backup og meta

အသားဖြူဆေးတွေရဲ့ နောက်ကွယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသားဖြူဆေးတွေရဲ့ နောက်ကွယ်

    အသားဖြူဖြူလေးတွေမြင်တိုင်း ငေးကြည့်မိပြီး ကိုယ်တိုင်လည်း အသားဖြူချင်လိုက်တာဆိုတဲ့ စိတ်ကူးမျိုးဖြစ်နေပြီလား။ ဒီလိုဆိုတာနဲ့ အသားဖြူအောင်ဆိုပြီး အသားဖြူသောက်ဆေးတွေ သောက်ဖို့ စဉ်းစားနေတယ်ဆိုရင်တော့ မသောက်ခင် ဒီဆေးတွေသောက်လို့ ဘာတွေဖြစ်လာနိုင်လဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

    အသားဖြူဖို့ ဆေးသောက်မှဖြစ်မှာလား……

    အသားဖြူစေဖို့အတွက် ဆေးသောက်တဲ့နည်းလမ်းပဲ ရွေးချယ်စရာရှိတာ မဟုတ်ပါဘူး။

    အသားဖြူဆေးသောက်ရင် ဘာတွေဖြစ်လာနိုင်လဲ……

    အွန်လိုင်းပေါ်မှာ သူများတွေက ကောင်းတယ်ဆိုတိုင်း အသားဖြူဆေးတွေကိုမသောက်သင့်ပါဘူး။ အရည်အသွေးပြည့်မီမှုမရှိတဲ့ အသားဖြူဆေးတွေကိုသောက်မိမယ်ဆိုရင် မလိုလားအပ်တဲ့နောက်ဆက်တွဲပြဿနာတွေ အများကြီးဖြစ်နိုင်ပါတယ်။

    အသည်းထိခိုက်နိုင်တယ်

    အသားဖြူဆေးတွေကို အသားဖြူချင်ဇောနဲ့ အများကြီးသောက်တဲ့အခါ အသည်းကသန့်စင်မှုကို အများကြီးလုပ်ရပြီး နောက်ဆက်တွဲအနေနဲ့ အသည်းထိခိုက်ပျက်စီးနိုင်ပါတယ်။ အသားဖြူဆေးတွေက ထိရောက်တဲ့အစွမ်းအာနိသင်ပြစေဖို့ ဆေးပမာဏကို လိုတာထက်ပိုပြင်းအောင် လုပ်ထားတတ်ကြတဲ့အတွက် ရေရှည်မှာ အသည်း ထိခိုက်နိုင်ပါတယ်။

    ကင်ဆာ ဖြစ်စေနိုင်တယ်

    အသာဖြူဆေးဝယ်တဲ့အခါ ပါဝင်ပစ္စည်းတွေကို သေချာစစ်ဆေးဖို့က မေ့ထားလို့မဖြစ်ပါဘူး။ အသားဖြူဆေးတော်တော်များများက ခန္ဓါကိုယ်ရဲ့ ဟော်မုန်းထွက်ရှိမှုကို ကမောက်ကမဖြစ်စေနိုင်သလို မယ်လ်လာနင်ထွက်ရှိမှုကို ဟန့်တားမှုက ရေရှည်မှာ ထိခိုက်မှုတွေဖြစ်လာစေနိုင်သလို အသားဖြူဆေးတွေမှာပါတဲ့ Hydroquinone ဓါတုဒြပ်ပေါင်းက ကင်ဆာဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသားဖြူဆေးကိုသောက်ချင်တယ်ဆိုရင်တောင် ပါဝင်ပစ္စည်းတွေကို သေချာလေး စစ်ဆေးစေချင်ပါတယ်။

    အစာအိမ်နာစေနိုင်တယ်

    အသားဖြူဆေးတော်တော်များများက အစာအိမ်ကိုထိခိုက်စေနိုင်ပြီး ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုတော်တော်လေးထိခိုက်စေပါတယ်။ အသားဖြူဆေးကြောင့် အော့အန်တာ၊ မအီမသာဖြစ်တာ၊ အစားစားလို့မဝင်တာ၊ ညဘက်အိပ်မပျော်တဲ့ လက္ခဏာတွေလည်း ခံစားရနိုင်ပါတယ်။

    အရေပြားရောင်ရမ်းစေနိုင်တယ်

    အသားဖြူဆေးအချို့က အသားဖြူစေတာထက် ဘေးထွက်ဆိုးကျိုးအနေနဲ့ အသားအရေရောင်ရမ်းတာ၊ နီမြန်းတာ နဲ့ အဖုအပိမ့်တွေထွက်တာမျိုးတွေဖြစ်စေနိုင်ပါတယ်။ အသားဖြူဆေးသောက်ပြီးလို့ အသားမှာ ဓါတ်မတည့်တဲ့ လက္ခဏာတစ်ရပ်ရပ်တွေ့ရမယ်ဆိုရင် ဆရာဝန်နဲ့ ချက်ချင်းပြသပေးပါ။

    အသားဖြူဖို့ ဘာတွေလိုက်နာဖို့လိုမလဲ………..

    အသားဖြူဆေးတွေသောက်ပြီးမှ အသားဖြူတာမဟုတ်ပါဘူး။ ဒီအချက်လေးတွေကိုလိုက်နာပေးမယ်ဆိုရင်လည်း အသားဖြူစေမှာပါ။

    ကဲ..အသားဖြူဆေးတွေမသောက်ခင် သေချာစဉ်းစားနော်…………….

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement