backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Sepsis (သွေးဆိပ်သင့်ခြင်း)


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 13/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Sepsis (သွေးဆိပ်သင့်ခြင်း) ကဘာလဲ။

သွေးဆိပ်သင့်ခြင်း (Sepsis) ကို speticaemia ဟုလည်းခေါ်ပြီး ပိုးဝင်ခြင်းသို့မဟုတ် ဒဏ်ရာရခြင်း၏ နောက်ဆွဲပြဿနာအဖြစ် အသက်အန္တရာယ်ကို ထိခိုက်နိုင်ပါသည်။ ၎င်းသည် ပိုးဝင်ခြင်းကို တိုက်ဖျက်ရန်အတွက် ခန္ဓါကိုယ်တစ်ခုလုံးမှ ရောင်ရမ်းခြင်းဖြင့် တုန့်ပြန်ရန် သွေးတွင်းထဲသို့ ဓါတုပစ္စည်းများ ထုတ်လွှတ်ရာမှ ဖြစ်ပေါ်လာခြင်းပင်။ ထိုရောင်ရမ်းခြင်းမှ ပြောင်းလဲမှုအတန်းလိုက် ဖြစ်လာစေပြီး အင်္ဂါများစွာကိုထိခိုက်စေသည်။ ထို့ကြောင့် အင်္ဂါများ ပျက်စီးခြင်းဖြစ်လာပါသည်။

Sepsis (သွေးဆိပ်သင့်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

သွေးဆိပ်သင့်ခြင်းမှာ အဖြစ်များပြီး အရွယ်ကြီးရင့်သူ၊ ကိုယ်ခံအားကျနေသူများတွင် အန္တရာယ်ပိုကြီးပါသည်။ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်၏။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Sepsis (သွေးဆိပ်သင့်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

သွေးဆိပ်သင့်ခြင်း ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ

  • ကိုယ်အပူချိန် 38.3oC အထက် သို့မဟုတ် 36oC အောက်
  • တစ်မိနစ်လျှင် နှလုံးခုန်နှုန်း ၉၀ ထက်ကျော်ခြင်း
  • အသက်ရှုနှုန်း တစ်မိနစ်လျှင် ၂၀ ကျော်ခြင်း

ပြင်းထန်သော သွေးဆိပ်သင့်ခြင်းတွင် အောက်ပါလက္ခဏာများ ရှိပါသည်။

  • ဆီးပမာဏ သိသိသာသာနည်းသွားခြင်း
  • စိတ်အခြေအနေ ရုတ်တရတ်ပြောင်းသွားခြင်း
  • သွေးမွှားဥပမာဏနည်းသွားခြင်း
  • အသက်ရှုရခက်ခြင်း
  • နှလုံးပန့်ထုတ်မှုပုံမှန်မဟုတ်ခြင်း
  • ဗိုက်နာခြင်း
  • သွေးဆိပ်သင့်သွေးလန့်ခြင်း

အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်၌ အောက်ဖော်ပြပါအချက်အလက်များထဲမှ တစ်ခုခုရှိခဲ့လျှင် သင့်ဆရာဝန်နှင့် ဆက်သွယ်သင့်သည်။

  • ပိုးကူးစက်မှုဖြစ်လျှင် သို့မဟုတ် ခွဲစိတ်ပြီးနောက် သွေးဆိပ်သင့်လက္ခဏာများ ပေါ်လာလျှင်
  • ပြင်းထန်သောသွေးဆိပ်သင့်ခြင်း သို့မဟုတ် သွေးဆိပ်သင့်သွေးလန့်ခြင်း

အကြောင်းရင်းများ

Sepsis (သွေးဆိပ်သင့်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နှင့် မှိုကူးစက်ခြင်းတို့မှ သွေးဆိပ်သင့်ခြင်းဖြစ်နိုင်ပါသည်။ အဖြစ်အများဆုံးမှာ နမိုးနီးယား၊ ဝမ်းအတွင်းပိုးကူးစက်ခြင်း၊ ကျောက်ကပ်တွင်းပိုးဝင်ခြင်းနှင့် သွေးအတွင်ပိုးဝင်ခြင်းတို့ဖြစ်သည်။

အသက်ကြီးရင့်သောလူများကိုလည်း သွေးဆိပ်သင့်ရသည့်အကြောင်းရင်းဟု ယုံကြည်ကြသည်။ ထို့အပြင် ခုခံနိုင်သော ဘက်တီးရီးယားများမှလည်း ဖြစ်နိုင်သည်။ ဆိုလိုသည်မှာ အရင်ကသူတို့ကိုသတ်ရန် သုံးဖူးသော ပဋိဇီဝဆေးများကို ခုခံနိုင်စွမ်းရှိလာသော ဘက်တီးရီးယားများဖြစ်ပါသည်။ နောက်ထပ်အကြောင်းရင်းတစ်ခုမှ ကိုယ်ခံအားကျခြင်းဖြစ်ပြီး HIV၊ ကင်ဆာကုထုံး သို့မဟုတ် အင်္ဂါအစားထိုးဆေးများမှ ကိုယ်ခံအားကျခြင်းဖြစ်သည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Sepsis (သွေးဆိပ်သင့်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

သွေးဆိပ်သင့်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်

  • အသက်ငယ်လွန်းလျှင် ကြီးလွန်းလျှင်
  • ကိုယ်ခံအားကိုဖိနှိပ်ထားခြင်း
  • နဂိုတည်းက အလွန်ဖျားနာနေလျှင်
  • အနာများ ထိခိုက်ဒဏ်ရာများရှိခြင်း ဥပမာ အပူလောင်ခြင်း
  • ကိုယ်တွင်း၌ထည့်ထားသောပစ္စည်းများရှိခြင်း – ဆေးသွင်းအပ်များ သို့မဟုတ် အသက်ရှုပိုက်များ

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Sepsis (သွေးဆိပ်သင့်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်၌သွေးဆိပ်သင့်ခြင်းရှိမရှိ၊ ပိုးကူးစက်မှြုပင်းထန်ခြင်းရှိမရှိ ဆရာဝန်မှဆုံးဖြတ်နိုင်ရန် စစ်ဆေးမှုများလုပ်ရန်လို၏။

ပထမဆုံးလုပ်ရမည်များမှာ သွေးစစ်ခြင်းဖြစ်သည်။ ပိုးဝင်ခြင်း၊ သွေးခဲပြဿနာများ၊ အသည်း ကျောက်ကပ် လုပ်ငန်း ပုံမှန်မဟုတ်ခြင်းများ၊ အောက်စီဂျင်ကျမကျ၊ ခန္ဓါကိုယ်၏ အရည်ဓါတ်နှင့် သွေး၏အက်စစ်ပမာဏကို ထိန်းသော လျှပ်ကူးသတ္တုဓါတ်များ မညီမျှခြင်ရှိမရှိ စသည်တို့အား သိရှိနိုင်၏။

သင့်လက္ခဏာများနှင့်အတူ သွေးစစ်အဖြေများအပြင် ဆီးတွင်း၌ ပိုးရှိမရှိသိရန် ဆီးစစ်ခြင်း၊ အနာရှိနေလျှင် အနာတွင်ပိုးရှိမရှိသိရန် မန်းအရည်များစစ်ဆေးခြင်း၊ ချွဲများထွက်လျှင် ပိုးအမျိုးအစားသိရန် စစ်ဆေးခြင်းများ ပြုလုပ်နိုင်ပါသည်။

အဆုတ်အားကြည့်ရန် ဓါတ်မှန်ရိုက်ခြင်း၊ အူအတက် မုန့်ချိုအိတ်နှင့် အူများအတွင်း ဖြစ်နိုင်သော ပိုးဝင်ခြင်းများရှိမရှိသိရန် ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်း၊ သည်းခြေအိတ်နှင့် သားဥအိမ်များ၌ ပိုးဝင်ခြင်းရှိမရှိသိရန် တီဗွီဓါတ်မှန်၊ သံလိုက်ဓါတ်မှန်များကို အထက်ပါနည်းများနှင့် ပိုးကိုရှာမရပါက အသုံးပြုနိုင်ပါသည်။

Sepsis (သွေးဆိပ်သင့်ခြင်း) ကို ဘယ်လိုကုသပါသလဲ

အစောပိုင်းအဆင့်တွင် သွေးဆိပ်သင့်ခြင်းအားသိရပြီး သက်ဖြစ်အင်္ဂါများအား ထိခိုက်မှုမရှိသေးပါက အိမ်မှာပင် ပဋိဇီဝဆေးများကိုသုံးပြီး ကုသနိုင်ပါသည်။ ထိုအခြေအနေအတိုင်းဆိုလျှင် အပြည့်အဝပြန်ကောင်းနိုင်မည် ဖြစ်သည်။

သို့သော် သွေးဆိပ်သင့်ခြင်းအတွက် ဘာဆေးများမသုံးဘူးဆိုပါက သွေးဆိပ်သင့်သွေးလန့်ခြင်း ဖြစ်လာနိုင်ပါသည်။ နောက်ဆုံးတွင် သေဆုံးသည်အထိ ဖြစ်နိုင်၏။ ထိုကဲ့သို့အခြေအနေဆိုးလာလျှင် ဆရာဝန်မှ ဆေးများစွာဖြင့် သွေးဆိပ်သင့်ခြင်းကို ကုရတော့မည်ဖြစ်သည်။ ပိုးများကိုသတ်ရန် ပဋိဇီဝဆေးများ အကြောမှသွင်းခြင်း၊ သွေးပေါင်တက်စေရန် သွေးကြောလှုံ့စော်ဆေးများ၊ သွေးတွင်းသကြားဓါတ်ထိန်းန် အင်ဆူလင်၊ အရောင်ကျစေရန် ကော်တီကိုစတီးရွိက်များနှင့် အကိုက်အခဲပျောက်ဆေးများကို အသုံးပြုရမည်ဖြစ်သည်။

သွေးဆိပ်သင့်ခြင်း ဆိုးဝါလာလျှင် စလိုင်းချိတ်ခြင်း၊ အသက်ရှုစက်တပ်ခြင်းများ လိုအပ်လာနိုင်၏။ ကျောက်ကပ်များကိုထိသွားပါက ကျောက်ကပ်ဆေးရန်ပါ လိုနိုင်ပါသည်။ ကျောက်ကပ်ဆေးရာတွင် စက်ပစ္စည်းမှ ကျောက်ကပ်၏လုပ်ငန်းများဖြစ်သော အန္တရာယ်ရှိစွန့်ပစ်ပစ္စည်းများ၊ ဆားများနှင့် သွေးအတွင်းမှ ရေအပိုများကိုဖယ်ထုတ်ခြင်းတို့အား လုပ်ဆောင်ပေးမည်ဖြစ်သည်။

တစ်ချို့ဖြစ်ရပ်များ၌ ပိုးဝင်နေသောနေရာကို ခွဲစိတ်ပြီး ဖယ်ရှားရန်လိုအပ်နိုင်၏။ ခွဲစိတ်ရာတွင် ပြည်ရှိသောနေရာအား ပြည်များစုပ်ထုတ်ခြင်း သို့မဟုတ် ပိုးဝင်နေသော တစ်ရှူးအား ဖယ်ခြင်းတို့ ပါဝင်ပါသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

ူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက သွေးဆိပ်သင့်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် သွေးဆိပ်သင့်ခြင်း ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။

ကျန်းမာသောနေထိုင်မှုပုံစံသည် သွေးဆိပ်သင့်နိုင်မည့် ပိုးဝင်ခြင်းဖြစ်စေနိုင်သည့် အန္တရာယ်များကို လျော့ချပေးနိုင်ပါသည်။

အရက်ဖြတ် ဆေးလိပ်ဖြတ်ပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 13/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement