backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Iron poisoning (သံဓါတ်အဆိပ်သင့်ခြင်း)


Phyo Wai Yan မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Iron poisoning (သံဓါတ်အဆိပ်သင့်ခြင်း) ကဘာလဲ။

အားဆေးတွေလိုမျိုး သံဓါတ်ပါတဲ့ဆေးတောင့်တွေ အများကြီးဝမ်းထဲရောက်သွားတဲ့အခါမှာ သံဓါတ်အဆိပ်သင့်တတ်ပါတယ်။ အထူးသဖြင့် ကလေးတွေမှာ ဖြစ်တာများပါတယ်။၆နှစ်အောက်ကလေးတွေ ကလေးသောက်တဲ့အားဆေး ဒါမှမဟုတ် လူကြီးသောက်တဲ့အားဆေးတွေကို မျိုချလိုက်မိတဲ့အခါမှာ သံဓါတ်အဆိပ်သင့်ခြင်းဖြစ်ပွားလာပါတယ်။ အဲဒီကလေးတွေက သူတို့ဘယ်လောက်ထိ မျိုချမိလိုက်ကြတယ်ဆိုတာ သင့်ကို ပြောပြနိုင်မှာမဟုတ်ပါဘူး။

သံဓါတ်ဆားတွေကို ပုံစံအမျိုးမျိုးနဲ့ ဝယ်ယူရရှိနိုင်ပါတယ်။ ဥပမာပြောရရင် ဖဲရပ်ဆာလဖိတ်ဟာ အစက်ချဆေး၊ ဆေးရည်၊ အချိုရည်၊ ဆေးတောင့်၊ ဆေးပြားတို့ပုံစံဖြင့် ဈေးကွက်ထဲမှာရှိပါတယ်။ သံဓါတ်အားဆေးတွေဟာ ဆရာဝန်ညွှန်ကြားမပါဘဲ ဝယ်ယူရရှိနိုင်တဲ့အပြင် ကျယ်ပြန့်စွာ အသုံးပြုလျက်ရှိပါတယ်။ ထုတ်ပိုးမှုကလည်း ကလေးအတွက် လုံခြုံတာရှိသလို မလုံခြုံတာလည်းရှိပါတယ်။

ဘယ်ပမာဏက အဆိပ်သင့်စေမယ်ဆိုတာကတော့ ကလေးရဲ့အရွယ်အစားနဲ့ ဆိုင်ပါတယ်။ အသက်၃နှစ်ကလေးကို အဆိပ်ဖြစ်စေတဲ့ ပမာဏက အသက်၈နှစ်ကလေးအတွက်တော့ ဘာမှသိပ်ထူးခြားစေမှာမဟုတ်ပါဘူး။ အဆိပ်ဖြစ်စေနိုင်မည့် တွက်ချက်ထားသော ပမာဏကတော့ ကိုယ်အလေးအချိန်၁ကီလိုဂရမ်မှာ ၁၀မီလီဂရမ်(10mg/kg) ဖြစ်ပါတယ်။

သံဓါတ်ကို သောက်ဆေးပုံစံအမျိုးအမျိုးနှင့် ဝယ်ယူရရှိနိုင်ပါတယ်။

သကြားလုံးလိုမျိုး သံဓါတ်အားဆေးတွေ စားမိမယ်ဆိုရင်တော့ ဘာလက္ခဏာမှ ပြမှာမဟုတ်ပါဘူး။ အဓိကလက္ခဏာကတော့ အားဆေးပုလင်းပွင့်နေတာပါပဲ။ ကလေးစားမိတယ်ဆိုတာ သိတာပဲဖြစ်ဖြစ်၊ သံသယရှိတာပဲဖြစ်ဖြစ် တတ်နိုင်သမျှချက်ချင်း ဆေးရုံကို ပြေးတာအကောင်းဆုံးပါပဲ။

Iron poisoning (သံဓါတ်အဆိပ်သင့်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အသက်အရွယ်မရွေး တော်တော်လေးကို အဖြစ်များပါတယ်။ မိန်းမတွေမှာ ပိုပြီးဖြစ်တတ်ပါတယ်။ အန္တရယ်ရှိအချက်များကို ရှောင်ကျဉ်ခြင်းအားဖြင့် ရင်ဆိုင်နိုင်ပါတယ်။

လက္ခဏာများ

Iron poisoning (သံဓါတ်အဆိပ်သင့်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

သံဓါတ်အားဆေးအလွန်အကျွန်သောက်သုံးပြီး ၆နာရီအတွင်းမှာ ရောဂါလက္ခဏာတွေ ပြလာပါလိမ့်မယ်။ သံဓါတ်ဟာ အူနံရံတွေကို စားပြီး အစာအိမ်ကိုလည်း ကလိပါတယ်။ သံဓါတ်အဆိပ်သင့်တဲ့သူတွေမှာ အောက်ပါလက္ခဏာတွေ တွေ့ရှိနိုင်ပါတယ်။

  • အလွန်အကျူးအန်ခြင်း
  • ဝမ်းပျက်ဝမ်းလျောခြင်း
  • ဗိုက်နာခြင်း
  • သေချာမကုသပါက ရေဓါတ်ခန်းခြောက်ခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်း
  • ကလေးများတွင်း သွေးအန်ခြင်း၊ သွေးဝမ်းသွားခြင်း

ကုသစောင့်ရှောက်မှုတွေနဲ့ဆိုရင် အစာအိမ်နဲ့အူလမ်းကြောင်းပြဿနာတွေဟာ ၆နာရီကနေ ၂၄နာရီအတွင်း သက်သာလာနိုင်ဖွယ်ရှိပါတယ်။ အဆိပ်မိခြင်းကို သေချာစွာမကုသမိပါက ရှောခ်ဖြစ်ပြီး သေနိုင်ပါတယ်။

သံဓါတ်ဘယ်လောက်ထိ စားထားတယ်ဆိုတာက အဆိပ်မိခြင်းအတွက် သဲလွန်စတစ်ခုဖြစ်နိုင်ပါတယ်။ သံဓါတ်နည်းခြင်းကြောင့် သွေးအားနည်းရောဂါအတွက် သောက်သုံးရမယ့် ပမာဏကတော့ 3-6 mg/kg/day ပါပဲ။ 10-20mg/kg သံဓါတ်သန့်သန့်ဆိုရင်တော့ အဆိပ်ဖြစ်နိုင်ပါတယ်။ 50mg/kg ဆိုရင်တော့ တော်တော်လေးဆိုးဆိုးရွားရွားအဆိပ်သင့်နိုင်ပါပြီ။

အထက်တွင်မဖော်ပြထားသော လက္ခဏာများလည်းရှိပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ ပတ်သတ်ပြီး သိချင်တာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ရောဂါလက္ခဏာတွေမပြရင်တောင်မှ သံဓါတ်အားဆေးတွေကလေးမျိုချလိုက်မယ်လို့ သံသယရှိမယ်ဆိုရင် နီးစပ်ရာဆေးရုံ၊ဆေးခန်းတို့မှာ သွားရောက်ပြသပေးပါ။ ဆေးဘူးကိုလည်း တစ်ပါတည်းယူဆောင်လာခဲ့ပါ။

သံဓါတ်အားဆေးတွေနဲ့ ဆေးဘူးတွေကြားထဲမှာ ကလေးကိုတွေ့မယ်ဆိုရင် ဒါမှမဟုတ် သူမျိုချလိုက်တယ်လို့ လာပြောမယ်ဆိုရင် ဆေးရုံအရေးပေါ်ဌာနကို သွားရောက်ပြသပေးပါ။

အကြောင်းရင်းများ

Iron poisoning (သံဓါတ်အဆိပ်သင့်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

သံဓါတ်အားဖြည့်ဆေးတွေ အလွန်အကျွန်သောက်သုံးမိလိုက်တဲ့အခါမှာ သံဓါတ်အဆိပ်သင့်ခြင်းဖြစ်ပွားတတ်ပါတယ်။ အထူးသဖြင့် ကလေးတွေဖြစ်တာများပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း သံဓါတ်အားဖြည့်ဆေးသောက်တတ်ကြပါတယ်။ ထိုဆေးတွေကို ထားချင်တိုင်းထားမယ်ဆိုရင် စပ်စုတတ်တဲ့ကလေးတွေ ကောက်စားသွားနိုင်ပါတယ်။

ဘယ်အားဆေးမဆိုကလေးတွေအတွက် အန္တရယ်ရှိနိုင်ပါတယ်။ ဝါးစားနိုင်တဲ့ သကြားလုံးပုံစံ အားဆေးတွေများလာတာကြောင့် အဆိပ်သင့်နိုင်ခြေပိုများလာပါတယ်။ ထိုအကြောင်းအရာကြောင့် ဆေးဝါးစက်ရုံတွေဟာ သကြားလုံးနဲ့သိပ်မတူအောင် ထုတ်လုပ်လာကြပါတယ်။ ဗီတာမင်တွေကလည်း ကလေးတွေအတွက် သီးသန့်ဖော်မျူလာတွေနဲ့ထုတ်လာပါတယ်။

ဆရာဝန်ညွှန်လို့ သံဓါတ်အားဖြည့်ဆေးတွေသောက်မယ်ဆိုရင် ဆေးသောက်ဖို့လွတ်သွားမည်ဆိုပါက ဘာလုပ်ရမယ်ဆိုတာကို သိထားဖို့လိုအပ်ပါတယ်။ ဆရာဝန်ညွှန်ကြားထားတာထက်ပိုပြီး မသောက်ပါနှင့်။ အိမ်မှာကလေးတွေရှိမယ်ဆိုရင် သူတို့နဲ့ ဝေးရာမှာထားပြီး လုံခြုံစွာသိမ်းဆည်းထားပါ။

ဖြစ်နိုင်ခြေများ

Iron poisoning (သံဓါတ်အဆိပ်သင့်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

သံဓါတ်အဆိပ်သင့်နိုင်ခြေမြင့်မားစေတဲ့အရာတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။

ရောဂါစစ်ဆေးကုသခြင်း

သံဓါတ်အဆိပ်သင့်ခြင်းကို ဘယ်လိုစစ်ဆေးတွေ့ရှိမှာလဲ။

ကလေးစားမိလိုက်တဲ့ သံဓါတ်အားဖြည့်ဆေးပမာဏနဲ့ အမျိုးအစားကို ပြောပြနိုင်မယ်ဆိုရင် ပြောပြပေးပါ။

စစ်ဆေးမှုကတော့ ကလေးကို အကဲခတ်ခြင်းဖြင့် ပြုလုပ်တာများပါတယ်။ ရုပ်ပိုင်ဆိုင်ရာစစ်ဆေးမှုမှာ ပုံမှန်ပဲလို့ အဖြေထွက်မယ်၊ ၆နာရီလောက်အထိ ဘာလက္ခဏာမှမပြဘူးဆိုရင် အနည်းငယ်အဆိပ်သင့်ခြင်းဖြစ်နိုင်သလို သံဓါတ်အားဖြည့်ဆေးတွေ မစားမိလိုက်တာလဲဖြစ်နိုင်ပါတယ်။

အောက်ပါတို့၏ ခန္ဓါကိုယ်တွင်း ပမာဏကို သိရှိရန်အတွက် ကလေးကို သွေးဖောက်ပါလိမ့်မယ်။

  • သံဓါတ်ပမာဏ
  • သွေးဖြူဥအရေအတွက်
  • သွေးတွင်းသကြားဓါတ်

အစာအိမ်နဲ့အူလမ်းကြောင်းမှာ သံဓါတ်အားဖြည့်ဆေးတွေရှိမရှိကို သိဖို့ ဗိုက်ကို ဓါတ်မှန်ရိုက်ခိုင်းပါလိမ့်မယ်။ ဒါပေမယ့်လည်း တစ်ခါတစ်လေ အဲဒီမှာ ရှိနေပေမယ့်လည်း မတွေ့ရတတ်ပါဘူး။ ဓါတ်ခွဲခန်းစစ်ဆေးမှုတွေနဲ့ ပုံရိပ်ဖော်စစ်ဆေးမှုတွေနဲ့တင် အတည်ပြုဖို့ မလုံလောက်သေးပါဘူး။ အချို့စစ်ဆေးမှုတွေဟာ စစ်ဆေးမှုတွေပြုလုပ်ဖို့အတွက် နှေးကွေးလွန်းတာတွေရှိပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ။

Iron poisoning (သံဓါတ်အဆိပ်သင့်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

Iron poisoning (သံဓါတ်အဆိပ်သင့်ခြင်း) ကို ဘယ်လိုကုသပါသလဲ

သံဓါတ်အဆိပ်မိတယ်ဆိုတာ စစ်ဆေးတွေ့ရှိပြီဆိုတာနဲ့ ဆရာဝန်က ကလေးအသက်ပုံမှန်ရှု၊မရှုကို သေချာအောင် ကြည့်ပါလိမ့်မယ်။ ပြီးတော့ ဝမ်းတွင်းသန့်ရှင်းသွားစေဖို့ ဝမ်းနှုတ်ဆေးအပြင်းစားပေးပါလိမ့်မယ်။

ဆိုးဆိုးရွားရွားအဆိပ်သင့်နေမယ်ဆိုရင် ဓါတုအဆိပ်ဖြေဆေးကို အကြောထဲကနေထိုးချပါလိမ့်မယ်။ အဆိပ်ဖြေဆေးတော့ ဆဲလ်တွေထဲမှာရှိတဲ့ သံဓါတ်ကို သွားပေါင်းပြီး ဆီးထဲပါသွားအောင် လုပ်ပေးနိုင်တဲ့ Deferoxamine mesylate(Desferal) ဖြစ်ပါတယ်။ ထိုဆေးကို အကြောဆေးအဖြစ်ပေးနိုင်သလို သေနတ်နဲ့လည်းပြစ်ပေးနိုင်ပါတယ်။ အနီ၊လိမ္မော်ရောင်အဖြစ်ဆီးအရောင်ပြောင်းလဲခြင်းနှင့် သွေးပေါင်ချိန်ကျတာတွေကတော့ ထိုးဆေးရဲ့ အတွေ့ရများသော ဘေးထွက်ဆိုးကျိုးတွေဖြစ်ပါတယ်။ များသောအားဖြင့်တော့ ၂၄နာရီထက်ပိုပြီး ပေးဖို့မလိုအပ်ပါဘူး။

အစာအိမ်အတွင်းမှ ပြွန်ဖြင့်စုပ်ထုတ်ပြစ်ခြင်းကိုလည်း ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ယေဘုယျအားဖြင့်တော့ စားမိပြီးချင်း ၁နာရီအတွင်း ပြုလုပ်မှသာ အသုံးဝင်ပါတယ်။ ပြွန်ထည့်ခြင်းက အခြားထပ်တိုးရောဂါတွေ ဖြစ်စေနိုင်ပြီး အချို့ဆေးလုံးတွေကို အစာအိမ်ကမချေဖျက်ရသေးဘူးဆိုရင် ပြွန်နဲ့မဆန့်ပဲဖြစ်တတ်ပါတယ်

အခြားဆေးတွေကိုပါ မျိုချမိလိုက်မိမယ်လို့ သံသယရှိမယ်ဆိုရင် အထူးပြလုပ်ထားတဲ့ မီးသွေးကို သောက်ခိုင်းပါလိမ့်မယ်။ ထိုမီးသွေးက သံဓါတ်ကို သွားမပေါင်းသော်လည်း အခြားဆေးတွေကိုတော့ စုပ်ယူပြစ်နိုင်ပါတယ်။

လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းဆေးနည်းများ

သံဓါတ်အဆိပ်သင့်ခြင်းကို ရင်ဆိုင်နိုင်ဖို့ လူနေမှုဘဝပုံစံပြောင်းလဲခြင်းနဲ့ အိမ်တွင်းဆေးနည်းတွေက ဘာတွေလဲ။

အောက်ပါလူနေမှုဘဝပုံစံပြောင်းလဲခြင်းနဲ့ အိမ်တွင်းဆေးနည်းတွေက သံဓါတ်အဆိပ်သင့်ခြင်းကို ရင်ဆိုင်နိုင်စေဖို့ ကူညီပေးနိုင်ပါတယ်။

ကလေးကသံဓါတ်အားဖြည့်ဆေးတွေ စားလိုက်မိမယ်လို့ သံသယရှိမယ်ဆိုရင် ဆေးရုံသို့ ချက်ချင်းသွားပြပေးပါ။ နီးစပ်ရာဆေးရုံတွေကို ဖုန်းဂျီပီအက်စ်မှာ ရှာဖွေနိုင်ပါတယ်။

လက်နဲ့ပဲဖြစ်ဖြစ်၊ ဆေးနဲ့ပဲဖြစ် အန်အောင်မလုပ်ပါနှင့်။ ကလေးကတကယ်ပဲသံဓါတ်အဆိပ်မိတယ်၊ မမိဘူးဆိုတာကို စစ်ဆေးဖို့ ခက်ခဲသွားပါလိမ့်မယ်။

သောက်မိလိုက်တဲ့ ဆေးဘူးကို ဆေးရုံသို့ တစ်ပါတည်းယူဆောင်လာခဲ့ပါ။

ကာကွယ်နည်းများ

  • ကလေးတွေယူလို့မရတဲ့နေရာတွေမှာ ဆေးတွေကို ထားပါ။
  • သေချာအဖုံးပိတ်ထားတယ်ဆိုတာက ကလေးတွေလုံခြုံပြီလို့ အာမမခံနိုင်ပါဘူး။
  • ဆေးတွေဟာ သကြားလုံးမဟုတ်ဘူး၊ အန္တရယ်ရှိတယ်ဆိုတာကို ကလေးအားသိအောင် ပြောပြပါ။

သိချင်တာတွေရှိမယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို ပိုမိုသဘောပေါက်နားလည်စေနိုင်ရန်အတွက် ဆရာဝန်ဖြင့်ဆွေးနွေးတိုင်ပင်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Phyo Wai Yan မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement