထားမိမှာမဟုတ်ပါဘူး။ ဒါ့ကြောင့်ပဲ မျက်စိရေတိမ်ကို အသံတိတ် အမြင်အာရုံခိုးယူသူ “silent thief of sight’လို့ တင်စားခေါ်ဝေါ်ကြတာဖြစ်တယ်။ သင့် အမြင်အာရုံကြောမကြီးဟာ လျှပ်စစ်ကေဘယ်ကြိုးတစ်ခုနဲ့ တူပါတယ်။ သူ့ကို အလွန်သေးငယ်ပြီး သန်းချီတဲ့ ဆက်ကြောင်းမျှင်တွေနဲ့ စုပေါင်းဖွဲ့စည်းထားတာဖြစ်တယ်။ အာရုံကြောတွေ သေဆုံးသွားတဲ့အခါ သင့်အမြင်အာရုံမှာ အမြင်ချို့တဲ့မှုတွေ စတင်လာပါတယ်။ ဒါပေမယ့် သင့်ရဲ့အမြင်အာရုံကြောမျှင် အတော်များများ မပျက်စီးခင်အချိန်အထိ သင်သတိထားမိဦးမှာ မဟုတ်ပါဘူး။ သင်ဟာ ဆေးကုသမှုကို မခံယူခဲ့ရင် မျက်စိရေတိမ်ရဲ့ ပထမဦးဆုံး လက္ခဏာအနေနဲ့ ဘေးဘက်တဖက်တချက် အမြင်အာရုံဆုံးရှုံးရတတ်ပါတယ်။ သင့်ရဲ့မျက်လုံးထောင့်မှာရှိတဲ့ အရာဝတ္ထုတွေကို စတင်ပြီး သင်မမြင်နိုင်တော့တာပါ။ အဲဒီနောက် မျက်စိရေတိမ်ဟာ တဖြည်းဖြည်းဆိုးရွားလာတတ်ပါတယ်။ ဒါကြောင့် သင်ဟာ မျက်စိဆရာဝန်နဲ့ ပုံမှန်စမ်းသပ်ပြသနေဖို့ လိုအပ်ပါတယ်။ (မျက်စိဆရာဝန်ဆိုတာ မျက်လုံးသးီသန့် ကျန်းမာရေးနဲ့ ခွဲစိတ်ကုသမှု ပြုလုပ်ပေးတဲ့အထူးကုဆရာဝန်ဆိုတာ ရှင်းပြနေဖို့ လိုမယ်မထင်ပါဘူး) ပုံမှန်စမ်းသပ်စစ်ဆေးမှုတွေက သင့်အမြင်အာရုံ မဆုံးရှုံးခင်ရောဂါရှာဖွေတွေ့ရှိဖို့ ကူညီပါလိမ့်မယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Normal-tension glaucoma (မျက်စိရေတိမ်) ကိုဘာတွေကဖြစ်စေသလဲ

အချို့သူတွေမှာ မျက်စိရေတိမ်ရောဂါ ဘာလို့ဖြစ်ပွားရသလဲဆိုတာကို ဆရာဝန်တွေလည်း သေချာမသိသေးပါဘူး။ သင့်အမြင်အာရုံကြောဟာ မျက်လုံးအိမ်အတွင်း ပုံမှနအရည်တင်းအားနဲ့တင် ထိခိုက်ပျက်စီးလွယ်တာကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် သင့်အမြင်အာရုံကြောဆီကို သွေးလှည့်ပတ်မှုလုံလောက်အောင် မရရှိတာကြောင့်လည်း တစိတ်တပိုင်းဖြစ်နိုင်ပါသေးတယ်။ သွေးလှည့်ပတ်မှု မကောင်းတဲ့အခါ့ သင့်ဦးနှောက်ဆီကိုအမြင်အာရုံအချက်အလက်တွေ ပေးပို့နေတဲ့ မျက်လုံးအိမ်မှာရှိတဲ့ဆဲလ်တွေဟာ တဖြည်းဖြည်းနဲပျက်စီးလာပြိး သေဆုံးသွားပါတယ်။

သွေးကြောအဆီပိတ်တဲ့ အခြေအနေမျိုးတွေမှာ သွေးလည်ပတ်မှုကို နှောင့်နှေးစေတတ်ပါတယ်။ သင်ဟာ ဒီလို မျက်စိအတွင်းတိမ်မျိုးဖြစ်ပွားဖို့ အောက်ပါအခြေအနေတွေရှိခဲ့ရင် ပိုမိုနီးစပ်ပါတယ်။

  • မိသားစုထဲမှာ ရောဂါဖြစ်ပွားဖူးသူရှိခြင်း
  • ဂျပန်လူမျိုးမှ ဆင်းသက်ခြင်း (သွေးနှောခြင်း)
  • နှလုံးရောဂါအခံရှိခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Normal-tension glaucoma (မျက်စိရေတိမ်) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်မျက်စိဆရာဝန်ဟာ သင့်ရဲ့ရောဂါရာဇဝင်နဲ့ မျက်စိစမ်းသပ်မှုအားလုံးကို ပြည့်စုံစွာစစ်ဆေးပေးပါလိမ့်မယ်။ အဲဒီအခါ ပုံမှန်မျက်လုံးအိမ်အရည်တင်းအား စမ်းသပ်စစ်ဆေးမှုလည်းပါဝင်ပါလိမ့်မယ်။ သင့်မျက်စိသားငယ်အိမ်ကို ကျယ်စေတဲ့ဆေးစက်ကို အသုံးပြုပါလိမ့်မယ်။ အဲဒီနောက် သင့်ဆရာဝန်ဟာ အထူးပြုလုပ်ထားတဲ့ မှန်ဘီလူးနဲ သင့်အမြင်အာရုံကြောရဲ့ အရောင်နဲ့ပုံရိပ်ကို စမ်းသပ်စစ်ဆေးပါလိမ့်မယ်။ ထိခိုက်ပျက်စီးမှုရှိမရှိကိုလည်း ကြည့်ရှုပါလိမ့်မယ်။ ဆရာဝန်ဟာ မျက်လုံးအိမအရည်တင်းအားနဲ့ မျက်ကြည်လွှာအထူကို တိုင်းတာဖို့ ကွဲပြားတဲ့ စမ်းသပ်နည်းတွေအသုံးပြုပါလိမ့်မယ်။ မျက်စိဆရာဝန်ဟာ သင်ကိုယ်တိုင်သတိမထားမိနိုင်တဲ့ ဘေးဘက်တဖက်တချက်က အမြင်အာရုံချွတ်ယွင်းမှုကို စစ်ဆေးဖို့ မြင်ကွင်းစမ်းသပ်မှုတွေ ပြုလုပ်ပါလိမ့်မယ်။

Normal-tension glaucoma (မျက်စိရေတိမ်) ကို ဘယ်လိုကုသပါသလဲ

မျက်စိရေတိမ်ကို အရှင်းပျောက်ကင်းအောင် မကုသနိုင်သော်လည်း သင့်ဆရာဝန်က ရောဂါအခြေအနေပိုမိုမဆိုးရွားလာအောင်နဲ့ အမြင်အာရုံဆုံးရှုံးမှု ပိုမဆိုးလာအောင် ကာကွယ်တားဆီးပေးပါလိမ့်မယ်။ သင့်ဆရာဝန်က မျက်စဉ်းဆေးများညွှန်ကြားခြင်း၊ လေဆာကုသနည်းများအကြောင်း အကြံပေးခြင်း၊၊ ခွဲစိတ်ကုသမှုအကြောင်း ဆွေးနွေးခြင်းတို့ ပြုလုပ်ပါလိမ့်မယ်။

မျက်စဉ်းဆေးများ

မျက်စိရေတိမ်ရောဂါအတွက် ကနဦးကုသနည်းဖြစ်ပါတယ်။ အချို့ဆေးဝါးတွေဟာ သင့်မျက်လုံးအိမ်ထဲက အရည်ကိုနည်းအောင် ပြုလုပ်ပေးပါတယ်။ ဒါက သင့်မျက်လုံးအိမ်အရည်တင်းအားကို ကျဆင်းစေမှာပါ။ အခြားဆေးဝါးတွေကတော့ အရည်စီးဆင်းမှုကောင်းအောင် ပြုလုပ်ပြီး သင့်မျက်စိကိုသက်သာစေတာပါ။

တခြားဆေးဝါးများကဲ့သို့ မျက်စိရေတိမ်ကုသတဲ့ဆေးဝါးတွေဟာလည်း ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်နိုင်ပါတယ်။ ဥပမာ – မျက်လုံးစူးခြင်း၊ ယားခြင်း။ မျက်စိမှုန်ခြင်း။ သွေးခုန်နှုန်း၊နှလုံးခုန်နှုန်းမမှန်ခြင်း။ အချို့မှာ အခြားဆေးဝါးများနှင့်တွဲစပ်သောက်သုံးရန် မသင့်ခြင်း။

ဆေးကုသမှု မစတင်ခင်မှာ သင်သောက်သုံးမယ့် ဆေးဝါးတွေကို သင့်ဆရာဝန်ကို ပြသပါ။

လေဆာနှင့်ကုသခြင်း

မျက်စိဆရာဝန်ဟာ သင့်မျက်လုံးအိမ်အတွင်း အရည်စီးဆင်းမှုကောင်းမွန်အောင် လေဆာရောင်ခြည်ကိုအသုံးပြုပြီး ပိတ်ဆို့နေသာလမ်းကြောင်းများကို ဖွင့်ပေးမှာဖြစ်ပါတယ်။ နည်းအားဖြင့် မျက်လုံးအိမ်အတွင်း အရည်တင်းအားကျဆင်းစေမှာဖြစ်ပါတယ်။ လေဆာရောင်ခြည်ကုသမှုကို သင့်မျက်စိဆရာဝန်ရဲ့ ရုံးခန်းမှာပဲဖြစ်ဖြစ်၊ ခွဲစိတ်ပြင်ပလူနာဌာနမှာပဲဖြစ်ဖြစ် ခံယူနိုင်ပါတယ်။

ခွဲစိတ်ကုသခြင်း

ဆေးသုံးကုသမှုနဲ့ လေဆာရောင်ခြည်သုံးကုသမှုခံယူပြီးနောက် မျက်လုံးအိမ်အရည်တင်းအား ကျဆင်းမှုမရှိခဲ့လျှင် သင့်ဆရာဝန်နဲ့ ခွဲစိတ်ကုသမှု(options)တွေ အကြောင်း တိုင်ပင်နိုင်ပါတယ်။

နည်းလမ်းတစ်ခုကတော့ trabeculectomy လို့ခေါ်တဲ့ မျက်သားအဖြူ(sclera) ကနေတဆင့် အပေါက်သစ်တစ်ခုဖောက်ပြီး မျက်လုံးအိမ်အတွင်းက အရည်ကို စီးဆင်းစေတာဖြစ်တယ်။ ဒါမှမဟုတ် အလွန်သေးငယ်တဲ့ ပိုက်လေးတစ်ခုကို ထည့်ပြီး သင့်မျက်လုံးအိမ် တင်းအားကို လျှော့ချပေးနိုင်ပါတယ်။

သုတေသနပညာရှင်တွေကတော့ မျက်စိရေတိမ်ရောဂါတွေမှာ အမြင်အာရုံကြောကို ကာကွယ်ဖို့ (သို့) အာရုံကြောကို သွေးလည်ပတ်မှုကောင်းမွန်ဖို့ အကောင်းဆုံးကုထုံးတွေကို ဆက်လက်ကြိုးစားရှာဖွေနေကြပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက မျက်စိရေတိမ် ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

ကံမကောင်းစွာနဲ့ပဲ သင်ဟာမျက်စိရေတိမ်ရောဂါကို ကြိုတင်ကာကွယ်ဖို့ မဖြစ်နိုင်ပေမယ့် ရောဂါရဲ့နောက်ဆက်တွဲဖြစ်တဲ့ အမြင်အာရုံဆုံးရှုံးခြင်းကိုတော့ စောစီးစွာသိရှိကုသခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် သင်ဟာ မျက်စိဆရာဝန်နဲ့ ပုံမှန်စမ်းသပ်စစ်ဆေးမှုပြုလုပ်နေဖို့လိုအပ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Pyae Phyo Maung မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement