thrombophlebitis ဆိုသည်မှာ သွေးပြန်ကြောရောင်ယမ်းပြီး သွေးခဲဖြစ်ပေါ်ခြင်းဖြစ်သည်။ သွေးပြန်ကြောရောင်လျင် သွေးစီးဆင်းမှုနှေးသွားပြီး သေးငယ်သော သွေးခဲလေးများ သွေးပြန်ကြောထဲတွင် ဖြစ်ပေါ်နိုင်သည်။ သွေးပြန်ကြောရောင်လျှင် နာကျင်ခြင်း၊ နီရဲရောင်ယမ်းခြင်း၊ လက်မောင်း၊ ခြေထောက်များရောင်ယမ်းခြင်းတို့ဖြစ်နိုင်သည်။
ခြေထောက်ရှိသွေးပြန်ကြောများတွင် လက်နှင့် လည်ပင်းရှိသွေးကြောများထက် ပိုဖြစ်တတ်သည်။ အရေပြားမျက်နှာပြင်နှင့် နီးကပ်သောနေရာရှိ သွေးပြန်ကြောရောင်လျှင် thrombophlebitis agriculture ဟုခေါ်သည်။
သွေးပြန်ကြောရောင်လျှင် အသက်မသေနိုင်သော်လည်း အရေးကြီးသော အန္တရာယ်မှာ သွေးခဲများသည် အတွင်းပိုင်းရှိ သွေးပြန်ကြောများထဲသို့ရောက်ရှိနိုင်ခြင်းဖြစ်သည်။ ထိုသို့ဖြင့် သွေးခဲအကြီးများ ရောက်သွားပါက သွေးကြောပိတ်ခြင်းဖြစ်စေနိုင်သည်။ ထိုသို့ဖြစ်လျှင် အရေးကြီးသော အခြေအနေဖြစ်ပြီး ထိုသွေးခဲများ ကွဲထွက်ပြီး အဆုတ်သို့ ရောက်ရှိပိတ်ဆို့ပါက ဟုခေါ်သော အသက်အန္တရာယ်စိုးရိမ်ရသော အခြေအနေအထိဖြစ်နိုင်ပါသည်။
သွေးပြန်ကြောရောင်ခြင်းသည် အသက် ၆၀ နှင့်အထက်လူနာများတွင် အဖြစ်များသည်။ ကိုယ်ဝန်ဆောင်မိခင်များတွင်လည်း မီးမဖွားခင် အချိန်တွင် သွေးကြောရောင်ယမ်းခြင်းရှိနိုင်သည်။ ပိုမိုသိရှိနိုင်ရန် သင်၏ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
အဖြစ်အများဆုံးမှာ နီရဲခြင်း၊ရောင်ယမ်းခြင်း၊ ဖြစ်သောနေရာတွင် အပူချိန်မြင့်နေခြင်း ဖြစ်သည်။ သွေးပြန်ကြောရောင်နေသော နေရာတွင် မာတင်းတင်းဖြစ်နေပြီး နာကျင်မှုကို ခံစားရနိုင်သည်။ ထို့အပြင် လူနာတွင် အဖျားရှိနေနိုင်သည်။
အထက်တွင် ဖော်ပြမထားသော လက္ခဏာများလည်း ရှိနိုင်သည့် အတွက် သင့်တွင် တစ်စုံတစ်ရာ စိတ်ပူပန်မှုရှိနေလျှင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
သင့်ခြေထောက်တွင် နီရဲရောင်ယမ်းနာကျင်မှုများရှိပါက သို့မဟုတ် သင့်တွင် သွေးပြန်ကြောပိတ်စေနိုင်သော အကြောင်းရင်းများရှိပါက ဆရာဝန်နှင့် ပြသပါ။ သင့်တွင် ခြေထောက်နာကျင်ရောင်ယမ်းနေပြီး အသက်ရှူရခက်ခဲခြင်းနှင့် ရင်ဘတ်အောင့်ခြင်းပါ ရှိနေပါက အရေးပေါ်ဌာနသို့ အမြန်ဆုံးသွားပါ။
ဤလက္ခဏာများသည် အတွင်းပိုင်းသွေးကြောများ ပိတ်ခြင်းကြောင့် ဖြစ်နိုင်သည်။ သွေးကြောထဲရှိ သွေးခဲပြုတ်ထွက်ပြီး အဆုတ်သို့ရောက်ရှိသွားသည့် အခြေအနေဖြစ်နိုင်ပါသည်။
သင့်တွင် အထက်ပါလက္ခဏာများတွေ့ပါက ဆရာဝန်နှင့် ပြသဆွေးနွေးပါ။ လူတစ်ယောက်ချင်းစီသည် ခန္ဓါကိုယ်တုံ့ပြန်မှု မတူညီသည့်အတွက် သင့်အတွက် အကောင်းဆုံးဖြစ်နိုင်မည့် နည်းလမ်းကို ရှာရန်သင်၏ ဆရာဝန်နှင့် ပြသဆွေးနွေးပါ။
သွေးပြန်ကြောပိတ်သည့် အကြောင်းရင်းသည် သွေးခဲကြောင့်ဖြစ်သည်။ သွေးခဲများသည် ပုံမှန်သွေးစီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေသော အကြောင်းရင်းများစွာကြောင့် ဖြစ်ပေါ်နိုင်ပါသည်။ အောက်ပါ အခြေအနေများကြောင့် သွေးခဲဖြစ်ပေါ်နိုင်ပါသည်။
သွေးပြန်ကြောရောင်ခြင်းကို ပိုမိုဖြစ်ပွားစေနိုင်သော အကြောင်းရင်းများတွင် အောက်ပါအချက်များပါဝင်သည်။
ပေးထားသော အချက်အလက်များသည် ကျန်းမာရေးအကြံပြုချက်အတွက် အစားထိုးရန်မဟုတ်သောကြောင့် သတင်းအချက်အလက်ပိုမိုရရှိနိုင်ရန် သင်၏ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ဆရာဝန်များမှ ရောင်ယမ်းနေသောနေရာကို စစ်ဆေးကြည့်ပြီး ရောဂါကို သိရှိနိုင်သည်။ ဆရာဝန်မှ အတွင်းပိုင်းသွေးပြန်ကြောများတွင် သွေးခဲဖြစ်နေသည်ကို သံသယရှိလျှင် ultrasound ရိုက်ရန်ပြောနိုင်သည်။ D-dimer ဟု ခေါ်သော သွေးစစ်ဆေးမှုကိုလည်း လုပ်နိုင်သည်။ thrombus phlebitis agriculture ရောဂါအတွက် သီးသန့်လုပ်ဆောင်သော စစ်ဆေးမှုတော့မဟုတ်ပါ။
thrombophlebitis agriculture ကိုကုသရာတွင် အနားယူခြင်းနှင့် ဖြစ်ပွားသောခြေထောက်ကို ကောင်းစွာဂရုစိုက်ခြင်းတို့ ပါဝင်သည်။ ဆေးခြေအိတ်စွပ်ရသည်လည်း ဖြစ်နိုင်သည်။ သွေးပြန်ကြောဖောင်းသောလူနာများတွင် ခြေအိတ်စွပ်ခြင်းကို အတွင်းပိုင်း သွေးကြောများပိတ်ခြင်းကို ကာကွယ်ရန်အသုံးပြုပါသည်။ သင်၏ ဆရာဝန်မှ အရောင်ကျရန်နှင့် အနာသက်သာစေရန် အရောင်ကျဆေးများကို ပေးနိုင်သလို ပိုးဝင်နေသူများတွင် ပိုးသတ်ဆေးလည်း ပေးနိုင်ပါသည်။
သွေးပြန်ကြောရောင်သော လူနာများတွင် ဆေးကုသပြီး ၇ရက်မှ ၁၀ ရက်အတွင်းတွင် သက်သာလာနိုင်ပါသည်။
အောက်ပါတို့သည် ဤရောဂါကို သက်သာအောင် ပြုလုပ်နိုင်သော နည်းလမ်းများဖြစ်ပါသည်။
• ဆေးလိပ်ဖြတ်ခြင်း။
• အဝလွန်နေလျှင် ကိုယ်အလေးချိန်လျော့ချပါ။
• ကား သို့မဟုတ် လေယာဉ်ကို အချိန်အကြာကြီးစီးလျှင် မတ်တပ်ရပ်ခြင်း၊ လမ်းလျှောက်ခြင်း တို့ကို ထ၍ ပြုလုပ်ပါ။
သင့်တွင် မေးမြန်လိုသည်များရှိပါက သင်၏ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး သင့်အတွက်အကောင်းဆုံးနည်းလမ်းကို ရှာဖွေပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။