သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

‌ခြေထောက်များ ထုံကျဉ်ခြင်း

‌ခြေထောက်များ ထုံကျဉ်ခြင်း  

မင်္ဂလာပါ ။ Hello Sayarwon စာမျက်နှာကနေ ကြိုဆိုပါတယ် ။ ဒီဆောင်းပါးလေးမှာတော့ ခြေထောက်များ တစ်ခါတစ်‌ရံ ထုံကျဉ်ခြင်းအကြောင်းကို တင်ပြပေးမှာပါ ။

  • ခြေထောက်တွေ ထုံကျဉ်နေတဲ့ သူတွေအနေနဲ့
  • ခြေထောက်များ ထုံကျဉ်ခြင်း
  • ဟန်ချက်မညီခြင်း
  • ခြေဖဝါးများ အပ်နဲ့ထိုးသလို ခံစားနေရခြင်း
  • ခြေထောက်နဲ့ ခြေဖဝါးအားနည်းခြင်းတွေ ဖြစ်တတ်ပါတယ် ။

ဘာကြောင့် ခြေထောက်တွေ ထုံကျဉ်နေရတတ်သလဲ

အကြောင်း အမျိုးမျိုးကြောင့် ခြေထောက်မှာရှိတဲ့ အာရုံကြောတွေ ထိခိုက်ပျက်စီးခြင်း ၊ အာရုံကြော ညပ်ခြင်း ၊ပိုးဝင်ခြင်းတွေ ဖြစ်တတ်ပါတယ် ။ အဖြစ်အများဆုံး အကြောင်းရင်းတွေကတော့

  • အရက်သောက်ခြင်း
  • ဆီးချိုနှင့် ဆက်စပ်နေသော အာရုံကြောရောဂါ
  • အာရုံကကြောမကြီး ထိခိုက်ခြင်း
  • သွေးကြောပေါက်ခြင်းတွေကြောင့် ဖြစ်တတ်ပါတယ် ။

ခြေထောက်ထုံကျဉ်နေတဲ့လူတွေအနေနဲ့ မကြာခဏ ထိခိုက်ဒဏ်ရာ ရတတ်ပါတယ် ။ ဒဏ်ရာရနေတာကိုလည်း မသိတဲ့အတွက် ရောဂါပိုးဝင်တတ်ပါတယ် ။ ဒါ့ကြောင့် ခြေထောက်ကိုနေ့တိုင်း စစ်ဆေးဖို့လိုပါတယ်။အပြည့်အစုံမြင်ရအောင် မှန်တစ်ချပ်နဲ့ သေသေချာချာ စစ်ဆေးသင့်ပါတယ် ။ ဒါအပြင် ‌ဖိနပ်ကိုလည်း ကိုယ်နဲ့သင့်တော်တဲ့ fit size ဝတ်သင့်ပါတယ် ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြရမလဲ

ခြေထောက် ထုံကျဉ်နေတဲ့ လူတွေအနေနဲ့ အောက်မှာရေးထားတဲ့ အခြေအနေတွေမှာ ဆရာဝန်နဲ့ အမြန်ဆုံး ပြသင့်ပါတယ် ။

  • သတိလစ်သွားတဲ့အခါ
  • မျက်လုံးအမြင်များ ဝါးလာတဲ့အခါ
  • ခေါင်းမူးဝေခြင်း
  • ဆီးမထိန်းနိုင်တော့ခြင်း
  • နာရီနဲ့ ချီပြီး ခြေထောက်များ ထုံကျဉ်ခြင်း
  • ခေါင်းထိုးကိုက်ခြင်း
  • အသက်ရှုရခက်ခဲခြင်းတွေနဲ့
  • လေဖြတ်ခြင်းတွေပဲ ဖြစ်ပါတယ် ။

ရေးသားသူ – Dr.Aung Kyaw Myint

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thiha Phyo Myint မှ ရေးသားသည်။ 21/01/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။