backup og meta

မလိုချင်တဲ့ အမွေးအမျှင်တွေကို ဖယ်ရှားချင်သူတွေအတွက် နည်းလမ်းကောင်းတစ်ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မလိုချင်တဲ့ အမွေးအမျှင်တွေကို ဖယ်ရှားချင်သူတွေအတွက် နည်းလမ်းကောင်းတစ်ခု

    ခန္ဓာကိုယ် ပေါ်က အမွေးအမျှင်တွေ တိုင်းကတော့ လူတိုင်းမလိုချင်ကြပါဘူးနော်။ ဆံပင်မျက်ခုံးမွေးနဲ့ မျက်တောင်မွေးတွေက လွဲလို့ပေါ့။ အထူးသဖြင့် အလှကြိုက်တဲ့လေဒီလေးတွေဆိုရင် မလိုချင်တဲ့အမွေးအမျှင်တွေက တော်တော်လေးများမှာပါ။ ဒီလို ဆိုတာနဲ့ အမွေးအမျှင်တွေကို အမြဲရိတ်နေတကလည်း အဆင်တော့သိပ်မပြေလှပါဘူး။ တစ်ခါရိတ်ထားရင် တစ်ပတ်လောက်ပဲခံတာမျိုးဆိုတော့ အပတ်စဉ်အလုပ်ရှုပ်နေရပြီပေါ့။ ဒီပြဿနာကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းရှာနေတာဆိုရင်တော့ နည်းလမ်းကောင်းလေးတစ်ခုရှိပါတယ်။

    အမွေးအမျှင်ဖယ်ရှားတဲ့ နည်းလမ်းတွေကဘာတွေလဲ…….

    ခန္ဓာကိုယ်ပေါ်က မလိုချင်တဲ့အမွေးအမျှင်တွေကို ဖယ်ရှားနိုင်တဲ့ နည်းလမ်းတွေက တစ်ခုမကရှိပါတယ်။

  • ရိတ်ပစ်တာ
  • နုတ်ပစ်တာ
  • ဖယောင်းကပ်ခွာသုံးဖယ်ရှားတာ
  • လေဆာကုထုံးသုံးတာ
  • IPL ကုထုံးသုံးတာတွေပါ။
  • မလိုချင်တဲ့ အမွေးအမျှင်တွေကို အထိရောက်ဆုံးဖယ်ရှာပေးမယ့်ကုထုံးတစ်ခု (IPL ကုထုံး)

    ဒီထဲကမှာ အချိန်တော်တော်ကြာတဲ့အထိ လှည့်ကြည့်စရာမလိုတာကြောင့် အလုပ်များတဲ့လေဒီလေတွေအတွက် အဆင်ပြေစေမယ့်နည်းလမ်းတစ်ခုကတော့ IPL ကုထုံးသုံးပြီး အမွေးအမျှင်တွေကို ဖယ်ရှားတာပါ။

    IPL (Intense Pulsed Light) ကုထုံးဆိုတာဘာလဲ……….

    ခန္ဓာကိုယ်ပေါ်ကမလိုလားအပ်တဲ့ အမွေးအမျှင်တွေကိုအထိရောက်ဆုံးဖယ်ရှားပေးနိုင်တဲ့ ကုထုံးတစ်ရပ်ပါ။ IPL ဆိုတာက ရောင်ခြည်တန်းကို အသုံးပြုပြီး အမွေးအမျှင်တွေကိုဖယ်ရှားတဲ့ အလှအပရေးရာကုထုံးတစ်မျိုးပါ။

    အရေပြားအောက်က မွေးညှင်းအိတ်ကလေးတွေကို လုပ်ဆောင်မှုနှေးကွေးသွားရောင် ရောင်ခြည်ကို အသုံးပြုပြီး လုပ်ဆောင်တဲ့ ကုထုံးတစ်ရပ်ပါ။ မြင်သာတဲ့အမွှေးအမျှင်တွေ (ဥပမာ- ချိုင်းမွေး၊ခြေသလုံးမွေး)တွေကိုဖယ်ရှားဖို့ဆိုရင် အနည်းဆုံး ကုထုံးကို ၁ ကြိမ်မကခံယူဖို့လိုပါမယ်။ တစ်ကြိမ်တည်းနဲ့တော့ သိသာမှုရှိမှာ မဟုတ်လို့ပါ။ သတ်မှတ်ထားတဲ့ ကုထုံးအကြိမ်ရေအတိုင်းခံယူပြီးရင်တော့ မလိုချင်တဲ့ အမွေးအမျှင်တွေကို အပြီးတိုင် ဖယ်ရှားလိုက်နိုင်မှာ အသေအချာပါ။

    IPL ကုထုံးခံယူရင် အချိန်ဘယ်လောက်ကြာမှာလဲ…..

    IPL ကုထုံးခံယူမယ်ဆိုရင် ခန္ဓာကိုယ်ပေါ်က နေရာတွေကိုလိုက်ပြီး အချိန်အပိုင်းအခြားကလည်း ကွာခြားနိုင်ပါတယ်။ ခြေထောက်တွေနဲ့ချိုင်းလိုနေရာမျိုးဆိုရင်တော့ တစ်နာရီက နေ ၂ နာရီလောက်အထိကြာမြင့်နိုင်ပါတယ်။ မျက်နှာပေါ်က မွေးညှင်းလေးတွေကိုဖယ်ရှားမယ်ဆိုရင်တော့ မိနစ်ပိုင်းလောက်ပဲ ကြာမြင့်မှာဖြစ်ပါတယ်။

    ဘယ်နှကြိမ်လောက် ကုထုံးခံယူရမလဲ………

    မြင်သာတဲ့အမွေးအမျှင်တွေ (ဥပမာ- ချိုင်းမွေး၊ခြေသလုံးမွေး)တွေကိုဖယ်ရှားဖို့ဆိုရင် အနည်းဆုံး ကုထုံးကို ၈ ကြိမ် ကနေ ၁၀ ကြိမ်အထိခံယူဖို့လိုပါမယ်။ တစ်ကြိမ်တည်းနဲ့တော့ သိသာမှုရှိမှာ မဟုတ်ပါဘူး။ ၆ ကြိမ်ကနေ ၈ကြိမ်လောက်ထိ ကုသမှုခံယူပြီးရင်တော့ မလိုချင်တဲ့ အမွေးအမျှင်တွေကို အပြီးတိုင်နီးပါး ဖယ်ရှားလိုက်နိုင်မှာ အသေအချာပါ။

    ဘယ်လောက်တစ်ကြိမ် လုပ်ဆောင်ပေးရမလဲ……..

    အမွေးအမျှင်တွေကို အပြီးတိုင်နီးပါးဖယ်ရှားနိုင်ဖို့အတွက် ကုထုံးကို အနည်းဆုံး ၆ ကြိမ်ကနေ အများဆုံး ၈ ကြိမ်ထိခံယူဖို့လိုပါမယ်။ တစ်ကြိမ်နဲ့တစ်ကြိမ်ကြားမှာတော့ အနည်းဆုံး ၄ ပတ်လောက်ခြားထားသင့်ပါတယ်။

    IPL ကုထုံးရဲ့ ထိရာက်မှုကရော ဘယ်လိုလဲ……

    IPL ကုထုံးခံယူလိုက်တဲ့အခါ အမွေးအမျှင်တွေကို တော်တော်လေးထိထိရောက်ရောက်ဖယ်ရှားနိုင်တာကိုတွေ့ရမှာဖြစ်ပြီး မလိုချင်တဲ့အမွေးအမျှင်တွေကို ၇၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိဖယ်ရှားပေးနိုင်မှာပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement