backup og meta

ချစ်သူများနေ့မှာ ပျိုမေတွေ အလှဆုံးဖြစ်နေစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ချစ်သူများနေ့မှာ ပျိုမေတွေ အလှဆုံးဖြစ်နေစေဖို့

    ဘာလိုလိုနဲ့ ချစ်သူများနေ့တောင် ရောက်လာတော့မယ်နော်။ မမတွေ၊ ညီမတွေလည်း ကိုယ့်ချစ်သူနဲ့ ပျော်ပျော်ပါးပါး လျှောက်လည်ဖို့ အလှဆုံးဖြစ်နေချင်ကြမယ် ထင်ပါတယ်။ အသားအရေလး ပန်းသွေးကြွပြီး နူးညံ့လှပနေစေဖို့ ပျိုမေတို့အတွက် အလှအပရေးရာနဲ့ ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို ဝေမျှပေးမယ်နော်။

    ၁။ ရေများများသောက်ပေးပါ။

    ကျန်းမာစိုပြေတဲ့ အသားအရေပိုင်ရှင်ဖြစ်ဖို့ ခန္ဓါကိုယ်က ရေဓါတ်ြပည့်ဝနေဖို့ အရေးကြီးပါတယ်။ ပုံမှန် တစ်နေ့ကို အနည်းဆုံး ဖန်ခွက် ၈ခွက်ခန့် ရေသောက်ပေးရပါမယ်။ အားကစားလုပ်နေတဲ့ ပျိုမေတွေဆိုရင် ရေဓါတ်ပိုပြီး ဆုံးရှုံးသွားနိုင်တဲ့အတွက် ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။

    ၂။ နေလောင်ကာခရင်မ် လိမ်းပါ။

    အပြင်ခဏလေးပဲ သွားလို့ဆိုပြီး ဘာမှမလိမ်းပဲ ထွက်တာမျိုး မလုပ်ပါနဲ့။ နေရောင်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် အသားအရေကို ပျက်စီးကြမ်းတမ်းစေပြီး အရောင်မှိန်စေတယ်။ လူကို အိုမင်းရင့်ရော်စေပြီး အလှပျက်စေနိုင်ပါတယ်။ အရေးကြီးတဲ့ ချစ်သူများနေ့မှာ အလှဆုံးဖြစ်နေဖို့ဆိုရင်တော့ အပြင်ထွက်တိုင်း နေလောင်ကာခရင်မ် အသုံးပြုဖို့တော့ လိုမယ်နော်။

    ၃။ အစိုဓါတ်ထိန်းခရင်မ် လိမ်းပါ။

    အသားအရေလေး နူးအိစိုပြေပြီး ပန်းသွေးလက်စေဖို့ အစိုဓါတ်ပြည့်ဝနေရပါမယ်။ ရေချိုးပြီးတဲ့အချိန်ဖြစ်စေ၊ ညအိပ်ခါနီးအချိန်ဖြစ်စေ အစိုဓါတ်ထိန်းခရင်မ် ပါးပါးလေးလိမ်းပြီး အသားအရေကို ထိန်းသိမ်းပြုပြင်လို့ ရပါတယ်။

    ၄။ အသားအရေကို မကုတ်ဖဲ့ပါနဲ့။

    ကုတ်ဖဲ့တဲ့ အမူအကျင့်ဟာ အလွန်ကြည့်ရဆိုးစေတဲ့အပြင် ပွန်းပဲ့ဒဏ်ရာတွေ ဖြစ်စေနိုင်တယ်။ အသားအရေကိုလည်း ပျက်စီးစေပါတယ်။ အထူးသဖြင့် ဝက်ခြံ၊ အဆီဖု၊ အဖုအပိမ့်တွေ၊ အမည်းစက်တွေကို လက်နဲ့ ညှစ်တာ၊ ကုတ်ဖဲ့တာမျိုး မလုပ်ပါနဲ့။ လက်သည်းတွေထဲက ပိုးတွေ၊ အညစ်အကြေးနဲ့ ဖုန်မှုန့်တွေ အသားထဲ ဝင်သွားတဲ့အခါ အနာကို ပိုဆိုးသွားစေနိုင်လို့ပါ။

    ၅။ အားကစားလုပ်ပါ။

    အားကစားလုပ်ခြင်းဟာ ကျန်းမာရေးနဲ့ အလှအပအတွက် ကောင်းကျိုးများစွာ ပေးနိုင်တဲ့ အလေ့အကျင့်ကောင်း တစ်ခုဖြစ်ပါတယ်။ ကျန်းမာတဲ့ ကိုယ်အလေးချိန်တစ်ခု ရောက်အောင် ထိန်းညှိပေးနိုင်တဲ့အပြင် ကိုယ်ခန္ဓါကိုလည်း သွယ်လျပြီး ကြည့်လို့ကောင်းစေပါတယ်။ အားကစားရုံမှာ အချိန်ပေးပြီး မကစားနိုင်ဘူးဆိုရင်လည်း မနက်ခင်းလမ်းလျှောက်တာ၊ အပြေးလေ့ကျင့်တာ၊ ရေကူးတာ၊ ကိုယ်ကာယလေ့ကျင့်ခန်း လုပ်ပေးလို့ ရပါတယ်။

    ၆။ အစားအစာကို ဂရုစိုက်ပါ။

    နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေဟာ အသားအရေ လှပမှုကိုလည်း သွားပြီး သက်ရောက်စေပါတယ်။ အဆီ၊ အကြော်အလှော်တွေ၊ အသားတွေကို ဒီရက်ပိုင်းအတွင်း လျှော့စားပေးပါ။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို ပိုစားပေးပါ။ ရေများများသောက်ပါ။

    ၇။ အိပ်ရာဝင်ခါနီး မိတ်ကပ်တွေ အကုန်ဖျက်ပြီးမှ အိပ်ပါ။

    အလုပ်ကနေ ပြန်လာလို့ ပင်ပန်းပြီး မျက်နှာမသစ်၊ မိတ်ကပ်ေသချာမဖျက်ပဲ တန်းပြီး အိပ်လိုက်တာမျိုး မလုပ်ပါနဲ့။ အသားအရေကို အရောင်မှိန်စေပြီး အိုမင်းရင့်ရော်စေတဲ့အပြင် သဘာဝပန်းသွေးရောင်လည်း ပျောက်သွားစေနိုင်ပါတယ်။

    ၈။ အိပ်ရေးဝအောင် အိပ်ပါ။

    ညဘက်တွေမှာ စောစီးစွာ အိပ်ပေးပါ။ တစ်ရက်ကို အိပ်ချိန် အနည်းဆုံး ၇နာရီခန့် ရှိဖို့ လိုအပ်ပါတယ်။ ကျန်းမာစိုပြေတဲ့ အသားအရေ ပိုင်ဆိုင်ဖို့ ကောင်းကောင်း အနားယူပေးဖို့ လိုအပ်ပါတယ်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement