အိပ်နေစဉ် ဆီးသွားခြင်းဆိုသည်မှာအိပ်ပျော်နေစဉ် ဆီးအိတ် ၏ ဆီးထိန်းနိုင်စွမ်းမရှိတော့ ခြင်း ဖြစ်သည်။ဆေးပညာအခေါ် အရNoctournal enuresis( နော့တာနယ်အန်ယူရေးစစ်) ဟုခေါ်သည်။ အိပ်နေစဉ် ဆီးမထိန်းနိုင် ဖြစ် ခြင်းကို ရှက်စရာကိစ္စအနေဖြင့် ယူဆလေ့ရှိသော် လည်း များသောအား ဖြင့် ပုံမှန် ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စတစ်ခုပင် ဖြစ်သည်။

လေ့လာချက်များအရ ယခုထိလည်းဘာကြောင့် ဖြစ်သည် ကိုသေသေချာချာပြောနိုင် သလို၊ ဘာကြောင့် သူ့အလိုလိုပျောက်သွားသည်ကို သေချာမရှင်းပြနိုင်သေးပါ။  အိပ်နေစဉ် ဆီးထွက်ကျခြင်းသည် ကလေးများငယ် ရွယ်စဉ်ကတည်းက ပုံမှန် သဘာဝဖွံ့ ဖြိုးကြီးထွားဖြစ်စဉ်၏ တစိတ်တစ်ဒေသသာဖြစ်သည်။

များသောအားဖြင့် အိပ်ပျော်စဉ် ဆီးသွား ခြင်းသည်  နက်နက်နဲနဲကျန်းမာရေး ပြဿနာမဟုတ်သလို စိတ်လှုပ်ရှား ခြင်းကြောင့်ဖြစ်သော လက္ခဏာလည်းမဟုတ် ပါ။

အကယ်၍ ထိုကဲ့သို့ ဖြစ်ခြင်းသည် မပျောက်သွားဘဲ ဆက်ဖြစ် နေပါက  သေသေချာချာ ဖြစ်စဉ် ကို နားလည် အောင် လုပ်ပြီး စိတ်ရှည်လက်ရှည် ကုသပေးရန် လိုအပ်ပါသည်။

ဆီးအိတ်ကို လေ့ကျင့်ပေးခြင်း၊ moisture alarm(စိုထိုင်းဆကိရိယာ alarm)သုံးခြင်း၊ ဆေးဝါး သောက်သုံးခြင်းဖြင့်လည်း အိပ်နေစဉ် ဆီးထွက်ကျ ခြင်းအားလျှော့ ချနိုင်သည်။

အိပ်ပျော်စဉ် ဆီးသွားခြင်းသည်အတွေ့ရများပါသောလက္ခဏာဖြစ်ပါသလား။

အိပ်နေစဉ် ဆီးသွားခြင်းသည် အလွန်အဖြစ်များသည်။

အမျိုးသားများသည် အမျိုးသမီးများထက် ပိုဖြစ် လေ့ ရှိသည်။

ကလေးများတွင် ပို ဖြစ်လေ့ရှိ ပြီးအထူးသဖြင့် ၆ နှစ်အောက် ကလေးများတွင်  ပို ဖြစ် လေ့ရှိသည်။

ထိုသို့ ဖြစ် စေတတ် သောအကြောင်းအရာများကိုလျှော့ချ ခြင်းအားဖြင့် အဖြစ်မများအောင် လုပ် နိုင်သည်။

သင်၏ ဆရာဝန် နှင့် ဆွေးနွေးတိုင် ပင် ပါ။

ရောဂါလက္ခဏာများ

အိပ်ပျော် စဉ် ဆီးသွားခြင်းသည် စိတ် ၏ထိန်းချုပ် မှု မပါပဲဆီးသွားခြင်း

ဖြစ်ပြီးအသက် အရွယ် တခုရောက် သွား လျှင်  ရပ်သွားလေ့ ရှိသည်။

ကလေးအများစုသည် အသက် ၅ နှစ်တွင် အိမ်သာတွင် သွားတတ်ရင် လေ့ကျင့် ပေးလို့ ရသော်လည်းအသက် အတိအကျ ပြော၍မရပေ။တချို့ကလေးများတွင် အသက် ၅ နှစ် မှ

၇ နှစ် ကြားထိရှိနေတတ်သလို၊ အသက် ၇ နှစ်ကျော်သည်အထိ အိပ်ယာပေါ် တွင်

ဆီးထွက်ကျခြင်းရှိနေဆဲဖြစ်သည်။

အထက်တွင်မဖော်ပြထားသော လက္ခဏာများကျန်နေနိုင်ပါသေးသည်။ ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

ဘယ်အချိန်မှာဆရာဝန်နဲ့ပြသင့်လဲ။

အောက်ပါ လက္ခဏာများရှိပါက ဆရာဝန်ထံသွားပြသင့်သည်။

·       ၆ လ လောက် ဆက်တိုက် အိပ်ရာပေါ်တွင် ခြောက်ခြောက်သွေ့သွေ့ အိပ်ပီးမှ ရုတ်တရက် အိပ်နေစဉ်ဆီးပြန် သွား ခြင်း

·       နေ့ခင်းဘက်များပါ  ဘောင်းဘီပေါ်တွင် ဆီးထွက်ကျခြင်း

·       ညဘက် အိပ်လျှင် ဟောက်ခြင်း

·       ဆီးသွားစဉ် ပူလောက်နာကျင်စွာခံစားရခြင်း

·       ဆီးခဏခဏသွားခြင်း

·       ပုံမှန် စားနေကျထက်များစွာစားသောက်ခြင်း

·       ခြေထောက် သို့မဟုတ်ခြေကျင်းဝတ်များ ဖောယောင်ခြင်း

·       အသက် ၇ နှစ် နဲ့ အထက်ရောက် သော်လည်းအိပ်ယာထဲတွင် ဆီးသွားနေဆဲဖြစ် ခြင်း

အထက်ပါ လက္ခဏာများရှိနေပါ က ကလေးတယောက် နှင့် တယောက် မတူ နိုင်သောကြောင့်  အကောင်းဆုံးကတော့

ဆရာဝန် နှင့်တိုင်ပင်ပါ။

 

အိပ်ပျော်စဉ် ဆီးသွားခြင်းကိုဖြစ်စေသောအကြောင်းများ

·       သင့်ကလေး၏ ဆီးအိတ်သည် ညဘက် တွင် ဆီးကိုလုံလောက် စွာထိန်းထား နိုင် လောက် အောင် မဖွံ့ဖြိုးခြင်း

·       ဆီးအိတ် တင်းတာမသိခြင်း

အကယ်၍ဆီးအိတ် ကိုထိန်းချုပ်ထားသောအာရုံကြောဖွံ့ဖြိုးမှု နှေးနေလျှင်၊ ဆီးအိတ် တင်းလာသော် လည်းအိပ်မောကျနေပါက

ကလေး နိုးလာခြင်းရှိမှာမဟုတ်ပါ။

·       ဟော်မုန်းအချိုးအစားမညီ မျှခြင်း

·       စိတ်ဖိစီးခြင်း (ဥပမာ ကျောင်းစတက်ခြင်း၊ အိမ် နဲ့ခွဲနေရခြင်း။)

·       ဆီးလမ်းကြောင်း ပိုးဝင် ခြင်း။

·       အိပ်ပျော် စဉ် အသက်ရှုမ၀ ဖြစ်ခြင်း

·       ဆီးချို ရောဂါ ဖြစ်ခြင်း (ဥပမာ- ခြောက်ခြောက်သွေ့သွေ့ အိပ်တာကြာပြီ ဖြစ် သော် လည်းရုတ်တရက် ဆီးပြန်သွား ခြင်းသည် ဆီးချို ၏ ပထမလက္ခဏာဖြစ်နိုင်သည်။)

·       ကာလကြာရှည် စွာ ၀မ်းချုပ်ခြင်း

ဆီးသွားခြင်း နှင့် အလေးစွန့်ခြင်းကိုတူညီသော ကြွက်သား က ထိန်းချုပ်ထားသောကြောင့်ဖြစ် သည်။

·       ဆီးလမ်းကြောင်း နှင့် အာရုံကြောတည်ဆောက်မှု ပုံမှန် မရှိခြင်း

ဖြစ်နိုင်ချေများသောအချက်များ

ဘယ်အရာတွေကအိပ်ပျော် စဉ် ဆီးသွားခြင်းကိုပိုဖြစ်စေသလဲ။

အိပ် ပျော် စဉ် ဆီးသွားခြင်းကိုဖြစ်နိုင်စေသောအကြောင်းများမှာ အောက်ပါတို့ဖြစ်သည်။

·       ယောကျာ်းလေး ဖြစ်ခြင်း

နှစ်ယောက်လုံး ဖြစ်နိုင်သော်လည်းယောကျာ်းလေးများတွင် ပို၍ဖြစ်နိုင်ချေ  ၂ ဆ ရှိသည်။

·       မိသားစုတွင် ဖြစ်ဖူးသော history ရှိခြင်း

မိဘများတွင် ငယ်စဉ်က ဖြစ်ဖူးပါကကလေးတွင် လည်း ဖြစ်နိုင်ချေများသည်။

·       အနေအထိုင် အမူအကျင့် ပုံမှန် မဟုတ်သော( Attention deficit/Hyperactivity disorder,ADHD) ရှိသောကလေးများတွင် ပို ဖြစ် လေ့ ရှိသည်။

ရောဂါ ရှာဖွေခြင်းနှင့် ကုသခြင်း

(အောက်ပါအချက်အလက်များသည်ကျန်းမာရေးအကြံပေးချက်မျှသာဖြစ်သည်။ပိုမိုတိကျစွာသိရှိရန်ဆရာဝန်နှင့်တိုင် ပင်ပါ။) 

အိပ်ပျော်စဉ် ဆီးသွား ခြင်းကိုဘယ်လိုရှာဖွေ မလဲ။

·       ဆီးလမ်းကြောင်း ပိုးဝင် ခြင်းရှိ/မရှိ၊ ဆီးချိုလက္ခဏာရှိ/မရှိသိရန် ဆီးစစ် ခြင်း

·       အကယ်၍ ဆရာဝန် က ဆီးလမ်းကြောင်းတွင် ပြဿနာတခုခုရှိသည် သံသယရှိ ပါ က ကျောက်ကပ်  ဓာတ်မှန် နဲ့ အခြားစမ်းသပ် မှု များ ပြု လုပ် ခြင်း

·       ဆရာဝန် က အခြားကျန်းမာရေး ပြဿနာတခုခုရှိသည် ထင်ပါကလိုအပ် သည့် စမ်းသပ် မှု များ ပြု လုပ် ခြင်း

အိပ်ပျော်စဉ် ဆီးသွား ခြင်းကိုဘယ်လိုကုမလဲ။

အိပ် ပျော် စဉ် ဆီးသွား ခြင်းသည် နေထိုင် မှု ပုံစံပြောင်းသော် လည်းတိုးတက် မှု မရှိ မှ သာရောဂါ လက္ခဏာတစ်ခုအနေ ဖြင့် ဆေးဝါးများဖြင့်ကုသပါသည်။ဥပမာ

·       ဆီးလမ်းကြောင်း ပိုးဝင်ပါက ပိုးသတ်ဆေးများပေးခြင်း

·       Anticholinergic ဆေးများကိုဆီးအိတ် ပုံမှန် မဟုတ် ပါ က ပေးခြင်း

·       ညဘက် ဆီးထုတ်လုပ် မှု နည်းအောင် Eesmopressin Acetate ဆေးပေး ခြင်း

·       ဆီးကျိတ် ကြီးနေပါ ကလျော့အောင် DHT blocking ဆေးများပေး ခြင်း

တခါတရံအိပ် ပျော် စဉ် ဆီးထွက် ကျခြင်းသည် နာတာရှည် ရောဂါ ဖြစ် သောဆီးချို  နှင့် ည အိပ် မပျော် သောရောဂါ များ၏

လက္ခဏာဖြစ် သောကြောင့် ထိုရောဂါ များကိုကုသရန် လိုအပ် ပါသည်။

တခြားရောဂါ ကြောင့်ဖြစ်ပါ က ထိုရောဂါများကိုကောင်းကောင်းကုသရုံဖြင့် အိပ်ပျော်စဉ် ဆီးသွားခြင်းပျောက်ကင်းနိုင်ပါသည်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းကုထုံးများ

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့်အိပ် ပျော် စဉ် ဆီးသွားသူများအတွက်ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။

·       ညနေဘက် သောက် သောရေကိုသင့်တော် သော ပမာဏတခုသတ်မှတ်ပြီး ကလေးကိုတိုက်ပါ။

မနက်ခင်း နှင့် နေ့ခင်းအစောပိုင်းတွင် သာရေကိုသတိထားတိုက် ပါ က ညနေဘက် ရေဆာ ခြင်းကိုလျော့ ချ ပေးပါလိမ့်မည်။ သို့ သော် သင့်ကလေးက ညနေပိုင်းတွင် အားကစားများလုပ်ထားပါ က သောက် ရန် ရေပမာဏကိုမကန့်သတ်သင့်ပါ။

·       ဖျော် ရည် များ နှင့် အထူးသဖြင့် ကဖင်းဓာတ်ပါသောအစားအသောက်များကိုရှောင်ပါ။

ကဖင်းဓာတ်သည် ဆီးအိတ် ကို လှုံ့ဆော်သော် ကြောင့် ဆီးသွားစေသည်။

·       အိပ်ယာမ၀င်ခင် ဆီး ၂ ခါ သွားခိုင်းပါ။

အိပ်ယာစ ၀င် ချိန် တခါ နှင့် အိပ် မပျော် မှီတခါ ဆီးသွားခိုင်းပါ။

·       ဆီးပုံမှန် သွားခိုင်းပါ။

နေ့ခင်းနဲ့  ညနေပိုင်းတွင် အနည်းဆုံး ၂ နာရီတခါ ဆီးသွားခိုင်းပါ ကဆီးပေါက် ချင် စိတ် ကိုနည်းစေသည်။

·       ၀မ်းချုပ် ပါ က ကုသပါ။

·       အရေပြားယားယံခြင်းမဖြစ်အောင် ကာကွယ်ပါ။

သင်ထပ်သိလိုသည်များရှိသော်ဆရာဝန်နှင့်တိုင်ပင်ကာပိုမိုကောင်းမွန်သော အကြံဥာဏ်များ ရယူနိုင်ပါသည်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ