backup og meta

ကလေး ရဲ့အသားအရေအတွက် အကောင်းဆုံးအစားအစာများ


Yun Sandi Nan Mon မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေး ရဲ့အသားအရေအတွက် အကောင်းဆုံးအစားအစာများ

    ကလေးငယ်လေးတွေဆိုတာ ခန္ဓာကိုယ်က ဆက်လက်ဖွံ့ဖြိုးကြီးထွားရမှာဖြစ်လို့ အပေါ်ယံအရေပြားရဲ့ကျန်းမာရေးကလည်းအရေးကြီးပါတယ်။ ကလေး ရဲ့ကျန်းမာရေးအတွက် အရာရာဂရုစိုက်ဖို့လိုသလို အရေပြားကျန်းမာရေးအတွက် လိုအပ်တဲ့အာဟာရဓါတ်တွေ ပြည့်ဝနေဖို့ လိုပါတယ်။

    ဒါ့ကြောင့် သားသားမီးမီးတို့ကို ဘာကျွေးရမလဲရွေးချယ်တဲ့နေရာမှာ အထောက်အကူဖြစ်အောင် ကလေးအသားအရေအတွက် အကောင်းဆုံးအစားအစာတချို့ကို အကြံပြုပေးလိုက်ပါတယ်။ ကလေး က ထမင်းစားတတ်ကာစအရွယ်ဆိုရင် ထမင်းထဲထည့်ကြိတ်လို့ရမယ့် အစားအစာတွေပါဝင်တာကြောင့်ဘေဘီလေးတွေ အသက်အရွယ်မရွေး စားလို့ရမယ့်အစားအစာတွေပါ။

    ခရမ်းချဉ်သီး

    ခရမ်းချဉ်သီးမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း lycopene က အရေပြားကိုနေလောင်ခြင်းနဲ့ရောင်ခြည်ထိတွေ့မှုကနေ သဘာဝအလျောက်အကာအကွယ်ဖန်တီးပေးပါတယ်။ ထမင်းစစားတဲ့အရွယ်ဖြစ်နေပြီဆိုရင် ထမင်းကျိုတဲ့အထဲ ခရမ်းချဉ်သီးလေး နည်းနည်းထည့်ကျွေးလို့ရပါတယ်။ လတ်လတ်ဆတ်ဆတ်ခရမ်းချဉ်သီးဖျော်ရည်ကလည်း မိသားစုတစ်စုလုံးအတွက် ခန္ဓါကိုယ်လိုအပ်တဲ့ဓါတ်တွေကိုပြည့်စုံစေမှာပါ။

    မုန်လာဥနီ

    beta-carotene ကြောင့် ခရမ်းချဉ်သီးလိုပဲ မုန်လာဥနီကလည်း အရေပြားကိုအကာအကွယ်ပေးတဲ့အပြင် မျက်စိကျန်းမာရေးနဲ့ ကိုယ်ခံအားစနစ်လုပ်ဆောင်ချက်တွေအတွက် အဓိကကျတဲ့နေရာကထောက်ပံ့ပေးပါတယ်။ မုန်လာဥနီကို ကလေးရဲ့ထမင်းထဲထည့်ကျွေးတာအပြင် ရေစင်အောင်ဆေးပြီး ကလေးလက်ထဲထည့်ပေးထားရင်လည်းဆော့ရင်းစားရင်း အာဟာရဖြစ်စေနိုင်ပါတယ်။

    ကိုက်လန်

    ကိုက်လန်က lutein နဲ့zeaxanthin အပြင် (အရေပြားအတွက် အရေးပါတဲ့) ဗီတာမင်အေနဲ့ စီတို့ကြွယ်ဝပါတယ်။ ဒီဒြပ်ပေါင်းတွေက ခရမ်းလွန်ရောင်ခြည်လိုမျိုး ပြင်ပက free radicalsတွေ ထိတွေ့မှုကို ဓါတ်ပြယ်စေပြီးနေလောင်ကာခရင်မ်လိမ်းထားသလိုကာကွယ်ပေးနိုင်ပါတယ်။

    သစ်ကြားသီး

    သစ်ကြားသီးမှ ာomega-3 fatty acids ပါဝင်မှုပမာဏများပါတယ်။ ဒီဒြပ်ပေါင်းချို့တဲ့သူတွေမှာ အသားခြောက်တာ၊ အရေခွံကွာတာတွေဖြစ်နိုင်သလို နှင်းခူနာဖြစ်နိုင်ခြေလည်းများပါတယ်။ ကလေးကိုကျွေးတဲ့ မုန့်တွေကို သစ်ကြားသီးပါတာရွေးချယ်နိုင်ပြီး ပူတင်း၊ကိတ်မုန့်စတာတွေလုပ်တဲ့အခါ သစ်ကြားသီးကိုကြိတ်ပြီးထည့်လည်းရပါတယ်။

    ဗီတာမင်စီ အသီးများ

    လိမ္မော်သီး၊ ဂရိတ်ဖရု၊ စပျစ်၊စတော်ဘယ်ရီစတဲ့ အသီးအနှံလေးတွေကိုကျွေးပေးပါ။ ဗီတာမင်စီက အသားအရေအတွက် ဘက်စုံကောင်းမွန်စေပြီး အရေပြားနဲ့ပတ်သက်တဲ့ရောဂါတွေကင်းစင်စေပါတယ်။

    ချောကလက်

    ချောကလက်မှာပါတဲ့ ကိုကိုးက ဓါတ်တိုးဆန့်ကျင်အာနိသင်(cocoa flavanols ဒြပ်ပေါင်း)တွေကြောင့် အရေပြားကိုရေဓါတ်ဖြည့်တင်းပေးဖို့အထောက်အကူပြုပါတယ်။ အရေပြားမှာရေဓါတ်မလုံလောက်ခဲ့ရင် အရေပြားရဲ့အကာအကွယ်လုပ်ဆောင်ချက်ကလျော့ပါးသွားနိုင်ပါတယ်။

    နဂါးမောက်သီး

    နဂါးမောက်သီးမှာ ကလေးတွေအတွက် အရေးကြီးဆုံးဖြစ်တဲ့ ဗီတာမင်အေနဲ့ ဗီတာမင်စီတို့ ပါဝင်ပါတယ်။ ဗီတာမင်အေက ဆံပင်နဲ့ မျက်စိအတွက်ကောင်းပြီး ဗီတာမင်စီက ကိုယ်ခံအားနဲ့ အသားအရေလှပဖို့ အကျိုးပြုပါတယ်။

    ကန်စွန်းဥ

    ကန်စွန်းဥမှာbeta-carotene ဓါတ်ကြွယ်ဝပြီး မရှိမဖြစ်လိုအပ်တဲ့ဓါတ်တိုးဆန့်ကျင်အာနိသင်နဲ့ရောင်ရမ်းမှုကိုလျော့ကျစေနိင်တဲ့အစွမ်းတွေရှိပါတယ်။ ကန်စွန်းဥမီးဖုတ်၊ ကန်စွန်းဥပြုတ်ကျွေးလို့ရသလို ကန်စွန်းဥပူတင်း၊ ကိတ်မုန့်လုပ်ပြီးလည်းကျွေးလို့ရပါတယ်။ ကန်စွန်းဥမှာ ကလေးရဲ့ဆဲလ်တွေကို oxidative damage မဖြစ်အောင် ကာကွယ်ပေးပြီး ကုသနိုင်စွမ်းပိုကောင်းစေပါတယ်။

    Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement