backup og meta

ဆောင်းရာသီမှာ ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေလေးကို ဒီလို ထိန်းသိမ်းပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 30/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆောင်းရာသီမှာ ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေလေးကို ဒီလို ထိန်းသိမ်းပါ။

    ဆောင်းကာလက အသားအရေအတွက် ခက်ခဲတဲ့ ရာသီဥတု တစ်ရပ်ပါ။ ဆောင်းရာသီမှာ ခြောက်သွေ့မှု များတာကြောင့် အသားအရေရဲ့ အစိုဓာတ် ထိန်းသိမ်းနိုင်စွမ်းကို ထိခိုက်စေနိုင်သလို ခြောက်သွေ့မှုတွေကို ဖြစ်စေနိုင်ပါတယ်။

    သာမန် အသားအရေ အတွက်တောင် ခက်ခဲတဲ့ ဆောင်းကာလက ဝက်ခြံ ဖြစ်လွယ်သူတွေ အတွက်တော့ တော်တော်လေး ခက်ခဲမယ့် အခိုက်အတန့်ပါ။ ဒီတော့ ဆောင်းရာသီမှာ ဝက်ခြံတွေ ပိုဆိုးမလာအောင် ဘယ်လိုများ အသားအရေ ထိန်းသိမ်းရမလဲလို့ စဉ်းစားနေပြီလား……………

    ဆောင်းရာသီမှာ ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေလေးကို ထိခိုက်မှု ကင်းစေဖို့

    ဆောင်းရာသီမှာ ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေလေးကို ထိန်းသိမ်းဖို့ဆိုရင်

    မျက်နှာသစ်ဆေး ပြောင်းပါ။

    ဆောင်းရာသီမှာ အသားအရေက ကျန်တဲ့ ရာသီတွေထက် ထိခိုက် လွယ်ပါတယ်။ ဒါ​ကြောင့် အသားအရေကို ထိခိုက်မှု ကင်းစေဖို့ ဆိုရင် အသားအရေကို ထိခိုက်မှု ကင်းပြီး အကောင်းဆုံး သန့်စင်ပေးနိုင်မယ့် မျက်နှာသစ်ဆေး အပျော့စားလေးတွေကို ရွေးပေးပါ။ ဝက်ခြံထွက်တတ်တဲ့သူတွေအတွက်  ထုတ်ထားတကို အသုံးပြုပေးပါ။

    မျက်နှာ ခဏခဏ မသစ်ပါနဲ့။

    မျက်နှာ ခဏခဏ သစ်တာက မျက်နှာပေါ်က အဆီတွေကို ခမ်းစေပြီး အသားအရေ ခြောက်သွေ့မှုတွေကို ဖြစ်စေပါတယ်။ အရေပြားကို ထိခိုက်လွယ်စေပါတယ်။

    အရေပြားကို ထိခိုက်လွယ်တာက နောက်ဆက်တွဲ အနေနဲ့ ပိုးဝင်တာ၊ ဝက်ခြံတွေ ဖြစ်တာကို ဖြစ်စေနိုင်တာကြောင့် ဆောင်းတွင်းမှာ ခဏခဏ မျက်နှာသစ်တာကို ရှောင်ပါ။

    Moisturizer လိမ်းပါ

    ဆောင်းတွင်းမှာ အသားအရေကို ထိခိုက်မှာ စိုးပြီး Moisturizer မလိမ်းတာမျိုး မလုပ်ပါနဲ့။ Moisturizer က အသားကို ခြောက်သွေ့တာမျိုး မဖြစ်စေပါဘူး။ ရေဓာတ် ဖြည့်ပေးပြီး အသားအရေကို ပိုမို ကျန်းမာစေမှာပါ။

    ဒါကြောင့် ဆောင်းရာသီ ရောက်လာလို့ဆိုပြီး Moisturizer မလိမ်းတာမျိုး မလုပ်ပါနဲ့။ မနက်တစ်ကြိမ် ညတစ်ကြိမ် ပုံမှန်လိမ်းပေးပါ။

    နေလောင်ကာခရင်မ် လိမ်းပါ။

    ဆောင်းရာသီက အေးတာ မှန်ပေမယ့် နေရောင်ကြောင့် အသားအရေ ပျက်စီးနိုင်ခြေကတော့ ရှိနေဆဲပါ။ ဒါကြောင့် ဆောင်းအေးလို့ဆိုပြီး နေလောင်ကာ ခရင်မ် မလိမ်းတာမျိုး မလုပ်ပါနဲ့။

    ဆောင်းတွင်းမှာလည်း အသားအရေ ထိခိုက်မှု ကင်းပြီး ကျန်းမာစေဖို့ အပြင် မထွက်ခင် အနည်းဆုံး ၁၅ မိနစ် အလိုမှာ နေလောင်ကာ ခရင်မ်ကို လိမ်းပေးပါ။

    ရေများများသောက်ပါ။

    ရေဓာတ် ပြည့်ဝမှုက အသားအရေ ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဒါ​ကြောင့် ဆောင်းတွင်းမှာ အသားအရေ ပြဿနာ ကင်းစေဖို့ ရေများများ သောက်ပေးပါ။

    ဒီအချက်လေးတွေကို လိုက်နာပြီး လုပ်ဆောင်တာအပြင် အသားအရေကို ထိခိုက်စေနိုင်တဲ့ အပြုအမူတွေ ဖြစ်ကြတဲ့ ဝက်ခြံတွေကို ကုတ်ဖဲ့တာ၊ ညှစ်တာ၊ ဆိတ်ဆွတာမျိုးတွေ မလုပ်ပါနဲ့။ ဒီလိုလုပ်တာက အသားအရေကို ထိခိုက်စေပြီး ဆောင်းတွင်းမှာ အရေပြား ထိခိုက်မှု များစေနိုင်လို့ပါ။ နောက်တစ်ခုက အရေပြားကို သန့်စင်အောင် ထားဖို့ပါပဲ။

    ကဲ… ဒီ နည်းလမ်းလေးတွေအတိုင်း ဆောင်းကာလမှာ ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေလေးကို ကျန်းမာစေဖို့ စောင့်ရှောက်လိုက်စို့နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 30/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement