backup og meta

ကိုယ်ဝန်ဆောင်မေမေ ဝက်ခြံပေါက်တဲ့အခါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 02/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်မေမေ ဝက်ခြံပေါက်တဲ့အခါ

    အရင်က ဝက်ခြံ မပေါက်ပါဘူး။ အခု ကိုယ်ဝန်ဆောင်မှပဲ ပေါက်လိုက်တဲ့ ဝက်ခြံတွေ စိတ်တောင် ညစ်လာပြီဆိုတဲ့ သူတွေ ရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါနော်။ ဒီဆောင်းပါးလေးက ကိုယ်ဝန်ဆောင်မေမေ ဝက်ခြံပေါက်တဲ့အခါ ဘယ်လို သက်သာအောင် လုပ်ရမလဲ ဆိုတာကို ပြောပြပေးထားတာပါ။

    ကိုယ်ဝန်ဆောင်ချိန်မှာ ပေါက်တဲ့ ဝက်ခြံ

    ကိုယ်ဝန်ဆောင်ချိန်မှာ ဝက်ခြံ ပေါက်တာက ဖြစ်လေ့ရှိတဲ့ အရေပြားပြဿနာ တစ်ခုပါ။ အရင်က ဝက်ခြံ မပေါက်တတ်ဘူးဆိုရင်တောင် ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်း ပြောင်းလဲမှုကြောင့် ဝက်ခြံ ဖြစ်လာနိုင်ပါတယ်။ ကိုယ်ဝန်ဆောင် ပထမ  ၃ ပတ်ကာလအတွင်းမှာ ဟော်မုန်းပမာဏ မြင့်တက်မှုကြောင့် ဝက်ခြံတွေ ဖြစ်ရတာပါ။

    ကိုယ်ဝန်ဆောင်ချိန်မှာ ဝက်ခြံ ပေါက်တာက မေမေတိုင်း ဖြစ်တာတော့ မဟုတ်ပါဘူး။ ဘယ်သူ့မှာ ဝက်ခြံပေါက်နိုင်လဲ ဆိုတာ ကိုလည်း ခန့်မှန်းရခက်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ရာသီလာချိန်မှာ ဝက်ခြံပေါက်တတ်သူဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဝက်ခြံ ဖြစ်နိုင်ခြေက အခြားသူတွေထက် ပိုများပါတယ်။ တကယ်လို့ သင့်အနေနဲ့ ကိုယ်ဝန်ဆောင် ပထမ ၃ လပတ်ကာလမှာ ဝက်ခြံ မထွက်ဘူးဆိုရင် နောက်ကျန်နေတဲ့ ဒုတိယ ၃ လပတ်ကာလမှာရော တတိယ ၃ လပတ်ကာလမှာပါ ဝက်ခြံ ပေါက်နိုင်ခြေ နည်းသွားပါလိမ့်မယ်။

    ကိုယ်ဝန်ဆောင်မေမေ ဝက်ခြံပေါက်တဲ့အခါ ဘယ်လိုဖြေရှင်းမလဲ……..

    ဝက်ခြံက အလှပျက်စေတဲ့အရာ ဖြစ်တာကြောင့် ကျန်တဲ့အချိန်တွေမှာ ဆေးဝါးတွေ၊ လိမ်းဆေးတွေ သုံးပြီး ပျောက်ကင်းအောင် လုပ်လို့ရပေမယ့် ကိုယ်ဝန်ဆောင်မေမေ အနေနဲ့ကတော့ မွေးမလာသေးတဲ့ ဘေဘီလေးကို ထိခိုက်မှု နည်းစေဖို့အတွက် သဘာဝဆေးနည်းတွေကို အသုံးပြုတာက အကောင်းဆုံး ဖြစ်မှာပါ။ ဒီတော့ ကိုယ်ဝန်ဆောင်မေမေ ဝက်ခြံပေါက်တဲ့အခါ အခုလို နည်းလမ်းလေးတွေ အသုံးပြုပြီး ဖြေရှင်းလိုက်နော်။

    ပန်းသီးရှာလကာရည်

    ပန်းသီးရှာလကာရည် တစ်ဆ ရေသုံးဆတို့ကို ရောစပ်ပြီး ဂွမ်းစလေးနဲ့ တို့လို့ ဝက်ခြံတွေပေါ်မှာ လိမ်းပေးလို့ ရပါတယ်။ မျက်နှာပေါ်က အဆီပိုတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်မှာပါ။

    မုန့်ဖုတ်ဆိုဒါ

    မျက်နှာပေါ်က အဆီပိုတွေကို ဖယ်ရှားပေးပြီး အနာကျက်စေနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို ရေလက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ရောစပ်ပြီး ဝက်ခြံတွေပေါ်မှာ အုံပေးပါ။ ခြောက်သွားရင် ရေဆေးချပေးပါ။

    သံပရိုသီး ဒါမှမဟုတ် သံပရာသီးတို့မှာ ပါဝင်နေတဲ့ Alpha hydroxy acid က ချွေးပေါက်တွေကို ပွင့်စေပြီး အရေပြားပေါ်က ဆဲလ်သေတွေကို အထိရောက်ဆုံးဖယ်ရှားပေးပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ညှစ်ထားတဲ့ သံပရာရည် ဒါမှမဟုတ် သံပရိုရည်ကို ဂွမ်းစလေးမှာ တို့ပြီး ဝက်ခြံတွေပေါ်မှာ လူးပေးပါ။ ခြောက်သွားရင် ရေအေးအေးလေးနဲ့ ဆေးချလိုက်ပါ။

    ပျားရည်

    ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ အသားအရေကို ကျန်းမာစေနိုင်ပါတယ်။ မျက်နှာကို ရေနွေးနွေးလေးနဲ့ သန့်စင်လိုက်ပါ။ ခြောက်အောင်သုတ်ပြီး ဝက်ခြံတွေပေါ်ကို လူးပေးပါ။ မိနစ် ၂၀ ကနေ နာရီဝက်လောက်အထိ ထားပြီး ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။
    ဘက်တီးရီးယားတွေ၊ မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ အရေပြားကို ချောမွေ့စေပြီး အစိုဓာတ်ရရှိစေပါတယ်။ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို အထိရောက်ဆုံးတားဆီးပေးနိုင်ပါတယ်။ ညအိပ်ရာမဝင်ခင် မျက်နှာကို အုန်းဆီစစ်စစ် လိမ်းအိပ်ပေးပါ။
    ကိုယ်ဝန်ဆောင်ချိန်မှာ ဝက်ခြံ ပေါက်လို့ စိတ်ညစ်နေတယ်ဆိုရင် ဒီနည်းလမ်းလေးတွေကို အသုံးပြုကြည့်ကြပါနော်၊ ကိုယ်ဝန်ဆောင်မေမေတို့ရေ……………..

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 02/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement