backup og meta

ပဲပိစပ်ကနေရနိုင်တဲ့ ကျန်းမာရေး ကောင်းကျိုးများ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပဲပိစပ်ကနေရနိုင်တဲ့ ကျန်းမာရေး ကောင်းကျိုးများ ။ ။

    ပဲနို့ ၊ပဲငံပြာရည်၊ ပဲပိစပ်ဆီ ဆိုပြီး ပဲပိစပ်နဲ့ပက်သက်တဲ့ ထုတ်ထားတဲ့ ထုတ်ကုန်များစွာကို ကြားဖူး၊ စားဖူးကြမှာပါ။ ဟင်းတစ်ပွဲ ပြင်ဆင်တဲ့နေရာမှာမပါမဖြစ်ဆိုတော့ အိမ်ရှင်မတွေဆို ပိုသိမှာပေါ့။

    ပဲပိစပ်ဆိုတာဘာလဲ ။ ။

    ပဲပိစပ်ဆိုတာ ပဲအမျိုးအနွယ်ဝင်တစ်မျိုးဖြစ်ပြီး အခြား ပဲအမျိုးနွယ်ဝင်တွေထက် ပိုပြီး ပရိုတင်းြကွယ်ဝတဲ့ ပဲဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ကို အဆီထွက်တဲ့ ပဲအဖြစ်လည်း သတ်မှတ်ထားကြပါတယ်။ ဒါ့ကြောင့် ပဲပိစပ်ဆီတို့၊ ပဲငံပြာရည် တို့ဆိုပြီး အများကြီးပေါ်ထွက်လာပြီး လူတိုင်းအသည်းကျော် စားစရာဖြစ်လာခဲ့တာပေါ့ ။ ဒါဆို လူတိုင်းကြိုက်ကြတဲ့ ပဲပိစပ်မှာ ဘယ်လို ကျန်းမာရေးအတွက် ကောင်းကျိုးပြုတဲ့အချက်တွေရှိလဲ ။ ။

    ( ၁ ) နှလုံးရောဂါနဲ့ လေဖြတ်ခြင်းကို ကာကွယ်ပေးပါတယ် ။ ။

    ပဲပိစပ်မှာပါဝင်တဲ့ အမျှင်ဓါတ် ေတွက သွေးတွင်းအဆီဓါတ်ကိုလျော့ကျစေပြီး သွေးကြောအတွင် းအဆီတွေ အနည်ကျခြင်းကို ကာကွယ်ပေးတဲ့အတွက်ကြောင့် နှလုံးသွေးကြောကျဉ်းတာ၊ လေဖြတ်တာတွေကို ကာကွယ်ပေးပါတယ်။ ပါဝင်တဲ့ fatty acid တွေက သွေးပေါင်ကို ထိန်းညှိပေးပြီး နှလုံးကျန်းမာရေးကို အထူးကောင်းမွန်စေပါတယ်။

    ( ၂ ) – ကင်ဆာရောဂါကို ကာကွယ်ပေးပါတယ်။ ။

    ပဲပိစပ်မှာ ဓါတ်တိုးဆန့်ကျင်တဲ့ ပစ္စည်းတွေပါဝင်တာကြောင့် ကင်ဆြာဖစ်စေတဲ့ Free radicals လို့ခေါ်တဲ့ကိုယ်တွင်းက မကောင်းတဲ့ ဓါတုပစ္စည်းတွေကို သူက ဓါတ်တိုးဆန့်ကျင်ပြီး ကင်ဆာကို ကာကွယ်ပေးမှာပါ။

    ( ၃ ) – အစာခြေစနစ်ကို ကောင်းမွန်စေပါတယ် ။ ။

    ပဲပိစပ်မှာပါတဲ့ ကြွယ်ဝတဲ့ အမျှင်ဓါတ်က အစာခြေစနစ်ကို ကောင်းမွန်စေပြီး ကိုယ်တွင်းကအဆိပ်အတောက် တွေကို စွန့်ထုတ်ပေးပါတယ်။ ဒါ့ကြောင့် ဝမ်းလျှောတဲ့သူဖြစ်ဖြစ် ၊ ဝမ်းချုပ်တတ်တဲ့သူဖြစ်ဖြစ် လေထိုးလေအောင့်ဖြစ်တတ်တဲ့သူဖြစ်ဖြစ် အစာခြေစနစ်ပြန်ကောင်းအောင်လို့ ပဲပိစပ်ကို စားပေးလို့ရပါတယ်။

    ( ၄ ) – အရိုးပွရောဂါကို ကာကွယ်ပေးပါသေးတယ် ။

    ပါဝင်တဲ့ ဇင့်၊ ကော်ပါး၊ ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်တို့ကြောင့် ပဲပိစပ်က အရိုးတွေကိုသန်မာစေပြီးအရိုးပွ ရောဂါကိုတောင် အကာအကွယ်ပေးဦးမှာပါ။ ဒ့ါအပြင် ဓါတ်တိုးဆန့်ကျင့်ပစ္စည်းတွေကလည်း အရိုးအပေါ်သက်ရောက်တဲ့ ဓါတုပစ္စည်တွေကို ဆန့်ကျင်ပေးဦးမှာပါ။

    ( ၅ ) – သွေးအားကောင်းစေပါတယ်။ ။

    ပဲပိစပ်ဟာ သံဓါတ်နဲ့ ကော်ပါးဓါတ်ကြွယ်ဝတာကြောင့် သွေးနီဥထုတ်လုပ်မှုကိုအားပေးပြီး သွေးအားကောင်းစေပါတယ်။ ဒါ့အပြင် haemoglobin လို့ခေါ်တဲ့အောက်ဆီဂျင်သယ်ပေးတဲ့ ေသွးနီဥဆဲလ်ထုတ်ခြင်းကိုလည်း အားပေးတာကြောင့် တစ်ကိုယ်လုံးကို အောက်ဆီဂျင် အပြည့်ရစေပါတယ်။

    ( ၆ ) – အိပ်ပျော်စေပါတယ်။

    ပဲပိစပ်မှာ ပါဝင်တဲ့ မဂ္ဂနီဆီယမ်ဟာ သင့်ကို ညဘက်ကောင်းကောင်းအိပ်ပျော်စေမှာ ဖြစ်လို့ ညညအိပ်မပျော်တဲ့သူတွေ အားထားသင့်တဲ့ အစားအသောက်တစ်ခုနော် ။

    ( ၇ ) – သွေးဆုံးခါနီး လက္ခဏာတွေကိုလည်း သက်သာစေပါတယ်။

    ပဲပိစမ်မှာပါဝင်တဲ့ isoflavones ဟာ အီစတိုဂျင်ေဟာ်မုန်းလိုမျိုး ဆောင်ရွက်ပေးတာကြောင့် သွေးဆုံးချိန်နည်းသွားတဲ့ အီစတိုဂျင်ဟော်မုန်းနေရာကို အစားထိုးဝင်ရောက်ပေးတာကြောင့် သွေးဆုံးချိန်ဖြစ်တဲ့လက္ခဏာတွေကို သက်သာစေပါတယ်။

    ( ၈ ) – ဆီးချိုကိုလည်း ထိန်းပေးပါတယ်။

    ပဲပိစပ်မှာ ပါဝင်တဲ့ မဂ္ဂနီဆီယမ်ဟာ အင်ဆူလင်အာရုံခံနိုင်စွမ်းကိုမြင့်စေတာကြောင့် မြင့်တက်နေတဲ့သွေးတွင်းသကြားဓါတ်ကို ထိန်းပေးနိုင်စွမ်းရှိပါတယ်။ ခ

    ( ၉ ) ခုခံအားကို ကောင်းမွန်စေပါတယ်။

    ပဲပိစပ်မှာပါဝင်တဲ့ ပရိုတင်းနဲ့ အမိုင်နိုအက်ဆစ်တို့ဟာ ခုခံအားကိုအားပေးပြီး ရောဂါပိုးတွေကို ကာကွယ်ပေးပါတယ်။

    ဒါေ့ကြာင့် ဒီလို ကောင်းကျိုးတွေ အများကြီးရှိတဲ့ ပဲပိစပ်ဟာ လူတွေနဲ့ အသင့်တော်ဆုံး အစားအသောက်တစ်ခုပါ။ ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement