backup og meta

သွေးဆိပ်သင့် ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးဆိပ်သင့် ခြင်း

    သွေးဆိပ်သင့် တယ်ဆိုတာ ခန္ဓာကိုယ်ထဲကို ရောဂါပိုးဝင်တာတဲ့အခါ ခုခံအားစနစ်က ဓာတ်ပစ္စည်းတွေကို ထုတ်ပြီး ပြန်တိုက်ခိုက်လို့ ဖြစ်လာတာပါ။ ဒီရောဂါက ဆိုးရွားပြီး သေနိုင်လောက်တဲ့အထိ ပြင်းထန်ပါတယ်။ သွေးဆိပ်သင့် တာကို ၃ဆင့်ခွဲလို့ ရပါတယ်။

    • ရောဂါပိုးတွေ သွေးထဲကို ရောက်လာပြီး ခန္ဓာကိုယ်ရောင်ရမ်းလာတာကို ‘သွေးဆိပ်သင့်’တယ်လို့ ခေါ်ပါတယ်။
    • သွေးဆိပ်သင့်တာကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ အရေးကြီးတဲ့အင်္ဂါတွေဖြစ်တဲ့ နှလုံး၊ ဦးနှောက်၊ ကျောက်ကပ်တွေကို ထိခိုက်လာပြီဆိုရင် ‘ပြင်းထန်သွေးဆိပ်သင့်’တယ်လို့ ခေါ်ပါတယ်။
    • သွေးပေါင်တွေပါကျပြီး အဆုတ်တွေ၊ ကျောက်ကပ်တွေပါ ထိလာတယ်၊ တခြားကိုယ်တွင်းအင်္ဂါတွေပါ ထိခိုက်လာတယ်။ သေဆုံးတဲ့အထိပြင်းထန်တယ်ဆိုရင်ေတာ့ ‘သွေးဆိပ်သင့်ရှော့ဖြစ်’တယ်လို့ ခေါ်ပါတယ်။

    သွေးဆိပ်သင့်တာက လူတိုင်းဖြစ်နိုင်ပါတယ်။ အသက်ကြီးတဲ့သူတွေ၊ ခုခံအားနည်းတဲ့သူတွေက ပိုပြီးသတိထားရပါမယ်။

    ဘာလို့ သွေးဆိပ်သင့် တာလဲ။

    ခန္ဓာကိုယ်ထဲကို ဝင်လာတဲ့ ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှိုပိုးစတာတွေက သွေးဆိပ်သင့်တာကို ဖြစ်စေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် ပိုးဝင်ဝင် သွေးဆိပ်သင့်တတ်ပါတယ်။ ဥပမာပြောရရင်

    ဘယ်သူတွေမှာပိုဖြစ်နိုင်လဲ။

    လူတိုင်းမှာဖြစ်နိုင်ပေမယ့် ပိုဖြစ်နိုင်တဲ့သူတွေကတော့

    • အသက်ငယ်လွန်း ကြီးလွန်းတဲ့သူတွေ
    • ခုခံအားမကောင်းတဲ့သူတွေ
    • ဆီးချို ဒါမှမဟုတ် အသည်းခြောက်ရောဂါရှိတဲ့သူတွေ
    • နဂိုတည်းက ရောဂါတစ်ခုခုရှိနေပြီး အထူးကြပ်မတ်ကုသဆောင်မှာ ကုသနေရတဲ့ သူတွေ
    • ပြင်းထန်တဲ့ ဒဏ်ရာရထားသူတွေ (ဥပမာ မီးလောင်ဒဏ်ရာ )
    • ဆီးပိုက်တွေ၊ အသက်ရှူပိုက်တွေ အကြာကြီးတပ်ထားတဲ့သူတွေ
    • အရင်က ပိုးသတ်ဆေးတွေ အများကြီးသုံးတာ၊ စတီးရွိုက်တွေ အများကြီးသုံးဖူးတဲ့သူတွေ
    • အာဟာရချို့တဲ့တဲ့သူတွေ

    သွေးဆိပ်သင့် ရင်ဘာလက္ခဏာတွေ ပြမှာလဲ။

    အောက်ကလက္ခဏာတွေက သွေးဆိပ်သင့်တာရဲ့ အစောပိုင်းလက္ခဏာတွေဖြစ်ပြီး ဒါတွေကို လျစ်လျူမရှုသင့်ပါဘူး။

    • အဖျားကြီးတာ (၁၀၁’F ဒါမှမဟုတ် ၃၈’C)
    • ခန္ဓာကိုယ် အပူချိန်နိမ့်လွန်းတာ
    • နှလုံးခုန်မြန်တာ
    • အသက်ရှူမြန်တာ (တစ်မိနစ်ကို အကြိမ်၂၀လောက်ရှူနေတာ)

    ပြင်းထန်သွေးဆိပ်သင့်ရင်တော့

    • သိသိသာသာဆီးနည်းသွားတာ
    • သတိမကောင်းတာ
    • ခေါင်းမူးတာ
    • အသက်ရှူရခက်တာ
    • ခြေဖျားလက်ဖျားတွေ၊ နှုတ်ခမ်းတွေ ပြာနှမ်းလာတာ

    ရှော့ဖြစ်လာရင်တော့ ခုနကလက္ခဏာတွေအပြင် သွေးပေါင်ထိုးကျတဲ့အထိဖြစ်လာမှာပါ။

    နောက်ဆက်တွဲဘာဖြစ်နိုင်လဲ။

    သွေးဆိပ်သင့်တာက အချိန်မီမကုသဘူးဆိုရင် သေတဲ့အထိ ဖြစ်နိုင်ပါတယ်။ တခြားနောက်ဆက်တွဲတွေကတော့

  • နှလုံးပျက်စီးတာ
  • သွေးမတိတ်တာ
  • ကျောက်ကပ်ပျက်စီးတာ
  • အသက်ရှူရပ်တာ
  • လေဖြတ်တာ
  • အသည်းပျက်စီးတာ
  • အူပုပ်တာ
  • ခြေလက်တွေ ပုပ်တာ
  • ဘယ်လိုနောက်ဆက်တွဲကြုံရမလဲဆိုတာကတော့

    • လူနာအသက်
    • ကုသမှု မီမမီ
    • သွေးဆိပ်သင့်ရတဲ့အကြောင်းအရင်း
    • နဂိုရောဂါအခံ စတဲ့အချက်တွေအပေါ်မူတည်ပါတယ်။

    သွေးဆိပ်သင့်တာ ပိုဆိုးလာလေလေ ကိုယ်တွင်းအင်္ဂါတွေကို သွေးရောက်တာပိုနည်းလေလေပါ။ သွေးဆိပ်သင့်တာကြောင့် သွေးကြောမှာ သွေးခဲလေးတွေ ပိတ်လာပြီး ကိုယ်တွင်းအင်္ဂါတွေ ပုပ်တတ်ပါသေးတယ်။

    သွေးဆိပ်သင့်တာက သိပ်မပြင်းထန်ရင် ပြန်ကောင်းလာနိုင်ပါတယ်။ ဒါပေမယ့် သွေးဆိပ်သင့်တာက ခုထက်ထိတော့ အသေအပျောက်များတဲ့ ရောဂါဖြစ်နေတုန်းပါပဲ။

    ကုသနည်းတွေက

    သွေးဆိပ်သင့်တာက စောစောသိလေလေ စောစောကုနိုင်လေလေ အသက်ရှင်နိုင်ဖို့ အခွင့်အရေးများလေလေပါပဲ။ ကုသနည်းတွေကတော့

    • ပိုးဝင်တာကို ကုသဖို့ ပိုးသတ်ဆေးတွေ သွင်းတာ
    • သွေးပေါင်ပြန်တက်အောင်လုပ်တာ
    • ဆေးပုလင်းချိတ်တာ
    • တခြားလိုအပ်တဲ့ကုသမှုတွေပေးတာ စတဲ့နည်းတွေနဲ့ ကုသရမှာပါ။

    သွေးဆိပ်သင့်တာက ပြင်းထန်ပြီး သေနိုင်လောက်တဲ့ ရောဂါပါ။ အသက်ရှင်မလား မရှင်ဘူးလားဆိုတာကတော့ ပိုးကဘယ်ကဝင်တာလဲ၊ ဘယ်လောက်ထိပျံ့နေပြီလဲ၊ ကုသမှုကို ဘယ်လောက်စောစောခံယူနိုင်လဲဆိုတာပေါ် အများကြီးမူတည်နေပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement