backup og meta

ပိုမိုသွယ်လျတဲ့ မျက်နှာကို ပိုင်ဆိုင်ဖို့ နှိပ်နယ်နည်းများ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပိုမိုသွယ်လျတဲ့ မျက်နှာကို ပိုင်ဆိုင်ဖို့ နှိပ်နယ်နည်းများ

    အခုအချိန်မှာတော့ အမျိုးသမီးအတော်များများဟာ သူတို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ အလှအပဆိုင်ရာ ဂရုစိုက်မှုကို စွဲမြဲယုံကြည်ကြတယ်ဆိုတာ သင်သိပြီး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သင်ဒါကိုတော့ သိအုံးမှာမဟုတ်ပါဘူး။ လူအတော်များများဟာ သူတို့ရဲ့ ညနေဘက်တွေကို မျက်နှာကြွက်သားတွေကို တောင့်တင်းစေတဲ့၊ အရေပြားလျော့ရဲမှုတွေကို တင်းရင်းစေတဲ့၊ အသားအရေကို ဝင်းလက်စေတဲ့၊ နောက်ဆုံး မျက်နှာကိုတောင်သွယ်လျစေတဲ့ နှိပ်နယ်မှုတွေလုပ်ဆောင်ရင်း ကုန်ဆုံးလေ့ရှိပါတယ်။

    မျက်နှာဟာ ဘာလို့ ဖေါင်းနေရတာလဲ။

    မျက်နှာကို ကြီးသယောင် ထင်ရစေတတ်တဲ့ အစိတ်အပိုင်းတွေကတော့ နှဖူး၊ ပါးရိုး၊ မေးရိုးတွေပဲ ဖြစ်ပါတယ်။ သင့်မျက်နှာ ကြီးမကြီးဆိုတာကို လူတွေက ဒါကိုကြည့်ပြီး ဆုံးဖြတ်လေ့ ရှိကြတာဖြစ်ပါတယ်။

    လေးထောင့်ကျတဲ့ မေးရိုးရှိတဲ့သူတွေဟာ မျက်နှာပိုကြီးသယောင်ထင်ရပါတယ်။ ဘာလို့လဲဆိုတော့ အောက်မေးရိုးနံရံတွေကြားက နေရာဟာ အမျိုးသမီးတွေမှာ တွေ့ရတဲ့ ကြွက်သားရှိတဲ့ အသွင်အပြင်တစ်ခု ဖြစ်နေလို့ပဲဖြစ်ပါတယ်။ ဒီအစိတ်အပိုင်းဟာ အသက်ကြီးလာတာနဲ့ အမျှ ဖောင်းလာပြီး မျက်နှာကို ပိုမိုကြီးမားလာစေပါတယ်။

    သင့်မျက်နှာဖောရောင်လာခြင်းအတွက် မျက်နှာမှာရှိတဲ့ ပြန်ရည်နဲ့ သွေးစီးဆင်းမှုကို တိုးတက်အောင် လုပ်ဖို့ လိုအပ်ပါတယ်။ ဒါဟာ မျက်နှာဖေါင်းရခြင်းရဲ့ အဓိက အကြောင်းရင်းဖြစ်တတ်ပါတယ်။

    ကိုယ်ခန္ဓါအတွင်း ပြန်ရည်စီးဆင်းမှု ကောင်းစေဖို့ နှိပ်နယ်မှု မပြုရင် ထိရောက်စွာ အဆိပ်အတောက် မထုတ်နိုင်ရုံမက အဆီပိုတွေကိုလောင်ကျွမ်းစေမှာ မဟုတ်ပါဘူး။ ပိတ်နေတဲ့ (သို့) ရောင်နေတဲ့ ပြန်ရည်ကျိတ်ဟာ ဂရုမစိုက်ဘူးဆိုရင် မေးနှစ်ထပ်ဖြစ်စေနိုင်ပါတယ်။

    ပြန်ရည်စနစ်ဟာ သွေးလှည့်မှု စနစ်နဲ့ ကွာခြားတာကတော့ ဖိအားဟာ ကိုယ်ခန္ဓါ အနှံ့ကို ပျံ့နှံ့သွားပါတယ်။ နှိပ်နယ်ခြင်းဟာ ပြန်ရည်ကျိတ်တွေရဲ့ စီးဆင်းမှုကို အားပေးပြီး အဆီပိုတွေကို လောင်ကျွမ်းစေကာ ကိုယ်ခန္ဓါ က အဆိပ်အတောက်တွေကို ဖယ်ထုတ်ပေးပြီး ပိုမိုလှပတဲ့ အသားအရေကို ရရှိစေမှာ ဖြစ်ပါတယ်။

    ပိုပြီးသွယ်လျတဲ့ မျက်နှာရရှိစေဖို့ မျက်နှာနှိပ်နယ်ခြင်း အဆင့် ငါးဆင့်

    (၁) ညှပ်ရိုးပတ်ပတ်လည်နေရာကနေ စတင်ပြီး ပုခုံးအပြင်ဘက်အထိ နှိပ်နယ်သင့်ပါတယ်။ ပြီးရင်တော့ အပေါ်တက်လာပြီး မေးစေ့အောက်ကနေရာကနေ စတင်ကာ နားရွက်အောက်အထိ တက်လာသင့်ပါတယ်။

    (၂) လက်ထိပ်တွေကို သုံးပြီး မျက်လုံးအောက်က နေရာကို သေချာနှိပ်နယ်ပေးခြင်းဟာ မျက်ကွင်းညိုခြင်းနဲ့ ဖေါင်းခြင်းတွေကို သက်သာစေပါတယ်။ မျက်လုံးအောက်ကနေ စတင်ပြီး နှာခေါင်းအကွေးအတိုင်း ဆင်းလာကာ နားရွက်ကို မရောက်ခင် ရပ်တန့်သင့်ပါတယ်။

    (၃) မျက်နှာအလယ်ဘက်ကို လက်သီးနဲ့ နှိပ်နယ်သင့်ပါတယ်။ ပါးရိုးအောက်က စတင်ပြီး လက်ညှိုးတွေရဲ့ လက်ဆစ်ကို အသုံးပြုသင့်ပါတယ်။ ပြီးရင်တော့ နားထင်တစ်လျှောက်ကို တက်လာသင့်ပါတယ်။

    (၄) အဆင့်၃ နဲ့ ပြောင်းပြန်ဘက်မှာ သင့်လက်ချောင်းတွေကို အသုံးပြုပြီး လိုင်းဆွဲသင့်ပါတယ်။ နှာခေါင်းအောက်က စတင်ပြီး နားရွက်အရှေ့ပိုင်းအထိကို နှိပ်နယ်သင့်ပါတယ်။

    (၅) လူတွေဟာ ကိုယ်ခန္ဓါ ရဲ့ အစိတ်အပိုင်းတစ်ခုကို ပိုမိုဂရုစိုက်ဖို့ မေ့လျော့တတ်ပါတယ်။ ပြီးတော့ ဒါဟာ အဲဒီနေရာမှာ ဖြစ်နေတဲ့ တင်းကျပ်မှုတွေကို လျော့ကျစေပါတယ်။ မျက်နှာအတွင်းဘက်၊ နားရွက်အောက်က စတင်ကာ လည်ပင်းရဲ့ ပြန်ရည်ကျိတ်တွေကို ပုခုံးအထိ နှိပ်နယ်သွားသင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement