backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Seasonal Allergies (ရာသီကြောင့် ဓါတ်မတည့်ခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Seasonal Allergies (ရာသီကြောင့် ဓါတ်မတည့်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Seasonal Allergies (ရာသီကြောင့် ဓါတ်မတည့်ခြင်း) ကဘာလဲ။

နွေဦးမှာ သစ်ပင်ပန်းမန်တို့ ဖူးပွင့်ကြပါတယ်။ အကယ်ရ်ျ သင်က ထောင်ဂဏန်းမှာ တစ်ယောက်သာ ဖြစ်တတ်သော ရာသီကြောင့် ဓါတ်မတည့်ခြင်းရှိနေမယ်ဆိုရင် နှာချီခြင်း၊ အသက်ရှုပိတ်ခြင်း၊ နှာစီးခြင်းနဲ့ အခြား စိတ်ရှုပ်စရာတွေ ခံစားရမှာပါ။

ရာသီကြောင့် ဓါတ်မတည့်ခြင်းကို အမှုန်အမွှားကြောင့် နှာစီးချောင်းဆိုးခြင်း (Hay Fever)နဲ့ ဓါတ်မတည့်ခြင်းကြောင့် နှာဆီးချောင်းဆိုးခြင်း (Allergic Rhinitis) လို့လည်းခေါ်ပါတယ်။ ပလတ်စတစ်ပန်းနဲ့ လူလုပ် မြက်ခင်းတွေ အစားမထိုးခင်မှာ ရာသီကြောင့် ဓါတ်မတည့်ခြင်းကို ကိုင်တွယ်နိုင်ဖို့ ကုသနည်းတွေနဲ့ အိမ်တွင်ဆေးနည်းတွေကို ကြိုးစားကြည့်သင့်ပါတယ်။

ရာသီကြောင့် ဓါတ်မတည့်ခြင်းဟာ ဆောင်းရာသီမှာ အဖြစ်များတယ်ဆိုပေမယ့်လည်း တစ်နှစ်လုံးမှာ အချိန်မရွေးဖြစ်နိုင်ပါတယ်။ နှစ်တစ်နှစ်ရဲ့ မည့်သည့်အချိန်တွင်မဆို အပင်အမျိုးမျိးဟာ သူတို့ရဲ့ ဝတ်မှုန်အမျိုးမျိုးကို ထုတ်ပေးလျက်ရှိပါတယ်။

ဓါတ်မတည့်တဲ့ အမျိုးအစားနဲ့ နေထိုင်တဲ့ နေရာပေါ်မှာ မူတည်ပြီး ရာသီတစ်ခုထက်ပိုပြီး ခံစားရမှာပါ။ မှိုတွေနဲ့ တိရိစ္ဆာန်အရေပြားဆဲအသေတွေလို အိမ်တွင်းပစ္စည်းတွေကလည်း ဓါတ်မတည့်ခြင်းကို ဖြစ်စေတတ်ပါတယ်။

Seasonal Allergies (ရာသီကြောင့် ဓါတ်မတည့်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ရာသီကြောင့် ဓါတ်မတည့်ခြင်းရှိတဲ့ အမေရိကန်လူမျိုး ပေါင်း ၃၆သန်းခန့်ရှိတယ်လို့ ခန့်မှန်းရပါတယ်။

ဒါပေမဲ့လည်း ယင်းအခြေအနေက ရှောင်သင့်သည်များကိုရှောင်၊ ဆောင်သင့်သည်များကိုဆောင်ပြီး ထိန်းချုပ်နိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

လက္ခဏာများ

Seasonal Allergies (ရာသီကြောင့် ဓါတ်မတည့်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ရာသီကြောင့် ဓါတ်မတည့်ခြင်းရဲ့ ရောဂါလက္ခဏာတွေကို မစိုးရိမ်ရမှ စိုးရိမ်ရအထိဆိုပြီး အမျိုးအစားခွဲခြားနိုင်ပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • နှာချီခြင်း
  • နှာယို၊နှာပိတ်ခြင်း
  • မျက်ရည်ထွက်ခြင်း၊ မျက်လုံးယားယံခြင်း
  • ဦးခေါင်းခွံရှိ အပေါက်လေးများ၊ လည်ချောင်းနှင့် နားပြွန်တို့ ယားယံခြင်း
  • နားပိတ်ခြင်း
  • နှာခေါင်းနောက်ပိုင်းသို့ အရည်များစီးကျခြင်း

အဖြစ်မများတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

  • ခေါင်းကိုက်ခြင်း
  • အသက်ရှုရခက်ခဲခြင်း
  • တရွှီရွီဖြင့် အသက်ရှုခြင်း
  • ချောင်းဆိုးခြင်း

ရာသီကြောင့် ဓါတ်မတည့်ခြင်းရှိတဲ့ လူတွေမှာ ပန်းနာရင်ကျပ်လည်း ရှိနိုင်ပါတယ်။ နှစ်ခုလုံးရှိနေမယ်ဆိုရင် ပန်းနာရင်ရင်ကျပ်ဖောက်ခြင်း ခံစားရနိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ရာသီကြောင့် ဓါတ်မတည့်ခြင်းကို စောစောသိ၊ စောစောကုသခြင်းဖြင့် ပိုမဆိုးသွားအောင် ရပ်တန့်နိုင်ပြီး နောက်ထပ် အရေးပေါ် အခြေအနေတွေ မဖြစ်လာအောင် ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်ဖြင့် တတ်နိုင်သမျှ မြန်မြန်ပြသဖို့ လိုအပ်ပါတယ်။

အထက်ပါ လက္ခဏာတွေ ခံစားနေရပြီဆိုလျင်၊ နောက်ထပ်သိရှိလိုသည်များ ရှိသည်ဆိုလျင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်ဟာ ခန္ဓါကိုယ်ချင်းမတူကြပါဘူး။ အကောင်းဆုံးဖြေရှင်းနည်းများ ရရှိဖို့ ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်းခြင်းဟာ အသင့်တော်ဆုံးပါပဲ။

အကြောင်းရင်းများ

Seasonal Allergies (ရာသီကြောင့် ဓါတ်မတည့်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ရာသီကြောင့် ဓါတ်မတည့်ခြင်းဟာ ကိုယ်ခံအားစနစ်က လေထဲက အမှုန်အမွှားများကို အန္တရယ်အဖြစ်ယူဆပြီး တိုက်ခိုက်ကြလို့ ဖြစ်လာတာပါ။ ဓါတ်မတည့်တဲ့ ပစ္စည်းအတွက် ဟစ်စတမင်းနဲ့ အခြားသော ဓါတုဒြပ်ပေါင်းတွေကို သွေးထဲသို့ ထုတ်ပေးပြီး တုံ့ပြန်တိုက်ခိုက်ပါတယ်။

ယင်းဒြပ်ပေါင်းတွေက ဓါတ်မတည့်မှုတွေကို ဖြစ်စေတာပါ။ ဓါတ်မတည်မှုတွေဖြစ်စေတဲ့ အရာတွေကတော့ တစ်ရာသီနဲ့ တစ်ရာသီမတူပါဘူး။

  • နွေဦး

သစ်ပင်ပန်းမန်တွေကြောင့် ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။

  • နွေရာသီ

အဓိကတရားခံကတော့ မြက်ပင်တွေပါပဲ။ အမေရိကန်နိုင်ငံ ပန်းနာနှင့် ဓါတ်မတည့်ခြင်း အဖွဲ့အစီးအရ Hay Fever ရှိတဲ့လူ တော်တော်များများဟာ မြက်ပင်တွေကြောင့် ဖြစ်ရတာလို့ သိရပါတယ်။

  • ဆောင်းဦးရာသီ

ဆောင်းဦးဆိုတာ ragweed လို့ခေါ်တဲ့ မြက်ပင်၊ပေါင်းပင်တွေရဲ့ ရာသီပါ။ သူတို့ရဲ့ ဝတ်မှုန်တွေဟာ ဓါတ်မတည့်မှုတော်တော်များကို ဖြစ်စေတဲ့ အရာတွေပါ။ ထိုအပင်တွေကြောင့် ဖြစ်တဲ့ ဓါတ်မတည့်ခြင်းတွေဟာ ပြင်းထန်နိုင်ပါတယ်။

  • ဆောင်းရာသီ

ဆောင်းရာသီမှာ ဓါတ်မတည့်စေတဲ့ အရာများ ကိန်းဝပ်သွားပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ ရာသီကြောင့် ဓါတ်မတည့်ခြင်းရှိတဲ့ လူတော်တော်များများ သက်သာရာရကြပါတယ်။

အိမ်တွင်း ဓါတ်မတည့် စေတဲ့ အရာများဟာ ပြင်ပမှ အရာများထက် မိမိပတ်ဝန်းကျင်မှ ဖယ်ထုတ်ပြစ်ရန် လွယ်ကူပါတယ်။

ဖြစ်နိုင်ခြေများ

Seasonal Allergies (ရာသီကြောင့် ဓါတ်မတည့်ခြင်း)အန္တရယ်တွေကို ဘာတွေက များစေတာလဲ။

သင့်မိဘတွေမှာ ရာသီကြောင့် ဓါတ်မတည့်ခြင်းရှိနေမယ်ဆိုရင်တော့ ထိုအခြေအနေအတွက် အန္တရယ်ရှိနိုင်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Seasonal Allergies (ရာသီကြောင့် ဓါတ်မတည့်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ရာသီကြောင့် ဓါတ်မတည့်ခြင်းဟာ အခြားဓါတ်မတည့်ခြင်းတွေထက် စစ်ဆေးရလွယ်ကူပါတယ်။ နှစ်တစ်နှစ်ရဲ့ တိကျတဲ့အချိန်တစ်ခုမှာပဲ ဖြစ်ဖြစ်နေမယ်ဆိုရင် ရာသီကြောင့် ဓါတ်မတည့်ခြင်းရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။

ဆရာဝန်က သင့်ရဲ့ နား၊နှာခေါင်း၊လည်ချောင်းကို စစ်ဆေးပါလိမ့်မယ်။ ဓါတ်မတည့်မှုစစ်ဆေးခြင်း(Allergy Testing) လုပ်ဖို့တော့ မလိုလောက်ပါဘူး။ ဓါတ်မတည့်တဲ့ ဘယ်အရာကြောင့်ပဲ ဖြစ်ဖြစ် ကုသမှုကတော့ အတူတူပဲဖြစ်မှာပါ။

Seasonal Allergies (ရာသီကြောင့် ဓါတ်မတည့်ခြင်း) ကို ဘယ်လိုကုသပါသလဲ

အကောင်းဆုံးကုမှုကတော့ ရှောင်ကျဉ်ခြင်းပါပဲ။ ရောဂါလက္ခဏာတွေ ကုသဖို့ ဆေးဝါးများကိုလည်း အကြံပြုထားပါတယ်။ အခြားကုသနည်းများကိုလည်း စမ်းသပ်ကုသနေကြပါတယ်။

  • ရှောင်ကျဉ်ခြင်း

ဓါတ်မတည့်စေတဲ့ အရာများအား ရှောင်ရှားဖို့ ကြိုးစားကြည့်ပါ။ ဥပမာအားဖြင့် နွေရာသီမှာ အေးနေစေဖို့ ရိုးရိုးပန်ကာတွေထက် HEPA လေစစ်များတပ်ထားတဲ့ အဲကွန်းများကို အသုံးပြုကြည့်ပါ။ ဝတ်မှုန်များထွက်ခြင်းအား ခန့်မှန်းရန်အတွက် မိုးလေဝသ သတင်းကြည့်ရှုပေးပါ။ ဝတ်မှုန်တွေ လေထဲမှာ များနေပြီဆိုရင် အိမ်ထဲမှာပဲ နေပေးပါ။ ဓါတ်မတည့်ခြင်းရှိနေတဲ့ အချိန်တွေမှာဆိုရင် အောက်ပါတို့ကို ပြုလုပ်ပေးပါ။

  • ပြတင်းပေါက်များ ပိတ်ထားပေးပါ။
  • အပြင်ထွက်ခြင်းကို ဆင်ခြင်ပေးပါ။
  • အပြင်ထွက်ချိန် အထူးသဖြင့် လေတိုက်တဲ့ နေ့တွေမှာဆိုရင် နှာခေါင်းစီးတပ်ပေးပါ။
  • Hay Fever ကို ပိုမိုဆိုးဝါးစေတဲ့ ဆေးလိပ်ငွေ့တွေကို ရှောင်ရှားဖို့ အရေးကြီးပါတယ်။
  • ဆေးဝါးဖြင့် ကုသခြင်း

ဓါတ်မတည့်စေတဲ့အရာတွေကို မရှောင်နိုင်တော့ဘူးဆိုရင် အောက်ပါကဲ့သို့ ကုသနည်းတွေက အသုံးဝင်နိုင်ပါလိမ့်မယ်။

  • Cetirizine (Zyrtec) နှင့် acetaminophen, diphenhydramine, phenylephrine (Benadryl) အရောကဲသို့ ဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်သော ရင်ကျပ်ပျောက်ဆေးနှင့် ဓါတ်မတည့်ရောဂါ ပျောက်ဆေးများ အသုံးပြုခြင်း
  • စတီးရွိုက်ဖျန်းဆေးများကဲ့သို့ ဆရာဝန်ညွှန်ကြားထားသော ဆေးဝါးများ အသုံးပြုခြင်း
  • အခြေအနေအရမ်းဆိုးရင် Allergy Shot ဆိုတဲ့ ကုသနည်းကို ဆရာဝန် အကြုံပြုပါလိမ့်မယ်။ ကိုယ်ခံအားစနစ်မှ ဓါတ်မတည့်မှုဖြစ်စေတဲ့ အရာများအား တုံ့ပြန်မှုလျော့နည်းသွားစေခြင်းဖြင့် ကုသတဲ့ ကိုယ်ခံအားစနစ် ကုသနည်းတစ်ခုပါ။

ဒါပေမဲ့လည်း အိပ်ငိုက်ခြင်း၊ မူးဝေခြင်းနှင့် စိတ်ရှုပ်ထွေးခြင်းတို့လိုမျိုး ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။

  • အခြားကုသနည်းများ

အခြားကုသနည်းများလည်း သက်သာစေနိုင်တယ်လို့ အချို့ကယုံကြည်ကြပါတယ်။

  • Quercetin (သစ်သီးဝလံအရောင်ရှိသော ဖလေဗိုနွိုက်တစ်မျိုး)
  • Lactobacillus acidophilus (ဒိန်ချဉ်တွင်တွေ့ရသော အကျိုးပြုပိုးတစ်မျိုး)
  • ဗီတာမင်စီ (ဓါတ်မတည့်မှု ပျောက်စေသော ဒြပ်ပေါင်းတစ်မျိုး)

အထက်ပါ ကုသနည်းများ ထိရောက်လား၊ မထိရောက်ဘူးလားဆိုတာသိရဖို့ လေ့လာမှုတွေ ထပ်မံပြုလုပ်ရအုန်းမှာပါ။

လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းများ

ရာသီကြောင့် ဓါတ်မတည့်ခြင်းကို ရင်ဆိုင်နိုင်ဖို့ လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ဘာတွေလဲ။

ရာသီကြောင့် ဓါတ်မတည့်ခြင်းရဲ့ အန္တရယ်ရှိအချက်တွေကို လျော့ချဖို့ အကြံပြုထားပါတယ်။ အောက်ပါတို့က ထိုရောဂါအား ကာကွယ်နိုင်ရန် အကြံပြုချက်များ ဖြစ်ပါတယ်။

  • ခြောက်သွေ့ရ်ျ လေတိုက်သော နေ့များတွင် အိမ်အတွင်းမှာနေပါ။ လေထဲရှိ ဝတ်မှုန်တွေ ဖယ်ရှားရှင်းလင်းပေးနိုင်လောက်တဲ့ မိုးအတော်အသင့်ရွာပြီးမှ အပြင်ထွက်တာ အကောင်းဆုံးပါ။
  • ဓါတ်မတည့်ဖြစ်စေတဲ့ အရာများ ပိုမိုပျံ့နှံ့စေသော ပေါင်းသတ်၊ မြက်နှုတ်ခြင်းနဲ့ အခြားဥယာဉ်ခြံကိစ္စတွေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ပါ။
  • အပြင်မှ ပြန်ရောက်လျှင် ဝတ်ထားသော အဝတ်အစားများ ချွတ်ပြစ်ပါ။ အရေပြားနှင့် ဆံပင်တို့တွင် ကပ်နေသော ဝတ်မှုန်များ ရှင်းလင်းသွားစေရန် ရေချိုးပေးပါ။
  • အဝတ်တွေကို အပြင်တွင် မလှန်းပါနှင့်။ ဝတ်မှုန်များ လာကပ်နိုင်ပါတယ်။
  • အပြင်ထွက်မယ်ဆိုရင် နှာခေါင်းစီးတပ်ပါ။

မေးစရာများရှိပါက ပိုမိုနားလည်ပြီး အကောင်းဆုံးဖြေရှင်းနည်း ရရှိရန် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement