backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Arterial Thrombosis (သွေးလွှတ်ကြောအတွင်း သွေးခဲပိတ်ဆို့ခြင်း)

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Arterial Thrombosis (သွေးလွှတ်ကြောအတွင်း သွေးခဲပိတ်ဆို့ခြင်း) ကဘာလဲ။

သွေးလွှတ်ကြောဆိုတာ သွေးများကို နှလုံးဆီကနေ ကိုယ်ခန္ဓါအစိတ်အပိုင်းတွေနဲ့ နှလုံးရဲ့ကြွက်သားဆီ သယ်ဆောင်ပေးတဲ့ သွေးကြောတွေပဲဖြစ်ပါတယ်။ သွေးလွှတ်ကြောအတွင်း သွေးခဲပိတ်ဆို့ခြင်းဟာ သွေးခဲကြောင့်ဖြစ်ပေါ်ပြီး အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေဆီ သွေးရောက်ရှိမှု ရပ်တန့်စေတာကြောင့် အလွန်ဆိုးရွားတဲ့ ပြသနာဖြစ်ပါတယ်။

Arterial Thrombosis (သွေးလွှတ်ကြောအတွင်း သွေးခဲပိတ်ဆို့ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Arterial Thrombosis (သွေးလွှတ်ကြောအတွင်း သွေးခဲပိတ်ဆို့ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

သွေးခဲဟာ သွေးစီးဆင်းမှုကို မပိတ်ဆို့သရွေ့ လက္ခဏာ မပြပါဘူး။

ပိတ်ဆို့ပြီဆိုရင် အောက်ပါလက္ခဏာတွေ ပြသပါတယ်။

  • နှလုံးထိခိုက်ခြင်း။ နှလုံးကြွက်သားဆီသွားတဲ့ သွေးစီးဆင်းမှု ရုတ်တရက် ရပ်တန့်သွားရင် ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ မူးခြင်း ဖြစ်ပေါ်ပြီး ဦးနှောက်ကိုသွားတဲ့ သွေးစီးဆင်းမှု ပိတ်ဆို့ရင်တော့ လေဖြတ်နိုင်ပြီး မျက်နှာတဖက် ဆွဲသွားခြင်း၊ လက်တဖက်အားနည်းခြင်း၊ စကားမပီခြင်း စတာတွေ ဖြစ်တတ်ပါတယ်။
  • ယာယီသွေးစီးဆင်းမဲပြတ်တောက်ခြင်းဟာ လေဖြတ်မှု အသေးစားဖြစ်ပြီး ဦးနှောက်ကိုသွားတဲ့ သွေးကြော ယာယီပိတ်ဆို့သွားတာကြောင့် ဖြစ်တတ်ပါတယ်။
  • ခြေ၊လက် သွေးစီးမှုပြတ်တောက်ခြင်း။ ခြေလက်တွေကို သွေးစီးဆင်းမှုပြတ်တောက်တဲ့အခါ နာကျင်ခြင်း၊ အရောင်ပြောင်းခြင်း၊ အေးစက်ခြင်း စတာတွေ ဖြစ်ပေါ်ပါတယ်။
  • အဲဒီအခြေအနေတွေဟာ အရေးပေါ် အခြေအနေတွေဖြစ်ပါတယ်။ သင်ဖြစ်စေ၊ ပတ်ဝန်းကျင်မှာဖြစ်စေ ဒီလက္ခဏာတွေ ကြုံရရင် ဆေးရုံဆေးခန်း ချက်ချင်းပြသပါ။

အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

အကြောင်းရင်းများ

Arterial Thrombosis (သွေးလွှတ်ကြောအတွင်း သွေးခဲပိတ်ဆို့ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

သွေးလွှတ်ကြောအတွင်းမှာ သွေးခဲပြီး သွေးစီးဆင်းမှုကို ရပ်တန့်စေလို့ပဲ ဖြစ်ပါတယ်။ သွေးလွှတ်ကြောအတွင်း သွေးခဲပိတ်ဆို့ခြင်း အများစုဟာ သွေးကြောကျဉ်းခြင်းကြောင့် ဖြစ်ပေါ်တတ်ပါတယ်။ သွေးလွှတ်ကြောနံရံတွေမှာ အဆီတွေစုပုံလာစေပြီး မာကျောပြီး ကျဉ်းမြောင်းလာစေခြင်း ဖြစ်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Arterial Thrombosis (သွေးလွှတ်ကြောအတွင်း သွေးခဲပိတ်ဆို့ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။

  • အသက်အရွယ်ကြီးခြင်း
  • ဆေးလိပ်သောက်ခြင်း
  • ကျန်းမာရေးနှင့် မညီညွတ်သော စားသောက်မှု
  • ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း
  • ကိုယ်အလေးချိန်တက်ခြင်း၊ အဝလွန်ခြင်း
  • အရက်ကို လွန်ကဲစွာ အမြဲသောက်သုံးခြင်း
  • သွေးတိုးခြင်း၊ ကိုလက်စထရောများခြင်း၊ ဆီးချိုရှိခြင်း
  • မိသားစုထဲတွင် သွေးကြောကျဉ်းသည့် ရာဇဝင်ရှိခြင်း
  • တောင်အာ၇ှ၊ အာဖရိက၊ အာဖရိကန်-ကရစ်ဘီယန် မျိုးနွယ်ဖြစ်ခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Arterial Thrombosis (သွေးလွှတ်ကြောအတွင်း သွေးခဲပိတ်ဆို့ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

စစ်ဆေးမှုများဟာ သွေးခဲကြောင့် ဘယ်လိုကျန်းမာရေး အခြေအနေတွေ ဖြစ်ပေါ်စေလဲဆိုတဲ့အချက်ပေါ် မူတည်နေပါတယ်။

ECG

ရင်ဘတ်အောင့်ခြင်း၊ နှလုံးထိခိုကခြင်းလို့ ယူဆရင် အီးစီဂျီနဲ့ စစ်ဆေးပါလိမ့်မယ်။

နှလုံးခုန်တိုင်းမှာ ထုတ်လွှင့်နေတဲ့ လျှပ်စစ် အချက်ပြချက်တွေကို စာရွက်ပေါ်မှာ ပေါ်စေပြီး နှလုံးရဲ့ အလုပ်လုပ်ပုံနဲ့ နှလုံးထိခိုက်ပုံကို သိနိုင်စေပါတယ်။

အီးစီဂျီအကြောင်း ထပ်မံလေ့လာနိုင်ပါတယ်။

သွေးစစ်ခြင်း

သွေးထဲမှာ ထရိုပိုနင်လို့ခေါ်တဲ့ ပဂိုတိန်းကို စစ်ဆေးခြင်း ဖြစ်ပါတယ်။ နှလုံးထိခိုက်မှုကြောင့် ကြွက်သားပျက်စီးရင် ထွက်ပေါ်လာတတ်ပါတယ်။

ပုံရိပ်ဖော်ခြင်း

လေဖြတ်တယ်လို့ယူဆရင် CT၊ MRI စတာတွေနဲ့ ဦးနှောက်ကို ပုံရိပ်ဖော် စစ်ဆေးနိုင်ပါတယ်။

Arterial Thrombosis (သွေးလွှတ်ကြောအတွင်း သွေးခဲပိတ်ဆို့ခြင်း) ကို ဘယ်လိုကုသပါသလဲ

အဓိက ၂မျိုးရှိပါတယ်။

  • ဆေးဝါးကုသခြင်း
  • ခွဲစိတ်ကုသခြင်း ဖြစ်ပါတယ်။

ဆေးဝါးကုသခြင်း။ သွေးခဲတွေကိုပျော်စေပြီး နှလုံးနဲ့ ဦးနှောက်ကို သွေးစီးဆင်းမှု ပြန်ကောင်းစေပါတယ်။

ခွဲစိတ်ခြင်း။ နှလုံးကိုသွားတဲ့ သွေးလွှတ်ကြောကို သွေးခဲပိတ်ရင် ခွဲစိတ်မှု လိုအပ်နိုင်ပါတယ်။

နှလုံးသွေးကြောပြုပြင်ခြင်း။ နှလုံးထိခိုက်မှုမှာ အသုံးပြုအများဆုံး နည်းလမ်းဖြစ်ပါတယ်။

သတ္တုပြွန်ခေါင်းလေးကို သွေးလွှတ်ကြောထဲထည့်ပြီး ထပ်မံပိတ်ဆို့ခြင်းကို ကာကွယ်ပါတယ်။

နှလုံးသွေးကြောအစားထိုးခွဲစိတ်ပြုပြင်ခြင်း

နှလုံးထိခိုက်မှုမှာ ကုသနိုင်ပါတယ်။

တခြားနေရာက သွေးကြောကိုယူပြီး ပိတ်ဆို့တဲ့နေရာကို လမ်းလွှဲကုသပါတယ်။

လည်ပင်းသွေးလွှတ်ကြောခွဲစိတ်ခြင်း

လည်ပင်းမှရြှတဲ့ သွေးလွှတ်ကြောမှာပိတ်ဆို့ရင် ခွဲစိတ်ခြင်း ဖြစ်ပါတယ်

လည်ပင်းကို ခွဲရာအနည်းငယ်ပေးပြီး သွေးကြောကိုဖွင့်ကာ ဆီအနည်အနှစ်တွေကို ဖယ်ရှားနိုင်ပါတယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက သွေးလွှတ်ကြောအတွင်း သွေးခဲပိတ်ဆို့ခြင်း အတွက် အထောက်အကူ ပြုသလဲ

အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။

  • ဆေးလိပ်ဖြတ်ခြင်း
  • ကျန်းမာရေးနှင့်ညီညွတ်စွာ စားသောက်ခြင်း
  • လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း
  • ကိုယ်အလေးချိန်ထိန်းခြင်း
  • အရက်ဖြတ်ခြင်း

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement