လည်ပင်းရှိကျောရိုးမကြီးအနားမှာရှိနေတဲ့ အာရုံကြောအမြစ်တစ်ခုခု ဖိမိ၊ ထိခိုက်မှုသွားတဲ့အခါဖြစ်တဲ့ အာရုံကြောလုပ်ဆောင်မှုပျက်ယွင်းခြင်း၊ လျော့ကျခြင်း ဖြစ်တယ်။ ထိခိုက်သွားတဲ့ အာရုံကြောအမြစ်တည်နေရာပေါ်မူတည်ကာ ထိုအာရုံကြောထောက်ပံ့နေတဲ့ လက်၊ လက်မောင်းတို့ကနေရာတွေမှာ နာကျင်ခြင်း၊ ထုံကျဉ်ခြင်း၊ အာရုံမခံစားနိုင်ခြင်း တို့ဖြစ်စေပါတယ်။
အမျိုးသားရော၊ အမျိုးသမီးမှာပါဖြစ်နိုင်တယ်။ ဒါပေမယ့် အမျိုးသမီးတွေ၊ အထူးသဖြင့် ၅၀ ကျော်အမျိုးသမီးတွေမှာ ပိုဖြစ်နိုင်ပါတယ်။
အသေးစိတ်အချက်အလက်တွေအတွက် ဆရာဝန်နဲ့ဆွေးနွေးကြည့်ပါ။
ကနဦးလက္ခဏာတွေကတော့ လက်မောင်း၊ လည်ပင်း၊ ရင်ဘက်၊ ကျောအပေါ်ပိုင်းနဲ့ ပုခုံးတွေမှာ ပျံ့နှံ့လာတဲ့နာကျင်မှုပဲဖြစ်တယ်။ လက်၊ လက်ချောင်းတွေမှာထုံလာ၊ ကျဉ်လာခြင်း၊ ကြွက်သားတွေအားနည်းခြင်းတို့လည်းဖြစ်ပါတယ်။ တခြားလက္ခဏာတွေကတော့ စုပေါင်းလုပ်ဆောင်တဲ့ ဆောင်ရွက်ချက်တွေမှထိခိုက်ခြင်း၊ မရှိခြင်း တု့ိဖြစ်ပြီး လက်မှာအဖြစ်များပါတယ်။
ဖော်ပြပါလက္ခဏာတွေရှိမယ်ဆိုရင်၊ သိလိုသည်များရှိမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်သင့်တယ်။ လူတိုင်းခန္ဓါကိုယ်ကတစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် ဆရာဝန်နဲ့ဆွေးနွေးကြည့်တာအကောင်းဆုံးဖြစ်နိုင်ပါတယ်။
ကျောရိုးဆစ်နှစ်ခုကြားမှ အရိုးပြားကျိုးပဲ့ရာမှထွက်လာသော အစိတ်အပိုင်း၊ ရောဂါကြောင့်အရိုးများပြောင်းလဲခြင်း၊ အရိုးရောင်ရမ်းခြင်း၊ အရိုးများထိခိုက်ခြင်း စသည်တို့ကနေလာတဲ့ ဖိအားက အာရုံကြောအမြစ်ပေါ်ဖိမိတဲ့အခါ ထိခိုက်မှုတွေဖြစ်လာရတယ်။ အသက်အလည်အလတ်ရှိသူတွေရဲ့ အရိုးများပုံမှန်ပြောင်းလဲခြင်းတွေကြောင့်လည်း အာရုံကြောအမြစ်ပေါ်မှာ ဖိအားတွေဖြစ်လာနိုင်ပါတယ်။ လူငယ်ပိုင်းတွေမှာတော့ ထိခိုက်မှုတွေကြောင့် အရိုးပြားများကျိုးရာမှ ဖြစ်လာရတတ်ပါတယ်။ ထိုအရိုးစတွေမှု အာရုံကြောမြစ်ကိုဖိမိ၊ ရောင်ရမ်းစေတဲ့အခါမှာ နာကျင်မှုတွေဖြစ်လာ၇တယ်။
တစ်သျူးတွေ အာရုံကြောများကို ဖိမိစေသည့် အခြေအနေတွေကတော့ –
ဖိအားကြောင့် အာရုံကြောတွေရောင်ရမ်းလာကာ အာရုံကြောလုပ်ဆောင်မှုချို့ယွင်းလာရပါတယ်။ အာရုံကြောထိခိုက်မှုအချိန်တိုရင်တော့ ရေရှည်ပျက်စီးမှုမရှိဘဲ ဖိထားတဲ့ဖိအားကိုဖယ်ပစ်လိုက်တာနဲ့ အာရုံကြောလုပ်ဆောင်မှု ပုံမှန်ပြန်ဖြစ်သွားပါတယ်။ ဒါပေမယ့် ထိုဖိအားထခိုက်မှုက ဆက်လက်ရှိနေမယ်ဆိုရင်တော့ နာတာရှည်ဖြစ်ပြီး ထာဝရအာရုံကြောပျက်စီးသွားနိုင်ပါတယ်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
တကယ်လို့သင့်မှာထိုရောဂါရှိနေပြီလို့ ဆရာဝန်က သံသယရှိရင်တော့ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးစမ်းသပ်မှုတွေနဲ့၊ တချို့သောစစ်ဆေးမှုတွေလုပ်ပါလိမ့်မယ်။ ထိုစစ်ဆေးမှုတွေကတော့ –
အနာပျောက်ဆေး၊ အရောင်ကျဆေးတွေဖြစ်တဲ့ corticosteroid ၊ Ibuprofen, naproxen စသည့် NSAID ဆေးများနှင့် ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ကုသမှုတွေနဲ့ ပေါင်းစပ်ကုသရပါတယ။်
စတီးရွိုက်ဆေးကိုသောက်ခြင်းဖြစ်စေ၊ အာရုံကြောမကြီးကို အုပ်ထားသော အမြှေးပါးဖြစ်သည့် dura အမြှေးပါးအောက်ကို ထိုးခြင်းဖြင့်ဖြစ်စေသုံးနိုင်တယ်။
ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ကုသမှုကတော့ ဆရာဝန်ကညွှန်းပါလိမ့်မယ်။ လည်ပင်းဆန့်ခြင်း၊ လှုပ်ရှားမှုများ၊ လေ့ကျင့်ခန်း နဲ့ တခြားသော အနာသက်သာစေသည့် နည်းလမ်းတွေပါလိမ့်မယ်။ ဒါပေမယ့် ကြွက်သားတွေ အားနည်းသွားသည်ထိ အာရုံကြောပေါ်ဖိထားတယ်ဆိုရင်တော့ ခွဲစိတ်ဖို့လိုကောင်းလိုနိုင်ပါတယ်။
တခြားသိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ကြည့်သင့်ပါတယ။်
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။