၁၀။ အဝတ်ဘီဒိုတွေ၊ ပန်းကန်ထားတဲ့စင်၊ အံဆွဲတွေကို အမြဲဖွင့်စစ်ပါ၊ သန့်ရှင်းရေးလုပ်ပါ။
နောက်ထပ် ဘာတွေသတိထားသင့်လဲ။
ပိုးဟပ်ကို နင်းမိသွားတဲ့အခါ ခြေထောက်ကို ဆပ်ပြာ၊ ရေနဲ့ သေချာပြောင်စင်အောင် တိုက်ချွတ်ဆေးကြောပါ။ ပိုးဟပ် အသေကို အမြန်လွှင့်ပစ်ပြီးတာနဲ့ နင်းမိတဲ့ကြမ်းပြင်ကို ဆပ်ပြာ သို့မဟုတ် အရက်ပြန်နဲ့ ပြန်တိုက်ပြီး ဆေးကြောရပါမယ်။ ဓာတ်မတည့်လက္ခဏာတွေ တွေ့ရပြီဆိုရင်တော့ နီးရာဆေးခန်းကနေ ဓာတ်မတည့်တာ သက်သာစေတဲ့ လိမ်းဆေး၊ သောက်ဆေးတွေကို ဝယ်ယူအသုံးပြုနိုင်ပါတယ်။ ပြင်းထန်ရင်တော့ ဆေးရုံ၊ ဆေးခန်းသွားသင့်ပါတယ်။
ပိုးဟပ်က မသန့်ရှင်းတဲ့အိမ်တွေနဲ့ အိုဟောင်းနေတဲ့ တိုက်ခန်းများမှာ အတွေ့များပြီး တစ်အိမ်မှာ ပိုးဟပ်တွေ စုပုံနေပြီဆိုတာနဲ့ ကိုယ့်အိမ်ဘေးမှာ ရှိတဲ့တိုက်ခန်း၊ အိမ်တွေဆီကိုပါ လျင်မြန်စွာ ပျံ့နှံ့သွားတာကြောင့် တစ်ရပ်ကွက်လုံး ညီညီညွတ်ညွတ်နဲ့ အိမ်သန့်ရှင်းရေးလုပ်မှသာ ပိုးဟပ်ကင်းစင်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်လာမှာပါ။
Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။