backup og meta

သင့်ရဲ့ သမီးကို ကိုယ့်ကိုယ်ကိုတန်ဖိုးထားတတ်အောင် ဘယ်လို လှုံ့ဆော်မြှင့်တင်ပေးရမလဲ


Khine Phoo Ngon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ရဲ့ သမီးကို ကိုယ့်ကိုယ်ကိုတန်ဖိုးထားတတ်အောင် ဘယ်လို လှုံ့ဆော်မြှင့်တင်ပေးရမလဲ

    မိဘ တွေကတော့ သားသမီးတွေကို ကောင်းဆုံးဆိုတာ တွေပဲဖြစ်စေချင်ကြပါတယ်။ မိဘတွေဟာ ကိုယ့် သားသမီးတွေ ကောင်းမွန်တဲ့ ပညာရေးရအောင်၊ တောက်ပတဲ့ အနာဂတ်ဖြစ်လာအောင် ပံ့ပိုးပေးခြင်း၊ ကောင်းမွန်တဲ့ သူငယ်ချင်းတွေရရှိအောင် နဲ့ ဘ၀ မုန်တိုင်း အခက်အခဲတွေကို ကြံ့ကြံ့ ခံနိုင်တဲ့ စွမ်းရည်ရှိလာအောင် အမြဲ ပံ့ပိုးကူညီနေကြပါတယ်။

    ဒါပေမယ့် တစ်ခါတစ်လေမှာ မိဘ အများစုမှာ မိမိတို့ လုပ်ဆောင်နေတာတွေက မှန်၊ မမှန် ဆိုတဲ့ အတွေး တစ်ချက်ဝင်လာတတ်ကြပါတယ်။ ဆယ်ကျော်သက်အရွယ်နီးလာတာနဲ့ အမျှ ငယ်ရွယ်တဲ့ မိန်းကလေးအများစုဟာ မိဘတွေအပေါ် လျှို့ဝှက်လာတတ်ကြပါတယ်။

    မိဘတွေ နဲ့ သီးခြားနေလာကြပါတယ်။ လူမှုကွန်ရက်ရဲ့ အရှုပ်အထွေးတွေကလည်း အရာအားလုံးကို ကြောက်လန့်ဖွယ်ရာ ဖြစ်အောင် ဖန်တီးလာနိုင်ပါတယ်။ အဲဒီ အချိန်ဟာ မိဘတွေအတွက် သားသမီးတွေကို အထောက်အပံ့ပေးရမယ့် အရေးကြီးတဲ့ အချိန်ဖြစ်ပါတယ်။

    အဲဒီတော့ မိဘတွေ အနေနဲ့ ဘယ်လို အထောက်အပံ့ ပေးသင့်သလဲ? ဒီ စာစောင်မှာတော့ မိဘတွေအနေနဲ့ ကိုယ့်သမီးတွေကို ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်လာအောင်၊ ယုံကြည်မှုရှိလာအောင် ဘယ်လို တွေမြှင့်တင်ပေးရမယ်ဆိုတာ နဲ့ ယနေ့ခေတ်ကြီးမှာ ကလေးတွေကို ဘယ်လိုပြုစု ပျိုးထောင်ပေးရမယ်ဆိုတာ နဲ့ ပတ်သတ်တဲ့ အချက်တွေကို ဖော်ပြမှာ ဖြစ်ပါတယ်။

    သူမကို သူမက လှတယ်ဆိုတာ ပြောပြလိုက်ပါ။

    မိန်းကလေးငယ်တွေ အတွက် သူတို့ရဲ့ ဆယ်ကျော်သက် နှစ်တွေမှာ အကြီးဆုံး ဖြစ်လေ့ရှိတဲ့ ပြသနာတွေက သူတို့ရဲ့ ကိုယ်ပိုင် ရုပ်ရည်နဲ့ ပတ်သတ်တာပဲ ဖြစ်ပါတယ်။ သင့် သမီးရဲ့ ရုပ်ရည်နဲ့ ပတ်သတ်ပြီး မျက်ကွယ်ပြုထား မသင့်ပါဘူး။ (သို့) ရုပ်ရည်နဲ့ ပတ်သတ်တဲ့ လိုအပ်ချက်တွေကို မထောက်ပြသင့်ပါဘူး။

    သင့် သမီးကို “ ဆံပင်က လှတယ်” “shirt ကလှတယ်” စတာတွေကို ပြောမယ့် အစား “ ဒီနေ့ ဆံပင် ပုံစံလေးကို သဘောကျတယ်။” (သို့) “ ဒီနေ့ ဝတ်ထားတဲ့ ဝတ်စုံလေးကို သဘောကျတယ်” စသဖြင့် ရိုးရှင်းတဲ့ ချီမွမ်းစကား လေးတွေကို ပြောပေးသင့်ပါတယ်။

    တာဝန်ယူတတ်သော လေးစားဖွယ်ကလေးများကို ပျိုးထောင်နိုင်ဖို့ အဓိက နည်းလမ်း ၉ သွယ်ကို ရေးသားတဲ့ စာရေးဆရာ Dr. Ruskin ( Psy.D) လှပတဲ့ အရာ တစ်ခုခု ကို လုပ်ဖို့ သင့်သမီးကိုယ်တိုင်ရွေးချယ်တာကို ချီးကျုးတာက သူလှပ ကြောင်းကို ချီးကျူးနေတာထက် သင့်ကလေးကို ကိုယ့်ကိုကိုယ်တန်ဖိုးပိုထားတတ်စေလာနိုင် ပါတယ်။

    သူတို့ရဲ့ ထုတ်ဖော် တီထွင်နိုင်မှုတွေကို ချီးမြှောက်ခြင်းဖြင့်လည်း သင့်ကလေးကို အတွင်းစိတ်လှပမှုကို လိုလားလာအောင် သင်ကြားပေးနိုင်ပြီး ၊ သူမ ဘာသာ သူမ အလှတရားတွေ ကို နဂို ကတည်းက ပိုင်ဆိုင်ထားကြောင်း သိရှိလာနိုင်စေပါတယ်။

    လုပ်ဆောင်ချက်တွေက စကားတွေထက် အမြဲပို ထိရောက်တယ် ဆိုတဲ့ အတိုင်း ဘယ်လောက်ရုပ်ရည်လှ တာဆိုတာထက် အခြားသူတွေကို ဘယ်လို ဆက်ဆံတယ် ၊ မိမိရဲ့ ပြုမူနေထိုင် ပြောဆိုတယ်ဆိုတာတွေက ပိုပြီး အရေးကြီးပါတယ်။

    စိတ်ပူပန်ခြင်းကိုပြပါ။ ဒါပေမယ့် အလွန်အကျွံ မဖြစ်ပါစေနဲ့။

    သင့်ကလေးအတွက် အစိုးရိမ် အပူပန် လွန်ကဲနေခြင်းက သူတို့က လျစ်လျူရှုထားတာလောက်တောင် အန္တရာယ်များပါတယ်။

    Richard Lerner (Ph. D) (တက်ဖ် တက္ကသိုလ်မှ လူငယ် ဖွံ့ဖြိုးတိုးတက်ရေးခြင်း သုတေသနအဖွဲ့ ဥက္ကဋ္ဌ နှင့်ဒါရိုက်တာ )က မိမိကိုယ်ကို နှိမ်ချဆက်ဆံဖို့ လိုအပ်တယ်လို့ ထင်တဲ့ မိဘတွေကသူတို့ရဲ့သမီးတွေကို ကိုယ့်ကိုကိုယ် အထင်မကြီးအောင်လုပ်ထားလေ့ရှိတယ် လို့ပြောခဲ့ပါတယ်။

    ယျေဘုယအားဖြင့် ကလေးတွေ အတွက် မူလတန်း နဲ့ အလယ်တန်း ကျောင်းကာလ ကြား အချိန်ဟာ ကိုယ့်ဘာသာ ရပ်တည်နိုင်မှုကို ရရှိဖို့ အရေးကြီးတဲ့ အချိန်(အရွယ်ရောက် အပျိုဖော်ဝင်ချိန်) ဖြစ်နေတတ်ပါတယ်။ မိန်းကလေး အများစု အတွက် အရွယ်ရောက်ချိန်နဲ့ မူလတန်းမှ အလယ်တန်းကျောင်းသူကြား ကူးပြောင်းချိန် နဲ့ အချိန်တူတူ ရောက်ရှိ နေလေ့ရှိပါတယ်။

    မိဘများ( အထူးသဖြင့် မိခင်များ) အနေနဲ့ ကလေးတွေကို အဲဒီအချိန်မှာ မိဘတွေရဲ့ ကိုယ်ပိုင်အတွေ့ အကြုံတွေကို မျှဝေပေးခြင်း၊ အခက်အခဲတွေ စိတ်ရှုပ်စရာ အချိန်တွေကို ဘယ်လို ဖြတ်သန်းခဲ့တယ်ဆိုတာတွေကို မျှဝေပေးခြင်းအားဖြင့် ဒီကာလမှာ ဖြစ်လေ့ ဖြစ်ထရှိတတ်တဲ့ စိတ်ဖိစီးမှုတွေကို အားပေးကူညီရပါမယ်။

    သူတို့ တွေပဲ ရုန်းကန်နေရတာ မဟုတ်ဘူးဆိုတာ သိသွားခြင်းက သူတို့ တွေအတွက် ပိုပြီး စိတ်သက်သာရာ ရစေနိုင်ပြီး၊ သူတို့ ကိုယ်သူတို့ အတွက်လည်း ပိုကောင်းတယ်လို့ ခံစားရနိုင်အောင် ကူညီပေးနိုင်ပါတယ်။

    ဒီလုပ်ဆောင်ချက်တွေ နဲ့ ပတ်သတ်ပြီးတော့ တော့ သတိထားရပါမယ်။ ဒါပေမယ့် တစ်ချိုက မိန်းကလေးအများစုဟာ ဒီလို မိခင်ရဲ့အတွေ့အကြုံတွေ ကြားသိရတဲ့အခါ မိခင်လိုမျိုး ဖြစ်လာနိုင်ဖို့ အတွက်ဆိုပြီး ဖိအားပေးသလို ခံစားလာမိတတ်ကြပါတယ်။

    ပြီးတော့ အမေတွေကလည်း သူတို့ဖြစ်ချင်၊ လုပ်ချင်နေကြတာတွေကို သူတို့ရဲ့ သမီးတွေအပေါ်မှာ တွန်းအားပေးနေသလိုမျိုး ဖြစ်တာကို သတ်မထားမိတာမျိုး ရှိနိုင်ပါတယ်။ မိခင်ရဲ့ အတွေ့အကြုံတွေကို မျှဝေတဲ့ အခါ သင် လုပ်ဆောင်ခဲ့တာနဲ့ မတူဘဲ အခြားနည်းလမ်းနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ ရွေးချယ်ခဲ့ရင် သင့်ကလေးရဲ့ ရွေးချယ်မှု အပေါ်လေးစားရပါမယ်။

    သင်နဲ့ သင့်သမီး နဲ့ မတူတာက ကောင်းတဲ့ အချက်လည်း ဖြစ်နိုင်ပါတယ်။ သင့်ကလေးမှာ သင့်ထက်သာလွန်ကောင်းမွန်တဲ့ သင့်မှာ မရှိတဲ့ အချက်တွေ ရှိနေနိုင်ပါတယ်။

    သင့်မှာ သူ့လိုမျိုး အရည်အချင်းတွေရှိခဲ့ချင်တယ် ဆိုတာ သူမ သိရရင် အဲဒီ အရည်အချင်းတွေနဲ့ ပတ်သတ်ပြီး ရလဒ်ကောင်းကောင်း ဖြစ်လာဖို့ ကြိုးစားချင်လာနိုင်ပါတယ်။

    သူမကို ချီးမြှောက်ပေးပါ။

    မိဘတစ်ဦး အနေနဲ့ သင့်သမီးအတွက် ဂုဏ်ယူမိတယ်လို့ ခံစားရတဲ့ အရာတွေ အမြောက်အမြားရှိရပါမယ်။

    Dr. Ludwig က “ သူမကကောင်းတယ်လို့ ခံစားရတဲ့ အပေါ်ကို ပိုပြီးကောင်းတယ်ဆိုတာ ပြောပြပေးပါ” လို့ပြောခဲ့ပါတယ်။ “ အဲဒါက သင့်ကလေးက ဘယ်လိုလူမျိုးလဲ ဆိုတာကို သိရှိနိုင်ဖို့ အတွက် အချိန်ယူတာပြီးဆိုတာကို ပြနိုင်ပါတယ်။”

    ချီးမွမ်းမှုပေးတာကလည်း ကလေးတွေအတွက် မိမိကိုယ်ကို တန်ဖိုးထားတတ်တဲ့ စိတ်ကို တည်ဆောက်နိုင်ဖို့ အရေးပါပါတယ်။ အဲဒါက သင့်ကလေးကို ကိုယ့်ကို ကိုယ် ယုံကြည်မှုတွေ တည်ဆောက်လာနိုင်စေတဲ့အတွက် တီထွင်နိုင်မှုတွေ၊ ကိုယ်ပိုင် အပြုအမူ၊ အနေအထိုင်တွေ ကိုလည်း ပံ့ပိုးပေးနိုင်ပါတယ်။

    ချီးမွမ်းတဲ့ စကားတွေကို အပေါ်ယံထက် ပိုပြီးတိတိကျကျပြောဖို့ ကြိုးစားသင့်ပါတယ်။

    သင့် သမီးလေးရဲ့ အောင်မြင်မှုတွေကို အသိအမှတ်ပြုပေးပြီး အဲ့ဒီအတွက် သူမကို စကားဖြင့် ချီးမွမ်းထောက်ခံမှုပြုပေး တာကလည်း သူမအတွက် ကိုယ့်ကိုကိုယ်တန်ဖိုးထားတတ်တဲ့စိတ်ကို ပိုဖြစ်စေမှာ ဖြစ်ပါတယ်။

    စိတ်ထဲမှာ သတိထားရမှာ တစ်ခုက သင့်ကလေးရဲ့ မိမိကိုယ်ကိုတန်ဖိုးထားတတ်တဲ့စိတ်ကို မြှင့်တင်ပေးနိုင်အောင် အတင်းရည်ရွယ်လုပ်ဆောင်တာကလည်း သင်လုပ်ဆောင် ပြောဆိုတဲ့ အပေါ်မူတည်ပြီး လိုချင်တာနဲ့ ပြောင်းပြန် ပိုဆိုးသွားနိုင်ပါတယ်။

    သင့်ကလေးရဲ့ လုပ်ဆောင်ချက်တွေထက် သူ့ရဲ့ရုပ်ရည်ပေါ်မှာ ပိုပြီး ချီးမွမ်းတာတွေ လုပ်မယ်ဆိုရင် သူမအတွက် သူမလုပ်ဆောင်နေတာတွေထက် ရုပ်ရည်က ပိုအရေးကြီးပါလားဆိုတဲ့ အတွေး ဝင်သွားစေ နိုင်ပါတယ်။

    အံ့အားသင့်စွာနဲ့ ရှာဖွေတွေ့ရှိချက်တွေအရ တော်ကြောင်းချီးကျူးတာကလည်း ကလေးရဲ့ ယုံကြည်မှုကို လျှော့ချသလို ဖြစ်သွားစေနိုင်ပါတယ်။ သင့်ကလေးကို “wow; ဒါကကောင်းမွန်တဲ့ ရလဒ်တစ်ခုပဲ၊ သမီးဒီဟာကို ရဖို့အတော် ကြိုးစားထားရမှာပဲ” ဆိုတာမျိုးပြောရမယ့်အစား “ wow ; ဒါက ကောင်းမွန်တဲ့ ရလဒ်တစ်ခုပဲ၊ ဒီအပိုင်းမှာ သမီးက အရမ်းတော်တာဖြစ်ရမယ်” ဆိုတာမျိုး ချီးမွမ်းလိုက်တာက သင့်ကလေးကို ကိုယ့်ကိုကိုယ် ယုံကြည်မှုလွန်ကဲ သွားစေတာမျိုး ဖြစ်နိုင်ပါတယ်။

    သူတို့ရရှိတဲ့ ရလဒ်ကို ချီးကျူးခံရတဲ့ ကလေးတွေထက် သူတို့ ကြိုးစားမှုအတွက် ချီးကျူးခံရတဲ့ ကလေးတွေက နောက်ထပ် အခက်အခဲတွေကို ကြိုးစားလုပ်ကိုင်လိုစိတ်ပို များကြပါတယ်။

    သင့်ကိုယ်သင် ယုံကြည်မှုရှိပါ။

    မိခင်တွေဟာ မဖြစ်နိုင်တဲ့ ပုံရိပ်၊ဖြစ်စဉ်တွေနဲ့ ကြော်ငြာခြင်းတွေကို ကလေးတွေအတွက် အကာအကွယ်ပေး ရမယ့် ပထမဆုံး ခံတပ်ကြီးပါ။ ငယ်ရွယ်တဲ့ကလေးတွေဟာ သူတို့ရဲ့ မိခင်တွေကို အတုယူတတ်ကြပါတယ်။

    ဒါပေမယ့် မိခင်ရဲ့ဆိုး၊ မကောင်းတဲ့ အချက်တွေကို အတုမယူဖို့နားမလည်ကြပါဘူး။ အဲဒီအချက်တွေမှာ ကိုယ်ပိုင် အရပ်၊ (သို့) ရုပ်ရည် (သို့) သင့် ခန္ဓါကိုယ်မှာ ရှိတဲ့ သင်မကြိုက်နှစ်သက်တဲ့ အစိတ်အပိုင်းတစ်ခုခု နဲ့ ပတ်သတ်ပြီး မကောင်းတဲ့ ဘက်က ပြောဆိုတာတွေပါဝင်နိုင်ပါတယ်။

    ကျန်းမာရေး နဲ့ ညီညွတ်တဲ့ အစားအစာတွေစားခြင်း၊ တစ်ခါတစ်လေမှ အစားအနည်းငယ်ပိုစားခြင်း၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်ခြင်း စတဲ့ ကျန်းမာစေတဲ့ အလေ့အကျင့်တွေကို ကြိုးစားလုပ်ဆောင်ပြီး မိမိ ခန္ဓါကိုယ် လက်ရှိအတိုင်းကိုလက်ခံပါ။

    ယုံကြည်မှုတွေကို လျော့ကျစေနိုင်တဲ့ အရာတွေကို သိအောင်လုပ်ပါ။

    စတင်လုပ်ဆောင်သူတွေ အတွက် မိဘတွေဟာ မိမိတို့ရဲ့ကလေးတွေက ဘာတွေကိုဖြတ်သန်းနေရတယ်ဆိုတာ နားလည်နိုင်ဖို့ အချိန်ယူရပါမယ်။

    Catherine Steiner-Adair (Ed.D)အမည်ရှိ McLean ဆေးရုံ၊ စိတ်ပညာဋ္ဌာန၊ Harvard ဆေးပညာကျောင်း မှ အစားနဲ့ ပတ်သတ်ဆက်နွယ်နေတဲ့ ရောဂါများ ကာကွယ်ရေး နှင့် ပညာပေးရေး ဒါရိုက်တာက “ မိန်းကလေးငယ်တွေအတွက် အရေးကြီးတဲ့ အချက်တစ်ခုကတော့ ကလေးတွေဟာ မိမိကိုယ်မိမိ ယုံကြည်မှုရှိနေရင် ကိုယ့်ကိုကိုယ်တန်ဖိုးထားတတ်လာပြီး ပိုပြီးကောင်းမွန်တဲ့ အတွေးအခေါ်၊ လုပ်ဆောင်ချက်တွေ လုပ်ဆောင်နိုင်မှာပါ” လို့ပြောခဲ့ပါတယ်။

    သူမက “ သူတို့အားသာချက်ကို တွေ့ရှိသွားတာက သူများတွေထက်သာသွားတယ်လို့ ပြောလို့မရပါဘူး။” လို့ပြောခဲ့ပါတယ်။ Steiner-Adair က ကလေးဘ၀ ကနေ အရွယ်ရောက်သွားချိန်မှာ မိန်းကလေးတွေရဲ့ ယုံကြည်ချက်မှာ လျော့နည်းသွားတာကို တွေ့ရှိခဲ့ပါတယ်။

    သူမ က မိန်းကလေးငယ်တွေကို ကြီးလာတဲ့အခါ ဘာဖြစ်ချင်တယ်ဆိုတာ မေးတဲ့အခါမှာ လေးတန်းအရွယ်ကလေးက တိရိစ္ဆာန်ကုဆရာဝန် (သို့) ခွဲစိတ်ဆရာဝန် ကဲ့သို့ ဖြစ်ချင်ကြတယ်လို့ ပြောတာတွေ့ရပြီး အလယ်တန်းကျောင်းသူတွေကတော့ သူတို့ရဲ့ အတွေးထဲမှာ ရုပ်ရည် ရူပကာ က ဝင်ရောက်နေတာကို တွေ့ရပါတယ်။

    “ အလယ်တန်းကျောင်းသူ တစ်ယောက်က သူမကိုပြောခဲ့ပါတယ် ‘ သမီးက ခွဲစိတ်ဆရာဝန်မဖြစ်နိုင်ဘူး၊ ဘာကြောင့်လည်းဆိုတော့ သမီးပုံစံက ခွဲစိတ်ဆရာဝန်နဲ့ မတူဘူး’ လို့ပြောခဲ့ပါတယ်လို့ steiner-Adair က WebMD ကိုပြောခဲ့ပါတယ်။ ဆယ်တန်းလောက်ရောက်ရင် မိန်းကလေးတွေ အများစုက ရုပ်ရည်တစ်ခုတည်းအပေါ် ကို ဂရုစိုက်လာကြပါတယ်။

    သမီးကလေး ငယ်ရွယ်စဉ်ကတည်းက စတင်ပါ။

    သင့်သမီးလေးအတွက် ကိုယ့်ကိုကိုယ်ယုံကြည်မှုဖြစ်လာဖို့ကို ဗိုက်ထဲမှာရှိနေတဲ့ အချိန်ကတည်းက စတင်လုပ်ဆောင်နိုင်ပါတယ်။

    သင့်ကလေးဟာ ယောက်ျားလေးလား ၊ မိန်းကလေးလား စတင်သိပြီးနောက်ပိုင်းမှာ သင်ဟာ ဗိုက်ထဲက ကလေးလေးကို မတူညီစွာ စကားပြောဆိုနိုင်ပါတယ်။ မိခင်တွေအတွက် သူတို့ရဲ့ သမီးလေးတွေကို မင်းသမီးလေးတွေလို ကြီးထွားလာကြတာကို လိုချင်ကြတာက ပုံမှန်ပါပဲ။

    ဒါပေမယ့် အတွေးတစ်မျိုးပြောင်း တွေးကြည့်သင့်ပါတယ်။Dr.Ruskin က သင့်သမီးလေး ကို တောင်တက်အသင်ဆရာ (သို့) ကင်ဆာရောဂါကုသမှု အတွက်လေ့လာနေသော ခေါင်းဆောင်သိပံပညာရှင် အဖြစ် စဉ်းစားကြည့်စရာ မလိုပါဘူး။

    သူမ ဘဝမှာ ဖြစ်နိုင်တာတွေအားလုံးကို စိတ်ကူးယဉ်ခြင်းနှင့် အခြား ရှိလာနိုင်မယ့် အံ့သြဖွယ်ရာ ကိုယ်ရည်ကိုယ်သွေးစရိုက်ကောင်းတွေ ကို စိတ်ကူးယဉ်ကြည့်ပါ။ သင့်ကလေးရဲ့ ကိုယ်ရည်ကိုယ်သွေး စရိုက်က ဘယ်လို့ပဲဖြစ်နေနေ သူတို့ကို အားပေးခြင်းဖြင့် ၊ သူမရဲ့ အလှ ကို အသိမှတ်ပြုခြင်းဖြငိ၊ သူမရဲ့ ကိုယ်ပိုင် အရည်အချင်း ပါရမီများကို ရှာဖွေပေးခြင်းဖြင့် သင့်ကလေးရဲ့ အချစ်ဆုံးလူဖြစ်နိုင်ဖို့ အခွင့်အရေးရှိပါတယ်။

    နေ့စဉ်နေ့တိုင်း သင့်ကလေးကို သူမလှပကြောင်းပြောပြီး အပြစ်မြင်တဲ့ မျက်လုံးထက် ချစ်တဲ့ မျက်လုံးတွေနဲ့ ကြည့်ပေးသင့်ပါတယ်။ ငယ်စဉ်ကတည်းက သူမရဲ့ နေ့စဉ်လှုပ်ရှားမှုတွေကို သတိထားပြီး သူမက လှပကြောင်း၊ ထက်မြက်ကြောင်း၊ သန်မာကြောင်း စကားဖြင့်ရော၊ အလုပ်ဖြင့်ပါ သက်သေပြပေးရပါမယ်။

    သုတေသန လေ့လာတွေ့ရှိချက်တွေအရ မိမိကိုယ်ကို တန်ဖိုးထားမှုနည်းတဲ့ မိန်းကလေးတွေက မိဘတွေဆီက ချီးမွမ်းမှုထက် အပြစ်ပြောတာကို ခံရတာများတဲ့ကလေးတွေ ဖြစ်ခဲ့ကြောင်း တွေ့ရှိရပါတယ်။

    သင့် သမီးကလေး အခက်အခဲ ဖြစ်နေချိန်မှာ ကူညီပါ။

    သင့် ဆယ်ကျော်သက် သမီးလေးဟာ သင့်ကို မလိုအပ်ဘူးလို့ ဟန်ဆောင်ပါလိမ့်မယ်။ တစ်ကယ်တော့ မဟုတ်ပါဘူး။ လေ့လာတွေ့ ရှိချက်အများစုမှာ မိဘတွေရဲ့ ပုံစံ၊ အကြံပေးချက်၊ အုပ်ထိန်းမှု တွေဟာ ဆယ်ကျော်သက်ကလေးများရဲ့ နေထိုင်မှု ကောင်းမွန်ခြင်းနဲ့ ခံနိုင်ရည်ရှိမှု အပေါ်ကို အဓိက သက်ရောက်မှုရှိနေတယ်လို့ ပြသနေပါတယ်။

    သင့် သမီးရဲ့လောက အပေါ်အမြင်က သူမရဲ့ ရွယ်တူတွေနဲ့ လူမှုကွန်ယက် (ဆိုရှယ်မီဒီယာ)တွေရဲ့ လွှမ်းမိုးမှုကို များစွာခံနေရပါတယ်။ ဘ၀ အပေါ်မှာ ပိုပြီး အတွေ့ အကြုံရှိတဲ့ သင့်အနေနဲ့ သင့်ကလေးမြင်နေတဲ့ အရာတွေရဲ့ နောက်ကွယ်က အမှန်တရားကို ထောက်ပြတဲ့ သူဖြစ်အောင် ကြိုးစားရပါမယ်။

    သင့်သမီးက TV တွေ ၊ စာစောင်တွေက မော်ဒယ်တွေကို ကြည့်ပြီး သူမရဲ့ ရုပ်ရည်အပေါ် မကျေမနပ်ဖြစ်နေတဲ့အချိန်မှာ TV တွေ၊ စာစောင်တွေက မော်ဒယ်တွေဟာလည်း အရမ်းချောမော ပြည့်စုံနေတာ မဟုတ်ကြောင်း သင်က ပြောပြသင့်ပါတယ်။

    စတိတ် စင်ပေါ်မှာ မဟုတ်ရင် မော်ဒယ်တွေက သင့်ရဲ့ အိမ်နီးချင်း၊ သူငယ်ချင်း၊ ဆရာမ တွေလိုမျိုး သာမာန်လူတွေ ပဲဆိုတာပြောပြပါ။ ကျွန်ုပ် တို့တွေဟာ ကိုယ့်မှာရှိတဲ့ အပြစ်အနာအဆာတွေကို ဖျက်ပစ်နိုင်စွမ်းမရှိကြပါဘူး။ ဒါပေမယ့် မိမိကိုယ်ကို မိမိ လက်ခံနိုင်စွမ်းရှိလာအောင်တော့ ကြိုးစားနိုင်စွမ်းတော့ ရှိကြပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Khine Phoo Ngon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement