backup og meta

ဓါတ်မတည့်မှုလက္ခဏာ။ မူးဝေခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 08/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဓါတ်မတည့်မှုလက္ခဏာ။ မူးဝေခြင်း

    ဓါတ်မတည့်မှုလက္ခဏာ။ မူးဝေခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ မူးဝေခြင်းဟာ အကြောင်းအရင်း ပေါင်းစုံကြောင့် ဖြစ်နိုင်ပါတယ်။ ရေဓါတ် ခမ်းးခြောက်ခြင်းကနေ ပြင်းထန်တဲ့ ကျန်းမာရေး အခြေအနေထိ ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေ တခုကတော့ ဓါတ်မတည့်မှုကြောင့် ဖြစ်ပွားခြင်း ဖြစ်ပါတယ်။ ဓါတ်မတည့်ခြင်းဟာ သင့်ကိုယ်ခံအား စနစ် ကနေ အန္တရာယ် မဖြစ်စေလောက်တဲ့ ဝတ်မှုန်၊ တိရစ္ဆာန်အမွေး၊ စားစရာ တချို့ စတာတွေကို ပြင်းထန်စွာ တုံ့ပြန်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီတုံ့ပြန်မှုတွေဟာ ဆိုးရွားပြီး တခါတရံ သေသည်အထိ ဖြစ်နိုင်ပါတယ်။

    ဓါတ်မတည့်မှုလက္ခဏာ။ မူးဝေခြင်း

    ဓါတ်မတည့်မှုလက္ခဏာ။ မူးဝေခြင်း ကတော့

    ၁။ လေမှလာသော ဓါတ်မတည့်မှုကြောင့် မူးဝေခြင်း

    လေထဲမှာ ပါလာတဲ့ အမှုန်လေးတွေဟာ ဓါတ်မတည့်မှုကို ဖြစ်ပွားစေပါတယ်။ အဲဒီအမှုန်လေးတွေ ကိုယ်ခန္ဓါထဲ ရောက်ရင် ကိုယ်ခံအားစနစ်က တိုက်ခိုက်ပြီး ခုခံပစ္စည်းတွေ ထုတ်လွှတ်လိုက်ပါတယ်။ တွေ့နေကျ ဓါတ်မတည့်မှု ပုံစံတွေကတော့ နှာပိတ်ခြင်း၊ နှာမကြာခဏ ချေခြင်း၊ လည်ချောင်း ယားခြင်း၊ ချောင်းအလွန် ဆိုးခြင်းတို့ ဖြစ်ပါတယ်။ ဓါတ်မတည့်မှုဟာ နားရဲ့ အလယ်ပိုင်းနဲ့ လည်ချောင်း နောက်ပိုင်းကို ဆက်ပေးထားတဲ့ ပြွန်ကို ထိခိုက်စေပါတယ်။ အဲဒီ ပြွန်ဟာ နားအလယ်ပိုင်း ဖိအားနဲ့ ပြင်ပ လေဖိအားကို ထိန်းညှိပေးပါတယ်။ နားထဲမှာ တခုခု ခံနေသလို ခံစားရရင်၊ ကြားဖို့ ခက်ရင် အဲဒီပြွန်ဟာ ချွဲနဲ့ ပိတ်နေတာ ဖြစ်နိုင်ပါတယ်။ အဲဒီအခါမှာ ပြင်ပ ဖိအားနဲ့ ညီအောင် မညှိနိုင်တဲ့ အတွက်ကြောင့် မူးဝေတတ်ပါတယ်။

    ၂။ အစားအစာ ဓါတ်မတည့်၍ မူးဝေခြင်း

    အစာမတည့်လို့လည်း မူးနိုင်ပါတယ်။ မူးဝေစေတာ လေကြောင့် ရတဲ့ ဓါတ်မတည့်မှု သာမက အစားကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စားပြီးချက်ချင်း၊ ဒါမှမဟုတ် နာရီပိုင်း ကြာမှ လက္ခဏာတွေ ပေါ်နိုင်ပါတယ်။ ဒါပေမယ့် သက်ရောက်မှု ကတော့  မြန်ပါတယ်။ တခါတရံ သိပ်မပြင်းထန်ရင်တော့ နာရီပေါင်း များစွာကနေ ရက်နဲ့ချီ ကြာပြီးမှ လက္ခဏာ ပေါ်လာတာမျိုး ရှိတတ်ပါတယ်။ ဒါကြောင့်မို့ ခေါင်းမူးခြင်းဟာ အစာကြောင့် မဟုတ်ဘူးလို့ ထင်သွားတတ်ပါတယ်။ ဓါတ်မတည့်မှု စမ်းသပ်ချက်တွေ စစ်ဆေးကြည့်ဖို့ လိုပါတယ်။

    ၃။ ဓါတ်မတည့်မှုကြောင့် ချာချာလည်မူးခြင်း

    ချာချာလည် မူးဝေခြင်းဟာ အဆိုးဆုံး မူးဝေမှု ဖြစ်ပါတယ်။ ဒီလိုဖြစ်ရင် အခန်းတခုလုံး လည်နေသလို ခံစားရပါတယ်။ ရပ်နေလျက်နဲ့ ရွေ့လျားနေ သလို ထင်ယောင်တတ် ပါတယ်။ ဒီလို ဖြစ်ရခြင်းဟာ နားအလည်ပိုင်းမှာ အရည်တွေ ပြည့်လာလို့ ဖြစ်ပါတယ်။ ဒီပြသနာဟာ ကုသနိုင်ပါတယ်။ အခြေအနေကို သိနိုင်ဖို့အတွက် ဆရာဝန်ဟာ စမ်းသပ်မှုတွေ လုပ်ပါလိမ့်မယ်။ နှာစေးခြင်းကြောင့် ဖြစ်တာဆိုရင်တော့ ဒီပြသနာကို ကုသရင် သက်သာနိုင်ပါတယ်။ ဒါပေမယ့် ချာချာလည် မူးခြင်းဟာ တခြား ကျန်းမာရေး ပြသနာတွေကြောင့် ဖြစ်နိုင်တာမို့ အမြန်ဆုံး စစ်ဆေး ကုသသင့်ပါတယ်။

    ဓါတ်မတည့်မှုကြောင့် မူးဝေခြင်းဟာ ဓါတ်မတည့်မှုကို ကုသနိုင်ခဲ့ရင် ပျောက်ကင်းသွားနိုင်ပါတယ်။ ဓါတ်မတည့်မှုကို ရှောင်ရှားဖို့ အကောင်းဆုံး နည်းလမ်းကတော့ ဓါတ်မတည့်စေတဲ့ ပစ္စည်းများကို ရှောင်ကြဉ်ဖို့ပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 08/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement