backup og meta

နှာခေါင်းဝေဒနာများအတွက် နှာသန့်စင်ဆေးရည်ဘူး


Wathun Myat Chal မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှာခေါင်းဝေဒနာများအတွက် နှာသန့်စင်ဆေးရည်ဘူး

    ကမ်းစပ်မှာ ခပ်ကြမ်းကြမ်း ရေလွှာလျှောစီးဖူးတဲ့ ဘယ်သူမဆို သင့်ကို ပြောနိုင်ပါတယ်။ အေးစက်နေတဲ့ ပင်လယ်ရေတွေက သင့်အသက်ရှုလမ်းကြောင်းကတဆင့် ဝင်လာတာက တော်တော် အဆင်မပြေတာပါ။ အစပိုင်းအဆင်မပြေစဉ်မှာ ဒါက irrigation ကို ဖြစ်စေပြီး တခါတရံ clogged sinuses ကို မမျှော်လင့်ပဲ၊ မကြိုဆိုပဲ သက်သာစေပါတယ်။ ဒီလိုမျိုး ကြုံတွေ့ခဲ့တဲ့ အိန္ဒိယက လူတစ်ယောက်က nasal irrigation ရဲ့ စိတ်ပျက်ဖို့ကောင်းတဲ့ allergy ရောဂါလက္ခဏာတွေ ကို သက်သာအောင် ပြုလုပ်ဖို့ အားဖြစ်စေပါတယ်။

    Ansal allergy ရဲ့ အဆုံးရွားဆုံး ရောဂါလက္ခဏာတွေကတော့ အချွဲအလွန်အကြွံထက်ခြင်း၊ နှာခေါင်းပိတ်ခြင်း၊ နှာရည်ယိုခြင်း၊ နှာခေါင်းအတွင်းပိုင်း ယားယံခြင်း နဲ့ sinuses တို့ ဖြစ်ပါတယ်။ allergy ဖြစ်တဲ့သူတချို့က chronic rhinosinusitis လို့ခေါ်တဲ့ အခြေအနေထိ ရောက်တတ်ပါတယ်။ ယားယံသော သို့မဟုတ် ပိုးကူးစက်ထားသော sinus cavities ကြောင့် အပူလောင်နေသလို တောက်လျှောက်ခံစားရတတ်ပါတယ်။

    ရှေးကုထုံး

    လွန်ခဲ့တဲ့ ရာစုနှစ်တွေတုန်းက Ayurveda ရဲ့ သမားတော်တွေ၊ အိန္ဒိယရိုးရာဆေးကုသမှုတွေမှာ ပူနွေးတဲ့ ဆားရေနဲ့ နှာခေါင်းပေါက်အတွင်း ဆေးပေးခြင်းဖြင့် အချွဲအပို၊ ဝတ်မှုံ၊ တခြားအမှုန်အမွှားတွေ ဖယ်ရှားခြင်း ကို စတင် အသုံးပြုခဲ့ကြပါတယ်။

    Nasal douche ၊ nasal lavage လို့လည်း သိကြတဲ့ nasal irrigation က ရိုးရှင်းတဲ့ ပါဝင်ပစ္စည်းတွေဖြစ်တဲ့ ဆား၊ ရေနဲ့ neti pot လို့ခေါ်တဲ့ အထူးပြုလုပ်ထားတဲ့ အိုး တို့ကို အသုံးပြုပါတယ်။ ဒီအိုးက ဆားရည်ငွေ့တွေကို နှားခေါင်းပေါက် တစ်ဖက်က ဝင်ပြီး နောက်တစ်ပေါက်က ထွက်အောင် လုပ်ဆောင်ပေးပါတယ်။ သမားတော်တွေက များသောအားဖြင့် တစ်ရက်ကို ၄ကြိမ်လောက် ပြုလုပ်ကြပါတယ်။ ပင်လယ်ရေဖြစ်စရာ မလိုပါဘူး။

    ဒီနည်းလမ်းကို ထောက်ခံသူတွေက ဒီနည်းလမ်းဟာ နှာပိတ်ခြင်းနဲ့ ယားယံခြင်းကို အတော်သက်သာစေတယ်လို့ ဆိုကြပါတယ်။ sinus congestion ကြောင့်ဖြစ်တဲ့ ခေါင်းကိုက်တာကိုလည်း လျော့ပါးစေတယ်၊ sinus infections အတွက် antibiotics တွေ အားကိုးနေရခြင်းကို လျော့ကျစေတယ်လို့လည်း ဆိုကြပါသေးတယ်။ ဒါက allergy ကြောင့်ဖြစ်တဲ့ နှာခေါင်းပူလောင်ခြင်းကို ထိန်းချုပ်ဖို့ nasal corticosteroid sprays အသုံးပြုခြင်းကို လျော့ကျစေနိုင်ပါတယ်။ အသုံးပြုသူတွေက allergy ကို ထိန်းချုပ်နိုင်တဲ့ စွမ်းအားကို ခံစားရတယ်၊ ဘဝအရည်အသွေး တိုးတက်မှုတွေ သိသိသာသာ ရရှိလာတယ်လို့ တင်ပြကြပါတယ်။

    ဆေးဖက်ဆိုင်ရာ စမ်းသပ်မှု အများအပြားပြုလုပ်အပြီးမှာ အများစုက nasal irrigation က စိတ်ချရပြီး ဘေးမရှိပဲ ကုသနိုင်တယ် လို့ သဘောတူကြပါတယ်။ အဆိုးဆုံးအခြေအနေမှာ ပျောက်ကင်းဖို့ အချိန်ကြာမယ်၊ ဆေးသောက်တာလို တခြား ရွေးချယ်စရာတွေနဲ့ ယှဉ်ရင် ပိုပြီး အားစိုက်ထုတ်ဖို့ လိုအပ်ပါမယ်။

    အကောင်းဆုံးကတော့ nasal irrigation က allergy symptom အတော်များများမှာ သိသာတဲ့ တိုးတက်မှုကို ပေးစွမ်းတာပါပဲ။ ဥပမာ၊ University of California, San Diego က လေ့လာသူတွေက ဒီနည်းလမ်းသုံးတဲ့ လူနာ အယောက် ၂၀၀ကို ထပ်ပြီးလေ့လာခဲ့ကြပါတယ်။ တွေ့ရှိခဲတာကတော့ ရောဂါလက္ခဏာ ၂၃မျိုးမှ အမျိုး ၃၀လောက်မှာ ကိန်းဂဏန်းအရ သိသာတဲ့ တိုးတက်မှု၊ ဘဝနေထိုင်မှုအရည်အသွေး တိုးတက်မှုတို့ ဖြစ်ပါတယ်။

    ကြိုတင်ကာကွယ်မှု သို့မဟုတ် သတိပေးမှုတွေ ရှိလား။

    အသုံးမပြုခင် သတိပေးမှု တချို့ ရှိပါတယ်။ မွေးကင်းစကလေးတွေမှာ အသုံးမပြုရပါဘူး။ ၂၀၀၉ခုနစ်က ကျင်းပတဲ့ ဆေးပညာကျွမ်းကျင်မှု အစည်းအဝေး ကောက်နုတ်ချက်အရ nasal irrigation အသုံးပြုတာများရင် sinus infection ဖြစ်နိုင်ချေများနိုင်ပါတယ်။ တခါတလေ သုံးရင်တော့ မဖြစ်နိုင်ပေမယ့် ပုံမှန်ဆိုရင်တော့ မသုံးသင့်ပါဘူး။ ဒါက နှာခေါင်းအတွင်းပိုင်းနဲ့ sinuses အတွင်းနံရံတွေက အချွဲတွေရဲ့ အကာအကွယ်အလွှာတွေကို ဖယ်ရှားနိုင်လို့ပါ။ လေ့လာထားချက်အရ ဒီသတိပေးမှုက peer-reviewed journal မှာ မထုတ်ဝေရသေးပါဘူး။

    နောက်ဆုံးသတိပေးမှု။ irrigation solution လုပ်တဲ့အခါ ပိုးသတ်ထားတဲ့ရေကို အသုံးပြုဖို့ တော်တော် အရေးကြီးပါတယ်။ အသုံးမပြုခင် ကြိုချက်ခြင်းက သင့်တော်ပါတယ်။ naegleria fowleri လို့ခေါ်တဲ့ ကပ်ပါးပိုးမွှားတွေက ပိုးသတ်ထားတဲ့ရေ အသုံးမပြုတဲ့ neti pot အသုံးပြုသူတွေရဲ့ သေဆုံးမှု အတော်များများနဲ့ ဆက်စပ်နေပါတယ်။ sinuses ထဲရောက်တာနဲ့ ဦးနှောက်ထဲထိ ရောက်အောင် သွားတတ်ကြပါတယ်။ ရောက်ရင်တော့ မလွယ်မသွေ သေဆုံးမှုကို ကြုံတွေ့ရမှာပါ။

    ဘယ်လိုအသုံးပြုရမလဲ။

    Neti pot ဆိုတာ ရိုးရှင်းတဲ့ ကိရိယာတစ်ခုပါ။ အာလာဒင်ရဲ့ မီးခွက် အငယ်စားလိုမျိးနဲ့ ဆင်တူပါတယ်။ ပိုးသတ်ထားတဲ့ ရေနွေးနဲ့ သန့်စင်တဲ့ ဆားကို အိုးထဲမှာ ရောလိုက်ပါ။ ခေါင်းကို တစ်ဖက်ကို စောင်းပါ။ နှုတ်သီးကို ခေါင်းရဲ့ အမြင့်ပိုင်းမှာရှိတဲ့ နှာခေါင်းပေါက်မှာ ထားပါ။ saline solution က နှာခေါင်းတစ်ဖက်က ဝင်ပြီး တစ်ဖက်က ပြန်ထွက်လာပါလိမ့်မယ်။

    အပေါ်မှာ ဖော်ပြထားသလို ပိုးသတ်ထားတဲ့ရေ အသုံးပြုဖို့ အလွန်အရေးကြီးပါတယ်။ ပိုးသတ်ပြီးသား အသုံးပြုခြင်း သို့မဟုတ် ကြိုချက်အအေးခံပြီး သုံးခြင်းတို့ဖြင့် ပြုလုပ်နိုင်ပါတယ်။ saline solution, isotonic ( 0.9% salt; 9g sodium chloride dissolved in one liter of water ) , သို့မဟုတ် hypertonic ( 0.7% to 0.3% salt solution ) ဆိုတာ မှန်ကန်ပြီး သန့်စင်တဲ့ အိုင်အိုဒင်းမပါသော sodium chloride ပေါင်းထည့်ခြင်းပါပဲ။

    Kosher salt က သန့်စင်ပြီး သတ္တုဓါတ်တွေမပါတဲ့ သင့်တော်သော ပင်ရင်းဖြစ်ပါတယ်။ nasal irrigation ကို ဘုံဘိုင်ရေ၊ ပေါင်းခံရေတို့နဲ့ မပြုလုပ်သင့်ပါဘူး။ ပိုးသတ်တာက ဘေးကင်းဖို့အတွက် အရေးကြီးပါတယ်။ ဆားက non-isotonic solution အသုံးပြုတာနဲ့ ဆက်စပ်တဲ့ လောင်ကျွမ်းတဲ့ ခံစားမှုရဲ့ မသက်မသာဖြစ်တာကို ကာကွယ်ပေးပါတယ်။

    Isotonic solution မှာ သွေးတွင်း ပျော်ဝင်မယ့် အရာတွေရဲ့ ပါဝင်မှုနဲ့ ညီမျှတဲ့ ပျော်ဝင်ပစ္စည်းတွေ လုံလုံလောက်လောက် ပါဝင်ပါတယ်။ အံ့သြစရာ မရှိပါဘူး။ ပင်လယ်ရေဆိုတာ ဆားနဲ့ရေဖျောထားတဲ့ isotonic solution တစ်ခုပါပဲ။ ဒါပေမယ့် ဖော်ပြထားသော မလိုအပ်တဲ့ ညစ်ညမ်းမှုတွေရဲ့ အန္တရာယ်ကြောင့် မစဉ်းစားပဲ အသုံးမပြုသင့်ပါဘူး။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Wathun Myat Chal မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement