backup og meta

လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများကို ကာကွယ်ရန် သိထားသင့်သည့် အချက်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများကို ကာကွယ်ရန် သိထားသင့်သည့် အချက်များ

    လိင်ပိုင်းဆိုင်ရာကျူးလွန်မှု ဆိုသည်မှာ လူတယောက်ကို ထိုသူ၏ ခွင်ပြုချက် သဘောဆန္ဒမပါဘဲ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း အပြုအမူများကို ကျူးလွန်ခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ ယင်းတို့တွက် မုဒိန်းကျင့်ခြင်း၊ မုဒိန်းမှုကျူးလွန်ရန် ကြိုးပမ်းခြင်း၊ ကလေးငယ်များကို ဗလက္ကာရပြုခြင်း နှင့် လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုများပြုလုပ်ခြင်း တို့ ပါဝင်ပါသည်။

    လူတယောက်အနေနှင့် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများကို ကာကွယ်ရန် မဖြစ်နိုင်ဟုသင်ထင်နေပါလိမ့်မည်။ သို့သော် သင့်ကိုသင် လျှော့မတွက်ထားပါနှင့်။ သင်သည် မည်သူပင်ဖြစ်စေ၊ မည်သည့်နေရာမှ လာသည်ဖြစ်စေ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများကိုကာကွယ်နိုင်ရန် ဖြစ်နိုင်ပါသည်။

    အဖြစ်အပျက်များကို ရှာဖွေစုံစမ်းပါ။

    သင့်ကိုယ်သင်နှင့် သင်ချစ်ရသောသူများကို လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများကိုကာကွယ်နိုင်ရန်အတွက် ပထမဦးဆုံးလုပ်ရမည်မှာ သင့်ကိုယ်သင် အသိပညာဗဟုသုတများ ကြွယ်ဝအောင် လေ့လာရန်ဖြစ်ပါသည်။ သင်သည် အပြင်လောကတွင် နာရီနှင့် အမျှဖြစ်နေသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့်ဆိုင်သော အကြောင်းအရာများကို ဖတ်ရှုသင့်သည်။

    ထိုလိင်ပိုင်းဆိုင်ရာကျူးလွန်မှုများကို ပြုလုပ်သူများသည် သူစိမ်းများသာ ဖြစ်သည်ဟု သင်မထင်မှတ်လိုက်ပါနှင့်။ အဘယ့်ကြောင့်ဆိုသော် ၉၀% ခန့်သော လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများသည် သူငယ်ချင်းများ၊ မိသားစုဝင်များသို့မဟုတ် အသိမိတ်ဆွေများနှင့် ဆက်စပ်နေခြင်းကြောင့်ဖြစ်ပါသည်။

    ဝေမျှခြင်းသည် စောင့်ရှောက်ခြင်းပင်ဖြစ်သည်။

    အခြားသူများကို လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများမှ ကာကွယ်ပေးနိုင်ရန် သင်သိထားသော အချက်များကို သင့်မိသားစုဝင်များ၊ သူငယ်ချင်းများ ၊ အိမ်နီးချင်းများနှင့် အလုပ် လုပ်ဖော်ကိုင်ဖက်များကို ဝေမျှခြင်းတို့ပြုလုပ်သင့်သည်။

    ခွဲခြားဆက်ဆံမှုများ

    လိင်ပိုင်းဆိုင်ရာ ခွဲခြားမှုများပြုခြင်း၊ ကြွက်သားများကြီးထွားခြင်း၊ မိန်းမဆန်ခြင်း နှင့် လိင်တူများကို ကြောက်ရွံ့ခြင်း စသည်တို့သည် လိင်အပေါ်မူတည်ပြီး မုန်းတီးခြင်းများနှင့် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများ ၊ တိုက်ရိုက်ဆက်နွယ်နေသည်ကို တွေ့ရသည်။ ထို့ကြောင့် သင့်ကလေးကို လိင်ခွဲခြားသော အတွေးများဖြစ်စေသည့် “မိန်းကလေးများသည် ကားများဖြင့် မဆော့ရ” “ဒါဟာ ယောကျာ်းလေးဝတ်ရမယ့် အရောင်မဟုတ်ဘူး” စသဖြင့် ပြောခြင်းသည် သင့်ကလေးကို မှားယွင်းသော အတွေးအခေါ်များဖြစ်စေနိုင်ပါသည်။

    သုံးသပ်ပါ။

    သင်သည် သတင်းမီဒီယာများမှ တဆင့် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများကို ဖတ်ရှုနိုင်သော်လည်း ယင်းတို့ကို မိမိစဉ်းစားဉာဏ်ဖြင့် မသုံးသပ်ပဲ မယုံကြည်ပါနှင့်။ သင်ချစ်သော သူများနှင့် ကလေးများအား အဆိုပါအကြမ်းဖက်မှုမျာ၏နောက်ကွယ်မှ ဖြစ်စဉ်များကို သေချာစွာ သဘောပေါက်လာစေရန် သုံးသပ်ပြသင့်သည်။

    သင်မျှော်လင့်ထားသည့်အရာများဖြစ်လာအောင် ပြောင်းလဲပါ။

    သင်ကိုယ်တိုင်ကလည်း သင့်လက်တွဲဖော်အပေါ် လေးစားမှုများ၊ ကြင်နာမှုများကို အပြန်အလှန်ထားသင့်သည်။ ထိုသို့ ပြုလုပ်ခြင်းသည် သင့်ပတ်ဝန်းကျင်တွင်လည်း အပြုသဘောဆောင်သော အမူအကျင့်များကို ကူးစက်စေပါသည်။

    မုဒိန်းကျင့်ခြင်းသည် ရယ်စရာတခု မဟုတ်ပါ။

    မုဒိန်းကျင့်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများသည် ရယ်စရာမဟုတ်ပါ။ အကယ် ထိုကိစ္စများနှင့်ပတ်သက်ပြီး တစုံတယောက်က ပြက်ရယ်ပြုပြီး ပြောဆိုခဲ့သော် သင်လည်း ထိုကိစ္စကို ရယ်စရာတခုအနေဖြင့် မသတ်မှတ်လိုက်ပါနှင့်။ ထိုပြောနေသူများကို လိင်ပိုင်းဆိုင်ရာကျူးလွန်မှုသည် ခံရသူအတွက် ပြင်းထန်သော ဆိုးကျိုးများကိုဖြစ်စေနိုင်ကြောင်းကို ယဉ်ကျေးစွာရှင်းပြသင့်ပါသည်။

    လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများကို ရယ်စရာအနေနှင့် မပြုလုပ်ပါနှင့်။

    လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံမှုများသည် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများကို ဖြစ်စေနိုင်သော အဓိက အကြောင်းရင်းဖြစ်ပါသည်။ ဥပမာအားဖြင့် လိင်ပိုင်းဆိုင်ရာ မမျှတမှုများနှင့် အကြမ်းဖက်မှုများကို သရုပ်ဖော်သော ရုပ်ရှင်များကြည့်ခြင်း၊ မဂ္ဂဇင်းများ၊ အင်တာနက်စာမျက်နှာများဖတ်ခြင်းတို့ကို မပြုလုပ်သင့်ပါ။

    ကျူးလွန်ခံရသူများနှင့် စကားပြောပေးပါ။

    အခြားသူတစ်ဦးက သူ၏ ဆိုးရွားသော အတွေ့အကြုံများနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများကို ပြောပြလျှင်လည်း ကိုယ်ချင်းစာတရားထားပြီး စိတ်လိုလက်ရ နားထောင်ပေးသင့်ပါသည်။ ထိုသို့ပြုလုပ်ပေးခြင်းသည် သူ့ကို အခက်အခဲဖြစ်နေချိန်တွင် ကူညီရာလည်း ရောက်ပါသည်။

    အချုပ်ဆိုရသော် သင့်အနေနှင့် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများနှင့် ဆက်နွယ်နေသည့် သတင်းများနှင့် ကိစ္စရပ်များကို သိရှိထားခြင်းသည် သင့်အတွက် လိင်ပိုင်းဆိုင်ရာလုံခြုံမှုကို ကာကွယ်နိုင်ရန် အကောင်းဆုံးနည်းဖြစ်ပါသည်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. K Zin Thwe မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement