backup og meta

ကလေး ပြင်းထန်ဓာတ်မတည့်ခြင်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Nadi မှ ရေးသားသည်။ · 25/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေး ပြင်းထန်ဓာတ်မတည့်ခြင်းများ

    ၂၅%သောသူများတွင် တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော ဓာတ်မတည့်ခြင်းများ ရှိနိုင်သည်။ ထိုရာခိုင်နှုန်းကလည်း တဖြည်းဖြည်းချင်းမြင့်တက်လာသည်။ ကျွန်ုပ်တို့က ဓာတ်မတည့်ပါက အင်ပြင်ထခြင်း၊ ယားခြင်း၊ နှာချေခြင်း၊ နှာရည်ယိုခြင်း၊ မျက်ရည်ယိုခြင်းတို့ဖြစ်မည်ဟုယူဆကြသည်။

    သို့သော် အပေါ်ကလက္ခဏာများက ဓာတ်မတည့်ရောဂါ၏ လက္ခဏာတချို့သာဖြစ်သည်။ ဓာတ်မတည့်သော တုံပြန်ခြင်းဆိုတာ ဘာလဲ။ အဓိကကတော့ ဖြစ်စေသောအရာနှင့် နောက်ဆက်တွဲများကို သတိထားနေသင့်သည်။

    ဓာတ်မတည့်သော တုံပြန်ခြင်းဆိုတာဘာလဲ။

    ဓာတ်မတည့်တုံ့ပြန်ခြင်းသည် အလွန်ပြင်းထန်သော ဓာတ်မတည့်ခြင်းဖြစ်ပြီး အသက်အန္တရာယ်ထိ ရှိနိုင်သည်။ ခန္ဓာကိုယ်ခုခံအားစနစ်က ဓာတ်ပစ္စည်းကို တိုက်ခိုက်သည်။ ဓာတ်မတည့်သော တုံပြန်ခြင်းက အရေးပေါ်အခြေအနေဖြစ်ပြီး ချက်ခြင်းကုသမှု လိုအပ်သည်။ လက္ခဏာများတွင် အသက်အန္တရာယ်ရှိသော လေပြွန်ပိတ်ခြင်းနှင့် အသက်ရှူရခက်ခဲခြင်းတို့ ပါဝင်နိုင်သည်။ သွေးပေါင်ချိန် ချက်ချင်းကျ ပြီး သတိမေ့သွားခြင်းဖြစ်နိုင်သည်။ အခြားလက္ခဏာများအနေဖြင့် ယောင်ပြီး ယားသော အကွက် များပေါ်တတ်သည်။

    ဓာတ်မတည့်သော တုံပြန်မှုကို ဖြစ်စေသောအရာက ဘာလဲ။

    ယခုချိန်ထိ အချို့သော ဓာတ်မတည့်မှုက ဘာကြောင့်ဖြစ်လဲဆိုတာ အကြောင်းရင်းရှာမရသေးပါ။ မိသားစုမျိုးရိုးရှိသော ကလေးများတွင်ပိုဖြစ်နိုင်သည်။ ထိုအကြောင်းက ဘာကြောင့်ဖြစ်သည်ဟု မသေချာသော်လည်း တစ်ခုသော သီအိုရီ က သန့်ရှင်းပြီး ပိုမွှားများမရှိသောပတ်ဝန်းကျင်က ခုခံအားစနစ်ကို အားနည်းစေသည်။ ထိုအပြင် အချို့သောအရာများက ဓာတ်မတည့်သော တုံပြန်မှုကို ဖြစ်စေသည်။ ပိုးကောင်၊ ပျား၊ အချို့သော အစားအစာများ (ဥပမာ အခွံမာသီး သို့မဟုတ် အခွံမာရေသတ္တဝါ)၊ အချို့သောဆေးများ (ဥပမာ ပနက်စလင်) အချို့သောအပင်များ၊ ဝတ်မှုန်တို့ကြောင့်ဖြစ်နိုင်သည်။

    ရောဂါလက္ခဏာက ဘာတွေလဲ။

    ပြင်းထန်သော ဓာတ်မတည့်ခြင်းက မပြင်းထန်သောလက္ခဏာများ ခဏခဏဖြစ်ခြင်းမှ ဖြစ်သည်။ သို့သော် အချို့သောကိစ္စများတွင် မပြင်းထန်သောလက္ခဏာ (ဥပမာ ဓာတ်မတည့်သောအကွက်(အင်ပြင်)မရှိဘဲ) တစ်ခါတည်း အသက်အန္တရာယ်ရှိသည့် ပြင်းထန်မှု စဖြစ်နိုင်သည်။ အလယ်အလတ်နှင့် ပြင်းထန်သော လက္ခဏာများတွင် ဗိုက်နာခြင်း၊ အသက်ရှူမမှန်ခြင်း၊ နေထိုင်မကောင်းခြင်း သို့မဟုတ် ချောင်းပြင်းပြင်းဆိုးခြင်း၊ ဝမ်းလျှောခြင်း၊ တရွီရွီမြည်ခြင်း၊ အစာမျိုချရခက်ခြင်း၊ မူးခြင်း၊ မျက်နာနီရဲခြင်း၊ အန်ခြင်း၊ ပျို့ခြင်း၊ ရင်တုန်ခြင်း၊ မျက်နှာမျက်လုံး သို့မဟုတ် လျှာရောင်ခြင်း၊ သတိမေ့ခြင်း စသည်တို့ ဖြစ်နိုင်သည်။

    ဓာတ်မတည့်သော တုံပြန်မှုဖြစ်ပါက ဘာလုပ်သင့်လဲ။

    • ထိုသို့ဖြစ်ပါက Adrenalineထိုးခြင်း(သင်တွင်ရှိပါက)နှင့် ၉၁၁ခေါ်ခြင်း သို့မဟုတ် ချက်ချင်းအရေးပေါ်သို့သွားသင့်သည်။ လိုအပ်ပါကသင့်သူငယ်ချင်းကိုပြောပြီးအကူအညီတောင်းနိုင်သည်။
    • တစ်ခါဖြစ်ပြီးပါက နောက်တစ်ခါမဖြစ်ဘူးလို့ မထင်လိုက်ပါနှင့်။
    • အသက်ရှူခက်နေပါက ထိုသူ ခေါင်းအောက်သို့ ခေါင်းအုံးမထည့်ပါနှင့်။ ထိုသို့လုပ်ပါက အသက်ရှူလမ်းကြောင်းကိုပိတ်စေနိုင်သည်။
    • အသက်ရှူခက်နေပါက ပါးစပ်ထဲဘာမှမထည့်ပါနှင့်။
    • ပြင်းထန်သော ဓာတ်မတည့်ခြင်းဖြစ်တတ်သောကလေးအတွက် Adrenalineပါသောအရေးပေါ်သေတ္တာသယ်ရန်မမေ့ပါနှင့်။

    ဓာတ်မတည့်ခြင်းကို ဘယ်လိုကာကွယ်မလဲ။

    ဖြစ်စေသောအရာများ ဥပမာ အစာ၊ဆေးစသည်တို့ကို ရှောင်ပါ။ အပြင်မှာစားပါက ပါဝင်ပစ္စည်း သေချာမေးပါ။ ပါဝင်ပစ္စည်းကို သေချာဖတ်ပါ။ မတည့်သောအစားအစာရှိပါက၊ အစာအသစ်ကို ကျွေးမည်ဆိုပါက ကလေးကို နည်းနည်းစီကျွေးပါ။

    ဓာတ်မတည့်ခြင်းက အဖြစ်များသည်။ ကလေးများတွင် ပိုဖြစ်နိုင်သည်။ အချို့သော ဓာတ်မတည့်ခြင်းက အသက်ကြီးလာသည်နှင့်အမျှပျောက်သွားသော်လည်း အများစုက ဆက်ရှိနေနိုင်သည်။ အရွယ်ရောက်ပြီးသူများတွင် အရင်က ဓာတ်တည့်သော်လည်း ရုတ်တရက်ဓာတ်မတည့်ခြင်းဖြစ်နိုင်သည်။ ဓာတ်မတည့်ခြင်းက သင့်ပုံမှန်လုပ်ဆောင်ချက်ကို ထိခိုက်စေနိုင်သည်။ သို့သော် များသောအားဖြင့် မပြင်းထန်ဘဲ ထိန်းချုပ်ကုသနိုင်သည်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Nadi မှ ရေးသားသည်။ · 25/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement