ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံမှု ပြုသင့်မပြုသင့်နှင့်ပတ်သက်၍ သိကောင်းစရာများ

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

ကိုယ်ဝန်ဆောင်ခြငိးဟာ အမျိုးသမီးတွေ တန်ဖိုးထားသင့်တဲ့ အံ့သြဖွယ်အတွေ့အကြုံဖြစ်ပါတယ်။ ဒါပေမယ့်ကိုယ်ဝန်ဟာ စုံတွဲများလိင်ဆက်ဆံမှုကို ရှောင်ရှားဖို့ အကြောင်းရင်းဖြစ်လာသင့်ပါသလား? အချို့အချို့သောအခြေအနေများမှာ မိခင်နှင့်သူမ၏ကလေးနှစ်ဦးစလုံး၏လုံခြုံရေးအတွက် လိင်ဆက်ဆံမှု အကြိမ်ရေများနှင့်လိင်ပိုင်းဆိုင်ရာလှုပ်ရှားမှုကိုယ်ဟန်အနေအထားတွေကို ပြုပြင်ဖို့လိုသော်လည်း, ကိုယ်ဝန်ဆောင်စဉ်အတွင်း လိင်ကိစ္စကို လုံးဝ တားမြစ်ထားခြင်းမရှိပါဘူး

လိင်ဆက်ဆံခြင်းက ကိုယ်ဝန်ပျက်ကျစေပါသလား?

အများစုသော ကျန်းမာတဲ့ ပုံမှန်ကိုယ်ဝန်များမှာ လိင်ပိုင်းဆိုင်ရာကိစ္စတွေက အန္တရာယ် မရှိပါဘူး။ အော်ဂဇင်ခေါ် စိတ်ကျေနပ်မှု ရနေစဉ်အတွင်း, သင့်ရဲ့သားအိမ်က တစ်နာရီလောက်ထိ အားကောင်းစွာ ကျုံ့နေတယ်ဆိုတာ မှန်ပါတယ်။အထွတ်အထိပ် ရောက်ချိန်ကလည်း  သိသိသာသာပြင်းထန်နိုင်ပါတယ်။ ကံကောင်းတာက ဤကျုံ့ညှစ်ခြင်းက သင့်ရဲ့ကလေးကို မထိခိုက်နိုင် ပါဘူး။

သင့်ကိုယ်ဝန်ရဲ့ နောက်ဆုံးသုံးလပတ်မှာမဟုတ်လျှင် orgasm က လမစေ့ပဲ ကလေးမွေးစေတာမျိုး မဖြစ်ပေါ်ပါဘူး။ထို့ပြင်များစွာသောသိပ္ပံပညာရှင်တွေကအမေတွေအတွက်  လမစေ့ဘဲမွေးဖွားမှု အန္တရာယ်များကို လိင်ဆက်ဆံမှုက လျှော့ချနိုင်ပေးတယ်ဆိုတာ သက်သေပြနိုင်ကြပါပြီ။ ဒါ့ကြောင့် သင်ရဲ့ စိုးရိမ်ပူပန်မှုတွေကို ရပ်တန့်ပြီး သင့်အိမ်ထောင်ဘက်နဲ့ ရင်ခုန်စရာညဥ့်အခါ စတင်နိုင်ပါပြီ။

ကလေးကို ထိခိုက်စေပါသလား ?

လုံးဝမထိခိုက်နိုင်ပါဘူး။သင်နှင့်သင့်အိမ်ထောင်ဖက် လိင်ဆက်ဆံကြတဲ့အခါ, ကလေးက သင့်ရဲ့ ရေမွှာအိတ်ထဲမှာ လုံခြုံစိတ်ချစွာခွေနေဆဲဖြစ်ပါတယ် ။ သားအိမ်ခေါင်းအတွင်းချွဲတွေက   သင့်အချင်းနှင့် နှင့်သားအိမ်ကို သင့်လက်တွဲဖော်ရဲ့လိင်တံအပါအဝင် ပြင်ပတွင်အရာများမှသီးခြားဖြစ်အောင် စောင့်ရှောက်ပေးနိုင်ပါတယ်။ဒါ့အပြင် ဘယ်လိင်တံကမှ နီးနီးကပ်ကပ်ရောက်ပြီး  သန္ဓေသားကို ထိခိုက်စေလောက်အောင် မကြီးမားနိုင်ပါဘူး။

ကိုယ်ဝန်ဆောင်စဉ်အတွင်း အကောင်းဆုံးလိင်ပိုင်းဆိုင်ရာ ကိုယ်ဟန်အနေအထားတွေက ဘာတွေလဲ?

မိခင်လောင်းအနေနဲ့ အဆင်ပြေ သက်တောင့်သက်သာ ခံစားရတဲ့ အများစုသော လိင်ပိုင်းဆိုင်ရာကိုယ်ဟန်တွေက လုံခြုံကြပါတယ်။ ကိုယ်ဝန်ဆောင်ကာလ ကြာလာတာနှင့်အမျှ ကိုယ်ဟန်အနေအထားတွေကတော့ ပြောင်းလဲပစ်ရန်လိုအပ်နိုင်ပါတယ်။သင်နှင့်သင့်အိမ်ထောင်ဘက်အနေနဲ့ ၂ယောက် အနေအထားချင်းလဲဆက်ဆံတာ သို့မဟုတ်ဘယ်အနေအထားမျိုးနဲ့ အကောင်းဆုံးခံစားမှုပေးနိုင်တယ်ဆိုတာ သိနိုင်အောင် ရှာဖွေ ဖန်တီးနိုင်ပါတယ်။ သင်တို့ နှစ်ဦးစလုံး အဆင်ပြေနေသမျှကာလပတ်လုံး ဒီလိုမျိုးဖန်တီးလုပ်ဆောင်သွားနိုင်ပါတယ်။

ဘယ်ကိစ္စတွေမှာ လိင်ဆက်ဆံမှုကိုရပ်တန့်သင့်သလဲ?

ကိုယ်ဝန်ဆောင်သောအမျိုးသမီးမှာ အောက်ပါအခြေအနေတွေရှိရင် မလုပ်သင့်ပါဘူး :

– သူမအနေနဲ့ လမစေ့ပဲမွေးမယ့် အရိပ်လက္ခဏာရှိရင် သို့မဟုတ် လမစေ့ပဲမွေးဖူးတဲ့ ရာဇဝင်ရှိဖူးရင်

– သူမက  အကယ်လို့ သားအိမ်ခေါင်းကျဉ်းတာ သို့မဟုတ်အချင်းရှေ့ရောက် ရောဂါရှိနေရင်

– ပုံမှန်အသွေးအစက်အပြောက်ကျနေတာ သို့မဟုတ် အင်္ဂါဇာတ်သွေးထွက်တာမျိုး သတိပြုမိရင်

– ကိုယ်ဝန်ပျက်ကျဖူးတဲ့ ရာဇဝင် ရှိရင် လိင်ဆက်ဆံမှုမလုပ်သင့်ပါ

ကိုယ်ဝန်ဆောင်စဉ် အတွင်းလိင်ဆက်ဆံရင် မိခင်နှင့်ကလေးနှစ်ဦးစလုံး ထိခိုက်မှုဖြစ်ပေါ်စေလိမ့်မည်မဟုတ်ပါ။ဒါဟာ သင်နှင့်သင့်အဖော်အတွက်ရင်ခုန်စရာ အမှတ်ရစရာအတွေ့အကြုံ ဖြစ်နိုင်ပါတယ်။ သင့်အနေနဲ့ လက်ရှိဖြစ်နေတဲ့ပြသနာ သို့မဟုတ်အခြားစိုးရိမ်ပူပန်မှုများရှိပါက, သင့် ဆရာဝန်ကို အကြောင်းကြားပါ

Hello Health Group သည် ကျန်းမာရေးအကြံပေးမှု, စမ်းသပ်မှုနှင့် ကုသမှုတို့ လုပ်ဆောင်မည်မဟုတ်ပါ။

မျှဝေမည်

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 26, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဖေ‌ဖော်ဝါရီ 26, 2018

ရင်းမြစ်များ
ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။