backup og meta

အရေပြားအပ်စိုက်ကုသခြင်းဟာ ကော်လဂျင်ဓါတ်တွေထွက်လာဖို့ ဘယ်လိုလှုံ့ဆော်ပေးသလဲ


Dr. Thant Zin မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရေပြားအပ်စိုက်ကုသခြင်းဟာ ကော်လဂျင်ဓါတ်တွေထွက်လာဖို့ ဘယ်လိုလှုံ့ဆော်ပေးသလဲ

    ကော်လဂျင်ထွက်စေတဲ့ကုထုံးဟာ အပ်စိုက်ကုခြင်းဖြစ်ပြီး ထိခိုက်မှုအနည်းဆုံးနဲ့ အရေပြားကို ပြန်လည်နုပျိုလှပစေနိုင်တဲ့ နည်းလမ်းအသစ်တခု ဖြစ်ပါတယ်။ အရေးအောကာင်းလေးတွေ၊ ကိုယ်ခန္ဓါနဲ့ မျက်နှာပေါ်က အမာရွတ်တွေကို လျော့နည်းစေပြီး ပိုကြည့်ကောင်းလာစေမယ့် နည်းလမ်းဖြစ်ပါတယ်။ အရေပြားအပ်စိုက်ခြင်းဟာ အောက်ပါအခြေအနေတွေအတွက် ထိရောက်စွာ အသုံးပြုနိုင်ပါတယ်။

    – ဝက်ခြံ၊ ခွဲစိတ်မှု၊ အပူလောင်မှုတွေကြောင့် ဖြစ်သော အမာရွတ်များကို လျော့နည်းစေခြင်း

    – အကြောပြတ်နေသည်များကို မှေးမှိန်စေခြင်း

    – အရေးအကြောင်းများ၊ အတွန့်အခေါက်များကို လျော့နည်းစေခြင်း

    – အစက်အပြောက်များကို ဖယ်ရှားပေးနိုင်ခြင်း

    – လျော့ရဲနေသော အသားအရေများကို တင်းရင်းစေခြင်း

    အရေပြားအပ်စိုက်ခြင်းဆိုတာ ဘာလဲ

    အရေပြားအပ်စိုက်ခြင်းကို အနုစိတ်အပ်စိုက်ကုထုံး ဒါမှမဟုတ် ကော်လဂျင်ထွက်စေသောကုထုံးလို့ ခေါ်ပါတယ်။ ထိခိုက်မှုအနည်းဆုံး မခွဲစိတ်ရတဲ့ မျက်နှာကို နုပျိုလှပစေတဲ့နည်းလမ်းဖြစ်ပါတယ်။ အရေပြားထိခိုက်ဒဏ်ရာများကို ထိန်းချုပ်နိုင်ဖို့ အပ်အသေးလေးများပါဝင်တဲ့ ကိရိယာကို သုံးပါတယ်။

    အရေပြားအပ်စိုက်ကုထုံးရဲ့ ရည်ရွယ်ချက်ကတော့ အရေပြားကနေ ကော်လဂျင်နဲ့ အလက်စတင်ဓါတ် ထွက်ပေါ်လာစေဖို့ လှုံ့ဆော်ပေးခြင်းပဲ ဖြစ်ပါတယ်။ အရေပြားရဲ့ သဘာဝအတိုင်း အနာကျက်စေတဲ့ နည်းလမ်းကတဆင့် အသားအရေကို ချောမွေ့စေပြီး အကြောပြတ်တဲ့အရာတွေကို ကျဆင်းစေပါတယ်။ ဆေးပညာအဆင့် အပ်စိုက်ခြင်းအသုံးချနိုင်ဖို့ အပ်စိုက်တဲ့နေရာဟာ အရေပြားဒုတိယာအလွှာရဲ့ အပေါ်ပိုင်း ဖြစ်ပါတယ်။ အပ်စိုက်ရာမှာ သေးငယ်တဲ့အပ်ကလေးပေါင်း ၂၀၀လောက်ပါတဲ့ အရေပြားပေါ်မှာလှိမ့်တဲ့ ဒလိမ့်တုံးပါပါတယ်။ အဲဒီအပ်ကလေးတွေပါတဲ့ ဒလိမ့်တုံးကို အရေပြားပေါ်မှာလှိမ့်ပြိး သေးငယ်တဲ့ အပ်ပေါက်ရာကလေးတွေ ဖန်တီးပါတယ်။ ဒီဖြစ်ရပ်ကနေ အနာကျက်စေတဲ့ တုံ့ပြန်မှုနဲ့ ကိုယ်ခန္ဓါရဲ့ သဘာဝကော်လဂျင်ဓါတ်တွေကို ထွက်လာစေပါတယ်။

    အသုံးပြုတဲ့ ဒလိမ့်တုံးဟာ ဆေးမင်ကြောင်ထိုးတဲ့ အပ်ကလေးတွေနဲ့တူပြီး ကိုယ်ခန္ဓါပေါ်မှာ သေးငယ်တဲ့ ဒဏ်ရာလေးတွေကို ဖြစ်စေပါတယ်။ ဒါပေမယ့် ထုံဆေးလိမ်းထားတာကြောင့် သက်သာစေပါတယ်။ အရေပြားကို ထိခိုက်စေခြင်းအားဖြင့် ကိုယ်ခန္ဓါကနေ ကော်လဂျင်နဲ့ အလက်စတင်ဓါတ်တွေ အသစ်ထွက်ပေါ်လာစေပါတယ်။ မျက်နှာနဲ့ ကိုယ်ခန္ဓါပေါ်မှာ ပြုလုပ်ပါတယ်။

    အပ်စိုက်ခြင်းကြောင့် အရေပြားပေါ်မှာ ဘယ်လိုသက်ရောက်မှုတွေ ဖြစ်စေသလဲ

    – ဒီကုသမှုဟာ ကော်လဂျင်နဲ့ အလက်စတင်ဓါတ်တွေကို သဘာဝအတိုင်း ထွက်လာစေပြီး အသားအရေကို ချောမွေ့တင်းရင်းစေပါတယ်။ အရေပြားပေါ်မှာ အလွန်သေးငယ်တဲ့ အပ်စိုက်ရာ ကလေးများသာ ဖြစ်စေပြီး ထိခိုက်မှုနည်းပါတယ်။ တခြား ပိုပြင်းထန်တဲ့ နည်းလမ်းတွေထက် ကော်လဂျင်ဓါတ် ထွက်ပေါ်ခြင်းကို ပိုမိုမြန်ဆန်စေပါတယ်။

    – အရေပြားပေါ်က အစက်အပြောက်တွေ၊ အမာရွတ်တွေကို လျော့ကျစေပြီး သဘာဝအတိုင်းညိုတဲ့ အသားအရေတွေမှာလည်း ဘေးကင်းစွာ ပြုလုပ်နိုင်ပါတယ်။

    – အသားအရေရဲ့ အစိုဓါတ်ကို ထိန်းပေးပြီး အရေးအကြောင်းတွေ လျော့နည်းစေဖို့ ဟိုင်ယာလူယွန်းနစ်အက်ဆစ်နဲ့ နို့ရည်ကြည် လိမ်းဆေးကို ဒီနည်းလမ်းမှာ အသုံးပြုပါတယ်။

    – ပါးလျားပြီး အထိအခိုက်မခံတဲ့ အသားအရေတွေအတွက် သင့်တော်ပါတယ်။

    – ဒီနည်းလမ်းကို လူနာတွေဟာ ကောင်းစွာ ခံနိုင်ရည်ရှိပြီး လက်ခံနိုင်ကြပါတယ်။

    – ကုန်ကျစရိတ်နဲ့ ထိရောက်မုရှိပါတယ်။ လေဆာကုသခြင်းနဲ့ အဆင်မပြေနိုင်နဲ့ မျက်လုံးနားက အရေပြားလိုမျိုးမှာပါ ပြုလုပ်နိုင်ပါတယ်။

    – လေဆာကုသခြင်းနဲ့ မတူတာက အပေါ်ယံအရေပြားဟာ ထိခိုက်မှုမရှိဘဲ ပကတိအတိုင်း ကျန်ခဲ့ပါတယ်။ ဒါကြောင့် လိုအပ်ရင် ဘေးကင်းစွာနဲ့ ထပ်ခါထပ်ခါ ပြုလုပ်နိုင်ပါတယ်။

    – ဒီကုသမှုဟာ တခြားနည်းတွေမှာလို ကုသမှုလုပ်ထားတဲ့အပိုင်းနဲ့ ကျန်တဲ့အပိုင်းကို သိသာစွာ ကွာခြားမှုမဖြစ်စေပါဘူး။ ဒါကြောင့် ကုသထားတဲ့နေရာမှာ ဖုံးကွယ်ထားစရာ မလိုပါဘူး။

    – လူနာများဟာ အပ်စိုက်ရာပေါ် မူတည်ပြီး ရက်အနည်းငယ်အတွင်း ပုံမှန်လှုပ်ရှားမှုတွေကို ပြန်လည် ပြုလုပ်နိုင်ပါတယ်။ လေဆာကုသမု အရေပြားပွန်းခြစ်စေမှုစတဲ့ နည်းလမ်းတွေမှာတော့ ထိခိုက်မှုများပြီး ကုသမှုနောက်ပိုင်းမှာ အနားယူရခြင်းတွေ ရှိပါတယ်။

    အပ်စိုက်ပြီး ကော်လဂျင်ဓါတ်များကို သဘာဝအတိုင်း ထွက်လာစေတဲ့ ကုသမှုဟာ အသားအရေကို ချောမွေ့တင်းရင်းစေပြီး အရေးအကြောင်းတွေ အမာရွတ်တွေကို လျော့နည်းစေပါတယ်။ မျက်နှာ၊ လည်ပင်း၊ လည်တိုင်၊ လက် စတဲ့နေရာမျိုးစုံက အသားအရေမျိုးစုံအတွက် သင့်တော်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement