backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Hemophilia (မူမမှန်သွေးထွက်ခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Kaung Thar မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Hemophilia (မူမမှန်သွေးထွက်ခြင်း) ကဘာလဲ။

မူမမှန်သွေးထွက်ခြင်းဆိုတာ ပုံမှန်အတိုင်း သွေးခဲခြင်း မရှိတော့တဲ့ အခြေအနေကို ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ သွေးခဲတဲ့ဖြစ်စဉ်မှာ သွေးတွေဟာ အရည်ကနေ အခဲအဖြစ် ပြောင်းလဲသွားတာ ဖြစ်ပါတယ်။ အကယ်၍ သင်ဟာ ထိခိုက်ဒဏ်ရာရမယ်ဆိုရင် သွေးပမာဏ အမြောက်အမြားကို မဆုံးရှုံးသွြးစေဖို့ သွေးခဲပေးရပါတယ်။ တစ်ခါတစ်လေမှာ သွေးတွေက ပုံမှန်အတိုင်းမခဲတော့ပဲ အချိန်တော်တော်ကြာအောင် သွေးထွက်နေပါတော့တယ်။

မူမမှန်သွေးထွက်ခြင်းက ခန္ဓါကိုယ်အတွင်းနဲ့ အပြင်ဘက်မှာ ပုံမှန်အတိုင်းမဟုတ်ပဲ သွေးတွေ ထွက်နေစေပါတယ်။ သွေးပမာဏ အမြောက်အမြားကို ခန္ဓါကိုယ်ထဲကနေ ဆုံးရှုံးစေပါတယ်။ အရေပြားအောက် သို့မဟုတ် အရေးကြီးတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ (ဥပမာ – ဦးနှောက် ) မှာ သွေးထွက်ခြင်း ကိုလည်း ဖြစ်စေပါတယ်။

ကွဲပြားတဲ့ မူမမှန်သွေးထွက်ခြင်းတွေ အများကြီးရှိပေမယ့် အောက်ပါ အခြေအနေတွေကို အများဆုံးတွေ့ရလေ့ရှိပါတယ်။

  • သွေးထဲမှာ သွေးခဲစေတဲ့ ဓါတ်ပစ္စည်းတွေ နည်းပါးနေမယ်ဆိုရင် သွေးမခဲတဲ့ရောဂါ အေ နဲ့ ဘီ ကို ဖြစ်စေနိုင်ပါတယ်။ အဆစ်တွေမှာ ပုံမှန်မဟုတ်ပဲ အရမ်းများတဲ့ သွေးထွက်ခြင်းကို ဖြစ်စေပါတယ်။ သွေးမခဲတဲ့ ရောဂါက ဖြစ်ခဲပေမယ့် အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်တဲ့ နောက်ဆက်တွေ အခြေအနေတွေ ရှိနိုင်ပါတယ်။
  • Factor II, V, VII, X, သို့ XII တို့ ချို့တဲ့ခြင်းကလည်း သွေးခဲမှု နဲ့ မူမမှန်သွေးထွက်တဲ့ ပြဿနာတွေနဲ့ ဆက်နွယ်နေပါတယ်။
  • မွေးရာပါသွေးယိုစီးမှု ရောဂါကလည်း အတွေ့ရများတဲ့ မူမမှန်သွေးထွက်တဲ့ ရောဂါ ဖြစ်ပါတယ်။ သွေးထဲမှာ သွေးခဲစေတဲ့ ဓါတ်ပစ္စည်း တစ်မျိုး ဖြစ်တဲ့ von Willebrand factor မပါဘူးဆိုရင် ဖြစ်လာတဲ့ ရောဂါ ဖြစ်ပါတယ်။

Hemophilia (မူမမှန်သွေးထွက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ထပ်သိချင်တယ် ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။

လက္ခဏာများ

Hemophilia (မူမမှန်သွေးထွက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

မူမမှန်သွေးထွက်ခြင်း အမျိုးအစားပေါ်မူတည်ပြီး လက္ခဏာတွေက အမျိုးမျိုး ပြောင်းလဲ နိုင်ပါတယ်။

အဓိကကျတဲ့ လက္ခဏာတွေကတော့ –

  • ဘယ်လိုပေါ်လာမှန်းမသိတဲ့ ၊ လွယ်လွယ် ဖြစ်တတ်တဲ့ အတွင်းကြေဒဏ်ရာတွေ
  • ဓမ္မတာသွေးအများအပြား ဆင်းခြင်း
  • မကြာမကြာ နှာခေါင်းသွေးလျှံခြင်း
  • ဒဏ်ရာ သေးသေးလေးကနေ သွေးအမြောက်အမြားထွက်ခြင်း
  • အဆစ်တွေကြား သွေးထွက်ခြင်း

အပေါ်မှာ မပြထားတဲ့ လက္ခဏာတွေ ကျန်ခဲ့ပါသေးတယ်။ စိတ်ပူပန်မှု တစ်စုံတစ်ရာရှိမယ် ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အပေါ်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေ ရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။ ခန္ဓါကိုယ်လှုပ်ရှားမှုပုံစံဟာ လူတစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ သင့်အတွက် ဘာက အကောင်းဆုံးဖြစ်မယ် ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်တာက အသင့်လျော်ဆုံး ဖြစ်ပါလိမ့်မယ်။

အကြောင်းရင်းများ

Hemophilia (မူမမှန်သွေးထွက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

သွေးအရည်ကနေ သွေးအခဲ အဖြစ် ပြောင်းလဲစေဖို့ သွေးမွှားဥတွေနဲ့ သွေးခဲစေတဲ့ ပရိုတင်းဓါတ်ပစ္စည်းတစ်မျိုးကို လိုအပ်ပါတယ်။ အကယ်၍ သင့်မှာ မူမမှန်သွေးထွက်ခြင်း ရှိနေမယ်ဆိုရင် သွေးမွှားဥတွေ၊ သွေးခဲစေတဲ့ ဓါတ်ပစ္စည်းတွေက မလုံလောက်တာ ဖြစ်နိုင်သလို ပုံမှန်အတိုင်း အလုပ်မလုပ်တာ လည်း ဖြစ်နိုင်ပါတယ်။

မူမမှန်သွေးထွက်ခြင်း အများစုကတော့ မိဘကနေ ကလေးဆီကို ပါလာတဲ့ မွေးရာပါ ရောဂါအမျိုးအစား ဖြစ်ပါတယ်။ တချို့ မူမှန်သွေးထွက်တာတွေကတော့ အသည်းရောဂါ လို အခြေအနေ မျိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

မူမမှန်သွေးထွက်ခြင်းက အောက်ပါ အချက်တွေကြောင့် ဖြစ်လာနိုင်ပါတယ်။

  • သွေးနီဥ နည်းပါးခြင်း
  • ဗိုက်တာမင် ကေ ချို့တဲ့ခြင်း
  • ဆေးသောက်တဲ့ အခါ ဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးများ

သွေးခဲတာကို တားဆီးတဲ့ ဆေးဝါးတွေကို သွေးကျဲဆေးလို့ ခေါ်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Hemophilia (မူမမှန်သွေးထွက်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ထပ်သိချင်တယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Hemophilia (မူမမှန်သွေးထွက်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

မူမမှန်သွေးထွက်ခြင်းကို စစ်ဆေးမယ် ဆိုရင် ဆရာဝန်က ရောဂါ လက္ခဏာတွေ နဲ့ ဆေးကုသမှု မှတ်တမ်းကို မေးမြန်းပါလိမ့်မယ်။ ခန္ဓါကိုယ်ကို စမ်းသပ်စစ်ဆေးဖို့လည်း လိုအပ်ပါမယ်။ ဆရာဝန်နဲ့ တွေ့တဲ့ အခါ အောက်ပါအချက်တွေကို ထည့်သွင်းပြောကြားပါ။

  • သင် လက်ရှိ ခံစားနေရတဲ့ ဝေဒနာများ
  • သောက်နေရတဲ့ ဆေးဝါးများ
  • မကြာသေးခင်က ရထားတဲ့ ထိခိုက်ဒဏ်ရာများ
  • သွေးထွက်တာကို ဘယ်လိုမျိုးခံစားရတာလည်း။ မကြာခဏလား၊ အမြဲတမ်းလား၊ တစ်ခါတစ်လေလား …စသည်
  • သွေးတစ်ခါထွက်ရင် ဘယ်လောက်ကြာသလဲ
  • သွေးမထွက်ခင် ဘာလုပ်သလဲ

ဒီအချက်အလက်တွေကို သိရပြီးတဲ့ နောက်မှာ ဆရာဝန်က သွေးစစ်ပါလိမ့်မယ်။ သွေးစစ်ချက်အမျိုးအစားတွေကတော့ –

  • ခန္ဓါကိုယ်တွင်း သွေးနီဥ နဲ့ သွေးဖြူဥ ပမာဏ စစ်ဆေးခြင်း complete blood count (cbc)
  • သွေးမွှားဥ အစုအဝေးစစ်ခြင်း
  • သွေးထွက်တာကို တားဆီးဖို့ သွေးက ဘယ်လောက်မြန်မြန်ခဲတယ်ဆိုတာကို စစ်ဆေးတဲ့ သွေးထွက်တဲ့ ကြာချိန်

Hemophilia (မူမမှန်သွေးထွက်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ကုသတဲ့ နည်းလမ်းတွေကတော့ ရောဂါ အမျိုးအစား နဲ့ ပြင်းထန်မှု အပေါ်မှာ မူတည်ပါတယ်။ သွေးထွက်ခြင်းကို မကုသနိုင်ပေမယ့် အခြား ရောဂါလက္ခဏာတွေကို လျော့ပါးသက်သာစေဖို့ အထောက်အကူဖြစ်နိုင်ပါတယ်။

သံဓါတ်အားဖြည့်ဆေးများ

ခန္ဓါကိုယ်တွင်း သွေးအမြောက်အမြား ဆုံးရှုံးထားတယ်ဆိုရင် သံဓါတ်ဖြည့်ဖို့ ဆရာဝန်က ဆေးညွှန်းပေးပါလိမ့်မယ်။ သံဓါတ်အားနည်းခြင်းက သွေးအားနည်းခြင်းကို ဖြစ်စေပါတယ်။ သွေးအားနည်းရင် အားလျော့၊ ပင်ပန်းပြီး မူးဝေနေသလို ခံစားရတတ်ပါတယ်။ သံဓါတ်အားဖြည့်ဆေးတွေကို သောက်ပြီးတဲ့ အခါတောင်မှ လက္ခဏာတွေက မသက်သာလာဘူးဆိုရင် သွေးသွင်းဖို့ လိုအပ်ပါလိမ့်မယ်

သွေးသွင်းခြင်း

သွေးသွင်းတယ် ဆိုတာ အလှုရှင်ဆီကနေ ရထားတဲ့ သွေးကို ယူပြီး ဆုံးရှုံးထားတဲ့ သွေးကို ဖြည့်ပေးတာ ဖြစ်ပါတယ်။ နောက်ဆက်တွဲ လက္ခဏာတွေ မဖြစ်ရလေအောင် သွေးအလှုရှင်ရဲ့ သွေးဟာ သင့်သွေးအမျိုးအစားနဲ့ ကိုက်ညီဖို့ လိုအပ်ပါတယ်။ သွေးသွင်းခြင်းကို ဆေးရုံမှာပဲ လုပ်နိုင်ပါတယ်။

အခြား ကုသခြင်းနည်းလမ်းများ

မူမမှန်သွေးထွက်ခြင်းတချို့ကို တိုက်ရိုက်ဆေးထည့်ပြီး ဒါမှမဟုတ် နှာခေါင်းစပရေး ဆေးရည်ဖြန်းပြီး ကုသနိုင်ပါတယ်။ သွေးမခဲတဲ့ ရောဂါ အပါအဝင် မူမမှန်သွေးထွက်ခြင်းရောဂါ အတော်များများကို သွေးကြောထဲ သွေးခဲစေတဲ့ ဓါတ်ပစ္စည်းတွေ ရောက်စေခြင်း အားဖြင့် ကုသနိုင်ပါတယ်။ သွေးအမြောက်အများထွက်ခြင်းကို ထိန်းချုပ်ကာကွယ်နိုင် ပါတယ်။

သွေးခဲစေတဲ့ ဓါတ်ပစ္စည်းတွေ နည်းနေတာ ဆိုရင်တော့ အေးခဲပလာစမာ သွင်းနိုင်ပါတယ်။ အေးခဲပလာစမာ တွေမှာ အရေးပါတဲ့ သွေးခဲစေမယ့် ပရိုတင်း ၂ မျိုး factor V နဲ့ VIII တို့ ပါဝင်ပါတယ်။ ဒီလို သွင်းမယ်ဆိုရင်တော့ ဆေးရုံမှာပဲ လုပ်နိုင်ပါမယ်။

နေ့စဉ်လူနေမှုဘ၀ အပြောင်းအလဲများနှင့် အိမ်တွင်း ကုထုံးများ

မူမမှန် သွေးထွက်ခြင်း ကို ထိန်းချုပ်ဖို့ အတွက် နေပုံထိုင်ပုံ ဒါမှမဟုတ် အိမ်တွင်းကုထုံးတွေက ဘာတွေ ဖြစ်မလဲ။

သိချင်တာတွေ ရှိမယ်ဆိုရင် သင့်ဆရာဝန်နဲ့ တိုင်ပင်ပါ။

မေးစရာတွေ ရှိနေမယ်ဆိုရင်ဆရာဝန်နဲ့ တိုင်ပင်ပြီး ဘယ်နည်းလမ်းက အကောင်းဆုံးဖြစ်မလဲဆိုတာကို အကြံဉာဏ်ရယူပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Kaung Thar မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement