မှိုနဲ့ဓါတ်မတည့်ခြင်း
မှို (Mould) ဆိုတာကတော့ စိုစွတ်တဲ့ ပတ်ဝန်းကျင်မှာပေါက်တဲ့ မှို(Fungus) တစ်မျိုးပါ။ ပူပြင်းပြီးလေတိုက်တဲ့နွေနေ့လည်တွေမှာ မှိုရဲ့အပေါ်ယံလွှာ (Mildew)တွေဟာ အိပ်စက်နေတဲ့ အနေအထားမှာရှိပြီး ဒါဟာ စပိုးတွေကို လေထဲထုတ်လွှင့်ပေးတဲ့အချိန်ပါပဲ။ ဒီစပိုးတွေကိုလူတွေက ရှူရှိုက်မိနိုင်ပါတယ်။
မှိုနဲ့ ဓါတ်မတည့်တဲ့ လက္ခဏာတွေထဲမှာ နှာစေးခြင်း၊ နှာပိတ်ခြင်း၊ နှာခေါင်းနဲ့ မျက်စိယားခြင်း စတာတွေဖြစ်တတ်ပါတယ်။ မှိုစပိုးတွေက အဆုတ်ထဲကျူးကျော်သွားပြီဆိုရင်တော့ ရင်ကြပ်တာမျိုးဖြစ်တတ်ပါတယ်။
ရာဘာစေးနဲ့ ဓါတ်မတည့်ခြင်း
ဒါကတော့ ရာဘာပင်တွေရဲ့ အစေးတွေမှာ တွေ့ရတတ်တဲ့ ပရိုတိန်းတစ်မျိုးကြောင့်ဖြစ်ရတာပါ။ ပလတ်စတစ်တွေနဲ့ ဓါတ်မတည့်ခြင်းဟာ ခန္ဓါကိုယ်က ပလတ်စတစ်ကို ဒုက္ခပေးနိုင်မယ့် အရာလို့ ယူဆထားလို့ပါ။ ပလတ်စတစ်နဲ့ ဓါတ်မတည့်ခြင်းဟာ အရည်ပြားဓါတ်မတည့်ခြင်းတွေ၊ ဖုတွေနဲ့ ရင်ကြပ်ခြင်းတွေထိ အမျိုးမျိုးပြောင်းလဲစေနိုင်ပါတယ်။ ပြင်းထန်တဲ့ ဓါတ်မတည့်ခြင်း (Anaphylaxis) တွေကတော့ အသက်အန္တရာယ် ထိခိုက်စေနိုင်ပါတယ်။
ဓါတ်မတည့်ခြင်းတွေဟာ ခန္ဓါကိုယ်အနှံ့အပြားမှာရှိတဲ့ ဆဲလ်စုပေါင်းမှုတွေ၊ ဓါတုပစ္စည်းတွေနဲ့ တစ်သျှူးတွေပါဝင်တဲ့ ရှုပ်ထွေးတဲ့ဖြစ်စဉ်ကွင်းဆက်တစ်ခုပါ။ တကယ်လို့ ဓါတ်မတည့်မှုတွေအတွက် လုံးဝပျောက်ကင်းစေနိုင်မယ့် ကုသနည်းမရှိဘူးဆိုရင်တော့ လက္ခဏာတွေ သက်သာစေသမယ့် နည်းတွေ အများကြီးရှိပါတယ်။
တကယ်လို့သင်က ဓါတ်မတည့်တာဖြစ်နေတယ်ဆိုရင် အထူးကုနဲ့တိုင်ပင်သင့်ပြီး အကြောင်းရင်းကိုရှာကာ သင့်အတွက်အကောင်းဆုံး ကုသနည်းကို အဖြေရှာပါ။ ဓါတ်မတည့်ခြင်းတုံ့ပြန်မှုတွေအတွက် ပိုကောင်းတဲ့ အရာတွေ ကြံဆပေးနိုင်ပါလိမ့်မယ်။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။