backup og meta

မိခင်၏အချင်းအား စားသုံးခြင်း။ ဆောင်ရန် ရှောင်ရန်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိခင်၏အချင်းအား စားသုံးခြင်း။ ဆောင်ရန် ရှောင်ရန်များ

    ကလေးမွေးပြီးနောက်မှာ အချင်းကို ဖျော်ရည်လုပ်သောက်သည်၊ အမှုန့်ကြိတ်သောက်သည်ဟု စိတ်ကူးကြည့်ပါ။ နှစ်မြို့စရာတော့ ကောင်းမှာ မဟုတ်ပါဘူး။ တစ်ချို့ မိခင်တွေကတော့ ကလေးမွေးပြီးနောက်မှာ အချင်းကို စားပြစ်ကြဖို့ ရွေးချယ်ကြပါတယ်။

    အချင်းစားတယ်ဆိုတာ တိရိစ္ဆာန်တွေ လုပ်နေကြဖြစ်သော်လည်း လူတော်တော်များအတွက်ကတော့ ယင်းက တော်တော်လေး စိတ်အနှောက်အယှက် ဖြစ်စရာပါပဲ။ ကျန်းမာရေးကောင်းတယ်လို့လည်း ပြောကြပါတယ်။

    အချင်းစားတယ်ဆိုတာ ကျန်းမာရေးအတွက် တကယ်ကော အကျိုးရှိတာလား။

    အချင်းမှာ ကလေးအတွက် သက်စောင့်ဓါတ်တွေ၊ ဓါတ်သထ္တုတွေနဲ့ အာဟာရတွေ ပါတယ်လို့ ယူဆရပါတယ်။ အာဟာရများ ရယူဖို့ သန္ဓေသားနဲ့ သားအိမ်နံရံကို ဆက်သွယ်ပေးထားတဲ့ အင်္ဂါဟာ အချင်းဖြစ်ပါတယ်။

    ကလေးမွေးပြီးတဲ့ အခါမှာ ခန္ဓါကိုယ်က အချင်းကို စွန့်ထုတ်လိုက်ပါတယ်။ ရိုးရိုးမွေးမယ်ဆိုရင် အချင်းက မွေးလမ်းကြောင်းကနေ ကလေးနဲ့ အတူထွက်လာမှာပါ။ ခွဲမွေးမယ်ဆိုရင်တော့ အချင်းကို ခွဲတဲ့ နေရာမှပဲ ဆရာဝန်တွေ ထုတ်ပေးကြမှာပါ။ ပန်ကန်ပြားနဲ့ ခပ်ဆင်ဆင်ဖြစ်ပြီး မွေးမွေးပြီးချင်းမှာ ၅၀၀ ဂရမ်လောက် ရှိပါလိမ့်မယ်။

    အချင်းမှာ သံဓါတ်၊ B6 နဲ့ B12 သက်စောင့်ဓါတ်၊ အရေးကြီး ဟော်မုန်းနှစ်ခုဖြစ်သော အီစထရိုဂျင်၊ ပရိုဂျက်စတုန်းတို့ ပါဝင်ပါတယ်။ ယင်းဟော်မုန်းများက ကလေးပထမဆုံးမွေးသော အမေများတွင် မွေးပြီးနောက်ပိုင်း ဖြစ်တတ်သော စိတ်ဓါတ်ကျခြင်း၊ အိပ်မပျော်ခြင်းတို့အတွက် အကျိုးရှိစေပါတယ်။ နို့အမြောက်အများထွက်ခြင်းနှင့် ကလေးမွေးပြီးနောက်ပိုင်း နာကျင်ခြင်းများကို သက်သာစေပါတယ်။

    လူတွေထက် တိရစ္ဆာန်တွေမှာတော့ အချင်းစားခြင်းဟာ ကောင်းကျိုးအချို့ ရှိပါတယ်။ ဥပမာအားဖြင့် ခွေးမလေးတွေမှာ မွေးနေစဉ် နာကျင်ခြင်းကို လျော့နည်းစေပါတယ်။ မွေးပြီးနောက်မှာလည်း ကလေးနဲ့ မိခင်ကြားမှာ ဆက်ဆံရေး ပိုမိုခိုင်မြဲစေပါတယ်။

    အချင်းစားခြင်းရဲ့ အန္တရယ်များ

    အချင်းဟာ ရောဂါပိုးမွှားတွေ ကူးဆက်ခံထားရနိုင်ပါတယ်။

    ကိုယ်ဝန်ဆိပ် တက်ခြင်းကဲသို့ အခြေအနေမျိုးရှိသော မိန်းမများတွင် စတရက် ပရိုတင်းနည်းနေပါတယ်။ အချင်းဟာ ဘက်တီးရီးယား အပါအဝင် အန္တရယ်ရှိသော ပစ္စည်းများကို ကလေးထံသို့ မရောက်အောင် စစ်ထုတ်ပေးပါတယ်။

    အချို့မိန်းမတွေဟာ မွေးနေစဉ်အတွင်းမှာ မစင်များထွက်ကျနိုင်ပါသေးတယ်။ မစင်မှာ ဘက်တီးရီးယား များစွာပါဝင်ပြီး အချင်းထံသို့ ရောက်ရှိသွားနိုင်ပါတယ်။ ထိုကဲ့သို့ အန္တရယ်ရှိတဲ့ အရာတွေကို ခန္ဓါကိုယ်ထဲ ဘာကြောင့် ပြန်ရောက်ချင်တော့မည်နည်း။

    ထိန်းသိမ်းထားဖို့ ခက်ခဲပါတယ်။

    မွေးမွေးပြီးချင် ရေခဲရိုက်ပြီး မသိမ်းထားဘူးဆိုရင် စိတ်မချရပါဘူး။ ဆိုင်တွေမှာ အသားပြားတစ်ခုကို တစ်နေကုန် အပြင်မှာ ဒီအတိုင်းထားမယ်ဆိုရင် စားချင်ပါ့မလား တွေးကြည့်ပါ။ အချင်းကို ထိန်းသိမ်းဖို့ သင့်တော်တဲ့ အအေးပေးစနစ် အချိန်မှီ ရရန် မလွယ်ကူပါဘူး။

    လိုချင်တဲ့ အကျိုးကျေးဇူးတွေတောင် မရလောက်ပါဘူး။

    မိခင်အများစုကတော့ အချင်းကို အစိမ်းလိုက်မစားကြတော့ပါဘူး။ ချက်ပြုတ်ရ်ျသော်လည်ကောင်း၊ အခြောက်ခံရ်ျသော်လည်ကောင်း၊ အမှုန့်ကြိတ်ရ်ျသော်လည်းကောင်း၊ ရေခဲရိုက်ရ်ျသော်လည်းကောင်း၊ ဖျော်ရည်လုပ်ရ်ျသော်လည်းကောင်း စားသုံးကြပါတယ်။

    အထက်ပါနည်းလမ်းများ အထူးသဖြင့် ချက်ပြုတ်ခြင်းမျိုးက လိုချင်တဲ့ အာဟာရတွေကို ပျက်စီးစေမှာပါ။

    အရသာတော့ ကောင်းမှာမဟုတ်ပါဘူး။

    အချင်းမှာ သွေးအမြောက်အများ ပါဝင်တာကြောင့် သွေးညှီနံ့တော့ ရမှာပါ။ Daniel Patterson of Coi နှင့် အခြား San Francisco စားသောက်ဆိုင်တို့မှ စာဖိုမှူးတွေက ခိုသားနဲ့ တူတယ်လို့ပြောကြပါတယ်။ အခြားသူများကတော့ အသည်းနဲ့ တူတယ်လို့ ပြောကြပါတယ်။ လူနည်းစုကတော့ ကြက်သားနဲ့ တူတယ်လို့ ပြောကြပါတယ်။ ဘာပဲဖြစ်ဖြစ် အတော်အသင့် ကောင်းတဲ့ စားသောက်ခြင်း အတွေ့အကြုံအတွက် ပြင်ဆင်နေလောက်ပြီ ထင်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Phyo Wai Yan မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement