sickle cell anemia ဆိုတာ မွေးရာပါသွေးအားနည်း ရောဂါတစ်မျိုးဖြစ်ပါတယ်။ sickle cell ဆိုတာ ခန္ဓါကိုယ် အနှံ့ အောင်ဆီဂျင် ဖြန့်ဝေရန် ကျန်းမာတဲ့ သွေးနီဥဆဲလ်လေးတွေ လုံလုံလောက်လောက် မရှိတော့ တဲ့ အခြေအနေကို ခေါ်ပါတယ်။
ပုံမှန်အားဖြင့် သွေးနီဥလေးတွေက ခန္ဓါကိုယ်အနှံ့မှာ ရှိနေပြီး သွေးကြောအတွင်း လွယ်လွယ်ကူကူ ဖြတ်သန်းကာ အောက်ဆီဂျင် ပို့ဆောင်ခြင်း လုပ်ငန်းကို လုပ်ဆောင်နေကြပါတယ်။ sickle cell anemia ရောဂါ ဖြစ်တဲ့ အခါ ဒီသွေးနီဥဆဲလ်တွေဟာ sickle cell ဟုခေါ်သော လခြမ်းကွေး ပုံသဏ္ဍာန် အဖြစ်ပြောင်းသွားကာ တောင့်ပြီး စေးကပ်ကုန်ပါတယ်။ (ပုံမှန်တွင် သွေးနီဥသည် လုံးဝန်းသော ပုံစံရှိပါတယ်။)
ဒီလို ပုံစံမမှန်တော့တဲ့ ဆဲလ်တွေက သွေးကြောသေးသေးလေးတွေထဲ ဖြတ်သွားဖို့ခက်ခဲစေပြီး သွေးစီးဆင်းမှု သို့ အောက်ဆီဂျင် ပို့ဆောင်ခြင်း လုပ်ငန်းစဉ်ကို နှေးကွေး ရပ်တန့်စေပါတယ်။ ဒီအခြေအနေက တစ်ရှူးတွေနဲ့ အင်္ဂါတွေကို သွေးလုံလောက်စွာ မရောက်စေပဲ ပျက်စီးစေပါတယ်။
Sickle cell (လခြမ်းကွေးပုံသဏ္ဍာန် သွေးနီဥ) ဖြစ်စေတဲ့ မျိုးရိုးဗီဇဟာ အာဖရိက၊ အိန္ဒိယ၊ မြေထဲပင်လယ်၊ ဆော်ဒီ အာရေဗျ၊ ကာတာကျွန်း၊ အမေရိကတိုက် အလယ်ပိုင်းနှင့်တောင်ပိုင်းမိသားစု တွေကနေ ဆင်းသက်လာခြင်း ဖြစ်ပါတယ်။ လခြမ်းကွေးပုံသဏ္ဍာန် သွေးနီဥ ရှိတဲ့ လူနာတွေက အသားရေ နက်မှောင်တာ ပိုများပါတယ်။
အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့
ဒီရောဂါဟာ မွေးရာပါဖြစ်ပြီး အသက် ၄ လ လောက်အကြာမှာ ရောဂါလက္ခဏာအသစ်တွေ ပေါ်လာတတ်ပါတယ်။
ဒီရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ ကျောက်ကပ်၊ မျက်လုံးပြဿနာတွေ အပါအဝင် ခြေထောက်ပုပ်ခြင်း၊ လေဖြတ်ခြင်း၊ နှင့် ရောဂါပိုးဝင်ခြင်းများ ဥပမာ အဆုတ်ရောင်ခြင်း တို့ဖြစ်ကြပါတယ်။ ပိုဆိုးတဲ့ ရောဂါတွေမှာဆိုလျှင် ရိုးတွင်းချဉ်ဆီမှ သွေးနီဥထုတ်လုပ်မှု ရပ်တန့်တဲ့ အထိ ဖြစ်နိုင်ပါတယ်။
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Sickle cell anemia (မွေးရာပါ သွေးနီဥ ပုံပျက်သော သွေးအားနည်းရောဂါ) ကို မွေးကင်းစ ကလေးတွေမှာသာ တွေ့ရများသော်လည်း သင့်မှာ အောက်ပါရောဂါ လက္ခဏာတွေဖြစ်လာပါက ဆရာဝန်နဲ့ ချက်ချင်းသွားပြသင့်ပါတယ်။
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခု ရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။
ဒီရောဂါဟာ သွေးကို အနီရောင်ဖြစ်စေတဲ့ သံဓါတ်များစွာပါဝင်သော ဟီမိုဂလိုဘင်ကို ဖြစ်စေသည့် မျိုးရိုးဗီဇဆဲလ်တွေမှာ သန္ဓေပြောင်းလဲခြင်းကြောင့် ဖြစ်စေပါတယ်။ ဟီမိုဂလိုဘင်က သွေးနီဆဲလ်တွေကို အဆုတ်မှခန္ဓါကိုယ်အနှံ့သို့ အောက်ဆီဂျင်သယ်ဆောင်နိုင်အောင် လုပ်ဆောင်ပေးပါတယ်။
ဒီရောဂါ ဖြစ်တဲ့ အခါ ပုံစံမမှန်တဲ့ ဟီမိုဂလိုဘင် တွေက သွေးနီဆဲလ်တွေကို မာပြီး စေးကပ် ပုံပျက်စေပါတယ်။ ဒီသန္ဓေပြောင်း ဗီဇ ဟာဆိုလျှင် မျိုးရိုးတစ်ဆက်ပြီး တစ်ဆက် လက်ဆင့်ကမ်းသွားပါတယ်။
ဒီရောဂါရှိနေတဲ့ မိဘနှစ်ပါးမှ မွေးဖွားလာသူများတွင် အောက်ပါကဲ့သို့ ဖြစ်နိုင်ပါတယ်။
ဒီရောဂါ ဖြစ်ပွားနိုင်ချေကို မြင့်မားစေတဲ့ အဓိကအကြောင်းအရာမှာ မိဘတွေမှာ ဒီရောဂါ ရှိနေတာပဲ ဖြစ်ပါတယ်။ sickle cell trait ရှိနေတယ်ဆိုတာက မိဘတွေရဲ့ ဗီဇဆဲလ်တစ်ခုက ပုံမှန် ဟီမိုဂလိုဘင် ဖြစ်နေပြီး ကျန်တစ်ခုမှာ လခြမ်းကွေးသွေးနီဥ ဗီဇ ဖြစ်နေတာကြောင့် သွေးထဲမှာ ပုံမှန် ဟီမိုဂလိုဘင် ရော ပုံမှန်မဟုတ်တဲ့ ဟီမိုဂလိုဘင် ရောပါနေခြင်းဖြစ်ပါတယ်။
သို့သော်လည်း ၎င်းမိဘတွေကနေ ကျန်းမာတဲ့ ကလေးတွေ မွေးဖွားနိုင်သလို ၂၅ ရာခိုင်နှုန်း ကတော့ ဒီရောဂါ ဖြစ်နိုင်ချေ ရှိပါတယ်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ဆရာဝန်က သင်နှင့် သင့်မိသားစုရဲ့ ကျန်းမာရေးအခြေအနေပေါ်တည်ပြီး သို့ ဟီမိုဂလိုဘင် သန္ဓေပြောင်းလဲခြင်းကို သိရှိရန် သွေးစစ်ခြင်းများပေါ်မူတည်ပြီး ရောဂါကို အတည်ပြုနိုင်ပါတယ်။
မွေးပြီးပြီးချင်း မွေးကင်းစကလေးအား သွေးစစ်ခြင်းဖြင့် ကလေးတွေမှာ အစောပိုင်း ရောဂါရှာဖွေခြင်းများ ပြုလုပ်နိုင်ပါတယ်။
sickle cell ကို လုံးဝပျောက်ကင်းအောင် ကုသလို့မရပါ။ ကုသမှုတွေက ရောဂါလက္ခဏာတွေထိန်းချုပ်ရန်နှင့် အနာသက်သာစေခြင်းသာ ဖြစ်ပါတယ်။
သင် သို့မဟုတ် သင့်ကလေးမှာ အရမ်းနာကျင်နေလျှင် သို့ ဆေးကုသော်လည်း မသက်သာလျှင် ဆရာဝန်က အသားထဲ သို့ အရိုးအဆစ်တွေထဲ ဘိန်းပါဝင်တဲ့ အကိုက်အခဲပျောက်ဆေး အပြင်းစားတွေကို တိုက်ရိုက်ထိုးသွင်းပါလိမ့်မယ်။ Hydroxyurea က ခဏခဏနာကျင်ခြင်းကို ကာကွယ်ပေးပါလိမ့်မယ်။
သင် သို့ သင့်ကလေးငယ်မှာ ပုံမှန်အားဖြင့် ရေ နှင့် အာဟာရများ ပိုလျှံစွာလိုအပ် သကဲ့သို့ သွေးသွင်းခြင်းများ လည်း လိုအပ်ပါလိမ့်မယ်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ပုံမမှန်သွေးနီဥ ရှိတဲ့ သွေးတွေကို ကျန်းမာတဲ့ သွေးတွေက အစားထိုးပါလိမ့်မယ်။
ကလေးတွေမှာ ရောဂါပိုးများအား ကာကွယ်ရန် ပဋိဇီဝဆေးများ မကြာခဏလိုပါလိမ့်မယ်။
ဆရာဝန်က သင့်ကို သို့မဟုတ် သင့်ကလေးအား ရိုးတွင်းချင်ဆီ အစားထိုးခွဲစိပ်ကုသခြင်းပြုလုပ်နိုင်သော်လည်း ဒီနည်းလမ်းဟာ အလွန်ရှုပ်ထွေးပြီး အောင်မြင်ဖို့ရာ အခြေအနေများစွာ လိုအပ်ပါလိမ့်မယ်။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် sickle cell anemia (မွေးရာပါ သွေးနီဥ ပုံပျက်သော သွေးအားနည်းရောဂါ) ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
• ရေဓါတ်ခမ်းခြောက်ခြင်းကို ကာကွယ်ရန် ရေများစွာ သောက်ပါ။
• ဖောလစ် များစွာပါဝင်တဲ့ ဟင်းသီးဟင်းရွက်စိမ်းများစားခြင်းဖြင့် ကျန်းမာတဲ့စားသောက်မှု ပုံစံကို ကျင့်ကြံပါ။
• ခံနိုင်အားကောင်းအောင် ပေါ့ပါးတဲ့ လေ့ကျင့်ခန်းလုပ်ပါ။
• ဆရာဝန်ညွှန်ကြားတဲ့ အတိုင်းကာကွယ်ဆေးထိုးပါ။
• Pressure chamber မပါပဲ လေယာဉ်နှင့် ခရီးမသွားပါနဲ့။
• အကိုက်အခဲ ပျောက်ဆေးတွေကို အလွဲသုံးစား မသောက်ပါနဲ့။ အကိုက်အခဲ ပျောက်ဆေးတွေက သင် နဲ့ သင့်ကလေးရဲ့ ရောဂါ ကို ကုသရာမှာ ပါဝင်သော်လည်း ဆရာဝန် ညွှန်ကြားမှု ဖြင့်သာ သောက်သင့်ပါတယ်။
• အရက်၊ ဘီယာ နဲ့ မူးယစ်ဆေးတွေကို နာကျင်မှု သက်သာစေရန် အလွဲသုံးစားမပြုရပါ။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။