မေးရိုးတလျှောက်မှာ ပေါက်နေတဲ့ ဝက်ခြံတွေကို ဘယ်လိုဖြေရှင်းမလဲ

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ဝက်ခြံဆိုတဲ့ စကားလုံးကပြောတော့သာ ဘာမှမဟုတ်သလိုတော်တော်လေးတော့ စိတ်ရှုပ်စရာပေးတယ်နော်။ မျက်နှာ ပေါ်မှာပေါက်တဲ့ ဝက်ခြံတွေဆိုရင် အလှပျက်စေတဲ့အထိဆိုးရွားတာကြောင့်တော်တော်လေးစိတ်ရှုပ်စေတာအမှန်ပါ။ ဒီလိုဝက်ခြံတွေကပေါက်တဲ့နေရာနဲ့အမျိုးအစားကွာခြားမှုအလိုက်စောင့်ရှောက်မှုပေးရတဲ့ ပုံစံလည်းကွာခြားပါတယ်။ ဒီတစ်ခေါက်တော့မေးရိုးတလျှောက်မှာ အစီအရီနေရာယူထားတဲ့ ဝက်ခြံတွေကြောင့် စိတ်ညစ်နေသူတွေအတွက် ဘယ်လိုသက်သာအောင်လုပ်ရမလဲဆိုတဲ့နဲ့ ဘာကြောင့်ဖြစ်ရတာလဲဆိုတဲ့ အကြောင်းအရင်းကိုပြောပြပေးချင်ပါတယ်။

ဝက်ခြံ

အရေပြားပေါ်မှာရှိတဲ့ ဆဲလ်သေတွေ၊ အဆီပိုတွေ၊ ပတ်ဝန်းကျင်က ဖုန်မှုန့်တွေနဲ့ အညစ်အကြေးတွေကချွေးပေါက်တွေကို ပိတ်ဆို့တာကနေတဆင့် ဝက်ခြံတွေဖြစ်လာရတာပါ။ ဝက်ခြံက မျက်နှာပေါ်ကနေရာအနှံ့မှာပေါက်နိုင်သလို ဦးရေပြား၊နားအတွင်းပိုင်း၊ နှာခေါင်းအတွင်းပိုင်း၊ ရင်ဘတ်နဲ့ နောက်ကျောအပါအဝင် ခန္ဓါကိုယ်ကနေရာအနှံမှာပေါက်နိုင်ပါတယ်။

မေးရိုးပေါ်က ဝက်ခြံ

မေးရိုးတလျှောက်မှာပေါက်လေ့ရှိပြီး နီးမြန်းရောင်ရမ်းနေတတ်သလို အဖြူဆံလေးတွေရှိနေတဲ့ ညှစ်ထုတ်ရခက်တဲ့ ဝက်ခြံတွေအထိ အမျိုးမျိုးရှိနိုင်ပါတယ်။ လေဒီလေးတွေမှာဆိုရင် အလှကုန်ပစ္စည်းတွေ အသုံးပြုတာ၊ ဓါတ်မတည့်တဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေအသုံးပြုတာ၊ မေးသိုင်းရတဲ့ ဦးထုပ်မျိုးဝတ်ဆင်တာ၊ မျက်နှာမှာဝတ်ဆင်ရတဲ့ လေ့ကျင့်ခန်းသုံးပစ္စည်းတစ်ခုခုဝတ်ဆင်တာတွေကြောင့် ဝက်ခြံတွေဖြစ်ရတာပါ။ဟော်မုန်းအပြောင်းအလဲကြောင့်လည်းမေးရိုးတလျှောက်မှာ ဝက်ခြံတွေပေါက်တတ်ပါတယ်။

မေးရိုးပေါ်မှာဝက်ခြံဖြစ်စေတာ ဘာတွေကြောင့်လဲ…………………

ချွေးပေါက်တွေထဲကို အရေပြားပေါ်မှာနေတဲ့ဘက်တီးရီးယားတွေ ဝင်ရောက်ကူးစက်တာကနေလည်း ဝက်ခြံတွေဖြစ်လို့ နီမြန်းရောင်ရမ်းတာတွေဖြစ်နိုင်ပါတယ်။မေးရိုးပေါ်မှာ ဝက်ခြံဖြစ်စေရတဲ့အဓိကအကြောင်းအရင်းတွေက

အလှကုန်တွေအသုံးပြုတာအစိုဓါတ်ထိန်းခရင်မ်၊ မိတ်ကပ်၊ ဆံသားအတွက်အသုံးပြုတဲ့ ပစ္စည်းတွေ၊ အဆီပါဝင်မှုများတဲ့အလှကုန်တွေအသုံးပြုမိတာကြောင့်မေးရိုးမှာဝက်ခြံတွေဖြစ်ရတာပါ။

အားကစားသုံးပစ္စည်းတွေ – မျက်နှာမှာသိုင်းပြီးဝတ်ရတဲ့ အားကစားသုံးပစ္စည်းတွေဝတ်ဆင်တာကြောင့်ချွေးတွေ၊ဘက်တီးရီးယားတွေနဲ့ ထိတွေ့မိတာကြောင့်မေးရိုးမှာ ဝက်ခြံတွေဖြစ်ရတာပါ။

သီချင်းနားထောင်တဲ့ နားကြပ် – သီချင်းနားထောင်တဲ့ နားကြပ်တွေမှာ ကပ်ညှိနေတဲ့ ဘက်တီးရီးယားတွေနဲ့ ထိတွေ့မိတာကြောင့်လည်းမေးရိုးမှာ ဝက်ခြံတွေဖြစ်ရတာပါ။

လက်ကိုင်ဖုန် – လက်ကိုင်ဖုန်းမျက်နှာပြင်မှာ ကပ်ညှိနေတဲ့ ဘက်တီးရီးယားတွေကြောင့်လည်းမေးရိုးတလျှောက်မှာ ဝက်ခြံတွေဖြစ်ရတာပါ။

မုတ်ဆိတ်ရိတ်တာ – မုတ်ဆိတ်ရိတ်တဲ့အခါ အသုံးပြုတဲ့ ပစ္စည်းတွေကို သန့်စင်မှုအားနည်းတာကြောင့်လည်းမေးရိုးတလျှောက်မှာ ဝက်ခြံတွေဖြစ်ရတာပါ။

ဆေးဝါးတွေ – စတီးရွိုက်ပါဝင်နေတဲ့ အချို့သောဆေးတွေကြောင့်လည်းမေးရိုးတလျှောက်မှာ ဝက်ခြံဖြစ်ရတာပါ။

ဟော်မုန်းအပြောင်းအလဲ – ကိုယ်တွင်းမှာဟော်မုန်းအပြောင်းအလဲဖြစ်တာကြောင့်လည်း ဝက်ခြံတွေဖြစ်နိုင်ပါသေးတယ်။

မမျိုးဥအိမ် အရည်အိတ်တည်ခြင်း (Polycystic ovary syndrome) –လေဒီလေးတွေအနေနဲ့ မမျိုးဥအိမ်မှာ အရည်အိတ်တည်တာကြောင့် ဝက်ခြံတွေဖြစ်နိုင်ပါတယ်။

ဘယ်လိုသက်သာအောင်လုပ်မလဲ…………….

မေးရိုးပေါ်က ဝက်ခြံတွေကို သက်သာစေဖို့ဆိုရင် ဒီနည်းလမ်းလေးတွေသုံးလို့ရပါတယ်။

  • ရှားစောင်းလက်ပပ်
  • azelaic acid
  • လက်ဖက်စိမ်းအဆီ
  • tea tree oil
  • ဇင့်
  • antibiotic ဂျယ်လ်။ ခရင်မ် တို့သုံးပေးလို့ရပါတယ်။

အခြားနည်းလမ်းတွေအနေနဲ့ကတော့

  • လေ့ကျင့်ခန်းလုပ်ပေးတာ
  • မျက်နှာကိုဆပ်ပြာခပ်ပျော့ပျော့လေးသုံးပြီးရေနွေးနွေးလေးနဲ့ သန့်စင်ပေးတာ
  • ဖုန်းမျက်နှာပြင်ကို သန့်စင်ပေးတာ
  • မျက်နှာကို လက်နဲ့မထိပါနဲ့
  • “noncomedogenic” လို့ပါတဲ့ မိတ်ကပ်၊ cleanser၊ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေသုံးပေးပါ
  • မျက်နှာနဲ့ထိတွေ့အသုံးပြုရတဲ့ ပစ္စည်းတွေကို သေချာသန့်စင်တာမျိုးတွေလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ စက်တင်ဘာ 3, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း စက်တင်ဘာ 3, 2019

ရင်းမြစ်များ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။