backup og meta

မိဘများအတွက်လမ်းညွှန် - အစာဓါတ်မတည့်မှု ရှောင်ကြဉ်နိုင်ရန် စာရင်းပြုလုပ်ခြင်း


Dr. Thant Zin မှ ရေးသားသည်။ · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိဘများအတွက်လမ်းညွှန် - အစာဓါတ်မတည့်မှု ရှောင်ကြဉ်နိုင်ရန် စာရင်းပြုလုပ်ခြင်း

    မိဘတယောက်အနေနဲ့ မိမိကလေးကို ဘယ်အရွယ်ရောက်ရောက် အမြဲစိတ်ပူနေတတ်ပါတယ်။ မိမိကလးမှာ အစာမတည့်တာမျိုးရှိရင် ပိုပြီး ကြောက်ရွံ့စိုးရိမ်တတ်လေ့ရှိပါတယ်။ များသောအားဖြင့် လူတိုင်းဟာ မိမိမထိန်းချုပ်နိုင်တဲ့အရာတွေကို စိုးရွံ့တတ်ကြပါတယ်။ အထူးသဖြင့် မိမိရဲ့ကလေးတွေဟာ အစားမတည့်တဲ့ ပြဿနာကြီးကြီးမားမားရှိရင် ဒီသဘောဟာ ပိုမှန်ကန်တတ်ပါတယ်။ သင့်ရဲ့ကလေးဟာ ကျောင်းအစီအစဉ်နဲ့ ခရီးထွက်နေရင်၊ ဒါမှမဟုတ် သူငယ်ချင်းတယောက်အိမ်ကို ညဘက်သွားလည်နေရင်၊ ဒါမှမဟုတ် အတန်းဖော်တယောက်ရဲ့ မွေးနေ့ပွဲကိုသွားတယ်ဆိုရင် သူ့မှာ အစာပြဿနာရှိမှန်းမသိတဲ့ လူကြီးတွေကြားထဲ ရောက်နေနိုင်ပါတယ်။

    ဒါဟာ အသက်အန္တရာယ်နဲ့ဆိုင်တဲ့အတွက် ကြောက်စရာကောင်းပါတယ်။ ဒါကြောင့်မို့ သင့်ရဲ့ကလေးကို သူ့ကိုယ်သူဘယ်လိုဂရုစိုက်မလဲဆိုတာ သင်ကြားပေးဖို့ အရေးကြီးပါတယ်။ သင့်ရဲ့ကလေးဟာ သူ့ရဲ့ဓါတ်မတည့်ဖြစ်တတ်ပုံကို လူကြီးတွေကို ပြောပြတတ်ဖို့၊ မစားခင်မှာ မေးစမ်းတတ်ဖို့ကို ငယ်ရွယ်စဉ်ကတည်းက စသင်ပေးထားရပါမယ်။ တဖြည်းဖြည်းကြီးပြင်းလာတာနဲ့အမျှ သူ့ပြသနာကို ဘယ်လိုကာကွယ်မလဲဆိုတာ နောက်ထပ်သိသင့်တာတွေ သင်ပေးရပါမယ်။

    အခုဖော်ပြပါအချက်တွေကတော့ သင့်ကလေးရဲ့ အစာမတည့်မှုပြဿနာကို ဖြေရှင်းဖို့ အထောက်အကူုပြုနိုင်ပါတယ်။

    သင်ရဲ့ကလေး စကားပြောနိုင်တဲ့အရွယ်ရောက်တဲ့အခါ

    သင့်ရဲ့ကလေးဟာ သူ့ကိုကျွေးမွေးနေတဲ့ လူကြီးတွေနဲ့ ဆက်သွယ်မှုမပြုနိုင်သေးလောက်အောင် ငယ်လွန်းတယ်မထင်စေလိုပါ။ မူကြိုကလေးငယ်အရွယ်တွေတောင် သူတို့ဖာသာ ဂရုစိုက်နိုင်ပါတယ်။ ငယ်ရွယ်စဉ်ကပဲစပြီး သူ့ရဲ့ဓါတ်မတည့်မှုအကြောင်းကို ရှင်းပြပေးရပါမယ်။ အစာတမျိုးမျိုးမှာ မတည့်တာတမျိုးမျိုးပါနေရင် မစားစေရပါ (ဥပမာ- ပြောင်းဖူးနဲ့ ဓါတ်မတည့်ခဲ့ရင် စက္ကူဘူးနဲ့လာတဲ့ဖျော်ရည်တွေလည်း မသောက်မိအောင် သင်ထားရပါမယ်။ အဲဒီစက္ကူဘူးဖျော်ရည်တွေမှာ ပြောင်းဖူးကိုချိုအောင်ရောစပ်ထားတဲ့ အရည်တွေ ပါဝင်လို့ဖြစ်ပါတယ်) တကယ်လို့ မိမိကလေးဟာ သူတခုခုကိုစားမိရင် ဓါတ်မတည့်ဖြစ်တတ်ကြောင်း နားလည်ဖို့ငယ်သေးရင် အဲဒီအစားအစာတွေကို ရောမစားမိပါစေနဲ့။

    သင့်ကလေး နေရာသစ်တခုသို့ သွားတဲ့အခါ

    သင့်ရဲ့ကလေး နေရာသစ်တခုကိုသွားရင် အဓိကကျတဲ့ လူကြီးတဦးဦးကိုရှာဖွေပြီး ဒီပြသနာကိုပြောပြတတ်ဖို့ သင်ကြားထားပါ။ တစ်ခါတလေမှာ သင့်ကလေးရဲ့ ကျန်းမာရေးအခြေအနေကို ဖော်ပြထားတဲ့ လက်ပတ် သို့ လည်ဆွဲတခုခုကို လုပ်ပေးထားတာဟာ အထောက်အကူဖြစ်ပါတယ်။ ဒါဆိုရင် လူကြီးများဟာ ကလေးကို ပိုသတိထားမိပြီး ဂရုစိုက်မှုပိုပေးနိုင်ပါတယ်။

    သင့်ရဲ့ကလေးကို တယောက်ယောက်က မုန့်ကျွေးလာသောအခါ

    သင့်ရဲ့ကလေးဟာ တယောက်ယောက်ကျွေးတာကို မစားမိခင် သူနဲ့မတည့်တာတခုခုပါသလား မေးနိုင်အောင် သင်ကြားပေးထားပါ။

    တကယ်လို့ ကျွေးလာသူက မသိရင် သင့်ရဲ့ကလေးဟာ ယဉ်ကျေးစွာနဲ့ ငြင်းပယ်နိုင်အောင် ဒါမှမဟုတ် တခြားသိသူတယောက်ယောက်ကို မေးနိုင်အောင် သင်ထားရပါမယ်။ အကယ်၍ သူ့ကိုကျွေးလာတဲ့အစားအစာဟာ ဓါတ်မတည့်မှုဖြစ်နိုင်လို့ လက်ခံဖို့မဖြစ်ရင် ကလေးဆီမှာလည်း သူစားနိုင်တဲ့ အစားအစာပါအောင်တော့ သတိထားရပါမယ်။ ပိုကောင်းတာကတော့ သင့်ကလေးကို ကိုယ်တိုင်အစားအစာ ပြင်ဆင်ပေးလိုက်တာပါပဲ။ ဒါမှလည်း စိတ်ချလက်ချစားနိုင်သလို တခြားအစားအစာတွေ လိုက်စားနေမှာကိုလည်း ကာကွယ်ပြီးသားဖြစ်ပါလိမ့်မယ်။

    သင့်ကလေးဟာ အစားအစာမှာပါဝင်တဲ့ ပစ္စည်းတွေကို ဖတ်နိုင်သောအခါ

    ကြက်ဥတလုံးကို ကြက်ဥတလုံးလို့ပဲ မမြင်စေချင်ပါ။ သူ့မှာ lysozyme, mayonnaise, albumin, ovalbumin, meringue, meringue powder, surimi စတဲ့ အင်ဇိုင်းနဲ့ အာဟာရဓါတ်ပစ္စည်းတွေ ပါဝင်နေပါတယ်။ တကယ်လို့ သင့်ရဲ့ကလေးဟာ တချို့စာလုံးတွေကို သိမြင်မှတ်မိလာတဲ့အရွယ်ရောက်လာရင် သူ့ကို တခုခုမစားခင် မတည့်တာတွေပါသလား စစ်ဆေးနိုင်အောင် သင်ထားပေးပါ။ အစားအစာဓါတ်မတည့်မှုအသိပေးရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၀၄) ကို ကျေးဇူးတင်ရမှာကတော့ ကုမ္ပဏီတွေဟာ သူတို့ရဲ့ အစားအစာအဖော်ယမကာတွေမှာ ဓါတ်မတည့်မှု အများဆုံးဖြစ်စေတဲ့ ပစ္စည်း ၈မျိုးထဲက တခုခုပါဝင်သလားဆိုတာ ဖွင့်ဟကြေငြာရတာပါပဲ။ အဲဒီ ၈မျိုးကတော့ နို့၊ ဥအမျိုးမျိုး၊ ကျောက်ပုစွန်နဲ့ ဂဏန်း၊ အခွံမာသီး၊ ပဲနဲ့ ပဲပိစပ်တို့ပဲ ဖြစ်ပါတယ်။ အစာမတည့်မှုဖြစ်ခြင်းရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကျော်ဟာ ၎င်း ၈မျိုးကြောင့်ဖြစ်ပါတယ်။

    ဒါပေမယ့် ဓါတ်မတည့်မှုဖြစ်စေတဲ့ အစားအစာအမျိုးပေါင်း ၁၆၀ ကျော်ဟာ အခြားသောနာမည်လွှဲတွေနဲ့ တံဆိပ်ကပ်ထားတာမို့ နားလည်သိရှိဖို့ ခက်ခဲပါတယ်။

    အမြဲတမ်းအတွက်

    သင့်ရဲ့ကလေးကို အစားမတည့်တတ်တာဟာ ရှက်စရာကိစ္စမဟုတ်ကြောင်း၊ သူဘာစားမယ်ဆိုတာကို ဂရုစိုက်ဖို့သက်သက်ပဲဖြစ်ကြောင်း အသိပေးထားပါ။ သူ့အနေနဲ့ လူကြီးတွေနဲ့ တခြားကလေးတွေကို ဒီအကြောင်းပြောပြဖို့ ရှက်ရွံ့မနေသင့်ပါဘူး။ အဲဒီလိုနေထိုင်ခြင်းဟာ သူ့ကို အမြဲလုံခြုံပြီး ကျန်းမာစေဖို့ အထောက်အကူပြုတယ်ဆိုရင် အရေးပါတဲ့အရာပါပဲ။ ဒီအကြောင်းကို သူသိဖို့လည်း အရေးကြီးပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement