အစားအသောက်ကြောင့် ဓါတ်မတည့်ခြင်းနဲ့ ပတ်သက်ပြီး ဘာတွေသိထားရမလဲ

ရေးသားသူ

Update Date မေ 12, 2020 . 6 mins read
Share now

Food allergy ဆိုတာဘာလဲ

Food allergy ဆိုတာ ခန္ဓါကိုယ် ခုခံမှုစနစ်က အစားအသောက်အပေါ် အစပျိုးခြင်းကြောင့် ဖြစ်လာတဲ့ မူမမှန်တဲ့ တုံ့ပြန်မှု တစ်ခုဖြစ်ပါတယ်။ ဒီတုံ့ပြန်မှုက ပျော့နိုင်ပါတယ်။ တချို့ ရှားပါးဖြစ်စဉ်တွေမှာ anaphylaxis လို့ခေါ်တဲ့ ပြင်းထန်ပြီး အသက်အန္တရာယ်ပေးနိုင်ပါတယ်။ တကယ်လို့ သင့်မှာ food allergy ရှိမယ်ဆို ဘယ်အစားအသောက်ကြောင့်လဲဆိုတာ သိဖို့ ကျန်းမာရေးဝန်ဆောင်မှုတွေဆီသွားဖို့ အလွန့်အလွန် အရေးကြီးပါတယ်။

ဘာက food allergy ဖြစ်စေတာလဲ။

Food allergy ဆိုတာ အစားအသောက်တစ်ခု သို့မဟုတ် အဲ့မှာပါတဲ့ အရာတစ်ခုပေါ် ခုခံမှုစနစ်ရဲ့ မသင့်တော်တဲ့ တုံ့ပြန်မှုကြောင့် ဖြစ်တာပါ။ သင့်ခုခံမှုစနစ်က အစားအသောက်ကို ဘေးဖြစ်စေတဲ့ အရာလို့ ထင်မှားပြီး သူ့ကို တိုက်ထုတ်ဖို့ immunoglobulin E (IgE) antibodies တွေ ဖန်တီးပေးပါတယ်။

နောက်တစ်ကြိမ် သင်နည်းနည်းလေးပဲစားရင်တောင် အဲ့ဒီ IgE antibodies တွေက အာရုံခံပြီး ဒါကို တိုက်ထုတ်ဖို့ သင့်ခုခံမှုစနစ်ကို ဓါတုပစ္စည်းတွေ ထုတ်စေပါတယ်။ အဲ့ ဓါတုပစ္စည်းတွေက ဓါတ်မတည့်မှုရဲ့ လက္ခဏာတွေကို ဖြစ်စေပါတယ်။

ဖြစ်လေ့ရှိတဲ့ food allergens

  • Milk ( နို့အမျိုးမျိုး )

Milk allergy က အရွယ်ရောက်ပြီးသူတွေထက် ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ အထူးသဖြင့် အလွန်ငယ်ရွယ်တဲ့ ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ Food Allergy & Anaphylaxis Network (FAAN) အရ milk allergy ဟာ ကလေးတွေမှာ အဖြစ်များဆုံး food allergy ပါ။ အသက် ၃နှစ်အောက် ကလေးတွေရဲ့ ၂.၅% လောက်က ခံစားရပါတယ်။

နို့မှာ ပါဝင်တဲ့ Casein နဲ့ whey ဆိုတဲ့ protein ၂မျိုးက allergy ဖြစ်စေနိုင်ပါတယ်။ whey ကြောင့် ဖြစ်တာများပါတယ်။

  • Eggs ( ဥအမျိုးမျိုး )

Milk allergy လိုပဲ egg allergy ကလည်း လူကြီးတွေထက် ကလေးတွေမှာ အဖြစ်များပါတယ်။ FAAN အရ အနည်းဆုံး ကလေးတွေရဲ့ ၁.၅%က ဒီ allergy ကို ခံစားရပါတယ်။ ဥရဲ့ အကာနဲ့ အနှစ်မှာ ပါတဲ့ protein အမျိုးမျိုးက allergy ဖြစ်စေနိုင်ပါတယ်။ Mayo Clinic အရ အကာက အနှစ်ထက် allergy ပိုဖြစ်စေပါတယ်။ ပြင်းထန်တဲ့ egg allergy ရှိတဲ့သူတွေက တုပ်ကွေးမဖြစ်ခင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ တုပ်ကွေးဆေးတွေကို ဥက ထုတ်လုပ်လို့ပါ။

  • Peanuts ( မြေပဲ )

Peanut allergy က လူကြီးတွေထက် ကလေးတွေမှာ အဖြစ်များပါတယ်။ ကလေး ၁၀ယောက်မှာ ၁ယောက်၂ယောက်လောက်က peanut allergy ဖြစ်တတ်ပါတယ်။

Peanut က ပြင်းထန်တဲ့ food allergy အများစုကို ဖြစ်စေပါတယ်။ ဒါကြောင့် သင့်ကလေးမှာ peanut သို့မဟုတ် peanut butter ကြောင့် တုံ့ပြန်မှုက မပြင်းထန်ရင်တောင် peanut allergy ရှိမရှိ စစ်ဆေးဖို့ အရေးကြီးပါတယ်။ တကယ်လို့ သင့်ကလေးမှာ တုံ့ပြန်မှုက သိပ်မများရင်တောင် နောင်မှာ ပြင်းပြင်းထန်ထန်ဖြစ်နိုင်ချေ ရှိပါတယ်။

Peanut မပါတဲ့ အစားအသောက်အတော်များများက peanut နဲ့ စိုက်ပျိုးတာကြောင့် peanut ရဲ့ protein တွေ ပါနေတတ်ပါတယ်။ ဒါကြောင့် သင့်ကလေးမှာ peanut allergy ရှိရင် အစားအသောက်မှာ ကပ်ထားတဲ့ စာတွေကို သေချာ ဖတ်ဖို့လိုပါမယ်။

  • Wheat ( ဂျုံ )

Albumin, Globulin, Gliadin, Gluten ဆိုတဲ့ wheat protein ၄မျိုးက allergy ဖြစ်စေပါတယ်။ အဲ့ထဲက အထူးသဖြင့် Gluten ပါဝင်တဲ့ အစားအသောက်အမျိုးအစားတွေကတော့

  • Bread
  • Cake နဲ့ muffin
  • Pasta
  • Cracker
  • Beer
  • Ketchup
  • Soy sauce
  • Ice cream
  • Food starch
  • Natural flavoring

တချို့လူတွေမှာ wheat နဲ့ လေ့ကျင့်ခန်း ဆက်စပ်ပြီး allergy ဖြစ်တတ်ပါတယ်။ တစ်ယောက်ချင်းဆီမှာ ပေါ်တဲ့ လက္ခဏာတွေဟာ wheat စားသောက်ပြီး နာရီပိုင်းအကြာမှာ လေ့ကျင့်ခန်းလုပ်မှသာ ဖြစ်ပေါ်လာတာပါ။ Mayo Clinic အရ aspirin သို့မဟုတ် diclofenac (cataflam, voltaren) သောက်သုံးတဲ့ သူတွေမှာလဲ အဲ့လိုမျိုး လက္ခဏာမျိုး ဖြစ်ပေါ်ခံစားရတတ်ပါတယ်။ ကံမကောင်းတာက ဒီလက္ခဏာတွေက anaphylaxis ကို မကြာခဏ ဖြစ်ပွားစေတတ်ပါတယ်။

အစာချေဖျက်မှု မမှန်တဲ့အခါ Celiac disease ကို တခါတရံမှာ gluten allergy နဲ့မှားတတ်ပါတယ်။ တချို့မှာ wheat allergy ရော celiac disesase ပါ ခံစားရတတ်ပါတယ်။

Wheat သို့မဟုတ် တခြား ဂျုံအမျိုးအစားတွေကို ရှူမိပြီး အသက်ရှူရခက်လာတဲ့အခါ Baker’s asthma ဖြစ်လာပါတယ်။ ဒါပေမယ့် တခါတရံ တချို့မှာ wheat မှ ရတဲ့ ထုတ်ကုန်တွေကို အဆင်မပြေမှုမရှိဘဲ ချက်ပြုတ်စားသောက်နိုင်ပါတယ်။

  • Soy ( ပဲပိစပ် )

Soy allergy ကလည်း လူကြီးတွေထက် ကလေးတွေမှာ အဖြစ်များပါတယ်။ Food Allergy Initiative (FAI) အရ ကလေးအများစုဟာ အသက် ၃နှစ်ရောက်ရင် soy ကို တုံ့ပြန်တဲ့ ပြင်းထန်မှု လျော့ကျလာပါတယ်။ အချိန်တော်တော်များများမှာ soy allergy ဟာ မပြင်းထန်ပါဘူး။

Soy က မသိသာပေမယ့် သူပါဝင်တဲ့ ထုတ်ကုန် များပါတယ်။ ဒါကြောင့် သင့်မှာ soy allergy ရှိရင် အစားအသောက်တွေမှာ ကပ်ထားတဲ့စာတွေကို သေချာဖတ်ဖို့ အရေးကြီးပါတယ်။ ဖတ်တဲ့အခါမှာ soy, soya, soybeans, glycine max, နဲ့ edamame ဆိုတဲ့ စာလုံးတွေကို ရှာရပါမယ်။

  • Fish ( ငါး )

Fish allergy ရှိတဲ့သူတစ်ယောက်ဟာ ငါးမျိုးစိတ်တစ်ခုကိုသာ ဖြစ်နိုင်ပေမယ့် စိတ်ချရအောင် ဘယ်ငါးမှ မစားဖို့ ယေဘုယျအားဖြင့် အကြံပေးတတ်ကြပါတယ်။ တခြား food allergy တွေနဲ့ မတူတာက fish allergy ဟာ တစ်သက်လုံး ဖြစ်တတ်တာပါ။ လူကြီးတွေမှာ အဖြစ်အများဆုံး food allergy တစ်ခုပါ။

ငါးဆိုတာ မထင်မှတ်ထားတဲ့ အစားအသောက်တွေမှာ မကြာခဏ ပါတတ်တာကြောင့် တကယ်လို့ သင့်မှာ fish allergy ရှိရင် အစားအသောက်မှာ ပါတဲ့ စာတွေကို အမြဲဖတ်ပါ။

  • Shellfish ( အခွံမာ ရေနေသတ္တဝါ )

Crustaceans (eg. Crabs, lobster, shrimp, prawns), mollusks (eg. Clams, mussels, oysters, squid, octopus) စတဲ့ Shellfish အမျိုးအစားအားလုံးက allergy ဖြစ်စေနိုင်ပါတယ်။ တချို့လူတွေက shellfish အမျိုးအစားတစ်ခုကိုသာ allergy ဖြစ်ပေမယ့် တချို့ကတော့ အမျိုးအစားအားလုံး ရှောင်ရပါမယ်။ shellfish allergy က ကလေးတွေထက် လူကြီးတွေမှာ ပိုအဖြစ်များပါတယ်။

American College of Asthma, Allergy, & Immunology (ACAAI) အရ peanut နဲ့ tree nuts တို့ နည်းတူ shellfish allergy တွေကလဲ anaphylaxis ရဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။

  • Tree Nuts ( အခွံမာသီး )

Almonds, pecans, cashews, pistachios, walnuts စတဲ့ အခွံမာသီးတွေကလည်း allergy ဖြစ်စေတတ်ပါတယ်။ shellfish မှာလိုပဲ တချို့လူတွေမှာ nut အမျိုးအစားတစ်မျိုးကိုပဲ allergy ဖြစ်တတ်ပြီး တချို့မှာ အကုန်လုံး allergy ဖြစ်တတ်ကြပါတယ်။

Food allergy ဖြစ်နိုင်ချေ ပိုများစေတဲ့ အချက်အလက်များ

တချို့အချက်အလက်တွေက သင့်ကို food allergy ပိုဖြစ်စေတတ်ပါတယ်။

  • အသက်အရွယ်

Mayo Clinic အရ food allergy ဟာ လမ်းလျှောက်တတ်စ ကလေးနဲ့ နို့စို့အရွယ်တွေမှာ အဖြစ်အများဆုံးပါ။ milk, soy, wheat, eggs allergy တွေက အသက်ကြီးလာတာနဲ့အမျှ ဖြစ်ပွားမှု လျော့ကျလာပါတယ်။ nuts, shellfish allergy တွေကတော့ တစ်သက်လုံး ဖြစ်ပွားတတ်ကြပါတယ်။

  • မိသားစု နောက်ကြောင်း

တကယ်လို့ သင့်မိသားစုမျိုးရိုးမှာ asthma, eczema, hives, hay fever ဖြစ်ခဲ့ဖူးတယ်ဆိုရင် သင့်မှာ food allergy ရှိနိုင်ချေ ပိုများတတ်ပါတယ်။

  • တခြား allergy များ

တကယ်လို့ သင့်မှာ အစားအသောက်တစ်ခုနဲ့ ပတ်သက်ပြီး allergy ရှိပြီးသား သို့မဟုတ် တခြားအမျိုးအစား allergy ရှိပြီးသားဆိုရင် food allergy ထပ်ဖြစ်နိုင်ချေ ပိုများပါတယ်။

Asthma, Eczema

Asthma နဲ့ food allergy တို့ဟာ တခါတရံ အတူတကွ ရှိတတ်ပါတယ်။ Asthma ဟာ food allergy ရဲ့ ရောဂါလက္ခါတွေကို ပိုပြီး ပြင်းထန်အောင် ပြုလုပ်နိုင်ပါတယ်။

Food allergy ဖြစ်ဖူးခြင်း

ငယ်ငယ်တုန်းက ဖြစ်ဖူးတဲ့ food allergy ဟာ အသက်ကြီးလာတဲ့အခါ ပျောက်သွားတတ်ပေမယ့် ပြန်ဖြစ်လာနိုင်ချေကတော့ ရှိနေတတ်ပါတယ်။

Food allergy ရဲ့ ရောဂါလက္ခဏာများ

Food allergy ဟာ ရောဂါလက္ခဏာ အများအပြားကို ဖြစ်ပေါ်စေနိုင်ပါတယ်။ allergy ဖြစ်စေတဲ့အစာကို စားပြီး မိနစ်ပိုင်းအကြာမှာ များသောအားဖြင့် ပေါ်လေ့ရှိပါတယ်။ တခါတရံမှာတော့ စားပြီး နာရီအတော်ကြာမှ ရောဂါလက္ခဏာ ပေါ်တတ်ပါတယ်။

Food allergy ရဲ့ ရောဂါလက္ခဏာတွေကတော့

  • အင်ပြင်
  • အရေပြား နီရဲ ယားယံခြင်း
  • နှာခေါင်း ယားယံခြင်း
  • နှာချေခြင်း
  • မျက်စိ ယားယံပြီး မျက်ရည်ယိုခြင်း
  • အန်ခြင်း၊ အစာအိမ်အောင့်ခြင်း၊ လေထခြင်း၊ ဝမ်းလျှောခြင်း
  • နှုတ်ခမ်းနဲ့ ပါးစပ်တဝိုက် ရောင်ရမ်းခြင်း သို့မဟုတ် မျက်စိပတ်ပတ်လည်မှာ ယားယံခြင်း သို့မဟုတ် နာကျင်ခြင်း

အရေးပေါ်အခြေအနေ food allergy ရောဂါလက္ခဏာများ

အောက်ပါရောဂါလက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ အရေးပေါ် ကုသမှုကို အမြန်ဆုံးခံယူသင့်ပါတယ်။

  • အသံအက်ကွဲခြင်း၊ လည်ချောင်းအတွင်း အစိုင်အခဲဖြစ်ခြင်း၊ throat tightness
  • အသက်ရှုရခက်ခဲခြင်း၊ wheezing
  • Chest tightness
  • လက်၊ ခြေ၊ နှုတ်ခမ်း သို့မဟုတ် ဦးရေပြား ယားယံခြင်း
  • မူးဝေခြင်း၊ အားမရှိခြင်း၊ သို့မဟုတ် သွေးပေါင်ချိန် ရုတ်တရက် ကျဆင်းခြင်း
  • နှလုံးခုန် မြန်ခြင်း

တကယ်လို့ သင့်ကို epinephrine auto-injector အသုံးပြုဖို့ ညွှန်ကြားထားရင် ပြင်းထန်တဲ့ ဝေဒနာ စတင်ခံစားရတဲ့အခါ အသုံးပြုဖို့ လိုအပ်ပါတယ်။ ဒီကိရိယာကို သင့်ပိုက်ဆံအိတ်၊ အလုပ်အိတ်၊ သို့မဟုတ် အလုပ်စားပွဲမှာ ထားဖို့ စဉ်းစားစေချင်ပါတယ်။ သင့်ကိုယ်တိုင် မလုပ်နိုင်တဲ့ အခြေအနေမှာ သင့်မိတ်ဆွေနဲ့ မိသားစုဝင်တွေ လုပ်ပေးနိုင်အောင် သူတို့ကိုလဲ သင်ကြားပေးထားပါ။

ဒီ auto-injector သုံးပြီးနောက်မှာလဲ အရေးပေါ်ကုသမှုကို ခံယူသင့်ပါတယ်။ တကယ်လို့ သင့်ဝေဒနာက ပြင်းထန်ခဲ့မယ်ဆို နောက်ဆက်တွဲ ကုသမှုတွေ လိုအပ်ပါလိမ့်မယ်။ allergy ဖြစ်ရင် အရေးပေါ်ခန်းကို မြန်နိုင်သမျှ မြန်မြန်သွားတာက သင့်ကို နောက်ဆက်တွဲ ရောဂါဖြစ်နိုင်ချေကို လျော့ကျစေပါတယ်။

တိကျသော မှတ်တမ်း

သင့်ကျန်းမာရေး စောင့်ရှောက်မယ့် ကျွမ်းကျင်ပညာရှင်က တကယ်လို့ သင်ဟာ အစားအစာတစ်မျိုးမျိုး၊ food intolerance သို့မဟုတ် တခြား ကျန်းမာရေး ပြဿနာ ကြောင့် ဖြစ်တဲ့ allergy ရဲ့ လက္ခဏာတွေကို သိရှိဖို့ တိကျတဲ့ ဆေးမှတ်တမ်းကို ရယူရပါမယ်။

တိကျတဲ့ ဆေးမှတ်တမ်းဟာ food allergy အမျိုးအစားခွဲရာမှာ အသုံးအဝင်ဆုံးအရာပါ။ သင့်ကို ကုသပေးတဲ့သူဟာ သင့်ကို အောက်ဖော်ပြပါ များပြားတဲ့ မေးခွန်းတွေ မေးပါလိမ့်မယ်။

  • တုံ့ပြန်မှုက အစာစားပြီး မိနစ်ပိုင်းအတွင်းမှာ အများအားဖြင့် မြန်မြန် ဖြစ်ပွားတာလား။
  • အစားအစာ တစ်မျိုးမျိုးနဲ့ပဲ အမြဲ ပတ်သက်နေတာလား။
  • Allergy မဖြစ်ခင် ဖြစ်စေတဲ့ အစားအစာကို ဘယ်လောက်စားထားလဲ။
  • အဲ့အစားအစာကို allergy မဖြစ်ခင်က စားဖူးလား။
  • ကိုယ်နဲ့တူတူ ဒီအစားအစာကို စားတဲ့သူတွေရော allergy ဖြစ်လား။
  • Allergy နဲ့ဆိုင်တဲ့ ဆေးတွေသောက်တော့ရော သက်သာလား။ ( ဥပမာ- antihistamines က hives ကို သက်သာစေတယ် )

Diet diary ( အစားအသောက်အမူအကျင့် မှတ်စု )

တခါတရံမှာ သင့်ကျန်းမာရေးစောင့်ရှောက်သူက သင့်မှတ်တမ်းကိုကြည့်ရုံနဲ့ သင့်ရောဂါကို အမည်မတပ်နိုင်ပါဘူး။ သင် allergy ဖြစ်ဖြစ် မဖြစ်ဖြစ် သင်စားသောက်တဲ့ အစားအသောက်စာရင်းကို မေးပါလိမ့်မယ်။ အဲ့မှတ်တမ်းကို ကြည့်ပြီး သင့် allergy နဲ့ ပတ်သက်တဲ့ မှန်ကန်သော လမ်းကြောင်းကို ဖော်ထုတ်နိုင်ပါလိမ့်မယ်။

Elimination diet ( အစားရှောင်စေခြင်း )

နောက်တဆင့်ကတော့ ကန့်သတ်ထားတဲ့ elimination diet ကို သင့်ကျန်းမာရေးစောင့်ရှောက်သူက အသုံးပြုပါလိမ့်မယ်။ allergy ဖြစ်စေတယ်လို့ ယူဆတဲ့ အစားအစာကို ရှောင်စေပြီး ဒါက သင့် allergy reation ကို ပျောက်စေလား ကြည့်ပါမယ်။ ဥပမာ- တကယ်လို့ သင့် allergy ဟာ eggs ကြောင့်လို့ ယူဆရင် သင့်ကျန်းမာရေးစောင့်ရှောက်သူက သင့်အစားအစားစာရင်းက eggs ကို ဖယ်ရှားပါလိမ့်မယ်။ ဒီ elimination diet ကို သင့်ကျန်းမာရေးစောင့်ရှောက်သူက ပြုလုပ်ပေးပါလိမ့်မယ်။

  • Skin prick test

တကယ်လို့ သင့် မှတ်တမ်း၊ diet diary၊ elimination diet တွေက food allergy တစ်မျိုးလို့ ယူဆရင် သင့်ကျန်းမာရေးစောင့်ရှောက်သူက ရောဂါအမည်ကို အတည်ပြုဖို့ skin prick test လုပ်ပါလိမ့်မယ်။

Skin prick test ဆိုတာ သင့်လက်မောင်းအရင်း သို့မဟုတ် ကျော အရေပြားအောက်ထဲ အစားအစာသေးသေးလေးကို အပ်နဲ့ ထည့်ပြီး ပြန်ထုတ်ကြည့်တာပါ။ တကယ်လို့ သင်က အဲ့အစားအစာနဲ့ မတည့်ရင် အဲ့နေရာမှာ ရောင်းရမ်းတာ သို့မဟုတ် နီရဲတာ ဖြစ်နိုင်ပါတယ်။ ဒါဟာ အဲ့အစားအစာအတွက် အရေပြားမှာ immunoglobulin E (IgE) ရှိနေတယ်လို့ ဆိုလိုတာပါ။

Skin prick test က ရိုးရှင်း၊ ဘေးကင်းပြီး မိနစ်အနည်းငယ်အတွင်း အဖြေသိနိုင်ပါတယ်။

သင်ကိုယ်တိုင် အစားအစာနဲ့ ပတ်သက်ပြီး allergy မဖြစ်ပဲနဲ့ skin test မှာ အဲ့အစားအစာနဲ့ positive ပြနိုင်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်သူတွေက food allergy အမျိုးအစားရှာဖွေခြင်းကို အစားအစာ အမျိုးအစားတစ်မျိုးထဲအတွက် skin test မှာ positive ပြသူတွေနဲ့ food allergy မှတ်တမ်းရှိသူတွေမှာ ပြုလုပ်ကြပါတယ်။

  • Blood test ( သွေးစစ်ခြင်း )

Skin prick test အစား သွေးနမူနာယူပြီး အဲ့အစားအစာနဲ့ ပတ်သက်တဲ့ IgE antibodies ပမာဏ နှိုင်းယှဉ်ခြင်း ကိုလဲ လုပ်နိုင်ပါတယ်။

Skin test လိုပဲ blood test မှာလည်း food allergy ဖြစ်စရာ မလိုပါဘူး။ ဒီ test ၂မျိုးလုံးနဲ့ သင့်ဆေးမှတ်တမ်းကို ကြည့်ပြီး food allergy အမျိုးအစားကို တိတိကျကျ သိနိုင်ပါတယ်။

  • Oral food challenge

Oral food challenge ဆိုတာ food allergy အမျိုးအစားခွဲဖို့ ကျန်းမာရေးစောင့်ရှောက်မှု ကျွမ်းကျင်သူတွေ အသုံးပြုတဲ့ နောက်ဆုံးနည်းလမ်းပါ။ ဒီနည်းလမ်းမှာ အောက်ပါ အဆင့်တွေ ပါဝင်ပါတယ်။

  • သင့်ကျန်းမာရေးစောင့်ရှောက်မှု ကျွမ်းကျင်သူက သင့်ကို အစားအစားအမျိုးမျိုးရဲ့ ပမာဏတစ်မျိုးချင်းဆီ ပေးပါလိမ့်မယ်။ ( ဘယ်အစားအစာလဲဆိုတာ မသိအောင် ဖုံးထားပါမယ် ) အဲ့ထဲက တချို့က သင့်ကို allergy ဖြစ်စေတဲ့ အစားအစာတွေပါ။

~ အစမှာ ပမာဏ နည်းနည်းဖြစ်ပေမယ့် challenge အတွင်းမှာ ပမာဏကို တဖြည်းဖြည်း တိုးသွားပါမယ်။

  • အမျိုးအစားတစ်မျိုးဆီကို မျိုချရပါမယ်။
  • သင့်ကျန်းမာရေးစောင့်ရှောက်သူက သင် allergy ဖြစ်မဖြစ် စောင့်ကြည့်မှာပါ။

ထင်မြင်ယူဆချက်တွေက ကာကွယ်ဖို့ တခါတရံမှာ double ( ၂ဆ ) blinded challenge ကို သုံးပါတယ်။ အဲ့မှာ သင်တစ်ယောက်တည်းမဟုတ်ပဲ သင့်ကျန်းမာရေးစောင့်ရှောက်သူကိုပါ အစားအစာအမျိုးအစားကို မသိစေပါဘူး။ အခြားနားလည်တတ်ကျွမ်းသူတစ်ယောက်က ပြင်ဆင်ပေးမှာပါ။ single-blinded challenge မှာ သင်ဘာစားရလဲဆိုတာ သင့်ကျန်းမာရေးစောင့်ရှောက်သူက သိပြီး သင်က မသိရပါဘူး။

သံသယဖြစ်တဲ့ အစားအစာကိုသာ တုံ့ပြန်ပြီး တခြားအစားအစာတွေကို မတုံ့ပြန်တာကို စစ်ဆေးပြီး food allergy အမျိုးအစားကို အတည်ပြုပါတယ်။

  • Food allergy ကို ကာကွယ်ခြင်း

လက်ရှိမှာ food allergy အတွက် ဆေးမရှိပါဘူး။ ရရှိတဲ့ ကုသမှုတွေက allergy ကြောင့်ဖြစ်တဲ့ လက္ခဏာတွေကို့ပဲ သက်သာစေတာပါ။

  • Food allergy တုံ့ပြန်မှုကို ကာကွယ်ခြင်း

Allergy ဖြစ်စေတဲ့ အစားအစာတွေကို ရှောင်ခြင်းဖြင့် food allergy ရဲ့ လက္ခဏာတွေကိုပဲ ကာကွယ်နိုင်မှာပါ။ သင်နဲ့ သင့်ကျန်းမာရေးစောင့်ရှောက်သူက သင်ဘယ်အစားအစာနဲ့ မတည့်ဘူးဆိုတာ အတည်ပြုပြီးရင် အဲ့တာကို သင့်အစားအစာ စာရင်းကနေ ဖျက်ပစ်ပါ။

  • အစားအစာမှာ ကပ်ထားတဲ့ စာတွေကို ဖတ်ပါ။

သင်စားမယ့် ပြင်ဆင်ထားတဲ့ အစားအစာမှာ ကပ်ထားတဲ့ အဲ့မှာပါဝင်တဲ့ အရာတွေရဲ့ စာရင်းကို ဖတ်ပါ။ peanut, egg, milk လိုမျိုး allergy ဖြစ်စေတဲ့အရာတွေက သင်ပုံမှန် မစစ်ဆေးပဲ စားတဲ့ အစာအစားတွေမှာ ပါလာတတ်ပါတယ်။

  • သန့်သန့်ရှင်းရှင်းနေပါ။

ရိုးရှင်းတဲ့ ဂရုစိုက်မှုဖြစ်တဲ့ သန့်ရှင်းမှုကလည်း food allergy ရှိတဲ့ လူတစ်ယောက်ရဲ့ ပတ်ဝန်းကျင်က allergy ဖြစ်စေတဲ့ အရာတွေကို ဖယ်ရှားပေးပါတယ်။ ဥပမာ- သင့်လက်ကို ရေ၊ ဆပ်ပြာဖြင့် ရိုးရိုးလေး ဆေးကြောပေးတာက peanut allergy ဖြစ်စေတဲ့အရာကို ဖယ်ရှားပေးပြီး အိမ်သန့်ရှင်းဆေးရည်အများစုက အိမ်မျက်နှာပြင်ပေါ်က allergy ဖြစ်စေတဲ့အရာတွေကို ဖယ်ရှားပေးပါတယ်။

Food allergy အတွက် ကုသမှု

  • Unintentional exposure ( မထင်မှတ်တဲ့ အချိန် )

သင် food allergy ဖြစ်တဲ့အခါ unintentional exposure အတွက် ပြင်ဆင်ရပါမယ်။ သင့်ကျန်းမာရေးစောင့်ရှောက်သူနဲ့ ဆွေးနွေးပြီး unintentional exposure ဖြစ်ရင် သင့်ကိုယ်သင် ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ အစီအစဉ်ဆွဲရပါမယ်။ ဥပမာ- အောက်ပါအဆင့်တွေကို လုပ်ဆောင်သင့်ပါတယ်။

  • ကျန်းမာရေး သတိပေး လက်ပတ် သို့မဟုတ် လည်ဆွဲ ဝတ်ဆင်ပါ။
  • Epinephrine (adrenaline) ပါဝင်တဲ့ auto-injector device ကို ဆောင်ထားပါ။
  • ကျန်းမာရေးအကူအညီကို ချက်ချင်းယူပါ။
  • မပြင်းထန်တဲ့ ရောဂါလက္ခဏာများ

Anaphylactic reaction မဟုတ်ဘဲ မပြင်းထန်တဲ့ food allergy လက္ခဏာတွေဖြစ်ရင် သက်သာအောင် ဘာဆေးသောက်ရမလဲဆိုတာ သင့်ကျန်းမာရေးစောင့်ရှောက်သူကို မေးထားပါ။ ဒါပေမယ့် ဘယ်အခြေအနေက မပြင်းထန်ဘူး၊ ဘယ်အခြေအနေက anaphylaxis လဲဆိုတာ သိဖို့ သင့်အတွက် အလွန်ခက်ခဲတယ်ဆိုတာတော့ အမှတ်ရပါ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

ဒါတွေလည်းဆက်ဖတ်ပါ:

    သင့်အတွက် ရွေးချယ်ထားသည်

    ကလေးအသားအရေ ထိန်းသိမ်းမှုနဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ

    ကလေးအသားအရေ ထိန်းသိမ်းမှုနဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 1, 2017 . 3 mins read

    အစားအသောက်ကြောင့် ဓါတ်မတည့်ခြင်းနဲ့ ပတ်သက်ပြီး ဘာတွေသိထားရမလဲ

    ရေးသားသူ Wathun Myat Chal
    ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 28, 2017 . 6 mins read

    အစားအသောက်ကြောင့် ဓါတ်မတည့်ခြင်းနဲ့ ပတ်သက်ပြီး ဘာတွေသိထားရမလဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
    ရေးသားသူ Wathun Myat Chal
    ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 28, 2017 . 6 mins read

    အစားအသောက်ကြောင့် ဓါတ်မတည့်ခြင်းနဲ့ ပတ်သက်ပြီး ဘာတွေသိထားရမလဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
    ရေးသားသူ Wathun Myat Chal
    ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 28, 2017 . 6 mins read