သွေးအားနည်းရောဂါများ

သွေးအားနည်းရောဂါများ ဟာ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့အတွက် ဖြစ်ရတဲ့ အကြောင်းရင်း၊ လက္ခဏာနဲ့ ဆောင်ရန်ရှောင်ရန်တွေကို သိထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သွေးအားနည်းရောဂါများ

သွေးအားနည်းရောဂါ (Anemia)

သွေးအားနည်းရောဂါ ဆိုတာက ကမ္ဘာ့လူဦးရေ သုံးပုံတစ်ပုံလောက် ခံစားနေရတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ အဖြစ်များတဲ့ သွေးရောဂါတစ်မျိုးပေါ့။ သွေးအားနည်းတာက အချို့သောကျန်းမာရေးပြဿနာတွေရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတစ်ခုဆိုလည်း မမှားပါဘူး။ ဒီဆောင်းပါးလေးထဲမှာ သွေးအားနည်းရောဂါ (Anemia) နဲ့ပတ်သက်ပြီး ပြောပြပေးသွားပါမယ်။ သွေးအားနည်းရောဂါ (Anemia) ဆိုတာ ခန္ဓာကိုယ်ထဲက သွေးနီဥဆဲလ် ထဲမှာ ဟေမိုဂလိုဘင်ဓာတ်တွေ နည်းသွားတဲ့အခါ သွေးအားနည်းရောဂါ (Anemia) ဖြစ်လာပါတယ်။ သွေးနီဥဆဲလ်တွေက ခန္ဓာကိုယ်က တစ်ရှူးတွေဆီကို အောက်ဆီဂျင်တွေသယ်ပို့ပေးတာပါ။ သွေးနီဥဆဲလ်အရေအတွက် နည်းသွားတဲ့အခါ  ကိုယ်ထဲမှာ အောက်ဆီဂျင်ပမာဏ ကျသွားတတ်ပါတယ်။ သွေးအားနည်းရောဂါရဲ့ အတွေ့ရ အများဆုံး လက္ခဏာက ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ တစ်ရှူးတွေနဲ့ အင်္ဂါအစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင် လုံလောက်အောင် မရောက်ရှိတာပါ။ သွေးအားနည်းရောဂါ ခံစားနေရသလားဆိုတာကို သွေးနီဥဆဲလ်တွေထဲက ပရိုတင်း တစ်မျိုးဖြစ်တဲ့ ဟီမိုဂလိုဘင်ကို တိုင်းတာပြီး သိရှိနိုင်ပါတယ်။ အမျိုးသမီးတွေနဲ့ ကင်ဆာလိုမျိုး နာတာရှည်ရောဂါတွေ […]

သွေးအားနည်းရောဂါများ ကို ရှာဖွေမည်။

သွေးအားနည်းရောဂါများ

သွေးဖြူဥတွေ များတယ်ဆိုတာ

သွေးစစ်လိုက်လို့ သွေးအဖြေမှာ သွေးဖြူဥတွေ များတယ်ဆိုတဲ့ အဖြေထွက်လာရင် လူနာတွေက အဲ့တာ ဘာကိုပြောတာလဲဆိုတာ ပြန်မေးတတ်ကြပါတယ်။ ဒါဆို ပြန်ပြောရမှာက ဘယ်သွေးဖြူဥ အမျိုးအစားက များနေတယ်ဆိုတာပါပဲ။ တခြား သွေးနီဥတွေ၊ သွေးဥမွှားတွေနဲ့ မတူတာက သွေးဖြူဥက အမျိုးအစားက ၅မျိုးတောင် ရှိနေတာကြောင့်ပါ။ တစ်ခုချင်းစီမှာလည်း သူ့အဓိပ္ပာယ်နဲ့သူ ရှိနေပါတယ်။ ဒါကြောင့် သွေးဖြူဥတွေ များတယ်ဆိုတာ တစ်ခွန်းတည်း ပြောလိုက်ရုံနဲ့ မပြီးပါဘူး။ ဒါဟာ ကျယ်ပြန့်တဲ့ ကိစ္စပါပဲ။ သွေးဖြူဥ အမျိုးအစားများ သွေးဖြူဥ အမျိုးအစားက ၅မျိုးရှိပါတယ်။ ဒါကြောင့် သွေးဖြူဥများတာ ၅မျိုးရှိတာပေါ့။ Neutrophilia - ပိုးဝင်တာတွေ၊ ရောင်ရမ်းမှုတွေကြောင့် များတတ်ပါတယ်။ အတွေ့ရအများဆုံး အမျိုးအစားပါ။ Lymphocytosis - ဗိုင်းရပ်စ်ပိုးဝင်တာ၊ သွေးကင်ဆာ ရောဂါတွေမှာ များတတ်ပါတယ်။ သူလည်း မရှားပါဘူး။ […]


သွေးအားနည်းရောဂါများ

ရေခဲတွေပဲ စားချင်နေရတဲ့ အကြောင်းအရင်း

စားစရာတွေ အများကြီး ရှိနေရက်ကမှ ရေခဲပဲ စားချင်တယ်။ အခြားဟာတွေထက် ရေခဲကို တဂျွတ်ဂျွတ် ဝါးရတာကို ပိုသဘောကျနေတယ်ဆိုရင်တော့ ဒီဆောင်းပါးကို မဖြစ်မနေ ဖတ်ကြည့်သင့်ပါတယ်။ ဒီအထဲမှာ ရေခဲတွေပဲ စားချင်နေရတဲ့ အကြောင်းအရင်း ကို ပြောပြပေးထားပါတယ်။ ရေခဲ စားချင်နေမိတယ်။ ရေခဲပဲ စားချင်နေမိတယ်၊ ရေခဲကို တဂျွတ်ဂျွတ် ဝါးရတာ သဘောကျနေမိတာ ကိုယ်တစ်ယောက်တည်းလား၊ လို့ တွေးနေမိပြီလား။ ဒီလိုဆိုရင် ပြောချင်တာက ရေခဲကို တဂျွတ်ဂျွတ် ဝါးစားချင်နေတာက ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။ ရာသီဥတု ပူလွန်းတဲ့အခါ ရေခဲစားချင်တဲ့ဆန္ဒ ဖြစ်နိုင်ပါတယ်။ အကြောင်းကတော့ အေးအေးလေးဖြစ်နေတဲ့ ရေခဲက ရေငတ်ပြေစေပြီး အပူဒဏ်ကို သက်သာစေနိုင်လို့ပါ။ ရေခဲတွေပဲ စားချင်နေရတဲ့ အကြောင်းအရင်း ရေခဲတွေပဲ စားချင်နေရတဲ့ အကြောင်းအရင်း က တစ်ခုမကရှိနေနိုင်ပါတယ်။ လူတော်တော်များများ ရေခဲ စားချင်ရတဲ့ အကြောင်းအရင်းကတော့ Pica ရောဂါ ရေခဲကို […]


သွေးအားနည်းရောဂါများ

ကော်ဖီ (သို့မဟုတ်) ကဖိန်းဟာ သံဓာတ်စုပ်ယူခြင်းကို အဟန့်အတားဖြစ်စေသလား

ကော်ဖီ ဒါမှမဟုတ် ကဖိန်းပါတဲ့ စားသောက်ဖွယ်ရာများကို ယနေ့အခါမှာ လူကြိုက်များလာကြပါတယ်။ ကော်ဖီကတော့ လူကြိုက်အများဆုံး စားကုန်တမျိုးဆိုတာက ငြင်းမရပါဘူး။ ကော်ဖီ (သို့မဟုတ်) ကဖိန်းဟာ အာရုံကြောကို လန်းဆန်းအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ တစ်ဖက်မှာလည်း ကဖိန်းဟာ သံဓာတ်လို အာဟာရဓာတ်တချို့ကို ကိုယ်ခန္ဓာကနေ မစုပ်ယူနိုင်အောင် တားဆီးတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် ကော်ဖီဟာ ရှောင်စရာလားဆိုတာ စဉ်းစားဖို့ ဖြစ်လာပါတယ်။ ယခု ဆက်လက်ဖော်ပြပေးမှာကတော့ ကော်ဖီ (သို့မဟုတ်) ကဖိန်းဟာ သံဓာတ်စုပ်ယူခြင်းကို အဟန့်အတားဖြစ်စေသလား ဆိုတာပါပဲ။ https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%E1%80%9E%E1%80%B6%E1%80%93%E1%80%AC%E1%80%90%E1%80%BA/ ကော်ဖီ (သို့မဟုတ်) ကဖိန်းဟာ သံဓာတ်စုပ်ယူခြင်းကို အဟန့်အတားဖြစ်စေသလား သုတေသန အချို့အရ ကော်ဖီနဲ့ ကဖိန်းပါဝင်တဲ့ တခြား အဖျော်ယမကာများဟာ သံဓာတ်စုပ်ယူခြင်းကို လျော့ကျစေတယ်လို့ သိရပါတယ်။ ဥပမာ ဟမ်ဘာဂါတစ်လုံးကို ကော်ဖီတစ်ခွက်နဲ့ သောက်ချိန်မှာ သံဓာတ်စုပ်ယူမှုဟာ ၃၉% […]


သွေးအားနည်းရောဂါများ

သံဓာတ်များပြီး အဆိပ်သင့်ခြင်း

သံဓာတ်ဟာ ကိုယ်ခန္ဓာအတွက် မရှိမဖြစ် အရေးပါတဲ့ အာဟာရဓာတ် ဖြစ်ပါတယ်။ ဦးနှောက်၊ ကြွက်သားများနဲ့ သွေးနီဥဆဲလ်တွေရဲ့ လုပ်ငန်းတာဝန်တွေ ကောင်းစွာလုပ်ဆောင်နိုင်ဖို့ သံဓာတ်လုံလောက်စွာ ရရှိဖို့ လိုအပ်ပါတယ်။ သံဓာတ်နည်းခြင်းနဲ့ ဆက်နွယ်ပြီး သွေးအားနည်းခြင်းလည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုသလို သံဓာတ်ဟာ များလွန်းရင်လည်း ဘေးဥပဒ်ဖြစ်စေတတ်ပါတယ်။ သံဓာတ်များလွန်းလာရင် ကိုယ်ခန္ဓာကနေ ဇီဝဖြိုခွဲခြင်းဖြစ်စဉ် မလုပ်နိုင်တော့ပါဘူး။ မဖြိုခွဲနိုင်တော့လို့ ပိုလျှံလာတဲ့ သံဓာတ်များဟာ အစာအိမ်အူလမ်းကြောင်းတလျှောက် စုပုံလာပါတယ်။ ဒီနည်းနဲ့ အဆိပ်သင့်တဲ့ အဆင့်ကိုရောက်ရှိလာပါတယ်။ သံဓာတ် အဆိပ်သင့်ခြင်း လက္ခဏာများ သံဓာတ်ဟာ အဆိပ်အတောက်ဖြစ်လောက်တဲ့ ပမာဏရောက်လာပြီဆိုရင် ပျို့အန်ခြင်း၊ ဗိုက်နာခြင်း စတာတွေ ဖြစ်လာတတ်ပါတယ်။ သွေးအန်ခြင်း၊ ဝမ်းပျက်ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်းများလည်း ဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံမှာ သံဓာတ်များတာကြောင့် ဝမ်းအရောင်ဟာ အမည်းရောင်နဲ့ သွေးရောင်ဖြစ်သွားတတ်ပါတယ်။ ဒီကနဦးလက္ခဏာတွေဟာ ခြောက်နာရီအတွင်း ဖြစ်ပေါ်လာတတ်ပါတယ်။ ကနဦးလက္ခဏာတွေပေါ်လာပြီး […]


သွေးအားနည်းရောဂါများ

သွေးအားနည်းခြင်းအတွက် သင့်တော်သော အစားအစာများ

ကိုယ်ခန္ဓာထဲမှာ သွေးနီဥဆဲလ်လုံလောက်စွာ မရတဲ့အခါ သွေးအားနည်းခြင်း ဖြစ်ပေါ်ပါတယ်။ သွေးထွက်ခြင်း၊ သွေးနီဥဆဲလ်များ ပျက်စီးခြင်း၊ သွေးနီဥဆဲလ်များ လုံလောက်စွာ မထုတ်လုပ်နိုင်ခြင်း စတဲ့အကြောင်းအရင်းတွေကြောင့် ဖြစ်တတ်ပါတယ်။ သွေးအားနည်းခြင်း ပုံစံမျိုးစုံရှိပါတယ်။ တွေ့ရအများဆုံးကတော့ သံဓာတ်ချို့တဲ့ပြီးဖြစ်တဲ့ သွေးအားနည်းခြင်း ဖြစ်ပါတယ်။ သံဓာတ်မလုံလောက်ရင် သွေးနီဥတွေမှာ ဟေမိုဂလိုဘင်ပရိုတိန်း နည်းပါးတာကြောင့် အောက်ဆီဂျင်ကို ကောင်းစွာသယ်ဆောင်နိုင်စွမ်း မရှိပါဘူး။ ဖောလိတ်နဲ့ ဗီတာမင် B12 နည်းပါးခြင်းဟာလည်း ကိုယ်ခန္ဓာကနေ သွေးနီဥဆဲလ်တွေ အလုံအလောက် မထုတ်လုပ်နိုင်ဘဲ ဖြစ်စေပါတယ်။ ဒါကြောင့် သံဓာတ်နဲ့ ဗီတာမင်ဘီကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးသင့်ပါတယ်။ လူတစ်ဦးဟာ နေ့စဉ် ပျမ်းမျှအားဖြင့် သံဓာတ်ကို ၁၅၀ မှ ၂၀၀ မီလီဂရမ်ထိ လိုအပ်ပါတယ်။ သံဓာတ်အားဖြည့်ဆေးတွေ သောက်သုံးနိုင်သလို သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးနိုင်ပါတယ်။ ယခုဆက်လက်ဖော်ပြသွားမှာကတော့ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ အကြောင်းပါပဲ။ ၁။ […]


သွေးအားနည်းရောဂါများ

သွေးအားနည်း ခြင်းကို ဘယ်လိုကုသကြမလဲ။

သွေးအားနည်း တယ်ဆိုတာ တကယ်တော့ ရောဂါလက္ခဏာတစ်ခုပါပဲ။ သူ့နောက်မှာ တခြားအကြောင်းရင်းတွေ အများကြီး ရှိနိုင်ပါတယ်။ ဒါကြောင့် သွေးအားနည်းတာကို ကုမယ်ဆိုရင် သာမန် သံဓာတ်အားဆေးလေးပဲ သောက်လို့မရပါဘူး။ သွေးအားနည်းတိုင်း သံဓာတ်ချို့တဲ့လို့ မဟုတ်ပါဘူး။ နောက်ခံ အကြောင်းရင်းကို သေချာကုသမှ ရမှာပါ။ သွေးအားနည်း တယ်ဆိုတာ ဘာလဲ။ သွေးအားနည်းတယ်ဆိုတာ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ သွေးနီဥတွေ အလုပ်ကောင်းကောင်း မလုပ်နိုင်တာ၊ အရေအတွက် နည်းသွားတာကို ဆိုလိုတာပါ။ အတိအကျပြောရရင် သွေးနီဥထဲက ဟေမိုဂလိုဘင်လို့ခေါ်တဲ့ ပရိုတိန်းဓာတ် နည်းနေတာပါ။ သွေးအားနည်း စေတဲ့ အကြောင်းရင်းများ သွေးထွက်တာ (ဥပမာ ခန္ဓာကိုယ်မှာ သွေးယိုစိမ့်တာ၊ ရာသီသွေးဆင်းများတာ၊ ထိခိုက်ဒဏ်ရာရတာ) သွေးနီဥ ကောင်းကောင်း မထုတ်နိုင်တာ (ဥပမာ ရိုးတွင်းခြင်ဆီ မကောင်းတာ၊သွေးနီဥ ထုတ်ဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေ မရတာ၊ နာတာရှည်ရောဂါ) သွေးနီဥတွေ […]


သွေးအားနည်းရောဂါများ

သင်က သွေးအားနည်း တတ်သူလား

သင်က သွေးအားနည်း တတ်သူလား ..... သွေးအားနည်း တယ်ဆိုတဲ့ စကားကို အရပ်ထဲမှာ ခဏခဏ ကြားဖူးမှာပါ။ "နင်ကလည်းဟယ် ဖြူဖျော့နေတာပဲဟယ်။ သွေးအားနည်းနေတာလား။" ဒါမှမဟုတ် "ငါခုတလော ခေါင်းမူးနည်းတယ်။ သွေးအားများ နည်းနေလား မသိဘူး"လို့ ပြောတာမျိုး ကြားဖူးမှာပါ။ သူတို့ပြောတာတွေ ဟုတ်ပါတယ်။ ဒါဟာ သွေးအားနည်းခြင်းရဲ့ လက္ခဏာတွေပါပဲ။ သင်က သွေးအားနည်း တတ်သူလား သွေးအားနည်းတယ်လို့ ပြောရင် တော်တော်များများက သံဓာတ်အားနည်းတာနဲ့ တွဲမြင်ကြပါတယ်။ ဒါလည်း မှန်ပါတယ်။ ဒါပေမယ့် သွေးအားနည်းတိုင်း သံဓာတ်အားနည်းနေတာ မဟုတ်ပါဘူး။ သွေးအားနည်းခြင်းရဲ့ နောက်ကွယ်မှာ အကြောင်းအရင်းတွေ အများကြီး ရှိပါတယ်။ အဲ့ဒါတွေကို ဒီဆောင်းပါးမှာ ပြောပြပေးသွားမှာပါ။ သွေးအားနည်းတယ်ဆိုတာ ဘာလဲ။ သွေးအားနည်းတယ်ဆိုတာ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ သွေးနီဥတွေ အလုပ်ကောင်းကောင်း မလုပ်နိုင်တာ၊ အရေအတွက် နည်းသွားတာကို ဆိုလိုတာပါ။ အတိအကျပြောရရင် […]


သွေးအားနည်းရောဂါများ

သွေးဆဲလ်တွေနည်းခြင်း (Pancytopenia)

သွေးဆဲလ်တွေနည်းခြင်း (Pancytopenia) ဆိုတာ ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှုစနစ်မှာ သွေးဆဲလ်၃မျိုး ရှိပါတယ်။ သွေးနီဥရယ် သွေးဖြူဥရယ် သွေးဥမွှားရယ်ပါ။ ဒီသွေးဆဲလ်တွေက နည်းရင်ပဲဖြစ်ဖြစ် များရင်ပဲဖြစ်ဖြစ် ရောဂါဖြစ်တတ်ပါတယ်။ သွေးဆဲလ်တွေ နည်းတာကလည်း ရောဂါပါပဲ။ ဥပမာ ပြောရရင် သွေးနီဥနည်းတာကို ဆေးပညာအရ Anaemia လို့ခေါ်ပါတယ်။ သွေးဖြူဥနည်းတာကို Leucopenia၊ သွေးဥမွှားနည်းတာကို Thrombocytopenia လို့ခေါ်ပါတယ်။ ဒီလို တစ်ခုချင်းစီ နည်းတာလည်း ရှိသလို လူတစ်ယောက်တည်းမှာပဲ သုံးမျိုးလုံး နည်းတာလည်း ရှိပါတယ်။ ဒါကို သွေးဆဲလ်များနည်းခြင်း (Pancytopenia) လို့ ခေါ်ပါတယ်။ ဒီလိုရောဂါမျိုးက တကယ်ရှိတာလား။ ဘာကြောင့်ဖြစ်တာလဲ ဆိုတာ ရှင်းပြပေးပါမယ်။ သွေးဆဲလ်တွေနည်းခြင်း (Pancytopenia) ဘာကြောင့်ဖြစ်ရတာလဲ။ သွေးဆဲလ်နည်းတာက သွေးဆဲလ်ထုတ်ပေးတဲ့ ရိုးတွင်းခြင်ဆီမှာ ပြဿနာတစ်ခုခုရှိနေလို့ပါ။ တခြားရောဂါ တစ်ခုခုရှိနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ တကယ်တော့ သွေးဆဲလ်နည်းတယ် ဆိုတာက […]


သွေးအားနည်းရောဂါများ

သံဓါတ်ချို့တဲ့ရင် ကိုယ်ခန္ဓါက ဘာတွေပြောင်းလဲသွားမလဲ

ကိုယ်ခန္ဓါအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တွေထဲမှာ သံဓါတ်ဟာလည်း တစ်ခုအပါအဝင်ပါပဲ။ သံဓါတ်ဟာ သွေးနီဆဲလ်တွေထဲမှာရှိတဲ့ ဟေမိုဂလိုဘင် (Hemoglobin) လို့ခေါ်တဲ့ ပရိုတင်းဓါတ်ဖြစ်ပြီး အောက်စီဂျင်ကို ကိုယ်ခန္ဓါအနှံ့သယ်ပို့ဖို့ ကူညီပေးပါတယ်။ ဟေမိုဂလိုဘင် မလုံလောက်တဲ့အခါ တစ်သျှူးနဲ့ ကြွက်သားတွေက အားပျော့သွားပြီး သွေးအားနည်းရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ အစာအာဟာရ ပြည့်ဝစွာ မစားတာ၊ ဒါမှမဟုတ် အစားရှောင်တာတွေကြောင့် သံဓါတ်ချို့တဲ့ခြင်း ဖြစ်နိုင်ပြီး လက်ရှိ ကမ္ဘာအနှံ့က ကလေးတွေမှာ သံဓါတ်အားနည်းခြင်းကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါတွေ အရမ်းအဖြစ်များနေပါတယ်။ ဒီတော့ ကိုယ်ခန္ဓါအတွက် မရှိမဖြစ် အရေးပါတဲ့ သံဓါတ်နည်းေနပြီဆိုရင် ဘယ်လိုလက္ခဏာတွေ ပြတတ်လဲဆိုတာ သိထားဖို့တော့ လိုမယ်နော်။ သံဓါတ်ချို့တဲ့သူတွေမှာ ဘယ်လိုလက္ခဏာတွေ တွေ့ရလဲ။ ၁။ တခြားသူတွေထက် ပိုပြီးမောပန်းလွယ်တယ်။ ၂။ မျက်နှာက သွေးရောင်မရှိဘဲ ဖြူဖပ်ဖြူရော်ဖြစ်နေမယ်။ ၃။ အသက်ရှူမဝသလို ခံစားနေရမယ်။ ၄။ ခေါင်းမူးခေါင်းကိုက်ြဖစ်မယ်။ ၅။ ရင်တုန်ပန်းတုန်ဖြစ်မယ်။ ၆။ အရေပြားနဲ့ […]


သွေးအားနည်းရောဂါများ

သံဓာတ်အားနည်းတာက မကောင်းဘူးဆိုတော့ သံဓာတ်များရင်ရော ကောင်းလား။ ။

သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါ အကြောင်းတွေ ကြားဖူးကြမှာပါ။ ဒီလို သံဓာတ်အားနည်းတာ မကောင်းဘူးဆိုတဲ့ အကြောင်းလည်း အားလုံး သိပြီးဖြစ်မှာပါ။ သံဓာတ်အားနည်းတာက မကောင်းဘူးဆိုတော့ သံဓာတ်များရင်ရော ကောင်းလား ။ ဒီလိုလည်း မဟုတ်ပါဘူး။ သွေးတွင်းမှာ သံဓာတ်အားနည်းလည်း မကောင်းသလို သံဓာတ်အားများသွားရင် ကျန်းမာရေးအတွက် စိုးရိမ်ရပါတယ်။ သံဓာတ်အားနည်းတဲ့ အကြောင်းတွေ တော်တော်များများသိ ပြီးကြပြီဆိုတော့ ဒီဆောင်းပါးထဲမှာ သံဓာတ်များတဲ့ ရောဂါအကြောင်း ပြောပြပေးမှာပါ။ သံဓာတ်ဆိုတာ ဘာလဲ။ ။ သံဓာတ်ဆိုတာ သွေးနီဥ haemoglobin ထဲမှာရှိတဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်ပြီး အောက်ဆီဂျင်တွေ ပို့ဆောင်တဲ့နေရာမှာ တာဝန်ယူရတဲ့ ဓာတ်တစ်မျိုးပါ။ သံဓာတ်ကို များသောအားဖြင့် စားတဲ့အစားသောက်တွေရနေ ရရှိပါတယ်။ သံဓာတ်မှာ Heme Iron - အသားတွေကနေရတဲ့ သံဓာတ်အမျိုးအစားနဲ့ Non-heme Iron- အပင် နဲ့ အသားတွေကနေရတဲ့ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်