backup og meta

အာလူးသုံးပြီး မျက်နှာလေး လှအောင်ပြုလုပ်ကြမယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Eaindray Kha မှ ရေးသားသည်။ · 21/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အာလူးသုံးပြီး မျက်နှာလေး လှအောင်ပြုလုပ်ကြမယ်

    အာလူးလေးကတော့ လွယ်လွယ်ကူကူ ရနိုင်တဲ့ အသီးတစ်မျိုး ဖြစ်တာကြောင့် အားလုံးအတွက် အဆင်ပြေစေမှာပါ။ ပုံမှန်အားဖြင့်တော့ ရှားစောင်းလက်ပပ်၊ သခွားသီးတွေနဲ့ ပေါင်းတင်ကြတာများပါတယ်။ ခု အာလူးလေးနဲ့ ပေါင်းတင်နိုင်မယ့် နည်းလမ်းလေးတွေ ပြောပြမယ်နော်။

    အာလူးမှာ Catecholase အင်ဇိုင်းဓါတ်တွေ ပါဝင်တာကြောင့် အမည်းစက်တွေကို လျှော့ချပေးနိုင်တဲ့အပြင် ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေလည်း ပျောက်ကင်းစေပါတယ်။ အာလူးမှာ ပိုတက်စီယမ်တွေလည်း ပါဝင်တာကြောင့် ရေဓါတ်ကို ထိန်းထားပေးတဲ့အပြင် အသားအရေကိုလည်း စိုပြေစေနိုင်ပါတယ်။ ဗီတာမင် B 6 ကတော့ ဆဲလ်အသစ်တွေ ပြန်လည်ဖြစ်စေပါတယ်။ ကယ်လ်စီယမ် ပါဝင်မှုကတော့ အရေပြားခြောက်သွေ့တာကို ကာကွယ်ပေးတဲ့အပြင် အပေါ်ယံ အရေပြား ထိခိုက်မှုလည်း လျှော့နည်းစေပါတယ်။ မဂ္ဂနီဆီယမ်ကတော့ မျက်ကွင်းညိုတာတွေကို လျှော့နည်းအောင် စွမ်းဆောင်နိုင်ပါတယ်။ အသားအရေကို ကြည်လင်တောက်ပစေပြီး မျက်နှာမှာ အရေးအကြောင်းတွေ မဖြစ်စေဖို့ များစွာ အထောက်အကူပြုပါတယ်။

    နည်းလမ်းများ

    အမည်းစက်

    အာလူးကို အမည်းစက်တွေ ပျောက်ဖို့အတွက် အသုံးပြုနိုင်မယ့် နည်းလမ်းကတော့ ပထမဦးဆုံး အာလူးကို အခွံနွှာပြီး ကျေညက်သွားအောင် ကြိတ်ချေပါ။ ပြီးရင်တော့ မျက်နှာပေါ်က အမည်းစက်တွေပေါ်မှာ လိမ်းထားလိုက်ပါ။ ငါးမိနစ်လောက်တော့ကြာအောင် ထားပေးပါ။ ပြီးမှ ရေအေးလေးနဲ့ မျက်နှာသစ်ပေးပါ။ ခဏခဏ လုပ်ပေးမယ်ဆိုရင် အမည်းစက်လေးတွေ ကင်းစင်သွားမှာပါ။

    အသားအရေ ကြည်လင်ခြင်း

    အသားအရေလေးတွေ ကြည်ကြည်လင်လင်လေးနဲ့ ကြည့်ကောင်းဖို့ အာလူးတစ်လုံးပဲ လိုတာပါနော်။ အာလူးအစိမ်းကို ပါးပါးလေး လှီးပြီး မျက်နှာမှာ နာရီဝက်လောက် ကပ်ထားလိုက်ပါ။ ပြီးရင်တော့ ပုံမှန်အတိုင်း မျက်နှာသစ်လိုက်ပါ။ ညတိုင်း ပြုလုပ်ပေးမယ်ဆိုရင် အသားအရေ ကြည်လင်လာမှာ အသေအချာပါပဲ။

    အသားအရေ ခြောက်သွေ့ခြင်း

    အသားအရေ ခြောက်သွေ့တာကတော့ မိန်းကလေး တော်တော်များများ ဖြစ်တတ်ပါတယ်။ ဒီလို ပြဿနာတွေ ကင်းဝေးဖို့အတွက် အာလူးကို ပါးပါးလေးတွေ လှီးကာ ဒိန်ခဲ ဒါမှမဟုတ် ဒိန်ချဉ်နဲ့ ရောစပ်လိုက်ပါ။ ပြီးရင်တော့ မျက်နှာမှာ မိနစ် (၂၀) လောက် ကြာအောင် လိမ်းထားလိုက်ပါ။ တပတ်ကို (၂) ကြိမ်လောက် ပြုလုပ်ပေးမယ်ဆိုရင် ကောင်းမွန်တဲ့ ရလဒ်တစ်ခု ပိုင်ဆိုင်ရမှာ သေချာပါတယ်။

    အရေးအကြောင်းဖြစ်ပေါ်ခြင်း

    အသက်အရွယ်မတိုင်ခင် အရေးအကြောင်းတွေ ဖြစ်စေတာက စိတ်ပျက်စရာ တစ်ခုပါပဲ။ ဒီလိုအရေးအကြောင်းတွေကို ကြိုတင်ကာကွယ်ချင်တယ်ဆိုရင်တော့ အာလူးနဲ့ ကြက်ဥကို အသုံးပြုလို့ ရတယ်နော်။ အာလူးကို ကျေအောင် ချေလိုက်ပြီးနောက် ကြက်ဥအကာလေးနဲ့ ရောပါ။ ပြီးတော့ မျက်နှာမှာ လိမ်းပေးထားလိုက်ပါ။ မျက်နှာ ခပ်တင်းတင်းလေး ခံစားလာရပြီဆိုရင် ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ တစ်ပတ်ကို (၃) ကြိမ်လောက် လုပ်မယ်ဆိုရင် အရေးအကြောင်းတွေ သက်သာလာမှာ ဖြစ်သလို ထပ်လည်း မဖြစ်ပါဘူး။

    ဝက်ခြံ

    ဝက်ခြံတွေကြောင့် စိတ်ညစ်နေရသူတွေ အများကြီးပါပဲ။ ဝက်ခြံကို သက်သာပျောက်ကင်းစေတဲ့အထဲမှာ အာလူး ပါဝင်ပါတယ်။ အာလူးကို အပြားအချပ်လေးတွေ လှီးပြီး ဝက်ခြံတွေပေါ်မှာ ကပ်ထားပေးပါ။ ပြီးမှ မျက်နှာသစ်ပါ။ မကြာခဏ ပြုလုပ်ပေးမယ်ဆိုရင် ဝက်ခြံလေးတွေ သက်သာသွားပါလိမ့်မယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Eaindray Kha မှ ရေးသားသည်။ · 21/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement