ဒါကြောင့် ချွေးထွက်ပြီးပြီဆိုရင် အရေပြားကို သန့်ရှင်းပေးဖို့ မမေ့ပါနဲ့။ သန့်စင်ဆေးအပျော့နှင့် ကြက်သီးနွေးရေကို အသုံးပြုနိုင်ပါတယ်။ မျက်နှာအတွက်ဆို မျက်နှာအတွက်ထုတ်ထားသော မျက်နှာသစ်ဆပ်ပြာ၊ ကိုယ်အတွက်ဆို ကိုယ်အတွက်ထုတ်ထားသော ကိုယ်တိုက်ဆပ်ပြာတို့ကို အသုံးပြုပေးပါ။
ခြောက်သွေ့သောရာသီဥတု
ပူပြင်းခြောက်သွေ့သော ရာသီဥတုက အရေပြားကို ပျက်စီးစေနိုင်ပါတယ်။ ရာသီဥတုခြောက်သွေ့မယ်ဆိုရင် အရေပြားလည်း ခြောက်သွေ့လာမှာ ဖြစ်ပါတယ်။ အရေပြားခြောက်သွေ့လာတဲ့အခါမှာ အဆီဂလင်းက အရေပြားအစိုဓါတ်ကို ထိန်းသိမ်းပေးဖို့ အဆီတွေပိုထုတ်ပါတယ်။ လိုတာထက်ကို ပိုထုတ်ရပါတယ်။
အရေပြားခြောက်သွေ့သွားတဲ့အခါမှာ အရေပြားအလွှာအပေါ်ပိုင်းက ကွာကျသွားပါတယ်။ အရေပြားဆဲလ်အသေတွေနဲ့ အဆီတွေနဲ့ ပေါင်းပြီး အမွှေးပေါက်တွေ ပိတ်သွားစေပါတယ်။ ဝက်ခြံတွေ ထပ်ခါထပ်ခါဖြစ်လာပါတော့တယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။