ပုံမှန်အားဖြင့် သွေးလွှတ်ကြောများဟာ နှလုံးက အောက်ဆီဂျင်ပါတဲ့သွေးကို ဦးနှောက်ဆီသယ်လာပြီး သွေးပြန်ကြောတွေကတော့ အောက်ဆီဂျင်နည်းတဲ့ သွေးကို ဦးနှောက်ကနေ နှလုံးဆီ ပြန်ပို့ပေးပါတယ်။ သွေးလွှတ်ကြောသွေးပြန်ကြော ပုံစံပျက်ခြင်း (AVM) ဖြစ်ပွားရင်တော့ ဦးနှောက်ထဲမှာ၊ ဒါမှမဟုတ် ဦးနှောက်မျက်နှာပြင်ပေါ်မှာ သွေးကြောတွေ ရောထွေးကုန်ပြီး သွေးလွှတ်ကြောထဲက သွေးတွေဟာ လမ်းကြောင်းပြောင်းပြီး သွေးပြန်ကြောထဲ တိုက်ရိုက်ရောက်သွားပါတယ်။
ဦးနှောက်မှာ သွေးလွှတ်ကြောနဲ့သွေးပြန်ကြော ပုံပျက်ခြင်းဟာ လူဦးရေ ၁ % ထက်လျော့နည်းပြီး ဖြစ်ပွားပါတယ်။ လူ ၂၀၀ ကနေ ၅၀၀ လောက်မှာ တဦးခန့်ဖြစ်ပွားတယ်လို့ ခန့်မှန်းထားကြပါတယ်။ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။
ဦးနှောက်သွေးကြောပုံစံပျက်ခြင်း (AVM) ဟာ မွေးရာပါလည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် မျီုးရိုးတော့ မလိုက်တတ်ပါဘူး။
ရောဂါလက္ခဏာတွေဟာ ပုံပျက်ခြင်းဖြစ်ပေါ်တဲ့ နေရာပေါ်မူတည်ပြီး ပြောင်းလဲတတ်ပါတယ်။
သွေးယိုခြင်းမရှိသူတွေမှာတော့ သွေးကြောပုံပျက်တဲ့ လက္ခဏာတွေဟာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
တချို့လူနာတွေဟာ ဦးနှောက်သွေးကြောပုံပျက်တဲ့ နေရာပေါ်မူတည်ပြီး ပိုဆိုးရွားတဲ့ အာရုံကြောဆိုင်ရာ လက္ခဏာတွေ ပြနေတတ်ပါတယ်။
သုတေသီအများစုအနေနဲ့ ဦးနှောက်သွေးကြော ပုံပျက်ခြင်းဟာ သန္ဓေသားဖွံ့ဖြိုးချိန်မှာ စတင်ဖြစ်ပေါ်လာတယ်လို့ ယုံကြည်ကြပါတယ်။ ပုံမှန်အားဖြင့် သင့်ရဲ့နှလုံးဟာ အောက်ဆီဂျင်ကြွယ်ဝတဲ့ သွေးတွေကို သွေးလွှတ်ကြောကတဆင့် ဦးနှောက်ဆီ ပို့ပါတယ်။ သွေးလွှတ်ကြောတွေဟာ အဆုံးပိုင်းမှာ သေးငယ်တဲ့ ဆံခြည်မျှင်သွေးကြောလေးတွေအဖြစ် ပြောင်းလဲသွားပြီး သွေးစီးဆင်းမှုလည်း နှေးသွားပါတယ်။
ဆံခြည်မျှင်သွေးကြောလေးတွေဟာ အောက်ဆီဂျင်ကို သူတို့ရဲ့ပါးလွှာတဲ့ နံရံတွေကတဆင့် ဦးနှောက်ဆီကို ပို့ပေးပါတယ်။ အောက်ဆီဂျင်ကုန်သွားတဲ့ ဦးနှောက်ထဲက သွေးတွေဟာ သွေးပြန်ကြောတွေထဲ ပြန်ရောက်သွားပြီး နှလုံးနဲ့ အဆုတ်ကို ပြန်ပို့ပေးပါတယ်။ သွေးကြောပုံပျက်ခြင်း ဖြစ်တဲ့အခါမှာတော့ သွေးလွှတ်ကြောနဲ့ သွေးပြန်ကြောတွေဟာ ယခုလို သေးငယ်တဲ့ဆံခြည်မျှင်သွေးကြောလေးများနဲ့ ပေါင်းစပ် ဖွဲ့စည်းထားတဲ့ ကွန်ယက်မရှိတော့ပါဘူး။ အဲဒီအစား သွေးလွှတ်ကြောထဲက သွေးဟာ ဦးနှောက်ဆီကို မရောက်တော့ဘဲ သွေးပြန်ကြောထဲကို လျှင်မြန်စွာပဲ တိုက်ရိုက်စီးဆင်းသွားပါတယ်။
ဘယ်သူမဆို ဒီပြသနာနဲ့ မွေးဖွားလာနိုင်ပါတယ်။ အောက်ပါအချက်တွေကတော့ ဖြစ်တာပိုများပါတယ်။
ယောက်ျားလေးဖြစ်ခြင်း။ ယောက်ျားလေးတွေမှာ ဦးနှောက်သွေးကြော ပုံပျက်ခြင်း ဖြစ်တာ ပိုများပါတယ်။
မိသားစုရာဇဝင်ရှိခြင်း။ မိသားစုထဲမှာဖြစ်ဖူးရင် ဖြစ်တတ်တာကို တွေ့ရပါတယ်။ ဒါပေမယ့် မျိုးရိုးဗီဇကြောင့်လား၊ တိုက်ဆိုင်တာလားဆိုတာတော့ မသိရသေးပါဘူး။
ဦးနှောက်သွေးကြော ပုံပျက်ခြင်းရဲ့ လက္ခဏာတွေဖြစ်တဲ့ တက်ခြင်း၊ ခေါင်းကိုက်ခြင်း စတာတွေကို တွေ့ရပြီဆိုရင် ဆရာဝန်နဲ့ ချက်ချင်းပြသဖို့ လိုအပ်ပါတယ်။ အဲဒီရောဂါကြောင့် သွေးယိုစိမ့်ရင် အသက်အန္တရာယ် ထိခိုက်စေနိုင်ပြီး အရေးပေါ်ကုသမှု လိုအပ်ပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။