နောက်ကျောနဲ့ပခုံးမှာ ပေါက်တဲ့ဝက်ခြံတွေသက်သာစေဖို့

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ဝက်ခြံလို့ဆိုလိုက်ရင် မျက်နှာပေါ်မှာပေါက်တဲ့ ဝက်ခြံတွေကို အရင်ဆုံးပြေးမြင်မယ်ထင်ပါတယ်။ တကယ်ကတော့ ဝက်ခြံဆိုတာက မျက်နှာပေါ်မှာတင်မဟုတ်ပါဘူး။ ခန္ဓါကိုယ်ကချွေးပေါက်ရှိတဲ့နေရာတိုင်းမှာပေါက်နိုင်တာပါ။ ဒီတစ်ခေါက်တော့မျက်နှာပေါ်မှာမဟုတ်ဘဲနောက်ကျောနဲ့ပခုံးမှာပေါက်တဲ့ ဝက်ခြံတွေကြောင့် စိတ်ညစ်နေသူတွေအတွက် သက်သာစေမယ့် နည်းလမ်းလေးတွေပြောပြပေးပါရစေနော်။

နောက်ကျော နဲ့ ပခုံးမှာပေါက်တဲ့ ဝက်ခြံတွေကို ဘယ်လိုသက်သာအောင်လုပ်မလဲ……………..

ပခုံးနဲ့နောက်ကျောမှာပေါက်တဲ့ ဝက်ခြံတွေကြောင့် စိတ်ညစ်နေတယ်ဆိုရင်တော့ ဒီနည်းလမ်းတွေက အဆင်ပြေဆုံးဖြစ်မှာပါ။

Tea Tree Oil

Tea tree oil ၇ စက်စာကို အုန်းဆီ ၁ စက်နဲ့ရောစပ်ပြီး ညအိပ်ရာမဝင်ခင်မှာကျောမှာလူးအိပ်လိုက်ပါ။ မနက်နိုးတဲ့အခါရေချိုးချလိုက်ပါ။ ဒါကလည်း ပခုံးနဲ့နောက်ကျောကဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်။

ရှားစောင်းလက်ပပ်

ဝက်ခြံဖြစ်တဲ့နေရာကို ရှားစောင်းလက်ပပ်ဂျယ်လီသားနဲ့ပွတ်ပေးပြီး မိနစ် ၃၀လောက်ထားလို့ရေဆေးချလိုက်ပါ။ တစ်ပတ်ကို ၃ ကြိမ်လောက်လုပ်ပေးပါ။

သံပရာရည်

သံပရာသီးကိုအရည်ညှစ်ပြီး ဂွမ်းစလေးနဲ့တို့ပြီး ဝက်ခြံဖြစ်တဲ့နေရာတွေမှာ လိမ်းပေးပါ။ မိနစ် ၃၀လောက်ထားပြီးရေဆေးချလိုက်ပါ။

ပန်းသီးရှာလကာရည်

ရေတစ်ခွက်စာကို ပန်းသီးရှာလကာရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာနဲ့ရောစပ်လိုက်ပါ။ ဂွမ်းစလေးနဲ့ တို့ပြီး ဝက်ခြံတွေပေါ်မှာလိမ်းပေးပါ။ မိနစ် ၂၀ ကနေ နာရီဝက်လောက်ထားပြီးရေဆေးချလိုက်ပါ။

အုန်းဆီ

အုန်းဆီစစ်စစ်ကို လက်ဖဝါးမှာပွတ်လို့ဝက်ခြံဖြစ်တဲ့နေရာတွေမှာလူးပေးပါ။ ညင်ညင်သာသာလေးနှိပ်နယ်ပေးပါ။ မိနစ် ၂၀လောက်ထားပြီးရေချိုးချလိုက်ပါ။

ဒိန်ချဉ်

ဒိန်ချဉ်ကို ဝက်ခြံတွေပေါ်မှာလိမ်းပေးပါ။ပြီးရင် မိနစ် ၂၀လောက်ထားပြီးရေနွေးနွေးလေးနဲ့ဆေးချလိုက်ပါ။

လက်ဖက်စိမ်းရေနွေးကြမ်း

လက်ဖက်စိမ်းရေနွေးကြမ်းကို ဂွမ်းစလေးနဲ့တို့ပြီး ဝက်ခြံတွေအပေါ်မှာ လိမ်းပေးပါ။ ဒီလိုလုပ်ပေးတာက ဘက်တီးရီးယားကို နှိမ်နှင်းပေးပြီး ဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်။

ကဲ…ပခုံးနဲ့နောက်ကျောကဝက်ခြံတွေကြောင့် စိတ်ညစ်ခံမနေပါနဲ့တော့။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ စက်တင်ဘာ 9, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း စက်တင်ဘာ 10, 2019

ရင်းမြစ်များ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။