backup og meta

နို့တိုက်ခြင်းက ကလေးစားသောက်ပုံကို ဘယ်လိုသက်ရောက်စေလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နို့တိုက်ခြင်းက ကလေးစားသောက်ပုံကို ဘယ်လိုသက်ရောက်စေလဲ

    ကလေးမွေးဖွားပြီး တစ်နှစ်အတွင်းမှာ ကလေးမှာ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးနဲ့ ခံစားချက်ဆိုင်ရာတွေ အလျင်အမြန်ပဲ တိုးတက်ကြီးထွားလာတတ်ပါတယ်။

    ဒီအချိန်အတွင်းမှာ စားသောက်မှုပုံစံကလည်း တိုးတက်လာပြီး အစာတစ်မျိုးတည်းစားတဲ့ကလေးအဖြစ်ကနေ (ဆိုလိုတာက မိခင်နို့ ဒါမှမဟုတ် နို့ဗူးပဲသောက်ရာကနေ) အခြားစားစရာအမျိုးမျိုးကိုလည်း စားတတ်တဲ့အရွယ်ရောက်လာပါပြီ။

    စားသောက်ပုံကတော့ လူကြီးတွေနဲ့ တူလာပြီပေါ့။ ဒီပြောင်းလဲနေတဲ့အချိန်အတွင်းမှာ အခြားသူတွေရဲ့ စားသောက်ခြင်း အလေ့အထတွေကို လေ့လာရင်းနဲ့ ကလေးငယ်တွေကို တိုက်ရိုက်ခံစားကြည့်ခိုင်းခြင်းအားဖြင့် အစားအစာတွေအကြောင်း သင်ယူတတ်ပါစေ။

    လေ့လာသူတွေကတော့ လမ်းလျှောက်တတ်စအရွယ်မှာ မိခင်နို့တိုက်ကျွေးခြင်းနဲ့ အုပ်ထိန်းမှုပုံစံတွေက ကာလရှည်စားသောက်မှု အလေ့အထတွေအတွက် အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်နေတယ်လို့ ဆိုပါတယ်။

    မိခင်နို့မစို့ရတဲ့ ကလေးငယ်တွေဟာ သူတို့ကြီးထွားဖွံ့ဖြိုးစဉ်အချိန်မှာ မိဘတွေစားတဲ့ အလေ့အထကနေပြီး သူတို့အတွက် ကောင်းကျိုးတွေအများကြီး ရနေဆဲပါပဲ။ မိခင်နို့တိုက်ကျွေးခြင်းဟာ ပထမ ၆လအတွက် အကောင်းဆုံးအစာဖြစ်ပြီး ဒါဟာ ကလေးရဲ့ နောက်ပိုင်း စားသောက်မှုအလေ့အထတိုးတက်လာမှုအတွက် ကောင်းကျိုးတွေဖြစ်စေတယ်လို့ သက်သေပြုချက်တွေရှိထားပါတယ်။

    မိခင်နို့တိုက်ကျွေးခြင်းဟာ ဗိုက်ဆာတဲ့အချိန်နဲ့ မွတ်သိပ်ခြင်းရဲ့ သင်္ကေတတွေကို ပြနိုင်တဲ့ ကလေးရဲ့ တုံ့ပြန်မှုကိုတိုးတက်စေပြီး စားသောက်ချိန် (နို့စို့ချိန်)မှာ ရှိရမယ့် မိမိကိုယ်ကို ထိန်းသိမ်းနိုင်စွမ်း တိုးတက်လာမှုကိုလည်း လှုံ့ဆော်ပေးနိုင်ပါတယ်။

    နို့တိုက်တာ တစ်ကြိမ်တည်းမှာတင် နို့ရည်မှာ ပါဝင်မှုပမာဏ ပြောင်းလဲသွားတာမျိုးတွေနဲ့ ပထမလအနည်းငယ်အတွင်းမှာ ပါဝင်မှုပြောင်းလဲသွားတာတွေဟာ ဒီအာရုံခံစားမှုတွေကနေ စွမ်းအင်အဖြစ်ပြောင်းလဲတာကို တိုးမြှင့်စေပါတယ်။

    ခေတ်မီဆေးသိပ္ပံနည်းတွေအရ ကလေးဘ၀ အစောပိုင်းကာလမှာ နို့တိုက်ခြင်းရဲ့ အရေးကြီးပုံကလည်း နောက်ပိုင်းကာလတွေမှာ စားသောက်မှုအလေ့အထကွာခြားရခြင်းကို တစ်စိတ်တစ်ပိုင်း ရှင်းပြပေးနိုင်တယ်လို့ ဆိုပါတယ်။

    နို့တိုက်ခြင်းဟာ နောက်ပိုင်း စားသောက်မှုအလေ့အထတွေအပေါ်မှာ အကျိုးပြုနေပါတယ်။ ဘာကြောင့်လဲဆိုတော့ မိခင်စားတဲ့ အစားအစာတွေရဲ့ အရသာတွေဟာ နို့ရည်ကတစ်ဆင့် ကလေးဆီကို ကူးပြောင်းသွားနိုင်လို့ပါပဲ။

    နို့စို့ကလေးငယ်တွေဟာ အရသာခံစားမှုမှာ ပိုပြီးအားကောင်းတာကိုတွေ့ရသလို ဒါဟာ မိခင်က ဘာစားသုံးတယ်ဆိုတဲ့အပေါ်မူတည်နေတဲ့အပြင် ဒါကလည်း အစာစကျွေးတဲ့အချိန်နဲ့ နောက်ပိုင်းကာလတွေမှာ ဘာတွေကြိုက်တတ်မှာလဲဆိုတာအပေါ် လွှမ်းမိုးမှုတွေ ရှိလာနိုင်ပါတယ်။

    ကလေးတွေဟာ သကြားနဲ့ ဆားငံတဲ့အရာတွေကို ပိုပြီးကြိုက်နှစ်သက်တတ်တဲ့ သဘာဝနဲ့ မွေးဖွားလာတာကြောင့် အချိုနဲ့ ဆားငံတဲ့အစာတွေဟာ အသီးအရွက်တွေလို အခြားသောအရသာတွေနဲ့ ယှဉ်လိုက်ရင် ကလေးတွေအတွက်တော့ ပိုပြီးလက်ခံနိုင်ဖွယ်ရာရှိပါတယ်။

    မွေးကင်းစတွေရော ကလေးငယ်လေးတွေပါ အစားအသောက်အမျိုးမျိုးနဲ့ အရသာအမျိုးမျိုးကို မကြာခဏ ခံစားခြင်းအားဖြင့် (မကြာခဏ ကျွေးခြင်းအားဖြင့်) စားတတ်သွားအောင် သင်ယူနိုင်ပါတယ်။ ဒါကြောင့် ပြောရမယ်ဆိုရင် မိခင်စားလိုက်တဲ့အစာတွေကတစ်ဆင့် ကလေးဆီရောက်သွားတဲ့ အစာတွေရဲ့ အရသာတွေဟာ နို့တိုက်ခြင်းကတစ်ဆင့် ဒီအစာတွေကို မကြာခဏ ကျွေးနေသလိုပါပဲ။

    ဒါကပဲ အရသာတွေနဲ့ ဆက်စပ်နေသလိုဖြစ်ပြီး ကလေးကို အစာစကျွေးတဲ့အချိန်မှာ ရင်းနှီးပြီးသား အရသာတွေအဖြစ် သူလက်ခံပေးနိုင်မှာပါ။ ဒါကြောင့် နို့စို့ကလေးငယ်တွေဟာ အစာသစ်တွေကို ပိုပြီးလက်ခံနိုင်ဖွယ်ရာ ရှိပြီး နောက်ပိုင်းတွေမှာလည်း အမျိုးမျိုးသော အစာတွေကို ပိုပြီး စားနိုင်စွမ်းရှိလာနိုင်ပါတယ်။ ဒါကလည်း နို့တိုက်အရွယ်မှာ မိခင်စားသုံးခဲ့တဲ့ အစားအစာ အမျိုးအစားတွေအပေါ် မူတည်နေပါတယ်။

    အစာကျွေးခြင်းဆိုတာ မွေးကင်းစလေးတွေနဲ့ ကလေးငယ်တွေအတွက်တော့ ဘဝရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခုပါပဲ။ ဒါဟာ မိဘတွေနဲ့ အခြားသော ပြုစုစောင့်ရှောက်သူတွေအတွက် အထူးဂရုပြုစရာတစ်ခုဖြစ်ပြီး စကားနဲ့ဖြစ်စေ၊ အပြုအမူနဲ့ဖြစ်စေ ဆက်သွယ်ပေးနိုင်တဲ့ ဘဝတစ်ခု အစပါပဲ။

    စားသောက်ခြင်းဟာ ကလေးတွေအတွက် အာဟာရတစ်ခုတည်းကို ပေးစွမ်းနိုင်တာမဟုတ်ဘဲ လေ့လာသင်ယူဖို့ အခွင့်အရေးတွေကိုပါ ပေးစွမ်းနိုင်ပါတယ်။ ဒါဟာ ကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာကြီးပြင်းမှုကိုသာမက သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ခံစားချက်တွေ တိုးတက်မှုအပေါ်ကိုပါ လွှမ်းမိုးထားနိုင်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပေးချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Wathun Myat Chal မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement