backup og meta

သွေးမလှူခင် ဘာတွေစားသင့်လဲ။


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးမလှူခင် ဘာတွေစားသင့်လဲ။

    သွေးလှူခြင်းဟာ အသက်ပေါင်းများစွာကို ကယ်တင်ပေးနိုင်တဲ့ အင်မတန် မွန်မြတ်တဲ့ အလုပ်တစ်ခုပါ။ သင့်အနေနဲ့ သွေးလှူဖို့အတွက် စဉ်းစားပြီးပြီ၊ စာရင်းသွင်းပြီးပြီ ဆိုရင်တော့ မလှူခင်မှာ ဘာတွေ လုပ်သင့်တယ်၊ ဘာတွေ ရှောင်သင့်တယ်ဆိုတာကို လေ့လာသင့်ပါပြီ။ သွေးလှူတာဟာ လိုအပ်နေတဲ့ သူတွေအတွက် အများကြီးအကျိုးရှိပြီး အလှူရှင်အတွက်လည်း ဆိုးကျိုးအများကြီးမဖြစ်စေနိုင်ပါဘူး။ ဒါပေမယ့် တစ်ခါတစ်လေမှာ သွေးလှူပြီးတဲ့အခါ မူးတာ၊ ပင်ပန်းနွမ်းနယ်တာ၊ သွေးအားနည်းတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဒီလိုဖြစ်တာလေးတွေကို ကာကွယ်နိုင်ဖို့အတွက် သွေးမလှူခင်နဲ့ သွေးလှူအပြီးမှာ သင့်တော်မှန်ကန်တဲ့ အစားအစာတွေကို စားပေးဖို့လိုအပ်ပါတယ်။

    ဘာတွေစားကြမလဲ။

    ၁။ ရေများများသောက်ပါ။

    ခန္ဓာကိုယ်မှာရှိတဲ့ သွေးတွေမှာ ရေဓါတ်က တစ်ဝက်နီးပါး ပါဝင်တာကြောင့် သွေးမလှူခင်ရော၊ လှူပြီးတဲ့အခါမှာပါ ရေဓါတ်ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ သွေးလှူလိုက်တဲ့ အခါမှာ ရေဓါတ်တွေနည်းသွားနိုင်ပြီး သွေးပေါင်ကျစေနိုင်တဲ့အတွက် မူးတာတွေဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် သွေးမလှူခင်မှာ ပုံမှန်သောက်နေကျထက် ရေအများကြီး ပိုသောက်ပေးဖို့ လိုအပ်ပါတယ်။

    ၂။ သံဓါတ်ပါတဲ့ အစားအစာတွေ စားပေးပါ။

    သွေးလှူတဲ့ အခါမှာ သွေးနဲ့အတူ သံဓါတ်တွေလည်း ဆုံးရှုံးသွားပြီး ပင်ပန်းနွမ်းနယ်ခြင်း နဲ့ သွေးအားနည်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ သံဓါတ်ဟာ အောက်ဆီဂျင်လေးတွေကို ခန္ဓာကိုယ်တစ်ခုလုံးကို သယ်ပို့ပေးနိုင်တဲ့ haemoglobin လို့ခေါ်တဲ့ သွေးနီဥလေးရဲ့အရေးပါတဲ့ အစိတ်အပိုင်းလေးတည်ဆောက်တဲ့ နေရာမှာလည်း အသုံးလိုပါတယ်။ ဒါ့ကြောင့် သွေးမလှူခင် မှာ သံဓါတ်ကြွယ်ဝပြီး မျှတတဲ့ အစားအစာလေးတွေကို စားပေးဖို့ အကြံပေးချင်ပါတယ်။

    သံဓါတ်ကြွယ်ဝတဲ့ အစားအစာလေးတွေကတော့

    (၁) အနီရောင်ရှိတဲ့ အသားများ။( ဥပမာ- အမဲသား၊ ဝက်သား၊ စသည်)

    (၂) ငါးများ၊ အထူးသဖြင့် အခွံမာငါးများ။ (ဥပမာ- တူနာငါး၊ ပုစွန်၊ ကမာ၊ စသည်)

    (၃) ကလီစာများ (ဥပမာ- အသည်း)

    (၄) ဥ နှင့် ပဲအမျိုးမျိုး။

    (၅) အစိမ်းရင့်ရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်များ နှင့် သစ်သီးများ။ ( ဂေါ်ဖီစိမ်း၊ ကန်စွန်းဥ၊ ဟင်းနုနွယ်၊  ကန်စွန်းရွက်၊ ပဲသီးပဲတောင့်များ)

    ၃။ ဗီတာမင် C ပါသော အစားအစာများစားပေးပါ။

    ဗီတာမင်စီ ဟာ သံဓါတ်တွေကို ခန္ဓာကိုယ်ဆီ များများစုပ်ယူနိုင်အောင် ကူညီပေးနိုင်တဲ့အပြင် ခုခံအားလည်းကောင်းစေပါတယ်။ ဒါ့ကြောင့် ဗီတာမင်စီပါတာတွေကိုလည်း မမေ့မလျော့ စားပေးသင့်ပါတယ်။

    ဗီတာမင်စီကတော့ ချဉ်တဲ့ အစားအစာတော်တော်များများမှာပါဝင်ပါတယ်။ ဗီတာမင်စီ ကြွယ်ဝတဲ့အစားအစာတွေ ဥပမာ-သံပရာသီး၊ လိမ္မော်သီး၊ ကီဝီသီး၊ သရက်သီး၊ နာနတ်သီး၊ စတော်ဘယ်ရီသီး တွေကို စားသုံးပေးနိုင်ပါတယ်။

    နောက်တစ်ခုကတော့ သွေးမလှူခင်မှာ ရှောင်ကြဉ်ရမှာလေးတွေ ဆက်ပြီး မျှဝေပေးချင်ပါတယ်။

    ၁။ အရက်

    အရက်နဲ့ အရက်ပါတဲ့ ပစ္စည်းတွေက ရောဓါတ်ခမ်းခြောက်စေနိုင်ပါတယ်။ ဒါ့ကြောင့် အနည်းဆုံး သွေးမလှူခင် ၂၄ နာရီအလိုမှာ အရက်မသောက်ဖို့ ဂရုစိုက်ပေးသင့်ပါတယ်။

    ၂။ ခန္ဓာကိုယ်အတွက် သံဓါတ်များများမရောက်အောင် တားတဲ့ အစားအစာများ။

    ဥပမာ- ကော်ဖီ၊ လက်ဖက်ရည်၊ ကယ်ဆီယမ်ဓါတ်ကြွယ်ဝသော နို့ နှင့် နို့ထွက် ပစ္စည်းများ၊ ဝိုင်၊ ချော့ကလက် စတာတွေက သံဓါတ်ကို တားဆီးနိုင်တဲ့ အတွက် ရှောင်ပေးသင့်ပါတယ်။ အဆီဓါတ်များတဲ့ အစားအစာများ (ဥပမာ- အကြော်အလှော်တွေ၊ ထောပတ်၊ ရေခဲမုန့်) စတာတွေကို လည်း ရှောင်ဖို့ အကြံပေးချင်ပါတယ်။

    ၃။ Aspirin ပါသောဆေးများ။

    သွေးတိတ်လွယ်အောင်လို့ မလှူခင်  ၄၈ နာရီလောက် aspirin ပါတဲ့ဆေးတွေကို ရှောင်ပေးသင့်ပါတယ်။

    ကျန်းကျန်းမာမာနဲ့ သွေးလှူနိုင်ပြီး အသက်ပေါင်းများစွာကို ကယ်တင်နိုင်ကြပါစေ။

    ရေးသားသူ- Phoo Ngon

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement