backup og meta

နှာခေါင်းနဲ့မျက်လုံး ဓာတ်မတည့်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 15/11/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှာခေါင်းနဲ့မျက်လုံး ဓာတ်မတည့်ခြင်း

    နှာခေါင်းနဲ့မျက်လုံး ဓာတ်မတည့်ခြင်း ဆိုတာ

    မျက်လုံးတွေ နီရဲပြီး ယားယံနေပြီလား….. ဒါက မျက်လုံး ဓာတ်မတည့်မှု ခံစားရသူတွေ အများစုမှာ ခံစားရနိုင်တဲ့ လက္ခဏာ တစ်မျိုးပါ။ မျက်လုံး ဓာတ်မတည့်မှုက သက်တောင့်သက်သာ မဖြစ်ခံစားရနိုင်သလို နေ့စဉ် လုပ်ငန်းဆောင်တာတွေမှာ အနှောင့်အယှက် ဖြစ်ရပါတယ်။

    ဒါတင်လားဆိုတော့ မဟုတ်သေးဘူး နောက်ထပ် အဖြစ်များတဲ့ ဓာတ်မတည့်မှု တစ်ခုရှိသေးပါတယ်။ ဒါကတော့ နှာရည်ယိုတာ၊ နှာချေတာတွေကို ဖြစ်စေနိုင်တဲ့ နှာခေါင်း ဓာတ်မတည့်မှုပါ။ ဒီဓာတ်မတည့်မှုကလည်း နေ့စဉ် လုပ်ငန်းဆောင်တာကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။

    ဒီတစ်ခေါက်တော့ အဖြစ်များတဲ့ မျက်လုံးနဲ့ နှာခေါင်း ဓာတ်မတည့်မှုအကြောင်း ပြောပြပေးသွားပါမယ်။

    နှာခေါင်းနဲ့မျက်လုံး ဓာတ်မတည့်ခြင်း ဘယ်သူတွေမှာ ဖြစ်နိုင်လဲ။

    နှာခေါင်း ဓာတ်မတည့်မှု နဲ့ မျက်လုံး ဓာတ်မတည့်မှု ပြဿနာတွေက ကမ္ဘာ့ လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းကျော်လောက် ခံစားနေရတဲ့ ဓာတ်မတည့်မှု ပြဿနာပါ။ ကလေး ကနေစလို့ သတ်လတ်ပိုင်းနဲ့ ဘိုးဘိုးဘွားဘွားတွေအထိ အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။

    နှာခေါင်းနဲ့မျက်လုံး ဓာတ်မတည့်မှု ဘာကြောင့် ဖြစ်ရတာလဲ။

    နှာခေါင်းနဲ့မျက်လုံး ဓာတ်မတည့်ခြင်း ဖြစ်ရတာက ကိုယ်ခံအားစနစ်က ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အရာပေါ်မှာ အလွန်အကျွံ တုံ့ပြန်မှုကြောင့် ဖြစ်ရတာပါ။ ဒီလို ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့အရာတွေထဲမှာ မြက်ပင်တွေ၊ သစ်ပင်တွေ၊ ဝတ်မှုန်တွေ၊ ဖုန်မှုန့်တွေ၊ တိရစ္ဆာန် အမွေးတွေ၊ အညစ်အကြေးတွေ စတာတွေလည်း ပါဝင်နေပါတယ်။

    ဒီလို ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့ အရာတွေနဲ့ ထိတွေ့မိတဲ့အခါ မျက်လုံး နဲ့ နှာခေါင်းက ဓာတ်မတည့်မှုကို ခုခံကာကွယ်ဖို့ histamines နဲ့ အခြား ဓာတုပစ္စည်းတွေကို ထုတ်လွှတ်လိုက်ပါတယ်။ ဒီလိုခုခံမှုကြောင့် မျက်လုံး နဲ့ နှာခေါင်းထဲက သွေးကြောလေးတွေ ရောင်ရမ်းတာ၊ ယားယံတာ၊ နီမြန်းတာ၊ မျက်ရည် ထွက်တာ နှာချေတာ၊ နှာရည်ကျတာတွေ ဖြစ်လာရတာပါ။

    မျက်လုံး ဓာတ်မတည့်မှု အမျိုးအစား

    မျက်လုံး ဓာတ်မတည့်မှု အမျိုးအစားကို အကြမ်းဖျင်း ၂ မျိုး ခွဲထားပါတယ်။ ဒါကတော့

    • ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်တဲ့ မျက်လုံး ဓာတ်မတည့်မှု (SAC) နဲ့
    • ဖုန်မှုန့်တွေနဲ့ တိရစ္ဆာန် အမွေးတွေ၊ အညစ်အကြေးတွေ၊ ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့အရာတွေကြောင့် ဖြစ်တဲ့ မျက်လုံး ဓာတ်မတည့်မှု (PAC) ဆိုပြီးတော့ပါ။

    ဒီဓာတ်မတည့်မှုတွေက မျက်လုံးကို ကသိကအောင့် ဖြစ်စေပေမယ့် များသောအားဖြင့်ကတော့ မျက်လုံးကို ထိခိုက်စေတာမျိုး မရှိပါဘူး။

    နှာခေါင်းနဲ့မျက်လုံး ဓာတ်မတည့်ခြင်း လက္ခဏာတွေက ဘာတွေလဲ။

    နှာခေါင်းနဲ့မျက်လုံး ဓာတ်မတည့်ခြင်းကို ခံစားရပြီဆိုရင် အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

    ဘယ်လို စစ်ဆေး သိရှိနိုင်မလဲ။

    များသောအားဖြင့်တော့ ခံစားနေရတဲ့ လက္ခဏာတွေကို ကြည့်ပြီး ဆုံးဖြတ်ရတာပါ။ တစ်ခါတလေမှာ ဓာတ်မတည့်မှုကို အခြားရောဂါ လက္ခဏာတွေနဲ့ ခွဲခြားရခက်တာမျိုး ရှိနိုင်ပါတယ်။

    ဓာတ်မတည့်မှုကြောင့် ဆေးခန်းသွားပြတဲ့အခါ ဆရာဝန်က

    • အပေါ်မှာ ပြောခဲ့တဲ့ လက္ခဏာတွေ ရှိလားဆိုတာကို ဆန်းစစ်ပါမယ်။
    • မျိုးရိုး ရှိလားဆိုတာကို စစ်ဆေးပါမယ်။
    • ဘာကြောင့် ဖြစ်ရတာလဲဆိုတာကို မေးမြန်း ဆန်းစစ်ပါမယ်။
    • နှာခေါင်း၊ မျက်လုံး၊ နားနဲ့ အာခေါင်တွေ ယားယံနေလားဆိုတာကို ဆန်းစစ်ပါမယ်။  ဒီနည်းလမ်းတွေအပြင် အရေပြား အခြေအနေ နဲ့ သွေးစစ်ဆေးမှု (RAST) လုပ်ပြီး စစ်ဆေးပါမယ်။
    • ဓာတ်မတည့်မှု လက္ခဏာလား အခြား ပြင်းထန်တဲ့ ရောဂါ အခြေအနေ တစ်ရပ်ရပ်ရဲ့ လက္ခဏာတွေလားဆိုတာကို သိနိုင်စေဖို့အတွက် ဓာတ်မှန်ရိုက်တာ၊ CT Scan ဖတ်တာ၊ Nasal endoscopy လုပ်တာတွေကိုလည်း လုပ်ရတာ ရှိနိုင်ပါတယ်။

    ဘယ်လို ကုသမလဲ။

    ဓာတ်မတည့်မှုတိုင်းအတွက် အကောင်းဆုံးသော ကုထုံးက မဖြစ်ခင်က ကာကွယ်တာပါ။ မျက်လုံးနဲ့နှာခေါင်း ဓာတ်မတည့်မှုကို ကာကွယ်ဖို့ဆိုရင် ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့ အရာတွေနဲ့ ကိုင်တွယ် ထိတွေ့တာမျိုး မလုပ်ဖို့နဲ့ ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့ အရာတွေ ရှိနေနိုင်တဲ့ ပတ်ဝန်းကျင်ကို သွားလာမှုကို တတ်နိုင်သမျှ ရှောင်ဖို့ပါ။

    ပြင်းထန်မှု အလိုက်တော့ ကုထုံးတွေ ကွခြားနိုင်ပါတယ်။ အိမ်တွင်းကုထုံးတွေကစလို့ ဆေးသောက်ရတာတွေ အခြားသော ကုထုံးတွေကို ခံယူရတာမျိုး ရှိနိုင်ပါတယ်။

    Takeaways

    မျက်လုံးနဲ့နှာခေါင်း ဓာတ်မတည့်မှုကြောင့် ထိခိုက်နိုင်ခြေကို လျှော့ချနိုင်ဖို့ ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့အရာတွေနဲ့ ထိတွေ့မိနိုင်မယ့် နေရာတွေကို သတိထား ရှောင်​ကြဉ်တာ၊ ဓာတ်မတည့်မှု လက္ခဏာ တစ်ရပ်ရပ် ခံစားရပြီဆိုရင် အမြန်ဆုံး ကုသမှု ခံယူဖို့ အကြံပြုပါရစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 15/11/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement