backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Mangosteen(မင်းဂွတ်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Mangosteen(မင်းဂွတ်)

မင်းဂွတ် (mangosteen)

မင်းဂွတ်ဆိုတဲ့နေရာမှာ အပင်တွေအကိုင်းတွေထက် မင်းဂွတ်သီးကိုပဲမြင်ဖူးကြတာများပါလိမ့်မယ်။ မင်းဂွတ်သီးရဲ့အရောင်က အညိုဘက်သန်းတဲ့ အနီရောင်ရင့်ရင့်ပါ။ အခွံကိုနွှာပြီးမှာ အထဲက အဖြူရောင် အသားဆံတွေကိုစားသုံးရတာဖြစ်ပါတယ်။ မင်းဂွတ်ပင်က ဘယ်ဒေသကမျိုးရင်းပင်လဲဆိုတာကိုတော့သေသေချာချာမသိရှိကြသေးပါဘူး။ အရှေ့တောင်အာရှနိုင်ငံတွေက အရင်ဆုံးစိုက်ပျိုးခဲ့ကြတာလို့တော့ သိရပါတယ်။ ထိုင်း၊မြန်မာ၊အိန္ဒိယနဲ့ဗီယက်နမ်နိုင်ငံတွေမှာတော့ လွန်ခဲ့တဲ့နှစ်ပါင်းများစွာကတည်းကစိုက်ပျိုးလာခဲ့ကြတာဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ အဆိုပါနိုင်ငံတွေအပြင် အာရှနိုင်ငံတော်တော်များများနဲ့ အာဖရိကနိုင်ငံတွေမှာပါစိုက်ပျိုးလာခဲ့ကြပါတယ်။ အရမ်းမြင့်တဲ့ဒေသတွေမှာတော့ မင်းဂွတ်ပင်ကမပေါက်ရောက်ပါဘူး။ မင်းဂွတ်သီးကဆေးဖက်ဝင်တယ်ဆိုတာကို လွန်ခဲ့တဲ့နှစ်ပေါင်းအတော်ကြာကာလတွေကတည်းက အရှေ့တောင်အာရှနိုင်ငံဒေသခံတွေကသိရှိခဲ့ကြပါတယ်။

မင်းဂွတ်ရဲ့ အာဟာရတန်ဖိုးများ

မင်းဂွတ်သီးမှာရေ၊စွမ်းအင်၊ပရိုတင်း၊ကာဗိုဟိုက်ဒရိတ် နဲ့အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ကယ်လ်ဆီယမ်၊ သံဓါတ်၊ ဖေ့ဖရိတ်၊ပိုတက်ဆီယမ်၊ဇင့်၊ ကော့ပါးနဲ့ မဂ္ဂနိလိုမျိုး အာဟာရဓါတ်တွေလည်းကြွယ်ဝစွာပါရှိပါတယ်။ မင်းဂွတ်သီးမှာ ဗီတာမင် C၊ B6၊ B12၊ A တို့ပါဝင်တာကြောင့် ကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်။ မင်းဂွတ်သီးမှာthiamin၊ riboflavin၊ niacin၊ pantothenic acid၊ ဖောလိတ်၊ ဖောလစ်အက်ဆစ်၊ ကာရိုတင်းနဲ့ cryptoxanthin တို့လိုမျိုး ဗီတာမင်တွေလည်းပါဝင်နေပါတယ်။

ကျန်းမာရေးအကျိုးကျေးဇူးများ

ကင်ဆာတိုက်ဖျက်နိုင်ခြင်း

မင်းဂွတ်သီးမှာ ကင်ဆာတိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်တွေပါဝင်နေပါတယ်။ မင်းဂွတ်သီးအခွံမှာ ကင်ဆာ၊ရောင်ရမ်းတာနဲ့ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ xanthones ပါယင်နေပါတယ်။ xanthones ကအူမကြီးကင်ဆာဆဲလ်တွေကြီးထွားမှုကို ဟန့်တားနိုင်တယ်လို့လေ့လာမှုတွေအရသိရှိရပါတယ်။ မင်းဂွတ်သီးက ကင်ဆာတိုက်ဖျက်ရာမှာ အထောက်အကူပြုပေးနိုင်ပါတယ်။

ရောင်ရမ်းမှုကိုတိုက်ဖျက်ပေးနိုင်ခြင်း

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက မင်းဂွတ်သီးကို အရှ့တောင်အာရှဒေသမှာရောင်ရမ်းမှုကိုသက်သာစေတဲ့ဆေးဖက်ယင်အသီးအဖြစ်အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ မင်းဂွတ်သီးအနှစ်က ဓါတ်မတည့်မှုကို သက်သာစေပြီးရောင်ရမ်းမငကိုလည်းသက်သာစေနိုင်တဲ့အာနိသင်ရှိပါတယ်။

အရေပြားကျန်းမာစေခြင်း

အရေပြားကိုကျန်းမာစေပါတယ်။ရောင်ရမ်းမှုကိုတိုက်ဖျက်ပေးနိုင်သလို ဘက်တီးဂီးယားတွေ၊မှိုပိုးတွေကိုလည်းသေစေနိုင်တဲ့အာနိသင်ရှိတဲ့အပြင် ဓါတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ယစွာပါဝင်တာကြောင့် အရေပြားဓါတ်မတည့်မှုကြောင့်ဖြစ်တဲ့ရောင်ရမ်းမှုတွေကိုလျေ့ပါးသက်သာစေနိုင်တဲ့အာနိသင်ရှိပါတယ်။ မင်းဂွတ်သီးမှာ အရေပြားကင်ဆာကိုတိုက်ဖျက်ပေးနိုင်တဲ့အာနိသင်လည်းရှိပါတယ်။

ကိုယ်ခံအားကိုမြှင့်တင်ပေးနိုင်ခြင်း

မင်းဂွတ်သီးမှာ အာဟာရဓါတ်တွေ၊သတ္တုဓါတ်တွေ၊ဗီတာမင်တွေနဲ့xanthone တို့ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ခ့အားစနစ်ကိုတိုးမြှင့်ပေးပါတယ်။ ဒီဓါတ်တွေက ကိုယ်ခ့အားနည်းတာကြောင့်ရောဂါဝင်ရောက်တာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

ဓါတ်တိုးဆန့်ကျင်မှုအစွမ်းသတ္တိရှိခြင်း

မင်းဂွတ်သီးမှာကိုယ်ခံအားစနစ်နဲ့ခန္ဓါကိုယ်တစ်ခုလုံးအတွက် လိုအပ်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာ ပါဝင်နေပါတယ်။ မင်းဂွတ်သီးကအနာကျက်စေနိုင်သလို အမျိုးသားရောဂါတော်တောများများကိုလည်း သက်သာစေနိုင်တဲ့အာနိသင်ရှိပါတယ်။

ဝမ်းကိုက်ရောဂါကို သက်သာစေနိုင်ခြင်း

မင်းဂွတ်သီးက ဝမ်းဗိုက်ဆိုင်ရာရောဂါတွေကို သက်သာစေပါတယ်။ မင်းဂွတ်သီးက ဝမ်းလျှောတာနဲ့ ဝမ်းကိုက်ဝေဒနာတွေကို သိသိသာသာ သက်သာစေနိုင်စွမ်းရှိပါတယ်။

နှလုံးရောဂါကို ကာကွယ်ပေးနိုင်စွမ်းရှိခြင်း

မင်းဂွတ်သီးကလေဖြတ်တာ နဲ့ နှလုံးကြွက်သားသေဆုံးတာမျိုးတွေဖြစ်နိုင်ခြေကိုလျော့ကျစေပါတယ်။ မင်းဂွတ်သီးမှာ နှလုံးဆိုင်ရာရောဂါတွေကိုကာကွယ်ပေးနိုင်တဲ့အာနိသင်တွေရှိနေပါတယ်။

ဆီးချိုကို ထိန်းညှိပေးနိုင်ခြင်း

ယနေပခေတ်မှာ ဆီးချိုဝေဒနာသည်တေါကတော်တော်လေးကိုများလာနေပါတယ်။ ဆီးချိုကဆေးမှန်မှန်သောက်ရင် သာမန်လူလိုမျိုးပဲနေနိုင်တယ်ဆိုပေမယ့် လုံလောက်တဲ့ကြိုတင်ကာကွယ်မှုတွေမရှိဘူးဆိုရင်တော့ အန္တရာယ်ရှိနိုင်ပါတယ်။ မင်းဂွတ်သီးမှာ ခန္ဓါကိုယ်ရဲ့သွေးတွင်းသကြားဓါတ်ပမာဏကို ထိန်းညှိပေးနိုင်သဘာဝအာနိသင်တွေပါဝင်နေပြီး ဆဆိချိုသားတေါအတွက် သင့်တော်ပါတယ်။

ကိုယ်အလေးချိန်ကျဆင်းစေနိုင်ခြင်း

နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာမင်းဂွတ်သီးကိုထည့်သွင်းစားသုံးပေးမယ်ဆိုရင် ကိုယ်အလေးချိန်ကို ကျဆင်းစေမှာဖြစ်ပါတယ်။ မင်းဂွတ်သီးမှာပါတဲ့ အာဟာရဓါတ်တွေက ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။

ဘေးထွက်ဆိုးကျိုးများ

မင်းဂွတ်သီးကေဆေးဖက်ဝင်တယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေအတွက်သင့်တော်ရဲ့လားဆိုတာကိုသေသေချာချာမသိရသေးတာကြောင့် ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်တွေအနေနဲ့မင်းဂွတ်သီးကို မစားသုံးတာက ပိုပြီးဘေးကင်းပါတယ်။

မင်းဂွတ်သီးကသွေးခဲတာကို ကြာစေနိုင်ပါတယ်။ မင်းဂွတ်သီးက ခွဲစိတ်ကုသမှုခံယူနေစဉ် နဲ့ ခွဲစိတ်ကုသမှုခံယူပြီးချိန်တွေမှာသွေးမတိတ်တာနဲ့သွေးထွက်လွန်တာတွေကိုဖြစ်စေနိုင်တာကြောင့် ခွဲစိတ်ကုသမှုခံယူမယ့်သူတွေအနေနဲ့ ခွဲစိတ်မှုမခံယူခင် ၂ ပတ်လောက်အလိုကတည်းက မင်းဂွတ်သီးကိုမစားသုံးဘဲနေသင့်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement