backup og meta

ဘာကြောင့် မျက်ကွင်းတွေညိုနေရတာလဲ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 15/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘာကြောင့် မျက်ကွင်းတွေညိုနေရတာလဲ ။ ။

    မှန်ထဲကြည့်လိုက်တဲ့အချိန် မျက်လုံးအောက်က မည်းမည်း အချိုင့်တွေကြော့င် ရှိရင်းစွဲ အသက်ထက် ပိုကြီးနေသယောင် ထင်ကြရတယ်ဟုတ်။ သူများတွေကို ကြည့်လိုက်ရင် မျက်လုံးလေးတွေ တောက်တောက် ပြည့်ပြည့်လေးတွေ။ ကိုယ့်ကျမှ ဘာကြောင့် မျက်ကွင်းတွေညိုနေရတာလဲ ။ ။

    ဘာကြောင့် မျက်ကွင်းတွေညိုနေရတာလဲ ။ ။

    ဘာ့ကြောင့် မျက်ကွင်းတွေညိုနေရတာလဲ ….. Panda eyes, Raccoon eyes , eyes rings ဆိုပြီး အမျိုးမျိုးခေါ်ကြတဲ့ မျက်ကွင်းညိုခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေကတော့

    ( ၁ ) အိပ်ရေးမဝလို့ပါ။

    လူတိုင်းသိပါတယ်။ အိပ်ရေးမဝတဲ့ရက်တွေများလာရင် မျက်ကွင်းညိုတတ်တယ်ဆိုတာကို။ ဒါက မျက်ကွင်းညိုတာ ၊ မျက်တွင်းချိုင့်တာကို အဓိက ဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုပါ။ အိပ်ရေးမဝလို့ မျက်ကွင်းညိုတာကို ဖြေရှင်းပေးမယ့် တစ်ခုတည်းသော အဖြေက အိပ်ချိန်လုံလောက်စွာ အိပ်စက်ဖို့ ဖြစ်ပါတယ်။ တစ်နေ့ကို အနည်းဆုံး အိပ်ချိန် ၇ နာရီရှိပါစေ။ အိပ်ခါနီးဖုန်းသုံးတာ ၊ ကဖင်းဓာတ်များတာတွေသောက်တာမျိုးကို အဓိက ရှောင်ကြဉ်ပါ။

    ( ၂ ) အာဟာရချို့တဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

    ဗီတာမင်တွေထဲမှာဆို ဗီတာမင် K ချို့တဲ့တဲ့သူ အများစုက မျက်ကွင်းညိုတဲ့ ပြဿနာကိုခံစားရတတ်ပါတယ်။ ဒါကြောင့် ဗီတာမင် K ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ ကိုက်လန်၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်း၊ ငါး၊ အသားအမျိုးမျိုးနဲ့ ဥတွေကို မျှတအောင်စားပေးပါ။ ဗီတာမင် Kပါ တဲ့ Eye cream တွေဝယ်သုံးလို့လည်း ရပါတယ်။

    ( ၃ ) ဆေးလိပ် အရက်သောက်တဲ့သူတွေ ။

    ဆေးလိပ်တို့ အရက်တို့ဆိုတာ လူကို ရှိရင်းစွဲ အသက်ထက်ပိုရင့်သွားစေတဲ့တရားခံတွေပါ။ ကိုယ့်မှာ အစောတည်းက မျက်ကွင်းညိုတဲ့ ပြဿနာရှိရင် ညိုနေတဲ့ မျက်ကွင်းကို ပိုဆိုးသွားစေတတ်တဲ့အပြင် ဘာကောင်းကျိုးမှ မရှိတာကြောင့် ဆေးလိပ် အရက်ကို ဖြတ်ဖို့ ကြိုးစားသ့င်ပါတယ်။

    ( ၄ ) နှာစေး နှာပိတ်ဖြစ်ခြင်း ။

    နှာစေး နှာပိတ်တဲ့အခါ sinuses လို့ခေါ်တဲ့ နှာခေါင်းတွင်းပိုင်းရှိ အခန်းလေးတွေနဲ့ မျက်လုံးကိုသွားတဲ့ သွေးပြန်ကြောတွေ ပိတ်သွားတာကြောင့် မျက်ကွင်းညိုတဲ့ ပြဿနာတွေ ပိုဖြစ်တတ်ပါတယ်။ ခုလို မိုးရာသီဆို၊ အမှုန်အမွှားများတဲ့ ဆောင်းတွင်းလိုရာသီတွေမှာ ဓာတ်မတည့်တဲ့ပြဿာနာတွေ ပိုဆိုးတတ်တာကြောင့် နှာစေးနှာပိတ်ရာကနေ မျက်ကွင်းညိုတဲ့ ပြဿနာတွေဖြစ်တတ်ပါတယ်။

    ( ၅ ) အသက်ကြီးလာခြင်း။

    အသက်ကြီးလာတဲ့အခါ ရေဓာတ်တွေခမ်းခြောက်လာပြီး အရေပြားတွေ ပါးကုန်တာကြောင့် သွေးကြောတွေ ပိုထင်းလာပြီး မျက်ကွင်းညိုသွားတတ်ပါတယ်။ ဒါကိုသက်သာစေဖို့ဆို အသက်ကြီးတဲ့သူတွေအတွက်ထုတ်ထားတဲ့ eye cream တွေသုံးပေးလို့ရပါတယ်။

    ( ၆ ) နေပူထဲ အသွားများတဲ့ သူတွေ။

    နေရောင်ထဲက ခရမ်းလွန်ရောင်ခြည် တွေက အသားအရေတွေကို မည်းစေတယ်ဆိုတော့ နုနယ်တဲ့မျက်လုံးအောက်က အရေပြားလေးတွေဆို ပိုဆိုးတာပေါ့။ ဒါ့ကြောင့် နေပူထဲ သွားတိုင်း နေကာမျက်မှန်ဆောင်သွားဖို့ လိုအပ်ပါတယ်။

    ( ၇ ) မျိုးရိုးဗီဇကြောင့်ပါ။

    ကိုယ့်မျိုးရိုးကိုတည်းက မျက်ကွင်းညိုတတ်တဲ့ သူတွေဖြစ်ခဲ့ရင် ကိုယ်မှာလည်း ဒီ မျိုးရိုးဗီဇပါလာမှာ ဖြစ်ပါတယ်။ ဒီလို မျိုးရိုးကြောင့် ဖြစ်တာဆိုရင်တော့ ဘာမှလုပ်ဖို့ မတတ်နိုင်ပေမယ့် ညိုနေတဲ့ ကိုယ့်မျက်လုံးလေးတွေကို ကွန်စီလာ(concealer) မိတ်ကပ်နဲ့ ဖုံးကွယ်ပေးလို့တော့ ရပါတယ်။

    ( ၈) ကိုယ်သောက်နေတဲ့ဆေးတွေ။

    ကိုယ်ဝန်တားဆေးသောက်ဆေးတွေက သွေးကြောတွေကိုကျယ်စေတဲ့ အာနိသင်ရှိတာကြောင့် သူတို့ကလည်း မျက်ကွင်းညိုစေတဲ့ တရားခံတွေကတစ်ခုပါ။ လူတိုင်းတော့ မဖြစ်ပေမယ့် သူ့ကြောင့် မျက်ကွင်းညိုတဲ့သူတွေလည်း မနည်းပါဘူး။

    ဒါတွေကတော့ မျက်ကွင်းညိုခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေပါ။ ဒီထဲက တချို့အကြောင်းအရင်းတွေကို ပြောင်းလဲလို့မရပေမယ့် ဖြစ်နေတဲ့ မျက်ကွင်းညိုတဲ့ ပြဿနာကို လျော့ပါးအောင် ဖြေရှင်းလို့တော့ရပါတယ်။

    • အိပ်ရေးဝဝအိပ်ပါ။
    • ရေများများသောက်ပါ။
    • အာဟာရ ပြည့်ဝအောင် များများစားပါ။
    • မျက်လုံးတစ်ဝိုက်အတွက် သီးသန့်ထုတ်ထားတဲ့eye cream တွေ အသုံးပြုပေးပါ။
    • သဘာဝနည်းတွေဆို သခွားသီးကပ်ပေးတာ၊ မျက်လုံးအောက် အာလူးကပ်ပေးတာ၊ လက်ဖက်စိမ်းအိတ်လေးတွေ ကပ်ပေးတာမျိုး လုပ်လို့ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 15/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement